Saturday, September 15, 2012

ပြည်ခိုင်ဖြိုး ရခိုင်တာဝန်ခံ မောင်တောတွင် ရောက်ရှိစဉ် ရခိုင်အမျိုး သားတစ်ဦး ဓါးခုတ်ခံရ


ပြည်ခိုင်ဖြိုး ရခိုင်တာဝန်ခံ မောင်တောတွင် ရောက်ရှိစဉ် ရခိုင်အမျိုး သားတစ်ဦး ဓါးခုတ်ခံရ


နိရဉ္စရာသတင်းဌာန. ၁၅ရက်နေ့ စက်တင်ဘာ ၂၀၁၂ —- ရခိုင်ပြည်နယ် ပြည်ခိုင်ဖြိုး တာဝန်ခံ ဦးမောင်ဦးနှင့် မောင်တောမြို့နယ် ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးအောင်ဇော်ဝင်းတို့ မောင်တောမြို့သို့ရောက်နေစဉ် ရခိုင်အမျိုးသားတဦးကို တိုက်ခိုက်ခံရပြီး ဒဏ်ရာ ပြင်းထန်သဖြင့် ဆေးရုံ တင်ပို့လိုက်ရသည်ဟု သတင်း ရရှိသည်။
တိုက်ခိုက်ခံရသူမှာ မောင်တောမြို့နယ် ရွာသာယာကျေးရွာမှ ဦး အောင်လှဖြူ ဖြစ်ပြီး စက်တင်ဘာ လ ၁၄ ရက် သောကြာနေ့ ညနေ ၈ နာရီကျော်ခန့်တွင် လယ်တဲ စောင့် နေစဉ် ဘင်္ဂလီ ၂၀ ခန့်က သေနတ် တုတ်ဓါးများဖြင့် ၀ိုင်းဝန်းတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
ဖြစ်ပွားပုံနှင့်ပတ်သတ်ပြီး ဦးအောင်လှဖြူ၏ မိသားစုဝင်တဦးက ယခုကဲ့သို့ ပြောသည်။
“ဖြစ်တာက ည ၈ နာရီမှာ ဖြစ်တာပါ။ လယ်တဲမှာဖြစ်တာပါ။ လယ်တဲနဲ့ ရွာနဲ့က ၅ မိ နစ်ခန့် ဝေးပါတယ်။ သူက အသက် ၆၀ နီးပါးရှိပါပြီ။ ဒဏ်ရာတွေက ၀မ်းဗိုက်နဲ့ လည်ပင်းမှာ ဒဏ်ရာ ၃ ချက်ရှိ ပါ တယ်။ အားလုံးက ဓါးဒဏ်ရာပါ။ သူက ရွာနဲ့နီးတဲ့ အတွက် သူ့မယားနဲ့ လယ်တဲ စောင့်နေတာပါ။ ပြဿနာ ဖြစ်မှ အော်သံကြားတဲ့အတွက် ရွာကလူတွေ လိုက်သွားတော့ ဒဏ်ရာတွေနဲ့ မြေကြီးမှာ လဲနေတာကို တွေ့ရပါတယ်”  ဟု ဆိုသည်။
ဦးအောင်လှဖြူအား တိုက်ခိုက်ခဲ့သူများမှာ ပန်းဇင်းပြင်ရွာနှင့် ညောင်ချောင်း ဘင်္ဂလီရွာမှ  ဖြစ်ကြောင်း မိသားစုဝင်များက ပြောကြားသ်ာလည်း နိရဉ္စရာမှ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။
“ သူတို့လယ်တဲကို လာပြီး ဘင်္ဂလီ ၂၀ ခန့်က လာဝိုင်းတဲ့အတွက် အော်တဲ့အချိန်မှာ ရွာသားတွေ ထွက်လိုက်သွားတဲ့အတွက် ထွက်ပြေးသွားတယ်။ အောင် လှဖြူမှာတော့ ဓါးဒဏ်ရာ ၃ ချက်နဲ့ အခုတော့ မောင်တော  ဆေးရုံ ကိုပို့ထားပါတယ်။ သေမယ် ရှင်မယ်တော့မသိရပါဘူး” ဟု သူက ဆက်ပြောသည်။
အောင်လှဖြူ၏ ဇနီးဖြစ်သူမှာ လယ်တဲမှ ထွက်ပြေး လွှတ်မြောက်ခဲ့ကြောင်း သိရသည်။
ယခုအခါ အဆိုပါ ကျေးရွာတွင် အခင်းဖြစ်ပွားပြီးနောက် နစက တပ်ဖွဲ့ဝင် ၅ ဦးရောက်ရှိ နေပြီး လုံခြုံရေးယူထားကြောင်း သူကဆက်ပြောသည်။
ယခုကဲ့သို့ ရခိုင်အမျိုးသားတဦး တိုက်ခိုက်ခံရချိန်တွင်  မောင်တောမြို့သို့  ယခင်ပြည် ထဲရေး ၀န်ကြီးဟောင်း၊ ရခိုင်ပြည်နယ် တိုင်းမှူးဟောင်းလည်းဖြစ်ခဲ့သူ ရခိုင် ပြည်ခိုင်ဖြိုး တာဝန်ခံ ဦးမောင်ဦး၊ ဗိုလ်ချုပ်ဘုန်းဆွေနှင့် မောင်တောမြို့နယ်မှ မွတ်ဆလင် လွတ်တော် ကိုယ်စား လှယ်တဦးဖြစ်သူ အောင်ဇော်ဝင်းတို့ ရောက်ရှိနေချိန်လည်း တိုက်ဆိုင်နေသည်။
ဦးမောင်ဦး ဦးဆောင်သည့်အဖွဲမှာ စက်တင်ဘာလ ၁၂ ရက်နေ့က စစ်တွေကနေ ဘူး သီးတောင်သို့ အမြန်ယဉ်နှင့်ရောက်ရှိလာခဲ့ပြီး ဘူးသီးတောင်မြို့တွင် ဦးမောင်ဦးနှင့် အဖွဲ့ ကို ဘူးသီးတောင်မြို့ခံ သံဃာတော်များက တွေ့ဆုံရန်ကြိုးစားခဲ့သော်လည်း အတွေ့ မခဲဘဲ မောင်တောသို့ လုံခြုံရေးအပြည့်နှင့် ထွက်ခွာခဲ့သည်။
မောင်တောသို့ရောက်ရောက်ချင်း ကြံ့ခိုင်ရေးရုံးတွင် မွတ်ဆလင် ခေါင်းဆောင် များနှင့်တွေ့ ဆုံခဲ့ပြီး စက်တင်ဘာလ ၁၃ ရက်နေ့ နေ့လည်ပိုင်းတွင် ငခူရကျေးရွာသို့ ဦးအောင် ဇော်ဝင်းနှင့်အတူ သွားရောက်ခဲ့ပြီး ဘင်္ဂလီများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့ တွေ့ဆုံစဉ် ၂၀၁၅ ခုနှစ် ကြံ့ဖွတ်ပါတီ မဲရရှိရေးကို ပြောကြားခဲ့ကြောင်း လည်း မောင်တောမြို့ခံများကပြောသည်။
ဦးမောင်ဦးနှင့်အဖွဲ့ မောင်တောသို့ လာရောက်စဉ် မောင်တောမြို့မှ ရခိုင်အမျိုး သမီး များ ဆန္ဒပြရန်စီစဉ်ခဲ့သော်လည်း အာဏာပိုင်များက ဟန့်တားခဲ့သည့်အတွက် ဖျက် သိမ်းခဲ့ရသည်ဟု သိရသည်။
မောင်အေး

ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ အားကိုးနေရန် မဖြစ်ဟု NLD ပြော


ဒေါ်အောင်ဆန်းစုကြည်ကို အမြဲ အားကိုးနေရန် မဖြစ်ဟု NLD ပြော 

မဲဆန္ဒရှင်အများစုက ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ အားကိုးမျှော်လင့်မှုများဖြင့် မဲဆန္ဒ ပေးခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သံများကို NLD က သိရှိနားလည်သည်။ (ဓာတ်ပုံ- Reuters)
ဧရာဝတီသတင်းဌာန. ၁၅ရက်နေ့ စက်တင်ဘာ ၂၀၁၂  —-  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနေဖြင့် လူပုဂ္ဂိုလ် တဦးတည်းကို မှီခိုအားထားသော ပါတီ မဖြစ်စေရေးအတွက် ပြုပြင်မှုများ လုပ်ဆောင်နေကြောင်း၊  ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ၎င်းနေရာအား ဝင်ရောက်လုပ်ကိုင်နိုင်မည့်သူအား စဉ်းစားနေကြောင်း ပါတီ နာယက ဦးတင်ဦး က ပြောသည်။
NLD ပါတီသည် မြန်မာနိုင်ငံ၏ နိုင်ငံရေးပါတီများထဲတွင် သြဇာအင်အား အကြီးဆုံးဖြစ်သော်လည်း ဒေါ်အောင်ဆန်းစုကြည် မရှိလျင် ပါတီမရှိနိုင်တော့ဟု ပြောဆိုဝေဖန်မှုများလည်း ရှိနေသည်။ သို့သော်လည်း ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်များက လူငယ်သွေးသစ်များအား သွေးသစ်လောင်း၍ အားဖြည့်ရန် ပြင်ဆင်နေသည်ဟုဆိုသည်။
“ဒေါ်အောင်ဆန်းစုကြည်ကလည်း သဘောပေါက်တဲ့အတွက် သူ့နေရာမှာ လာပြီး ဝင်ပြီး လုပ်ကိုင်နိုင်သူနဲ့ပတ်သက်ပြီး အခြေအနေ ဖန်တီးဖို့ သူ့ခေါင်းထဲမှာရှိတယ်၊ သူ စဉ်းစားထားတယ်၊ ကျနော်တို့လည်း စဉ်းစားထားတယ်၊ တဦးကောင်း လုပ်တဲ့ နိုင်ငံရေးဟာ မမြဲပါဘူး” ဟု ဦးတင်ဦး က ပြောသည်။
လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၉၈ အရေးတော်ပုံမှစ၍ မြန်မာနိုင်ငံ ဒီမိုကရေစီအရေးအတွက် ဝင်ရောက်ခဲ့ပြီး ဦးဆောင်သူ တဦး ဖြစ်လာခဲ့သည်။ ၁၉၉၀ အထွေထွေ ရွေးကောက်ပွဲတွင် တနိုင်ငံလုံး မဲအပြတ်အသတ် အနိုင်ရရှိခဲ့သော်လည်း အစိုးရက အာဏာလွှဲပြောင်းပေးအပ်ခြင်း မပြုခဲ့ပေ။
နောက်ပိုင်းတွင် နေအိမ်အကျယ်ချုပ် အကြိမ်ကြိမ် ချထားခြင်းခံခဲ့ရပြီး စစ်အစိုးရက ဦးဆောင်ကျင်းပသော ၂၀၁၀ ရွေးကောက်ပွဲအပြီး တပတ်အကြာတွင်လွှတ်မြောက်ခဲ့သည်။ ထို့နောက် ကြားဖြတ်ရွေးကောက်ပွဲ တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး မဲအပြတ်အသတ် အနိုင်ရရှိကာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦး ဖြစ်လာခဲ့သည်။
မဲဆန္ဒရှင်အများစုက ဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးအရ အားကိုးမျှော်လင့်မှုများဖြင့် မဲဆန္ဒ ပေးခဲ့ခြင်းဖြစ်ကြောင်း ဝေဖန်သံများ ထွက်ပေါ်နေသော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက ယင်းသို့ မဖြစ်စေရေးအတွက် ယခုအခါ ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ဆိုသည်။
ထို့ကြောင့် ပါတီအနာဂတ်အတွက် လူငယ်များကို ဦးစားပေးသွားမည် ဖြစ်ကြောင်း၊ ထို့အတူ ပါတီ ဗဟိုအဖွဲ့ချုပ်တွင် လည်း ယခုလမှ စတင်ကာ ပြည်နယ်နှင့် တိုင်းအသီးသီးရှိ အဖွဲ့ချုပ်အဖွဲ့ဝင်လူငယ်များကိုလည်း နိုင်ငံရေးစွမ်းရည်မြှင့်တင်ရေး သင်တန်းများ ပေးနေပြီဖြစ်ကြောင်း သိရသည်။
လူငယ်များဖြင့် အားဖြည့်ထားသော NLD ပါတီအနေဖြင့် နောက်ပိုင်းတွင် တက်ကြွမြန်ဆန်သည့် ပါတီတရပ်အဖြစ် မြင်တွေ့ လာရမည်ဖြစ်သကဲ့သို့ နိုင်ငံရေးပါတီများအကြား ပြိုင်ဆိုင်မှု ပိုမိုပြင်းထန်လာနိုင်သည်ဟု ဦးတင်ဦးကပြောသည်။
“ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ယှဉ်ပြိုင်ရမယ့်ကိစ္စသည် အရင်ကလို မလွယ်ဘူး၊ အဲဒါကြောင့် လုပ်ရမယ်၊ အဲဒါနဲ့ပတ်သက်လို့ လုပ်တဲ့နေရာမှာ ပိုမိုပြီးတော့ ပြည်သူလူထု ယုံကြည်မှုရဖို့အတွက် ညီညွှတ်နိုင်တဲ့ အားဖြစ်အောင် ကြိုးစားမယ်” ဟု သူကပြောသည်။
NLD ဖြစ်တည်လာရခြင်းသည် ၁၉၈၈ အရေးတော်ပုံ၏ ကိုယ်ကျိုးစွန့်မှုများမှ ဖြစ်တည်လာရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်တွင်း ပြည်ပ ၈၈ မျိုးဆက်များအနေနှင့် ပါတီသို့ လာရောက်ပူးပေါင်းလိုပါက ကြိုဆိုကြောင်း NLD ၏ သဘောထားကို ပြောဆိုသည်။
ထို့ပြင် ပြည်တွင်း၊ ပြည်ပ ၈၈ မျိုးဆက်များနှင့် အခြားအတိုက်အခံ အင်အားစုများ အနေဖြင့် ဒီမိုကရေစီအရေး ကြိုးပမ်းမှုကြောင့် ကြုံတွေ့ခဲ့ရသည့် အခက်ခဲအမျိုးမျိုးကိုလည်း စာနာကြောင်းနှင့် ထိုအဖွဲ့များအနေဖြင့် ယခုချိန်ထိ NLD ပါတီသို့ ဝင်ရောက်ရန် ပြောဆိုခြင်းများမရှိသေးကြောင်း ဦးတင်ဦးက ရှင်းပြသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲသည် NLD က မဲအပြတ်အသတ် အနိုင်ရရှိလိမ့်မည်ဟု အများကမျှော်လင့်ထားသော်လည်း မလွယ်ကူကြောင်း၊ ပါတီကြီးတစ်ခုဖြစ်သော ကြံ့ခိုင်ရေး ပါတီ အပါအဝင် အခြားသောပါတီများကလည်း အားနည်းချက်များကို ပြုပြင်ကာ အရှိန်ရနေကြမည်ဆိုသည်ကို သတိရှိရန်လိုအပ်ကြောင်းလည်း ပြောဆိုသည်။

၁၀၀% လာရောက် ရင်းနှီးမြှုပ်နှံလိုသူများနှင့် ပြည်တွင်း လုပ်ငန်းရှင်များ စိုးရိမ်ချက်

၁၀၀% လာရောက် ရင်းနှီးမြှုပ်နှံလိုသူများနှင့် ပြည်တွင်း လုပ်ငန်းရှင်များ စိုးရိမ်ချက် 

နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗားရှင်း စင်တာတွင် စက်တင်ဘာ ၁၂ရက်နေ့က ကျင်းပခဲ့သည့် Myanmar Global Investment Forum တွင် သမ္မတဦးသိန်းစိန်မှ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်(ဓာတ်ပုံ- သမ္မတရုံး)
ရန်ကုန် (မဇ္ဈိမ). ၁၅ရက်နေ့ စက်တင်ဘာ ၂၀၁၂  —-   မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေသည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံသူများသည် ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံခွင့် ရရှိရန် မျှော်လင့်နေကြောင်း ပြည်ပလုပ်ငန်းရှင်များက ပြောသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူ အများစုမှာ ဘဏ်လုပ်ငန်း၊ ရေနံ၊ သဘာဝဓါတ်ငွေ့၊ စွမ်းအင်နှင့် ခရီးသွားကဏ္ဍများကို အများဆုံး စိတ်ဝင်စားလျက်ရှိကြပြီး ယင်းလုပ်ငန်းများတွင် ရာနှုန်းပြည့် လုပ်ကိုင်ခွင့် ရရှိလိုကြောင်း မြန်မာနိုင်ငံ
တွင် ဖက်စပ်လုပ်ကိုင်နေသော Yoma Strategic Holdings မှာ အမှုဆောင်ဥက္ကဋ္ဌ Mr. Serge Pun က
နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗားရှင်း စင်တာတွင် ကျင်းပခဲ့သည့် Myanmar Global Investment Forum တွင် ထည့်သွင်း ဆွေးနွေးခဲ့သည်။
“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေအတွက် အာမခံချက် ရှိဖို့လိုတယ်။ လုံခြုံမှု ရှိစေနိုင်
ရမယ်။ ကာလရှည် ရင်းနှီးမြှုပ်နှံနိုင်ဖို့အခွင့်အရေးရှိသင့်တယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများအား ပြည်တွင်းလုပ်ငန်းများနှင့် ချိတ်ဆက် အကြံပေးခြင်းတို့ကို ဆောင်ရွက်
နေသော Thura Swiss ကုမ္ပဏီမှ အမှုဆောင်အရာရှိ ဦးအောင်သူရ ကလည်း “နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူတွေ
က ပြည်တွင်း လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်းလုပ်ကိုင်မယ်ဆိုရင်လည်း အနည်းဆုံး ၅၁ ရာခိုင်နှုန်း လိုချင်တယ်။ ဒါက သူတို့ အနေနဲ့ လုပ်ပိုင်ခွင့်နဲ့ ဆုံးဖြတ်ပိုင်ခွင့်တွေကို ရရှိလိုတာကြောင့်ပါ” ဟု ပြောဆိုသွားသည်။
သို့မဟုတ်ဘဲ ရင်းနှီးမြှုပ်နှံခွင့်ကို ၄၉ ရာခိုင်နှုန်းအထိသာ ထည့်ဝင်ခွင့် ရမည်ဆိုပါက ၎င်းတို့အနေဖြင့် ဆုံးဖြတ်ပိုင်
ခွင့် လျော့နည်းမည်ကို စိုးရိမ်ကြောင်းလည်း စက်တင်ဘာလ ၁၂ ရက်နှင့် ၁၃ ရက်နေ့များက ကျင်းပသည့် အဆိုပါ
အစည်းအဝေးတွင် ထည့်သွင်း ပြောကြားသွားသည်။
ပြည်ထောင်စုလွှတ်တော်မှ သမ္မတ ထံသို့ တင်ပြထားသော နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ (မူကြမ်း)တွင်မူ
နိုင်ငံခြား ရင်းနှီးမြှုပ်နှံလိုသူများအတွက် ဝန်ဆောင်မှုလုပ်ငန်း၊ သဘာဝရင်းမြစ် ပတ်ဝန်းကျင်ကို ထိခိုက်စေသည့် လုပ်ငန်းများ၊ မြန်မာ့ပင်လယ်ပြင် ငါးဖမ်းလုပ်ငန်း စသည့် ကဏ္ဍ ၁၃ ခုတွင် ရင်းနှီးမြှုပ်နှံခွင့်များ ကန့်သတ်ထားခြင်း
ကိုလည်း အချို့က အဟန့်အတားတခုအဖြစ် ထင်မြင်သည်။
“ဥပဒေ မူကြမ်းမှာက ကန့်သတ်ချက်တွေ များနေတယ်။ ဒီကန့်သတ်ချက်တွေက ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်ရောက်လာမယ့်နေရာမှာ အဟန့်အတား ဖြစ်စေနိုင်တယ်။ ဒီလို အဟန့်အတား ဖြစ်လာရင် သူတို့ဆီမှာ ပါလာမယ့် နည်းပညာတွေ ရရှိနိုင်ဖို့လည်း အခက်အခဲတွေ ဖြစ်လာနိုင်တယ်” ဟု စက်တင်ဘာလ အစောပိုင်းက မီဒီယာများနှင့်တွေ့ဆုံစဉ် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင် က ပြောသည်။
ထိုင်းနိုင်ငံဆိုင်ရာ ဒိန်းမတ်သံအမတ်ကြီး Mr. Mikael Hemniti Winther ကလည်း မြန်မာ့စီးပွားရေး ဖွံ့ဖြိုးမှု
အလားအလာ၏ အလွန်ကောင်းမွန်သော အခြေအနေနှင့် ဆက်စပ်နေသော တချိန်တည်းတွင် အခြေခံ အဆောက်အအုံများ၊ သက်ဆိုင်ရာ ကဏ္ဍအလိုက် ဥပဒေများ တိကျခိုင်မာစွာ ရှိသင့်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေတွင်လည်း နိုင်ငံတိုင်းအတွက် လုပ်ငန်းလုပ်ကိုင်နိုင်သော အခြေအနေများ ဖန်တီးပေးသင့်ကြောင်း  သြဂုတ်လ ၃၀ ရက်နေ့က UMFCCI တွင်ပြုလုပ်သော ဒိန်းမတ်နိုင်ငံမှလုပ်ငန်းရှင်များနှင့် ပြည်တွင်းလုပ်ငန်းရှင်
များ စီးပွားရေး ဆွေးနွေးပွဲတွင် ပြောကြားခဲ့ဖူးသည်။
သို့သော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံခွင့်ကို ကဏ္ဍတိုင်းတွင် ရာနှုန်းပြည့် လုပ်ပိုင်ခွင့်များ ပေးလျှင် ပြည်တွင်း လုပ်ငန်းရှင်များအတွက် ယှဉ်ပြိုင်မှုများ တိုးလာပြီး အခက်အခဲ ကြီးမားနိုင်ကြောင်း ပြည်တွင်းလုပ်ငန်းရှင် အသိုင်းအဝန်းက စိုးရိမ်မှုများ ရှိနေသည်။
“နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံခွင့် ပေးဖို့ဆိုတာက တိုင်းရင်းသား လုပ်ငန်းရှင်တွေ မလုပ်ကိုင်နိုင်တဲ့၊ ဒီကလူတွေ နည်းပညာ မတတ်နိုင်တဲ့ လုပ်ငန်းမျိုးတွေ အတွက်ပဲ ဖြစ်သင့်တယ်။ ဘဏ်လုပ်ငန်း
တွေရော၊ စားသောက်ကုန် လုပ်ငန်းတွေရော၊ စတဲ့ ပြည်တွင်းက လုပ်ကိုင်နေတဲ့ လုပ်ငန်းတွေမှာ နိုင်ငံခြားရင်းနှီး
မြှုပ်နှံမှုတွေ ဝင်ရောက်လာမယ်ဆိုရင် နိုင်ငံသားပိုင် အသေးစား အလတ်စားလုပ်ငန်းတွေ ဒုက္ခရောက်သွား
နိုင်တယ်” ဟု ကမ္ဘောဇဘဏ် ဒုဥက္ကဋ္ဌ ဦးသန်းလွင် က သတိပေး ပြောဆိုသွားသည်။
သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံလိုသူများက လာရောက်ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပြီး တနှစ်တာ ကာလအတွင်းမှာပင် ပြည်ပ ကုမ္ပဏီ တထောင်ခန့် လာရောက် ဆွေးနွေးခဲ့ကြောင်းနှင့် ယင်းတို့ထဲတွင် ဂျပန်နိုင်ငံနှင့် ထိုင်းနိုင်ငံများမှ အများဆုံး ဖြစ်ကြောင်းလည်း အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးမှုဝန်ကြီးဌာန
မှ ဒါရိုက်တာ ဦးကျော်ဇောမောင် ၏ ထုတ်ဖော်ပြောဆိုချက်အရ သိရှိရသည်။
နေလင်းအောင်၊ ကြည်ပြာ

စွမ်းအင် မလုံလောက်၍ စက်မှုလုပ်ငန်းများ မဖွံ့ဖြိုး

စွမ်းအင် မလုံလောက်၍ စက်မှုလုပ်ငန်းများ မဖွံ့ဖြိုး 

GDP တွင် စက်မှုကဏ္ဍ၏ လက်ရှိ ပါဝင်မှုပမာဏသည် အခြားဖွံ့ဖြိုးဆဲနိုင်ငံများကဲ့သို့ ၃၀ ရာခိုင်နှုန်းအထိ တိုးတက်အောင် ဆောင်ရွက်ရမည်ဟု သမ္မတ ဦးသိန်းစိန်က လမ်းညွှန်ခဲ့သည် (ဓာတ်ပုံ- Reuters)
ဧရာဝတီသတင်းဌာန. ၁၅ရက်နေ့ စက်တင်ဘာ ၂၀၁၂  —–  အစိုးရသစ် တက်လာပြီးနောက် မြန်မာနိုင်ငံ၏ စီးပွားရေးလုပ်ငန်းကဏ္ဍအသီးသီးတွင် ဖွံ့ဖြိုးတိုးတက်မှုများ တွေ့မြင်လာရသော်လည်း စက်မှုကုန်ထုတ်လုပ်ငန်းများမှာ ဖွံ့ဖြိုးမှုအနည်းဆုံးဖြစ်နေကြောင်း စက်မှုကုန်ထုတ်လုပ်ငန်းရှင်များနှင့် သက်ဆိုင်ရာ ၀န်ကြီးဌာနများက ပြောဆိုလိုက်သည်။
“လယ်ယာစိုက်ပျိုးရေး စိုက်ပျိုးရေး ကဏ္ဍ၊ ၀န်ဆောင်မှု ကဏ္ဍတွေမှာ ဖွံ့ဖြိုးလာတာ မြင်သာပေမဲ့ စက်မှု လုပ်ငန်း တွေကတော့ ထင်သလောက် တိုးတက်လာတာမရှိဘူး။ ကျွန်တော်တို့ စီမံချက်တွေ ချထားပေမဲ့ ဂျီဒီပီရဲ့ ၂၀ ရာခိုင်နှုန်း လောက်သာ ရှိနေတုန်းပါပဲ” ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက UMFCCI တွင် ယနေ့ပြုလုပ်သည့် စက်မှုကုန်ထုတ်လုပ်သူများအသင်း၏ နှစ်ပတ်လည် အစည်းအဝေးတွင် ပြောကြားသည်။
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ၊ စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်မည်ဟု ဆိုသော်လည်း အခြေခံ အဆောက်အအုံများ လုံလောက်မှု မရှိခြင်း၊ စွမ်းအင်နှင့် လျှပ်စစ်လုံလောက်မှု မရှိခြင်း၊ နည်းပညာ အခက်အခဲ၊ ငွေကြေးအရင်းအနှီး ရရှိနိုင်မှု အခက်အခဲ၊ ဘဏ်တိုးနှုန်းများ ကြီးမြင့်နေခြင်း၊ ပြည်ပမှ တရားမ၀င် ၀င်ရောက်လာသော ကုန်ပစ္စည်းများနှင့် ယှဉ်ပြိုင်နိုင်စွမ်းမရှိခြင်း၊ ဈေးကွက်အခက်အခဲ၊ ထုတ်လုပ်မှု စရိတ်မြင့်မားခြင်း စသည်တို့သည် ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသည့် အကြောင်းများဖြစ်ကြောင်း လုပ်ငန်းရှင်များထံမှ သိရသည်။
“စက်မှု ကဏ္ဍဖွံ့ဖြိုးမှုဆိုတာ စွမ်းအင်နဲ့ တိုက်ရိုက် သက်ဆိုင်တယ်။ ကျွန်တော်တို့ နိုင်ငံမှာ အဓိကကျတဲ့ စွမ်းအင်နဲ့ လျှပ်စစ်ကို လိုသလောက်မရတဲ့အတွက် ဖွံ့ဖြိုးမှု နှောင့်နှေးတာတွေဖြစ်နေတာပါ” ဟု ဦးမြင့်ဆွေက ဆက်ပြောသည်။
ပြည်တွင်း အသားတင် ထုတ်လုပ်မှု GDP တွင် စက်မှုကဏ္ဍ၏ လက်ရှိ ပါဝင်မှုပမာဏသည် အခြားဖွံ့ဖြိုးဆဲနိုင်ငံများကဲ့သို့ ၃၀ ရာခိုင်နှုန်းအထိ တိုးတက်အောင် ဆောင်ရွက်ရမည်ဟု သမ္မတ ဦးသိန်းစိန်က လမ်းညွှန်ခဲ့သည်။
“နိုင်ငံတော်ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံ ပေါ်ထွန်းရေးဆိုတဲ့ နေရာမှာ ၉၀ ရာခိုင်နှုန်းနဲ့ အထက်ရှိတဲ့ ပြည်တွင်းက ပုဂ္ဂလိက လုပ်ငန်းရှင်တွေကို သက်ဆိုင်ရာ ၀န်ကြီးဌာနတွေက အားပေးကူညီထောက်ပံ့ဖို့ လိုပါတယ်။ သင့်တော်တဲ့ ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းတွေကိုလည်း ထုတ်ပြန်ဖို့ လိုနေပါတယ်” ဟု မြန်မာနိုင်ငံ စက်မှု ကုန်ထုတ်လုပ်သူများအသင်း ဥက္ကဌ ဦးဇော်မင်းဝင်းက ဆိုသည်။
စက်မှုဝန်ကြီးဌာနကလည်း အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် SME Development Centre ကိုတည်ထောင်ဖွင့်လှစ်ထားပြီး မြန်မာ့စက်မှု လက်မှု ဖွံ့ဖြိုးရေးဘဏ်ကိုလည်း အသေးစားနှင့် အလတ်စား စက်မှု ဖွံ့ဖြိုးရေး ဘဏ်အဖြစ်ပြောင်းလဲ ဖွင့်လှစ်ကာ အရင်းအနှီးလိုအပ်ချက်များ ဖြည့်ဆည်းပေးနေကြောင်း စက်မှု ၀န်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးအေးမြင့်က ပြောသည်။
စီးပွားရေး နယ်ပယ်တွင် ပုဂ္ဂလိက လုပ်ကိုင်နိုင်စွမ်း မြင့်တင်ပေးရေး၊ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ စွမ်းဆောင်ရည် မြင့်မားလာစေရေး၊ အရင်းအနှီးဈေးကွက်နှင့် ငွေကြေးဈေးကွက်များ ထွန်းကားရှင်သန်လာစေရေး၊ အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများတွင် အရင်းအနှီးနှင့် နည်းပညာများ တိုးမြင့်ရရှိစေရေး၊ ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားစေရေးနှင့် ကုန်ထုတ်လုပ်မှုကို အခြေခံသော ပြည်ပ ရင်းနှီးမြုပ်နှံမှုများ ၀င်ရောက်လာစေရေးတို့ကို စက်မှုဝန်ကြီးဌာနမှ ဆောင်ရွက်လျှက်ရှိကြောင်း ၎င်းကပြောသည်။
စက်မှုကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးမှု နှောင့်နှေးနေရခြင်းသည် စက်မှုလုပ်ငန်းရှင်များနှင့် ထိတွေ့နေရသော ၀န်ကြီးဌာနများ၏ မူဝါဒများနှင့်လည်း သက်ဆိုင်နေကြောင်း လုပ်ငန်းရှင်များက ပြောသည်။

ဂျပန်နိုင်ငံမှ ကားဝယ်ခြင်းဟူသည်


ဂျပန်နိုင်ငံမှ ကားဝယ်ခြင်းဟူသည် 


Moe MaKa News, 15September 2012  —–  ကားဝယ်တာမပြောခင် မြန်မာပြည်မှာကားဝယ်ခဲ့ရတဲ့အနေအထားကို အရင်လေ့လာရပါမယ်။ စာဖတ်သူတို့လည်း သိပြီးသားဖြစ် မှာပါ။ ကားတစ်စီးဝယ်ဖို့ ကြားမှာ ပွဲစားလိုအပ်ပြီး သူကြိုက်၊ ကိုယ်ကြိုက် အံကိုက်ဖြစ်ရင် ရော့ကားဆိုပြီးပေးလိုက်ရင် အရောင်းအဝယ်ဖြစ် သွားပါပြီ။
သို့ပေမယ့် အစိုးရရဲ့ ပြောင်းလဲသွားတဲ့ပေါ်လစီကြောင့် ကားကို အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း တစ်စီးတင်သွင်းပိုင်ဆိုင်ခွင့်ရတဲ့အနေအ ထားကို ရောက်ရှိသွားပါပြီ။ ဒီတော့ ယခင်နဲ့ ဘာတွေကွာသွားသလဲဆိုတာ အရမ်းသိသာပါတယ်။ သိန်းထောင်ချီပေးရတဲ့ ကားတွေ သိန်း ရာဂဏန်းပဲ ကျန်ရှိပါတော့တယ်။ ပေးရတဲ့အခွန်ပမာဏတွေ အရင်ကလို အကြီးကြီး မဟုတ်တော့ပါဘူး။ အကန့်အသတ်နဲ့ ရှိနေပေမယ့် ကားဝယ်တယ်ဆိုတာ အရင်ကလို ခက်ခဲတဲ့အလုပ်တစ်ခုမဟုတ်တော့ပါဘူး။ ဒီတော့ သာမန်လူတစ်ယောက်က ကားဝယ်မယ်ဆိုရင် ယနေ့ ချိန်မှာ သွားစရာ နေရာသုံးခုရှိသွားပါတယ်။ ကားပွဲစားတန်း၊ ကားအရောင်းစင်တာ၊ ကားလေလံဝန်ဆောင်မှု စတာတွေဖြစ်ပါတယ်။ လက် ထဲမှာ ဘာမှမရှိလို့ ကားသွားဝယ်တဲ့သူနဲ့ နှစ် ၂၀ ပြည့်လို့ အရည်ကြိုစက်ရုံပို့ရမယ့်ကားရှိနေလို့ ပြန်လဲချင်လို့ ဝယ်မယ့်သူနဲ့ နှစ်မျိုးကွဲသွား ပြန်ပါတယ်။ ဒီတော့ အစိုးရထုတ်ပြန်ပေးတဲ့ ပေါ်လစီကလည်း နှစ်မျိုးကွဲသွားပါတယ်။ အကြမ်းဖျင်းအားဖြင့် လက်ထဲမှာ ဘာမှမရှိပဲ အသစ်ဝယ်ခွင့် (Free Permit) နဲ့ ကားဟောင်းပြန်အပ်ရငွေ (ကားဟောင်းစလစ်) နဲ့ ကားဝယ်ခွင့် ဖြစ်ပါတယ်။ မြို့ တော်အင်္ဂါ ရပ်နဲ့ ညီအောင် သက်တမ်း၂၀ ပြည့်ပြီးကားတွေကို ရှင်းထုတ်နေပါပြီ။ အဟောင်းပိုင်သူများအတွက် အသစ်ရဖို့ ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ ဂျပန်နိုင်ငံကြား ဆက်စပ်မှုတစ်ခုရှိနေပါတယ်။ ဂျပန်နိုင်ငံဟာ ဖွံ့ဖြိုးဆဲမြန်မာနိုင်ငံကို အဘက်ဘက်က ဖွံ့ဖြိုးတိုးတက်လာစေ ရန် ချေးငွေပေါင်းမြောက်များစွာ ချေးထားပါတယ်။ မြန်မာပြည်ရဲ့ ပြောင်းလဲသွားတဲ့ နိုင်ငံရေးပေါ်လစီကြောင့် ပိတ်ဆို့နေတဲ့စီးပွားရေးလမ်း တွေပွင့်လာခြင်းနဲ့အတူ ဂျပန်နိုင်ငံမှလည်း မြန်မာနိုင်ငံအပေါ် ချေးငွေနဲ့ပက်သက်လို့ လျော့ပေါ့ပေးတာတွေ အများကြီးလုပ်လာပါတယ်။ အဲဒီထဲက မော်တော်ယာဉ်ကိစ္စလည်း ပါဝင်ပါတယ်။ ချေးငွေများကိုလျော့ပေါ့ပေးပြီး တစ်ဖက်ကလည်း ဂျပန် တစ်ပတ်ရစ်ကားဈေးကွက် ကို မြန်မာတို့ဝင်ရောက်ရန် ဖိတ်ခေါ်ခြင်းဖြစ်ပါတယ်။ ဒါနဲ့ပက်သက်ပြီးတော့လည်း မြန်မာနဲ့ဂျပန်နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုတွေ တိုးမြင့်လာစေပါတယ်။ ဒီတော့ ချေးငွေတွေလည်း ကြေ၊ ကားအပျက် အဟောင်းတွေ ပြင်မောင်းနေတာထက်စာရင် တစ်ပတ်ရစ်ကားလေး သုံးရတာဆိုတော့ Used Car ဈေးကွက်တွေ အင်မတန်ကြီးလာပါတယ်။
တစ်ပတ်ရစ်ကားဈေးကွက်ကဝယ်လို့ မျက်နှာငယ်စရာတော့မရှိပါဘူး။ ဂျပန်နိုင်ငံက တစ်ပတ်ရစ်ကားတွေကို ရုရှားလို ဥရောပနိုင်ငံကြီး တောင် မှာယူသုံးစွဲပါတယ်။ တစ်ဦးချင်းသော်လည်းကောင်း၊ ကုမ္မဏီလိုက်သော်လည်းကောင်း ဝယ်ယူမှာယူမှုများကြောင့် ဂျပန်ကားဟောင်း ကို ခပ်ရိုးရိုးတန်းတန်းရောင်းရာကနေ ဈေးများများပိုပေးသူကိုရောင်းတဲ့ လေလံဈေးကွက်ကြီး ဖြစ်ပေါ်လာပါတော့တယ်။.ဒီတော့ ဂျပန်က နေ ကားလေလံဆွဲတယ်ဆိုတာကို စဖတ်သူတို့ သေသေချာချာနားလည်ထားမှ ဘယ်လိုကားဝယ်ရမယ်ဆိုတာ သိရှိနားလည်လာမှာ ဖြစ်ပါ တယ်။
ဂျပန်နိုင်ငံက တစ်ပတ်ရစ်ကားအကြောင်းလည်း သိရန်လိုအပ်ပါတယ်။ ကားအများဆုံးထုတ်လုပ်တဲ့နိုင်ငံစာရင်းထဲမှာ ဂျပန်ပါဝင်ပါတယ်။ တိုယိုတာ၊ နစ်ဆန်း၊ မစ်ဆူဘီရှီ၊ ဟွန်ဒါ၊ မာဇာဒါ၊ ဆူဇူကီး အစရှိတဲ့ ဂျပန်ဖွား ကားထုတ်လုပ်ရေး ကုမ္မဏီကြီးများအပြင် အခြားကားထုတ် လုပ်ရေးကုမ္မဏီငယ်များလည်း ရှိနေပါတယ်။ ဒါတင်မကသေးပဲ ဥရောပ၊ အမေရိကန်၊ တရုတ်၊ ကိုရီးယားတို့ကလာတဲ့ ကားစက်ရုံခွဲငယ် လေးတွေလည်း ရှိနေပြန်ပါသေးတယ်။ ပြည်ပတင်ပို့ခြင်းအပြင် ပြည်တွင်းသုံးဖို့အတွက်လည်း ပိုလျှံနေတဲ့နိုင်ငံဖြစ်ပါတယ်။
ဒီတော့ နိုင်ငံအရွယ်စားကလည်းငယ်၊ လူဦးရေကလည်း ထူထပ်၊ ကားအစီးရေကလည်း များဆိုရင်တော့ နိုင်ငံအတွက် တွက်ချေမကိုက်ပါဘူး။ ဆိုးကျိုးများစွာ ဖြစ်ထွန်းစေပါတယ်။ ဒီတော့ ကားသစ်ဝယ်စီးချင်ရင် ကားဟောင်း မဖြစ်မနေရောင်းကြရပါတယ်။ ဝယ်ထားတဲ့ကားအပေါ်ကို လည်း အခွန်ခဈေးတွေ တော်တော်များများ သတ်မှတ်ထားပါတယ်။ ဥပမာ- တစ်နှစ်မောင်းပြီးတဲ့ကားဆိုရင် အခွန်တော်တော်ကြီးသွားပါ ပြီ။ ဒီတော့ ကားနောက်တစ်စီပြောင်းမဝယ်သေးရင်တော့ လက်ထဲမှာရှိနေတဲ့ကားကို ပြန်ရောင်းတတ်ကြပါတယ်။ အကြာကြီးလည်း မစီး ကြပါတယ်။
အချို့ဆို လပိုင်းသာစီးပြီး မကြိုက်လို့ လေလံဈေးထဲပို့ပစ်ပါတယ်။ အချို့ကျတော့ တစ်နှစ်နဲ့မောင်းနှင်ပြီး ကားအဟောင်းဈေးထဲ ပို့လိုက်ပါ တယ်။ အခြား အကြောင်းကိစ္စများကြောင့်လည်း ကားလေလံဈေးထဲကိုပို့ပါတယ်။ ဒါကြောင့် တစ်ခါတစ်လေ ကမ္ဘာ့ဈေးအကြီးဆုံး စာရင်းဝင် တဲ့ ဥရောပပြိုင်ကားတွေတောင် တွေ့ရတတ်ပါတယ်။ ဒီတော့ သူတို့ဆီမှာ တစ်ပတ်ရစ်ကားဆိုတာ မြန်မာပြည်က နှစ် ၂၀ ကားတွေနဲ့စာရင် အများကြီးကောင်းပါတယ်။
ဒီတော့ ဂျပန်နိုင်ငံရဲ့ကားအဟောင်းဈေးကွက်ကလည်း နိုင်ငံဝင်ငွေရှာပေးတဲ့လုပ်ငန်းတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် ဂျပန်ကားလေ လံ ဈေးကွက်ကို ဥရောပတင်မကပဲ အခြားဖွံ့ဖြိုးဆဲနိုင်ငံများကိုပါရောက်ရှိလာအောင် ဂျပန်တို့ အမျိုးမျိုးစွဲဆောင်ပါတယ်။ ဥပမာ- မြန်မာကို ချေးငွေတွေလျော့ပေါ့ပေးပြီး ကားအဟောင်းဈေးကွက် (လေလံဈေးကွက်) ထဲရောက်လာအောင် ခေါ်ဆောင်တာမျိုးတို့ဖြစ်ပါတယ်။ ဒီတော့ တစ်ပတ်ရစ်သုံးရတဲ့မြန်မာတွေဟာ ဒီလောက်နဲ့ကျေနပ်ကြရပါတယ်။ ကားအသစ်ဝယ်ရင်တော့ တစ်ခုခုဖြစ်ရင် အာမခံရှိတာကြောင့် အခ မဲ့ပြန်ပြင်ပေးတာမျိုး၊ ဝန်ဆောင်မှု နှစ်လရှည်ကြာစွာပေးတာမျိုးတို့ လုပ်ပေးပါတယ်။ ကားအဟောင်းကျတော့ ဒီလိုအခွင့်အရေးတွေ မရပါ ဘူး။
ဂျပန်ကားလေလံဈေးကွက်မှာက ကားရဲ့အခြေအနေအားလုံးကိုစစ်ဆေးပြီး အခြေအနေအားလုံးကို ဖော်ပြထားတယ်။ ကြိုက်ရင်ဝယ်၊ မကြိုက်ရင်မဝယ်။ အားလုံးနည်းစနစ်နဲ့လုပ်ပါတယ်။ ဝယ်ပြီး တစ်ခုခုဖြစ်မှပြန်လာတာမျိုး လုံးဝလက်မခံဆိုတဲ့ပုံစံမျိုး ဖြစ်ပါတယ်။ ဆိုလို တာက ဝယ်ယူပြီးကုန်ပစ္စည်းအတွက် အာမခံချက်မရှိပါဘူး။ ဒါကြောင့်လည်း မဝယ်ခင်ကတည်းကလည်း သေချာသိအောင် ကားအဟောင်း ဈေးကွက်မှ မော်တော်ယာဉ်ကျွမ်းကျင်ပညာရှင်များက သေချာစစ်ဆေးပြီး သူ့ရဲ့အရှိတိုင်းကိုဖော်ပြပြီးသားဖြစ်ပါတယ်။ တစ်နပ်စား လုပ် တာမဟုတ်တဲ့အတွက် မကောင်းတဲ့ကားကို ကောင်းတယ်လို့ဖော်ပြရိုးထုံးစံလည်း သူတို့မှာမရှိပါဘူး။ နိုင်ငံကြီးပီပီ နည်းစနစ် ကျကျလုပ်ပါ တယ်။ ဒီတော့ စိတ်ကြိုက်ကားတွေ့ဖို့ကျတော့ ဝယ်သူရဲ့တာဝန်သာဖြစ်ပါတော့တယ်။ အာမခံမရှိဘူးဆိုပြီး သူတို့လက်ထဲမှာရှိနေတုန်း ကောင်းကောင်းစစ်ဆေးပြီး Condition ထုတ်ပေးထားပါတယ်။
ဂျပန်နိုင်ငံမှာ ပြည်နယ်အသီးသီးကွဲသလို ယင်းပြည်နယ်အသီးသီးမှာလည်း ကားလေလံဈေး အသီးသီးရှိပါတယ်။ ယင်းကားတွေကို နိုင်ငံ ခြားတိုင်းပြည် ဂျပန်အထိ လာဝယ်တယ်ရယ်လို့တော့ မဟုတ်ပါဘူး။ တော်တော်များများက အင်တာနက်ကနေဝယ်ယူတာ ဖြစ်ပါတယ်။ ဂျပန်ကားလေလံဈေးကွက်တွေက လေလံဝက်ဘ်ဆိုဒ်တွေလွှင့်ထားပါတယ်။ ယင်းလေလံ ဝက်ဘ်ဆိုဒ်တွေထဲမှာ သူ့တို့ဆီကကားတွေကို တင်ပေးထားပါတယ်။ အကြမ်းဖျင်းအားဖြင့်ကတော့ ဂျပန်နိုင်ငံတစ်ဝန်းက လေလံဈေးကွက်တွေ အားလုံးကကားတွေကို ကားလေလံဝဘ် ဆိုဒ်တစ်ခုတည်းမှာ ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဒီလိုဝန်ဆောင်မှုပေးတဲ့ ဝက်ဘ်ဆိုဒ်က တစ်ခုတည်းရှိတာမဟုတ်ပါဘူး။ ကားအဟောင်းဈေးကွက်ပိုင်ရှင်များကို ကားလေလံ ဝက်ဘ်ဆိုဒ်ဝန်ဆောင်မှုက လက်တွဲလုပ်ပါတယ်။
ကားအဟောင်းကိုင်ထားတဲ့လူရဲ့လက်ထဲမှာ ဘာဖောက်သည်မှမရှိပါဘူး။ သူတို့က ဆိုင်ဖွင့်တဲ့အနေအထားပဲရှိပါတယ်။ တကယ် ရောင်းဖြစ် အောင်ကျတော့ ယင်းဝန်ဆောင်မှုဝက်ဘ်ဆိုဒ်တွေက လုပ်ပေးပါတယ်။ ဒီတော့ ဒီမှာလည်း ဒီကားစာရင်းတွေတင်၊ ဟိုမှာလည်း ဒီကားစာရင်း တွေတင်ဆိုတော့ တစ်နေရာမှာလေလံဆွဲတာနဲ့ နောက်တစ်နေရာနဲ့ ထပ်နေမလားလို့ ထင်မြင်စရာရှိပါတယ်။ အမှန်တော့အဲလို မဟုတ်ပါ ဘူး။ Main Server တစ်ခုက ကားလေလံစာရင်း အဝင်အထွက်အားလုံးကိုကိုင်ထားပြီး ကျန်တဲ့အခွဲလေးတွေက ယင်း Main Server ကို ချိတ်ထားတဲ့သဘောပဲ ဖြစ်ပါတယ်။ ဒီတော့ လေလံဆိုဒ်တစ်ခုက လေလံဆွဲလိုက်ပြီဆိုရင်လည်း အခြားဆိုဒ်က မြင်နိုင်၊ သိနိုင်ပါတယ်။
ဒီတော့ ကားလေလံဘယ်လိုဆွဲတယ်ဆိုတာကို သိရန်လိုအပ်လာပါတယ်။ အင်တာနက်မှာ ကားလေလံဆွဲတာကို ဂျပန်တို့ ဉာဏ်ကောင်း ကောင်းနဲ့ လုပ်ထားပါတယ်။ မောက်စ့်နဲ့ ကလစ်တစ်ချက်ခေါက်ရင် ငွေရောက်သွားတာမျိုးက မသေချာပါဘူး။ ဥပမာ- လက်ဆော့တတ်တဲ့ ကလေးတစ်ယောက်က မောက့်စ်ကိုင်တတ်ရင်ကို လေလံဆိုတာဆွဲလို့ရတော့ မလိုးလားအပ်တဲ့ပြဿနာတွေရှိလာနိုင်ပါတယ်။ ဒီတော့ ကားလေလံဆွဲဖို့ Joy Stick ကိုအသုံးပြုရပါတယ်။ Joy Stick ဆိုတာ ကားထဲမှာဆိုရင် ဂီယာထိုးတဲ့အတံလိုမျိုး ဖြစ်ပါတယ်။ အတံမှာ ခလုပ် ပါသေးတယ်။ ယင်းခလုပ်ကိုနှိပ်ပြီး အနောက်ကိုဆွဲရပါတယ်။ ဒီတော့ ယင်းကဲ့သို့ခလုပ်နှိပ်တံကို ဘယ်သူတွေကိုင်ရမလဲဆိုတာ သိဖို့လို အပ်လာပါတယ်။ ယင်းအတံတွေကို ကားလေလံဈေးကွက်မှာ ဝယ်ခွင့်တရားဝင်မှတ်ပုံတင်ထားရပါမယ်။ ပြီးတော့ ခလုပ်နှိပ်လိုက်ရင် မိမိ ဘဏ်က ငွေစာရင်းတွေ အလိုအလျောက်ဆီးကူးတဲ့အတွက် မိမိမှာ ဘဏ်ငွေစာရင်းရှိရပါအုံးမယ်။ ပြီးတော့ ယင်းဝဘ်ဆိုဒ်ကိုအသုံးပြုဖို့အတွက် အသုံးပြုခွင့် Member ဝင်ရပါအုံးမယ်။ အကြမ်းဖျင်းကတော့ ဒါပဲဖြစ်ပါတယ်။ သူက အဓိကထိန်းဖြစ်ပါတယ်။ နောက်မှ ဝယ်ယူလို သူတွေက Joy Stick ကိုင်ထားသူဆီကို နောက်တစ်ဆင့် ပြန်သွားရပါတယ်။
ဒီတော့ Joy Stick ကိုင်ထားသူကလည်း မောက့်စ်ကလစ်တစ် ချက်ခေါက်လိုက်ရင် ငွေဝင်မယ့်စနစ်ကို အသုံးပြုရပြန်ပါတယ်။ ဥပမာ – ကား ဝယ်ယူလိုသူက မောက့်စ်ကလစ်တစ်ချက်ခေါက်လိုက်ရင် သူ့ဘဏ်အကောင့်မှ ငွေက Joy stick ကိုင်ထားတဲ့သူရဲ့ ဘဏ်ငွေအကောင့်ဆီ စီးဆင်းသွားမှာ ဖြစ်ပါတယ်။ ဒီမှာ လက်လွန်ပြီး ခလုပ်နှိပ်မှားတယ်လို့ ပြောလို့မရပါဘူး။ မှားတယ် မဝယ်ဘူးဆိုရင်တောင် လျော်ကြေးငွေကို လေလံဆွဲအတံကိုင်ထားသူက ရရှိသွားမှာဖြစ်ပါတယ်။ ကားလေလံဈေးကွက်ကိုသာ မော့က်စ်ကလစ်တစ်ချက်ခေါက်လို့ ကားဝယ်ရတဲ့ စနစ်သာထားရင် အားလုံး ကမောက်ကမဖြစ်နိုင်တဲ့အတွက် ကြားမှာ Joy Stick ကိုင်သူ တစ်ဆင့်ခံထားပါတယ်။ ဒီတော့ အားသာချက်က လေလံမဆွဲဖြစ်ဘူးဆိုရင်တော့ အချိန်မှီ ပြန်အကြောင်းပြန်နိုင်လို့ ဖြစ်ပါတယ်။
ဒီတော့ မြန်မာပြည်မှာလည်း ကားလေလံဝန်ဆောင်မှု လုပ်ငန်းတွေ ရှိလာပါတယ်။ အချို့ကားလေလံဝန်ဆောင်မှုစင်တာတွေမှာဆိုရင် ယင်း လေလံဆွဲအတံ (Joy stick) ကိုခင်းကျင်းပြသထားပါတယ်။ ဒါဟာ ဟန်ရေးပြသဘောပဲရှိပါတယ်။ တကယ် အသုံးမဝင်ပါဘူး။ Joy Stick ကိုင်ထားဖို့ဆိုတာ ဂျပန်နိုင်ငံက တော်ရုံအေဂျင်စီတစ်ခုတောင် မလုပ်နိုင်ပါဘူး။ ဒီတော့ ကားဝယ်သူ စာဖတ်သူများအနေနဲ့ ဒါကိုသိ ထားစေချင်ပါတယ်။
ကားလေလံဆွဲဖို့အတွက် မြန်မာပြည်က ကားအရောင်းစင်တာများ၊ ဝန်ဆောင်မှုလုပ်ငန်းများက ကားလေလံ ဝဘ်ဆိုဒ်တွေဝင်ကြည့်ရပါတယ်။ ယင်းဝဘ်ဆိုဒ်တွေက ဒီတိုင်းဝင်ကြည့်လို့မရပါဘူး။ ရတယ်ဆိုရင်တော့ အပြည့်အဝမဟုတ်ပါဘူး။ ပိုက်ဆံပေး၊ အကောင့်ဖွင့်ထားမှာ ဝင် ကြည့်လို့ရတဲ့အနေအထားမှာ ရှိပါတယ်။ ဒီတော့ အကောင့်ကို ဂျပန်ဝဘ်ဆိုဒ်ကနေဝယ်ပြီး ဒီမှာတစ်ဆင့်ပြန်သုံးကြပါတယ်။ ပြီးတော့ လေ လံဆွဲပါတယ်။ ဒီတော့ မြန်မာပြည်ကနေလည်း လေလံဆွဲလို့ရတာပါလားလို့ ထင်စရာမရှိပါတယ်။ အမှန်တော့ မရပါဘူး။ ဘာလို့လည်းဆို လေလံဆွဲခွင့်က လက်ထဲမှာမရှိလို့ ဖြစ်ပါတယ်။ ဒီတော့ လေလံဆွဲဖို့အတွက် ဂျပန်လေလံဝက်ဘ်ဆိုဒ်တစ်ခုမှာ မန်ဘာဝင်ထားရမယ့်အပြင် ဂျပန်နိုင်ငံမှာလည်း တစ်ဆင့်လေလံဆွဲပေးမယ့်လူခံလည်း ရှိလို့လိုအပ်လာပြန်ပါတယ်။ ဒီတာ့ မြန်မာပြည်ကနေ လေလံဆွဲတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး။
သို့ပေမယ့် ရှားရှားပါးပါး ပိုက်ဆံပေးကြည့်စရာမလိုပဲ အခမဲ့ဝင်ကြည့်လို့ရမယ့် ကားလေလံဝဘ်က်ဆိုဒ်တစ်ခုတော့ ယခုနှစ်အတွင်း ပေါ် ပေါက်လာပါတယ်။ ဒီတော့ ကားအရောင်းစင်တာတွေလို ပိုက်ဆံပေးနိုင်သူမှသာကြည့်လို့ရတဲ့အနေအထားမဟုတ်တော့ပဲ လူတိုင်း ဝင် ကြည့်လို့ရတဲ့ ကားလေလံဝက်ဘ်ဆိုဒ်တစ်ခု ဖြစ်လာပါတယ်။ ဝက်ဘ်ဆိုဒ်လိပ်စာကတော့ http://stg.colayonline.net/automobile/portal.html#auctionဖြစ် ပါတယ်။ တကယ် ရှားရှားပါးပါးပါပဲ။ ဂျပန်နိုင်ငံက သာမန်ကားလေလံဝဘ်ဆိုဒ်တစ်ခုလို အသုံးပြုလို့ရပါတယ်။ ဒီတော့ ဝက်ဘ်ဆိုဒ်တည်ထောင်သူလုပ်ငန်းရှင်ကို စာရေးသူ ဆက်သွယ်မေးမြန်းချက်အရ အောက်ပါအတိုင်းသိရပါတယ်။
ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားဖြစ်ပြီး ဂျပန်လေလံဈေးကွက်တိုင်းကို ချိတ်ထားတဲ့ ကားလေလံဝက်ဘ်ဆိုဒ်တစ်ခုထောင်ဖို့ အရင်က တည်းက စိတ်ကူးထားတာဖြစ်ပါတယ်။ အခုတော့ တကယ်အကောင်အထည်ဖော်နိုင်ခဲ့ပြီး လူတိုင်း အခမဲ့ဝင်ကြည့်လို့တယ်လို့ ဆိုပါတယ်။ လေလံဆွဲခွင့်ကတော့ ဝက်ဘ်ဆိုဒ်မှကိုင်ထားပြီး လေလံဆွဲချင်ရင် လေလံဆွဲမယ့်ကား ကုဒ်နံပါတ်ကို မြန်မာပြည်ရုံးခွဲထံ ဖုန်းဆက်ပြောရုံပဲ ဖြစ်ပါတယ်။ ပြည့်ဖူးဝေဆာကုမ္မဏီမှလုပ်တာ ဖြစ်ပါတယ်။ သူ့ရဲ့  Facebook လိပ်စာကတော့ – https://www.facebook.com/ColayOnline.Automobile ဖြစ်ပါတယ်။
ဒီတော့ မြန်မာပြည်က လူတိုင်း ပိုက်ဆံပေးစရာမလိုပဲ မိမိနှစ်သက်ရာကာ ကို အင်တာနက်သုံးလို့ရတဲ့နေရာတိုင်းကနေ ဝင်ကြည့်လို့ ရပါ တယ်။ ကားလေလံဝန်ဆောင်မှုကုမ္မဏီများဆီ သွားဖို့မလိုအပ်တော့ပါဘူး။ ဒီလို ဝန်ဆောင်မှုပေးတဲ့ကုမ္ပဏီ ခပ်များများပေါ်ပေါက်လာရန် လိုအပ်ပါတယ်။ လက်ရှိမှာတော့ တစ်ခုတည်းဖြစ်နေပြီး အခြားဝန်ဆောင်မှုလုပ်ငန်းများက ဂျပန်လေလံဝဘ်ဆိုဒ်တွေမှာ အကောင့်ဝယ်ပြီး ဝင်ကြည့်ရတာ ဖြစ်ပါတယ်။ ဒါမျိုးများများပေါ်ပေါက်လာရင် ရရှိလာမယ့်အကျိုးကျေဇူးက သာမန် အခြားဥရောပနိုင်ငံသားများ၊ အခြား လေ လံဆွဲသူများနဲ့ တန်းတူအခွင့်အရေးရရှိခြင်းဖြစ်ပါတယ်။
ကားလေလံဆွဲပြီဆိုပါစို့။ ဂျပန်နိုင်ငံ လေလံဈေးကွက်မှာ နာရီတိုင်း ကားအစီးရေ ထောင်ချီမကဝင်နေပါတယ်။ လေလံဆွဲသူတွေကလည်း ကမ္ဘာတစ်လွှားကနေ စောင့်ကြည်နေပါတယ်။ ဒီတော့ Joy Stick က တော်တော်အလုပ်လုပ်ရတဲ့အနေအထားမှာ ရှိပါတယ်။ နာရီနဲ့ သတ် မှတ်ထားပါတယ်။ လက်ရှိအကြမ်းဖျင်းကတော့ ဂျပန်လေလံဈေးကွက်မှာ ညနေပိုင်းအချိန်တစ်ခုမှာ လေလံပွဲချိန်၊ စာရင်းပိတ်ချိန် သတ်မှတ် ထားပါတယ်။ နောက်အကျဆုံးကတော့ ည ၁၁ နာရီဖြစ်ပါတယ်။ ဒါက လေလံဝန်ဆောင်မှုကုမ္ပဏီတွေအပေါ် မူတည်ပါတယ်။ ကိုယ်ကြိုက် ရာကားရွေးပြီး ဈေးနှုန်း ကိုယ်နိုင်သလောက်ပေးထားရပါတယ်။ လေလံဖွင့်ချိန်မှာတော့ ကွန်ပျူတာ Server ကငွေအများဆုံးပေး သူကိုကြည့် ပြီး အလိုအလျောက် ရွေးချယ်သွားပါတယ်။ ဒီမှာ လာဘ်ထိုးတယ်။ လာဘ်စားတယ်လည်း မရှိပါဘူး။ ကွန်ပျူတာစနစ်နဲ့ အလုပ်လုပ်သွား တာဖြစ်ပါတယ်။ ယန်းငွေကို အသုံးပြုပါတယ်။ ၁ ယန်းလောက်ပိုပေးရင်လည်း ပေးသူကရပါတယ်။ ဒါကြောင့် လေလံဈေးကွက်က အနိမ့်ဆုံး သတ်မှတ်ထားတဲ့ တန်ဖိုးတဲ့ပိုပေးပြီး လေလံဆွဲကြရပါတယ်။
လေလံဆွဲလို့ မြန်မာပြည်ကဝယ်သူဟာ ကားတစ်စီးရသွားပြီဆိုပါစို့။ ဂျပန်ကနေ မြန်မာပြည်ရောက်အောင်ပို့ဖို့ ခေါင်းစားရပြန်ပါတယ်။ ဒီ တော့ ကားလေလံဈေးက ကိုယ့်ကားကို မြန်မာပြည်ရောက်အောင် ဂျပန်ဆိပ်ကမ်း အရင်ပို့ပါတယ်။ ပြီးတော့ မြန်မာဆိပ်ကမ်းကို ရောက် အောင် သင်္ဘောနဲ့တင်ပါတယ်။ ဂျပန်နိုင်ငံ၊ ပြည်နယ်အသီးသီးမှာ ဆိပ်ကမ်းအသီးသီးရှိပါတယ်။ နီးစပ်ရာဆိပ်ကမ်းက အမြန်ဆုံးထွက်တဲ့ သင်္ဘောနဲ့တင်ရပါတယ်။ အနည်းဆုံး တစ်လနဲ့ ၁၅ ရက်တော့ကြာပါတယ်။ ဒီတော့ ယင်းကြာချိန်နဲ့ လေလံဆွဲတဲ့ ခေါင်းစားစရာကို တာဝန် ယူပေးမယ့် ကားအရောင်းစင်တာတွေ ပေါ်ပေါက်လာပါတယ်။ ကားအရောင်းစင်တာမှာက လေလံဆွဲပြီးသားတွေ ခင်းကျင်းပြသ ထားပါ တယ်။ ကိုယ်ကြိုက်ရာ ရွေးဝယ်ရုံပဲဖြစ်ပါတယ်။ သို့ပေမယ့် သူ့ခေါင်းအစားခံထားရတဲ့အဖိုးအခကို ကားထဲမှာထည့်တွက်လိုက်ပါတယ်။
ကားလေလံဝန်ဆောင်မှုလုပ်ငန်းကျတော့ ဝယ်သူနဲ့မျှတူ ခေါင်းအစားခံပေးတဲ့အတွက် အရောင်းစင်တာမှာ ဝယ်တာနဲ့စာရင်တော့ ဈေးအ များကြီး သက်သာပါတယ်။ တစ်လကျော်စောင့်ရ တာဖြစ်တဲ့အတွက်လည်း ငွေပိုမယူပါဘူး။ စင်တာမှာဝယ်တာထက်စာရင် အနည်းဆုံးတော့ ၁၀ ဂဏန်း သက်သာပါတယ်။ ဒီတော့ ဝယ်သူအနေနဲ့ ဝန်ဆောင်မှုတွေမှာ ကိုယ်တိုင်လေလံဆွဲဝယ်မလား၊ အရောင်းစင်တာမှာပဲ ဝယ်မလား၊ ကားပွဲစားတန်းမှာပဲဝယ်မလား သုံးမျိုးကွဲသွားပါတယ်။ ကားပွဲစားတန်းလည်း ယနေ့တိုင်ရှိနေပါသေးတယ်။ ယခင်ကလောက် မစည်ကား တော့ပေမယ့် သူ့နေရာနဲ့သူတော့ အရောင်းထွက်နေဆဲ ဖြစ်ပါတယ်။
ဂျပန်ကဝယ်ကားကို သင်္ဘောနဲ့ပို့တာတောင် ရွေးချယ်စရာနှစ်မျိုးရှိလာပြန်ပါတယ်။ ကားသင်္ဘောနဲ့ ကွန်တိမ်နာဖြစ်ပါတယ်။ ကားသင်္ဘော ပဲအသုံးများပါတယ်။ မြန်လို့ဖြစ်ပါတယ်။ ပြီးတော့ ဈေးလည်းသက်သာလို့ဖြစ်ပါတယ်။ ကွန်တိန်နာကတော့ ဈေးအနည်းငယ်မြင့်မားတာ တစ်ခုတော့ တွေးစရာရှိပါတယ်။ ကားအကောင်း၊ ဈေးကြီးကြီးဝယ်တာဆိုရင်တော့ ကွန်တိန်နာနဲ့တင်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါမှ ခရီးတစ်လျှောက် လုံခြုံစိတ်ချရပါတယ်။ ရာသီဥတုကြောင့် ပျက်ဆီးမှုနည်းပါတယ်။
ဒါက ဂျပန်ကားလေလံဈေးကွက်ကို သာမန်လူတစ်ယောက်က သိရှိနားလည်ရန်ဖြစ်ပါတယ်။ ကားလေလံဝဘ်ဆိုဒ်ကို ဝင်ကြည့်မယ် ကိုယ် ကြိုက်ရာကားရွေးမယ်။ ယင်းကားကိုဝယ်ဖို့ ကြားခံဝန်ဆောင်မှုလုပ်ငန်း၊ ကားလေလံဝက်ဘ်ဆိုဒ်ကုမ္မဏီကို အကြောင်းကြားမယ်၊ ငွေ ထုတ်ပေးမယ်။ ဒါဆိုရင် အားလုံးပြီးသွားပါပြီ။ အားလုံးပြီးပြီရယ်လို့တော့ မဟုတ်ပါဘူး။ မြန်မာပြည်ရောက်လာရင် စာရွက်စာတမ်းကိစ္စတွေ လုပ်ရပါသေးတယ်။ ဒီအဆင့်တွေကိုတော့ နောက်မှပဲဖော်ပြပြီး ဂျပန်က ကားလေလံဆွဲပုံကို ဒီလောက်နဲ့နိဂုံးချုပ်လိုက်ရပါတယ်။
မူရင်း – TechSpace နည်းပညာဂျာနယ်
http://www.facebook.com/photo.php?fbid=344415308983437&set=a.244639595627676.56112.244608038964165&type=1
အောင်ခမ်း (TSJ Team)

ရိုဟင်ဂျာဟု မသုံးနှုန်းရန် ရခိုင် သတင်းစာ ဆရာအသင်း မေတ္တာရပ်ခံ

ရိုဟင်ဂျာဟု မသုံးနှုန်းရန် ရခိုင် သတင်းစာ ဆရာအသင်း မေတ္တာရပ်ခံ

From :ဦးအောင်လိုင်ဦး

ပြည်တွင်း မီဒီယာများနှင့် ပြည်ပ မီဒီများတွင် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များ နှင့် ပတ်သက်၍ သတင်းရေးသား ဖော်ပြရာတွင် အသုံးပြုနေကြသည့် ရိုဟင်ဂျာ ဟူသော စကားလုံး အစား ဘင်္ဂါလီဟူ၍ ထည့်သုံးပေးရန် ရခိုင်ပြည်နယ် သတင်းစာ ဆရာအသင်းက မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း MJA ဥက္ကဋ္ဌ ဦးမောင်ဝံသထံ မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြောင်း အဆိုပါ အသင်း ထံမှ သိရှိရသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင် တာဝန်ဖြင့် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း MJA ဥက္ကဋ္ဌ ဆရာမောင်ဝံသ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေစဉ် အတွင်း ရခိုင်ပြည်နယ် သတင်းစာဆရာ အသင်းဝင်များ နှင့် ဦးမောင်ဝံသတို့ စစ်တွေမြို့ ရွှေသဇင် ဟိုတယ်၌ စက်တင်ဘာလ ၉ ရက်နေ့ က တွေ့ဆုံခဲ့စဉ် ယင်းသို့ တောင်းဆိုခဲ့ ခြင်းဖြစ် ကြောင်း ရခိုင်ပြည်နယ် သတင်းစာ ဆရာအသင်း နာယက ဗဂျီးကျော်က ပြောကြားသည်။
"မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မရှိဘူးဆိုတာကို သမိုင်းအထောက်အထား နဲ့တကွ လဝက ဝန်ကြီး ဦးခင်ရီနဲ့ နိုင်ငံတော် သမ္မတတို့ ကိုယ်တိုင် ပြောထားပြီးပြီ်။ တိုင်းရင်းသား လူမျိုး ၁၃၅ မျိုးမှာလဲ ရိုဟင်ဂျာမပါဘူး။ နိုင်ငံ အစိုးရ အဆက်ဆက်ကလဲ ဘင်္ဂလီလို့ပဲ သုံးလာခဲ့တာ။ ကျွန်တော်တို့က ရိုဟင်ဂျာဆိုတာ ဒီအရေးအခင်းဖြစ်ပြီးမှ ကြားဖူးတာ။ ပြီးတော့ ရခိုင် တိုင်းရင်းသား တွေကလဲ ရိုဟင်ဂျာလို့ သုံးတာ လုံးဝ မကြိုက်ဘူး။ ဒါကြောင့် ခေတ်အဆက်ဆက် သုံးလာခဲ့တဲ့ ဘင်္ဂလီဆိုတဲ့ စကားလုံးကိုပဲ သုံးကြဖို့ MJA ကနေ ပြည်တွင်း မီဒီယာတွေကို မေတ္တာရပ်ခံ ပေးဖို့ တောင်းဆိုတာပါ " ဟု ၄င်းကဆိုသည်။

Myanmar Express

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။