Saturday, September 15, 2012

အမြင်မှန်ရလာသည့် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဖျက်သိမ်း


အမြင်မှန်ရလာသည့် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဖျက်သိမ်း 

From : RFA



မြန်မာ့ ဒီမိုကရေစီရေးအတွက် နှစ်ပေါင်း (၂၀) ကျော် ဆောင်ရွက်လာခဲ့တဲ့ အဝေးရောက် အမျိုးသားညွန့်ပေါင်း အစိုးရ (NCGUB) ကို ဖျက်သိမ်းလိုက်ပြီ ဖြစ်ကြောင်း ၀န်ကြီးချုပ် ဒေါက်တာ စိန်ဝင်း လက်မှတ်ရေးထိုးပြီ
း ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။

ပြောင်းလဲဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အခြေအနေတွေအရ အခုလို ဖျက်သိမ်းလိုက်တာ ဖြစ်ကြောင်း ဒေါက်တာ စိန်ဝင်းက RFA ကို ပြောကြားပါတယ်။

"တစ်အချက်ကတော့ နိုင်ငံရေး အခင်းအကျင်းလည်း ပြောင်းသွားတယ်။ အခြေအနေလည်း ပြောင်းသွားတယ်။ လုပ်ငန်းတွေလည်း ပြောင်းသွားတယ်။ ဥပမာဆိုရင် NLD က တရားဝင်ပါတီ ဖြစ်လာတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ဝင်တချို့က ပါလီမန်မှာ ထိုင်နေကြပြီဆိုတော့ နိုင်ငံရေး အခင်းအကျင်း ပုံစံအပြောင်းအလွှဲက အရင်တုန်းကနဲ့ မတူတော့ဘူး။ ကျွန်တော်တို့အနေနဲ့ စင်ပြိုင်အစိုးရဆိုတဲ့ နာမည်သုံးပြီး ဒီလိုသွားလို့ မသင့်တော့ဘူးလို့ ကျွန်တော်တို့ မြင်လို့ပါ"

မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်တိုးတက်မှုတွေဟာ အမျိုးသား ညွန့်ပေါင်းအစိုးရက မျှော်မှန်းဆောင်ရွက်နေတဲ့ အခြေအနေမျိုးတွေ မရှိသေးပေမဲ့လည်း နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဌမှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကိုယ်တိုင် ပြန်လည်မှတ်ပုံတင် ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်တွင်းဝင်ရောက် ဆောင်ရွက်နေပြီ ဖြစ်တာကတစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်တွင်းနိုင်ငံရေး ဦးဆောင်သူတွေ ကိုယ်တိုင် နိုင်ငံတကာ နယ်ပယ်အထိ သွားလာလှုပ်ရှား လာနိုင်ပြီဖြစ်တာက တစ်ကြောင်း၊ ဒါ့အပြင် နယ်စပ် အခြေစိုက် အင်အားစုတွေ အနေနဲ့လည်း မြန်မာနိုင်ငံတွင်း ပြန်လည်ဝင်ရောက် လှုပ်ရှားနိုင်ရေး ကြိုးပမ်းနေကြပြီ ဖြစ်တာက တစ်ကြောင်း စတဲ့ အကြောင်းကြောင်းတွေကို ထောက်ရှု့ပြီး ပြောင်းလဲလာတဲ့ အခြေအနေနဲ့အညီ အခုလို ဖျက်သိမ်းလိုက်တာ ဖြစ်ကြောင်း ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ (NCGUB) ရဲ့ နောက်ဆုံး ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဝေးရောက် အမျိုးသား ညွန့်ပေါင်းအစိုးရကို ၁၉၉၀ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ ကရင်တော်လှန်ရေး ဌာနချုပ် မာနယ်ပလောမှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်ခဲ့ပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ထွန်းလာရေး ဆိုတဲ့ နိုင်ငံရေး ဦးတည်ချက်နဲ့ လှုပ်ရှား ဆောင်ရွက်ခဲ့ပါတယ်။ (၂၂) နှစ်တာ ကာလအတွင်း မြန်မာ့ဒီ မိုကရေစီ အရေးကို နိုင်ငံတကာက ကူညီလာအောင် စစ်အစိုးရကို ဖိအားတွေ ပေးလာအောင် အဓိက ဆောင်ရွက်ခဲ့ပါတယ်။

(NCGUB) ကို အစစအရာရာ ပံ့ပိုးကူညီ လက်တွဲလုပ်ဆောင်ခဲ့တဲ့ တိုင်းရင်းသား အင်အားစုတွေ၊ အထူးသဖြင့် KNU ကရင်အမျိုးသား အစည်းအရုံးကို ကျေးဇူး အထူးတင်ရှိကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် လုပ်ကိုင်ဆောင်ရွက်ခဲ့စဉ်အတွင်း လိုအပ်ချက်၊ မှားယွင်းချက်များ အတွက်လည်း ခွှင့်လွှတ် နားလည်ပေးကြဖို့ မေတ္တာရပ်ခံထားပြီး တာဝန် ထမ်းဆောင်ခဲ့ရင်း အသက်ပေးသွားခဲ့ရသူတွေ၊ ထောင်တန်း ကျခံခဲ့ရသူတွေ ပါဝင်ဆောင်ရွက်ခဲ့ကြတဲ့ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော် ကိုယ်စားလှယ်များအားလုံး၊ သတင်းဌာနများနဲ့ ကူညီပံ့ပိုးခဲ့သူ အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Myanmar Express

အာဖဂန်ရှိ အမေရိကန် လေတပ် အခြေစိုက်စခန်း တိုက်ခိုက်ခံရ


အာဖဂန်ရှိ အမေရိကန် လေတပ် အခြေစိုက်စခန်း တိုက်ခိုက်ခံရ 

From : မြဝတီ

အာဖဂန် နစ္စတန် မြို့တော် ကဘူးလ်အနီး ပါဝမ်ပြည်နယ်ရှိ အမေရိကန် စစ်တပ်၏ ဘာဂရန် လေတပ် အခြေစိုက် စခန်းကို စက်တင်ဘာ ၁၁ ရက်ညပိုင်းက တာလီဘန် စစ်သွေးကြွများက တိုက်ခိုက်ခဲ့ရာအနည်းဆုံး အာဖဂန် ထောက်လှမ်းရေး တပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး နေတိုးတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။ ထို့ပြင် နေတိုး တပ်ဖွဲ့ပိုင် Chinook ရဟတ်ယာဉ် တစ်စင်း ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။
အာဖဂန် နစ္စတန်တွင် နေတိုးတပ်ဖွဲ့ ဝင်ထောင်ပေါင်း များစွာတည်ရှိသော် လည်း မကြာသေးမီ ကာလမှစ၍ စစ် သွေးကြွများ၏ တိုက်ခိုက်မှုများ မြင့်တက်လာ ခဲ့သည်။ အမေရိ ကန်နှင့် မဟာမိတ် တပ်ဖွဲ့ဝင်များသည် အာဖဂန် နစ္စတန်သို့ ၂ဝဝ၁ ခုနှစ်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး တာလီဘန် အစိုးရကို ဖြုတ်ချခဲ့သည်။ ထိုသို့ ဝင်ရောက် တိုက်ခိုက်ပြီး မကြာမီ နိုင်ငံ တစ်ဝန်းတွင် အကြမ်းဖက် တိုက်ခိုက်မှုများ မြင့်တက် လာခဲ့သည်ဟု သိရသည်။

Myanmar Express

ကျောင်းဆင်းချိန် KIA မှ မိုင်းခွဲမှုကြောင့် ကျောင်းသူ၊ ကျောင်းသားများ သေဆုံး ဒဏ်ရာရရှိ

ကျောင်းဆင်းချိန် KIA မှ မိုင်းခွဲမှုကြောင့် ကျောင်းသူ၊ ကျောင်းသားများ သေဆုံး ဒဏ်ရာရရှိ 


ပြီးခဲ့တဲ့(၁၃)ရက်နေ့က ဖားကန့်မြို့နယ်အတွင်းရှိ မှော်ဝန်းကလေး ကျေးရွာနှင့် စွန့်ငိုင်ကျေးရွာ ကြား တွင် ကျောင်းဆင်းချိန် KIA အဖွဲ့မှ မိုင်းဖောက်ခွဲမှုကြောင့် ကျောင်းသူ၊ ကျောင်းသား အများ အပြား ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး အသက်(၁၃)အရွယ်ရှိ စွန့်ငိုင်ရွာတွင် နေထိုင်သော ကျောင်းသူ မဆိုင်းဂျာအိမ် သည် အရေးပေါ် လူနာအဖြစ် ဖားကန့်ဆေးရုံသို့ရောက်ရှိလာကာ ခွဲစိတ်ဆရာဝန် များနှင့် သူနာပြုများမှ အစွမ်းကုန် ကုသပေးခဲ့ သော်လည်း ည(၁၀)နာရီခန့်တွင် သေဆုံးသွားခဲ့တယ် လို့ သိရပါတယ်။
ဖြစ်စဉ်မှာ ဗမာစစ်တပ်တို့ မှော်ဝန်းကလေးရွာနှင့် စွန့်ငိုင်ရွာ ပတ်ဝန်းကျင်တွင် ချီတက်လာ သည် ကို စောင့်ကြို ကာ KIA အဖွဲ့မှ မိုင်းထောင်ဖောက်ခွဲခဲ့ရာ ကျောင်းဆင်းချိန်နှင့် တိုက်ဆိုင်သွားပြီး မှော်ဝန်း လေးကျေးရွာရှိ ကျောင်းမှ ပြန်လာသော ကျောင်းသားကျောင်းသူများနှင့် မဆိုင်းဂျာအိမ်တို့ ထိခိုက်ဒဏ် ရာရရှိခဲ့ တာဘဲ ဖြစ်ပါတယ်။

စွန့်ငိုင်ကျေးရွာမှ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ ဗမာစစ်တပ် ခမရ(၃၈၉)သည် မှော်ဝန်းလေး ကျေး ရွာမှ စွန့်ငိုင်ကျေး ရွာသို့ ချီတက်လာစဉ် KIA အဖွဲ့မှ စောင့်ကြိုကာ မိုင်းအလုံး(၃၀)အား အဝေး ထိန်းစနစ်ဖြင့် လမ်းတစ်လျှောက်လုံး ဆက်တိုက်ဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
`` မိုင်းခွဲတဲ့အချိန်က ကျောင်းလွှတ်တဲ့အချိန်နဲ့ သွားတိုက်တော့ အခုလိုဖြစ်သွားတာ ကလေးတွေက ဗမာ စစ်တပ်ရှေ့က ကျောင်းပြန်လာတာကို ခွဲလိုက်တာလေ။ တကယ်ဆို KIA ဆိုတာလည်း ကချင်ပါ ဘဲ ဒီရွာမှာရှိတဲ့ သူတွေကလည်း ကချင်လူမျိုးတွေပါဘဲ။ ဗမာစစ်တပ်ကို မိုင်းခွဲချင်တယ်ဆိုပေမဲ့ ကလေးတွေ လည်း ရောပါလာတာကို သူတို့ဒီလိုမလုပ်သင့်ဘူးလေ။ လူမျိုးအချင်းချင်းအပေါ်တောင် တော်တော် ရက်စက်ရာကြတယ်။
သူတို့လုပ်ချင်ပြီဆိုရင် လူမျိုစွဲ၊ ဒေသစွဲတွေပါ ဘာမှ ထောက်ထားမှု မရှိတော့ဘူး။ သူတို့လူကြီး တွေက လည်း မရရအောင် လုပ်ခိုင်းလိုက်တာနဲ့တူပါတယ်။ ကလေးကို ကျောင်းကြိုလာတဲ့ ဒေသခံ ရွာသူ/ရွာ သားတွေ လည်း အကုန်လုံး ထိသွားတာပေါ့။ ကချင်လူမျိုး ကောင်းစားရေး ၊ ကချင်ပြည် နယ် ကောင်းစားရေး ဆိုတဲ့ သူတို့ရဲ့ ကြွေးကြော်သံတွေဆိုတာ အခုလိုလုပ်လိုက်လို့ ကချင်ပြည်နယ် မှာရှိတဲ့ ကချင်လူမျိုးတွေ တစ်ယောက်မှမရှိဘဲ ကချင်လူမျိုးတွေ မျိုးပြုတ်ပြီး သူတို့ဘဲကျန်ခဲ့မဲ့ သူတို့ဘဲ ကောင်း စားမဲ့ ကြွေးကြော်သံလား ခံယူချက်လား။
တကယ်တမ်းပြောရရင် အခုကျောင်းသူကျောင်းသာတွေဆိုတာ ကချင်ပြည်နယ်ကို အရောင်းအသွေး မျိုးစုံနဲ့ လှပဝေစာဖို့ သရုပ်ပီပီပြင်ပြင်ရေးချယ်ပေးမဲ့ အနာဂတ်ရဲ့ အဖူးအပွင့်လေးတွေပါ။ သူတို့တွေ အခုလို လုပ်နေလို့ တိုင်းရင်းသားလူမျိုးတွေရဲ့ကြားမှာ ကချင်လူမျိုးဆိုတာ အရှက်တကွဲအကျိုးနဲ ဖြစ်နေရပြီ။ လမ်းတွေ ဖျက်တယ်၊ တံတားတွေဖျက်တယ်၊ ဒေသခံတွေကို စီးပွားရေးလုပ်စားလို့ မရအောင် အမျိုးမျိုး ဖန်တီးတယ်။
နောက်ဆုံးဗျာ ကျောင်းတက်တဲ့ ကလေးတွေကိုတောင် တကယ် တိုးတက်စေမယ့် ပညာရေးကို လက်မခံဘဲ ကချင်စာကိုဘဲ သင်ရမယ်၊ ကချင်တော်လှန်ရေး အကြောင်းတွေဘဲ သိရမယ်ဆိုတာက ပြည်နယ်အတွက် တကယ်ကို နစ်နာလွန်းပါတယ်။ စစ်တွေဖြစ် နေလို့ သူများပြည်နယ်နဲ့ ယှဉ်လိုက်ရင် ဒီ(၁)နှစ် (၂)နှစ် အတောအတွင်းမှာဘဲ တိုးတက်မှုတွေ လုံးဝမရှိတော့ဘူး။ တဖြည်းဖြည်း စုတ်ယုတ်ပြီး အခြားတိုင်းရင်းသားတွေနဲ့ အခြားပြည်နယ်တွေကြားမှာ မျက်နှာငယ်အောင် လုပ်နေကြတာ။ ဒီလို လုပ်ရပ်တွေကို ရပ်တန်းကရပ်ဖို့ အချိန်တန်ပြီဗျာ´´ လို့ သေဆုံးသွားတဲ့ မဆိုင်းဂျာအိမ်ရဲ့ အဖေ ဦးဘရန်ရှောင်က စို့နစ်ကြေကွဲစွာ KDN သတင်းဌာနသို့ ပြောလာခဲ့ပါတယ်။
၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့ (၁၅၅၅) အချိန်တွင် ဖားကန့်မြို့နယ်၊ မော်ဝမ်းကြီး ကျေးရွာတွင် KIA သောင်းကျန်းသူများ၏ ပစ်ခတ်မှုကြောင့် ပြည်သူများ သေဆုံးခြင်းနှင့် ဒဏ်ရာ ရရှိခြင်းများ ဖြစ်ပေါ်ခဲ့ ပါသည်။

ဒဏ်ရာရရှိခဲ့သူများ -

(၁) ဦးခေါဘောင် (၃၆)နှစ် (ဘ)ဦးဂျန်ခေါ၊ မှော်ဝမ်းရပ်ကွက်
(၂) ဦးခွန်စိုင်း (၃၁)နှစ် (ဘ)ဦးလကုအောင် ၊ မှော်မောင်ကုန်းကျေးရွာ
(၃) ဦးညွန့်ဝင်း (၅၃)နှစ် (ဘ) ဦချစ်လှ ၊ဆွတ်ငိုင်ကျေးရွာ
(၄) ဦးစိုးမိုး (၄၁)နှစ် (ဘ) ဦးဖိ၊ ဆွတ်ငိုင်ကျေးရွာ
(၅) ဦးကျော်ထိန်လင်း (၂၇)
နှစ် (ဘ)ဦးထွန်းဝေ ၊မှော်ဝမ်းရပ်ကွက်
(၆) ဦးဇောင်းခေါင် (၂၄)နှစ် (ဘ) ဦးလွမ်းခေါင်၊ မှော်ဝမ်းရပ်ကွက်
(၇) မဆိုင်းပန် (၁၇)နှစ် (ဘ) ဦးဂွမ်ဆန်း ၊ မှော်ဝမ်းရပ်ကွက်
(၈) ဒေါ်ဂျာနန် (၃၈)နှစ် (ဘ) ဦဇော်ဖန် ၊ မှော်ဝမ်းရပ်ကွက်
(၉) မဂျာလုအောင် (၆)နှစ် (ဘ) ဦးခွန်ဆိုင်း ၊ မှော်မောင်းကုန်းရပ်ကွက်

သေဆုံးသူ -

(၁) မဂျတ်ဆိုင်းအင် (၁၄) နှစ် (ဘ) ဦးဘရန်ရှောင် (၉ - တန်းကျောင်းသူ)
တို့ဖြစ်ကြပါသည်။
Myanmar Express

အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား (နေပြည်တော်)


အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ အခမ်းအနား (နေပြည်တော်)

ဒုတိယအကြိမ်မြောက် ဒီမိုကရေစီနေ့အခမ်းအနားအား လွှတ်တော်အတွင်းရှိ သဘင်ဆောင်တွင် ယနေ့ကျင်းပပြုလုပ်လျက်ရှိသည်။
အခမ်းအနားတွင် ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်းက အဖွင့် စာတမ်းတစ်စောင်ဖတ်ကြားခဲ့ပြီး ကျောင်းသားလူငယ်များ၏ စာတမ်းတစ်စောင်၊ နိုင်ငံရေးပါတီ ၁၇ ပါတီမှ စာတမ်း ၁၇ စောင်၊ ပြည်သူလူထုကိုယ်စားလှယ်စာတမ်းတစ်စောင်ပါဝင်ပြီး အဖွင့်စာတမ်းအပါအ၀င်စုစုပေါင်းစာတမ်း ၂၀ ဖြစ်သည်။






အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီနေ့ ၂၀၁၂ အထိမ်းအမှတ်နေ့ အခမ်းအနားကို နေပြည်တော်ရှိ လွှတ်တော် သဘင်ဆောင်တွင် ယနေ့နံနက်ပိုင်းမှ စတင်ပြီး ကျင်းပနေကြောင်း သိရသည်။ အဆိုပါ အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပြီး International Parliamentary Union အထွေထွေအတွင်းရေးမှူးချုပ်၏ သ၀ဏ်လွှာဖတ်ကြားခြင်း၊ ပါတီအသီးသီးမှ စာတမ်း ၁၉ စောင်ကို ဖတ်ကြားခြင်းနှင့် ပြည်ထောင်စုလွှတ်တော် နာယက ဦးခင်အောင်မြင့်မှ အပိတ်မိန့်ခွန်းပြောကြားခြင်းတို့ကို ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
Myanmar Express

ယာဉ်မောင်းနေစဉ် ဖုန်းပြောဆိုမှု များအား အရေးယူ သွားမည်

 

ယာဉ်မောင်းနေစဉ် ဖုန်းပြောဆိုမှု များအား အရေးယူ သွားမည်

From : MRTV4

ရန်ကုန်တိုင်း ဒေသကြီး မော်တော်ယာဉ် လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေး ဗဟိုကော်မတီ ကြီးကြပ်မှုအောက်ရှိ ယာဉ်လိုင်း များမှာ ယာဉ်မောင်းတွေအနေနဲ့ မော်တော်ယာဉ်မောင်း နေစဉ် အတွင်း ဖုန်းပြောဆိုခြင်းများ ပြုလုပ်မှုကို ယခုလက စတင်ပြီး ထိရောက်စွာ အရေးယူ သွားမှာ ဖြစ်တယ်လို့ တာဝန်ရှိသူ တစ်ဦးရဲ့ပြောကြားချက် အရ သိရပါတယ်။
အခုလို အရေးယူမှုတွေ ဆောင်ရွက်ဖို့ စီစဉ်ရတာဟာ ယာဉ်မောင်းသူ တွေရဲ့ဖုန်းပြောမှုကြောင့် ယာဉ်မတော်တဆမှုတွေ ဖြစ်ပွားရ တာကြောင့် ဖြစ်ပါတယ်။
အဲ့ဒီ အတွက် ယာဉ်မတော်တဆမှုတွေ လျော့ကျစေဖို့ ရည်ရွယ်ကာ သက်ဆိုင်ရာမှအထူးစစ်ဆေးရေး အဖွဲ့များနဲ့ မော်တော်ယာဉ် ဂိတ်တွေ မှာပါ စနစ်တကျ စစ်ဆေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် လမ်းတွေ မှာလည်း ကြီးကြပ် ရေးမှူးများ၊ အထူး စစ်ဆေးရေး အဖွဲ့များနဲ့ စစ်ဆေးကာ ဖုန်းပြောဆိုမှု တွေ့ရှိပါက ထိရောက်စွာ အရေးယူ သွားမှာ ဖြစ်ပါတယ်။
ဒီလို အရေးယူ ဆောင်ရွက်ရာ မှာတော့ တိုင်းဒေသကြီး အစိုးရ အဖွဲ့မှ ချမှတ်ထားတဲ့ ယာဉ်မောင်း
သူတွေ လိုက်နာရမယ့် အချက် ၁၃၈ ချက် နဲ့အညီ အရေးယူ ဆောင်ရွက် သွားမှာဖြစ်ပြီး
အရေးယူမှု အနေနဲ့ ယာဉ်လိုင်းမှ ထုတ်ပယ်မှု၊ ယာဉ်မောင်း လိုင်စင် ပိတ်သိမ်းမှုတွေ
ပါဝင်တယ်လို့ သိရပါတယ်။

Myanmar Express

မိုဟာမက်ဗီဒီယိုကလစ်ကိုဖျက်ချပေးရန် အိမ်ဖြူတော်၏ တောင်းဆိုချက်ကို Google ပယ်ချ


မိုဟာမက်ဗီဒီယိုကလစ်ကိုဖျက်ချပေးရန် အိမ်ဖြူတော်၏ တောင်းဆိုချက်ကို Google ပယ်ချ 

Moe MaKa News, 15September 2012  —-  အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပေါ်စေသည့် အငြင်းပွားဖွယ် YouTube
ဗီဒီယိုကလစ် အင်တာနက်တွင် ဆက်လက်ထားရှိမည်ဟူသော ဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားပေးရန် အိမ်ဖြူတော်၏ တောင်းဆိုချက်ကို Google က သောကြာနေ့တွင် ပယ်ချလိုက်သည်။
အမေရိကန်သံရုံးများ ၀င်ရောက်စီးနင်းတိုက်ခိုက်ခံရသည့် အီဂျစ်နိုင်ငံ၊ လစ်ဗျားနိုင်ငံတို့တွင် ထိုဗီဒီယိုကလစ် ကြည့်ရှုနိုင်ခြင်း မပြုနိုင်ရန် စီစဉ်လိုက်ပြီးဖြစ်ကြောင်း၊ အိန္ဒိယနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံတို့ရှိ အင်တာနက်သုံးသူများအတွက် ထိုဗီဒီယိုကလစ်ကို ဆင်ဆာ ဖြတ်တောက်နေကြောင်း Google က ပြောကြားလိုက်သည်။
လစ်ဗျားတွင် အမေရိကန်သံရုံး အင်္ဂါနေ့က တိုက်ခိုက်ခံခဲ့ရပြီး သံအမတ်နှင့် အမေရိကန်အရာရှိ ၃ ဦး သေဆုံးသွားသည်။
Google က ဗီဒီယိုကလစ်များ အင်တာနက်တွင် ကန့်သတ်ပစ်ရန်မှာ နိုင်ငံရေးဖိအားကြောင့် မဟုတ်ဘဲ သက်ဆိုင်ရာနိုင်ငံ၏ ဥပဒေကြောင့်သာ ဖြစ်လိမ့်မည်ဟု ပြောသည်။
“အိန္ဒိယ နဲ့ အင်ဒိုနီးရှားနိုင်ငံတို့မှာ ဥပဒေနဲ့ မညီတဲ့အတွက် ဗီဒီယိုကလစ်တွေကို အကန့်အသတ် လုပ်လိုက်တယ်၊ ပြီးတော့ အီဂျစ် နဲ့ လစ်ဗျားတို့မှာတော့ အကဲဆတ်တဲ့အခြေအနေတွေကြောင့် ကန့်သတ်ပေးလိုက်တာ ဖြစ်ပါတယ်” ဟု Google က ပြောသည်။
အရှေ့အလယ်ပိုင်းဒေသတွင် အမေရိကန်ဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပေါ်စေသည့် အငြင်းပွားဖွယ် YouTube
အငြင်းပွားဖွယ် ဗီဒီယိုကလစ်က YouTube ၏ သတ်မှတ်စည်းကမ်းများနှင့် ညီညွတ်ခြင်း ရှိမရှိ ပြန်လည် စစ်ဆေးပေးရန် အိမ်ဖြူတော်က Google ကို တောင်းဆိုခဲ့ပြီးဖြစ်သည်။
သတ်မှတ်စည်းကမ်းများနှင့် ညီညွတ်ကြောင်း Google က ပြန်လည် တုံ့ပြန်ထားသည်။
အငြင်းပွားဖွယ် ထိုရုပ်ရှင်ကား ထုတ်လုပ်သူ အသက် ၅၅ နှစ် အရွယ် Nakoula Basseley Nakoula သည် ကယ်လီဖိုးနီးယား ပြည်နယ်မှ ဖြစ်သည်။
အဆိုပါပုဂ္ဂိုလ်သည် ၂၀၁၀ ပြည့်နှစ်က ဘဏ်လုပ်ငန်းဆိုင်ရာနှင့် ပတ်သက်ပြီး ပြစ်ဒဏ်ကျခံခဲ့ဖူးပြီး ဇွန်လက ချွင်းချက်ဖြင့် ထောင်မှ ပြန်လွတ်လာသူဖြစ်သည်။
အမေရိကန်အာဏာပိုင်တို့က အဆိုပါပုဂ္ဂိုလ်သည် ထောင်မှလွတ်မြောက်ပြီး သတ်မှတ်စည်းကမ်းချက်များ ဖောက်ဖျက်ခြင်း ရှိမရှိ စုံစမ်းစစ်ဆေးမည်ဟု ပြောသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။