Wednesday, September 12, 2012

ဘင်္ဂါလီ များ က ဓါး ဖြင့်ခုတ်သတ် ၍ သေဆုံး ခဲ့ရသော ဦးကျော်မောင်ချေ အလောင်းပုံများ (ဓါတ်ပုံများကို နှလုံးရောဂါ ရှိသူများ မကြည့်ရန် အထူးသတိပေးအပ်ပါသည်)


ဘင်္ဂါလီ များ က ဓါး ဖြင့်ခုတ်သတ် ၍ သေဆုံး ခဲ့ရသော ဦးကျော်မောင်ချေ အလောင်းပုံများ (ဓါတ်ပုံများကို နှလုံးရောဂါ ရှိသူများ မကြည့်ရန် အထူးသတိပေးအပ်ပါသည်) 

စက်တင်ဘာလ ၁၁ ရက်နေ့ မနေ့ညနေ ၆ နာရီ က ဘင်္ဂါလီ  များ က ဓါး ဖြင့်ခုတ်သတ် ၍ သေဆုံး ခဲ့ရသော ကျောက်တော်မြို့နယ် သရက်အုပ်ကျေးရွာမှ ဦးကျော်မောင်ချေ အလောင်းပုံများ --


U Kyaw Maung Chay


Latest MNN

ကျောက်တော်မြို့ နယ် သရက်အုပ်ကျေးရွာနေ ဦးဖိုးမောင်၏သား ယခင် ဥက္ကဌ ဟောင်း ဦးကျော်မောင်ချေ ( ၆၂-နှစ်) သည် ကျောက်တော်မြို့ နယ် ပိုက်သည်ရပ်ကျေး ရွာနှင့် ကာလီယာကျေးရွာကြား လယ်ပြင်နားတွင် စက်တင် ဘာလ ၁၁ ရက်နေ့  ညနေ ၅ နာရီကျော်တွင် ဘင်္ဂလီ များ သတ်ဖြတ်မှုကို ခံလိုက်ရသည်ဟု သိရှိရပါသည်။
ဖြစ်ပွားပုံမှာ သရက်အုပ်ကျေးရွာနေ ဦးကျော်မောင်ချေ သည် ကျောက်တော်မြို့ သို့ ပစ္စည်းဝယ် ယူရန်လာပြီး ကျောက် တော်မှ သရက်အုပ်ကျေးရွာသို့  ညနေ ၅ နာရီလောက်တွင် ပြန်လာရာ လမ်းတွင် ပိုက်သည်ရပ် ကုလားရွာနှင့် ကာလီယာကျေးရွာအကြား လယ်ပြင်နားတွင် ဘင်္ဂလီများဓါးနှင့် ၀ိုင်းခုတ်ခြင်းကို ခံလိုက်ရခြင်းဖြစ်တယ်လို့ ဒေသခံများက Myanmar News Now ကို ပြောပါတယ်။

ဦးကျော်မောင်ချေအား ဘင်္ဂလီများ ခုတ်သတ်ပြီး အလောင်းကို ပစ်ထားခဲ့ရာ ညဥ့် (၁၁) နာရီလောက်တွင် ရွာသားများက အလောင်းကို တွေ့ ရှိပြီး  ခမရ ၃၇၈ တပ်ရင်းကို အလောင်းကောင်ကို ကြည့်ရှု စစ်ဆေးရန် တိုင်ကြားရာ တပ်ရင်းမှူးနှင့် တာဝန်ရှိသူများက စစ်ဆေးကြည့်ရှုရန် မလိုက်နိုင်ဟု ဖြေကြားခဲ့ကြောင်း သိရှိရပါတယ်။

ကျောက်တော်ရဲစခန်းကိုလည်း ဖုန်းဆက်တိုင်ကြားရာ စစ်တပ်မှ အတိုင်း ဖြေကြား ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါကြောင့်  ကျေးရွာသားများက အလောင်းကို ည (၁၂) နာရီလောက်တွင် ယူပြီး ရင်ခွဲရုံသို့ ပို့  ထားလိုက်သည်။  ယခုအခါ ရဲစခန်းမှ တရားခံများကို လိုက်လံဖမ်းဆီးနိုင်ရန် ပြင်ဆင်နေပေမယ့် တရားခံကို ဖမ်းဆီးမမိသေးကြောင်း သိရပါတယ်။

တရားခံကို ဖမ်းဆီးနိုင်ရေး စစ်တပ်နဲ့ ရဲ က ထိရောက်စွာ ဆောင်ရွက်မှုမရှိပါက ကျောက်တော် တမြို့ လုံး ဆန္ဒပြမှု ပြုလုပ်သွားမည်ဟု ဒေသခံများက Myanmar News  Now ကို ပြောပါတယ်။

သရက်အုပ်ကျေးရွာမှ ဦးကျော်မောင်ချေ အလောင်းပုံ
http://feeds.feedburner.com/thithtoolwin/yIWV

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံများသို့ ယခုလအတွင်း သွားရောက်မည်


နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံများသို့ ယခုလအတွင်း သွားရောက်မည်
Wednesday, 12 September 2012 12:06
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံများသို့ ယခုလအတွင်း သွားရောက်မည် ဖြစ်ကြောင်း သိရသည်။ 
တရုတ်နိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်ကို စက်တင်ဘာလ ၁၈ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး သုံးရက်ကြာမြင့်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ တာဝန်ရှိသူ တစ်ဦးက ပြောပါသည်။ နိုင်ငံတော် သမ္မတ၏ တရုတ် ခရီးစဉ်သည် ၉ ကြိမ်မြောက် နန်နင်းကုန်စည်ပြပွဲသို့ တက်ရောက်ရင်း သွားရောက်သည့် ခရီးစဉ် ဖြစ်ကြောင်း သိရပါသည်။
နိုင်ငံတော် သမ္မတ၏ အမေရိကန် ခရီးစဉ်ကို စက်တင်ဘာလ ၂၃ ရက်နေ့တွင် စတင်ဖွယ်ရှိကြောင်း သိရပြီး ထိုခရီးစဉ်မှာလည်း သုံးရက်ခန့် ကြာမြင့်မည် ဖြစ်ကြောင်း သိရှိရပါသည်။ အမေရိကန် ခရီးစဉ်မှာမူ နယူးယောက်မြို့တွင် ကျင်းပမည့် (၆၇)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ တက်ရောက်ရန် သွားရောက်ခြင်း ဖြစ်ပါသည်။
နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် သမ္မတ သက်တမ်းအတွင်း တရုတ်နိုင်ငံသို့ ၂၀၁၁ခုနှစ် မေလ အတွင်းက ပထမဆုံး သွားရောက်ခဲ့ပြီး ယခုတစ်ကြိမ်သည် ဒုတိယအကြိမ် သွားရောက်ခြင်း ဖြစ်ပါသည်။ 
ယနေ့ (စက်တင်ဘာလ ၁၂ ရက်နေ့) တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်အမျိုးသား ပြည်သူ့ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ၀ူဘန်းကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိမည် ဖြစ်ပါသည်။ မစ္စတာ ၀ူဘန်းကို ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၏ ဖိတ်ကြားချက်အရ ၂၀၁၂ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး ခရီးလာရောက်ခဲ့ခြင်း ဖြစ်ပါသည်။

KIAအကြမ်းဖက်သမားတို့၏အနာဂတ်


KIAအကြမ်းဖက်သမားတို့၏အနာဂတ် 

မျက်မှောက်ကာလတွင် အကြမ်းဖက်မှုသည် တစ်ကမ္ဘ္ဘာလုံးပျံ့နှံ့လာလျက်ရှိရာ အမေ ရိကန် နှင့် ရုရှားနိုင်ငံများတွင်ပင် သြဂုတ်လအတွင်း အကြမ်းဖက်မှုများစွာနှင့် ရင်ဆိုင်ရ လျက်ရှိ သည်။ အကြမ်းဖက်မှုများသည် ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဖြစ်တည်လာလျက်ရှိရာအများ အားဖြင့် ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်တို့၏အကြမ်းဖက်မှုများ၊ နိုင်ငံခွဲထွက်လို၍ အကြမ်းဖက်မှုများ စသည်ဖြင့်တွေ့လာရသည်။ အကြမ်း ဖက် မှုနှိမ်နင်းရေးအတွက် နိုင်ငံတိုင်း တွင် ဥပဒေများပြဋ္ဌာန်း၍ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လာကြသည်ကို တွေ့ရသည်။ အကြမ်းဖက်နှိမ်နင်းရေးဆိုသည်မှာ ကြိုတင်လက်ဦးမှုရယူ၍တားဆီးနှိမ်နင်းခြင်း၊ စစ်ဆင်ရေး များပြုလုပ်၍တိုက်ခိုက်နှိမ်နင်းခြင်းဟု အမေရိကန်တို့မှအဓိပ္ပါယ်ဖွင့်ဆိုထားသည်။
 အာဖဂန် နစ္စ တန်တွင် တာလီ ဘန်တို့၏အကြမ်းဖက်မှုမြင့်မားလာသဖြင့် အမေရိကန်တို့မှ ကျူးကျော်စစ်ဆင် နွှဲခဲ့ကြသည်။ ချေချင်းညှာသို့ ရုရှား တို့ကျူးကျော်စစ်ဆင်နွှဲခဲ့သည်။ အကြမ်းဖက်မှုအတွက် တရားသောစစ်ဆင်နွှဲခဲ့ခြင်းဟု မှတ်ယူခဲ့ကြသည်။ အစ္စ ရေးနှင့် ပါလက်စတိုင်းပဋိပက္ခများ၊ ကိုလံဘီယာပြည်တွင်းစစ်၊ ဗြိတိန်၏အိုင်ယာလန်သူပုန်နှိမ်နင်းခြင်းနှင့် သီရိလ င်္ကာပြည်တွင်း စစ်တို့သည် အကြမ်းဖက်မှုနှိမ်နင်းရေးစစ်ပွဲများပင်ဖြစ်သည်။ သီရိလင်္ကာမြောက်ပိုင်းရှိ တမီးလ်ကျားသူပုန်တို့သည် လွတ်လပ်သော တမီးလ်နိုင်ငံ ခွဲထွက်ရန်အတွက် အစိုးရအားဆန့်ကျင်၍ လက်နက်ကိုင်တိုက်ခိုက်ခဲ့ကြသည်။
 တမီးလ်သူပုန် တို့သည် အာရှ၏ အရှည် ကြာဆုံးသောင်းကျန်းသူအဖွဲ့အစည်းတစ်ဖွဲ့ပင်ဖြစ်သည်။ မိမိတို့နိုင်ငံ မြောက်ပိုင်းရှိ ပြည်ထောင်စုခွဲထွက်လိုသည့် ကချင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့်အလား သဏ္ဍာန်ခပ်ဆင်ဆင်တူလေသည်။ တမီးလ်ကျား သူပုန်များ သည် သီရိလင်္ကာ မြောက်ပိုင်း ကိုသိမ်းပိုက်ထားခဲ့သည်။ ၎င်းတို့အင်အားမှာ ၇၀,၀၀၀ ခန့်ရှိပြီး အစိုးရတပ် အင်အားမှာ ၁၅၀,၀၀၀ ခန့်ရှိသည်။ ၎င်းတို့သည် ပြည်သူအားအစုလိုက်အပြုံလိုက် သတ်ဖြတ်ခြင်း၊ အစိုးရ အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ စီးနင်းတိုက်ခိုက်ခြင်း၊ အသေခံ ဗုံးခွဲတိုက် ခိုက်ခြင်း စသည်ဖြင့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်ခဲ့ပြီး ၎င်းတို့အား အိန္ဒိယ နိုင်ငံရှိတမီးလ်များနှင့် ဥရောပ၊ အာဖရိကရှိ တမီးလ်များက ထောက်ခံအားပေးခဲ့ ကြသည်။ ၎င်း အပြင် အိန္ဒိယနိုင်ငံကပါ အကူအညီများပေးခဲ့သည်ကို တွေ့ရသည်။ အစိုးရနှင့် (၆)ကြိမ် ဆွေးနွေးမှုပြုလုပ်ပြီး ၂၀၀၃ ခုနှစ်တွင် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ကြ သည်။ သို့ သော်လည်း ၂၀၀၅ခုနှစ် ဒီဇင်ဘာလတွင် တမီးလ်ကျားတို့သည် သီရိလင်္ကာ ရွေးကောက် ပွဲမှနုတ်ထွက်ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် အစိုးရကိုယ်စားလှယ်အဖွဲ့ကတွေ့ဆုံ ဆွေးနွေး ရန်ကမ်းလှမ်းခဲ့သော်လည်း ၎င်းတို့ကလက်မခံခဲ့ဘဲ တစ်ဖက်နှင့် တစ်ဖက် အပြန် အလှန်စွပ်စွဲမှုများပြုလုပ်ခဲ့ကာ ၂၀၀၈ခုနှစ်တွင် အပစ်အခတ်ရပ်စဲရေးပျက်ပြယ်ခဲ့သည်။ ၎င်း နောက်ပိုင်းအစိုးရတပ်များနှင့် ပြင်းထန်စွာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အစိုးရအပေါ်တွင် နိုင်ငံတ ကာမှဖိအားပေးရန်တောင်းဆိုခဲ့သည်။ ၂၀၀၉ခုနှစ်တွင် တမီးလ်ကျားသူပုန်တို့မှ အထိ အခိုက်များလာသဖြင့် အပစ်အခတ်ရပ်စဲရန် အစိုးရသို့ကမ်းလှမ်းခဲ့သော်လည်း အစိုးရမှ ပယ်ချခဲ့သည်။ ၎င်းနောက်တမီးလ်သူပုန်များကို လေကြောင်းအပါအ၀င် အစိုး ရတပ် များကအပြီး သတ်တိုက်ခိုက်နှိမ်နင်းခဲ့သည်။ 
စစ်ဆင်ရေးအတွင်း နှစ်ဖက်အကျအဆုံး ၂၅၀၀၀ ကျော် ခန့်ရှိပြီး ၇၀၀၀ ခန့်ဒဏ်ရာရရှိခဲ့ကာ ပြည်သူ ၃၅၀၀၀၀ ခန့်အား ဘေးလွတ်ရာသို့ ရွှေ့ ပြောင်း စေခဲ့ရသည်။
မိမိတို့နိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအနက် KIA ၏ လုပ် ဆောင်မှုများကိုလေ့လာကြည့်ပါက ရထားလမ်းနှင့် ကားလမ်းတံတားများဖောက်ခွဲ ဖျက်ဆီး ခြင်း၊ မြစ်ကြီး နားမြို့ပေါ်လူနေရပ်ကွက်များတွင် မိုင်းထောင်ဖောက်ခွဲခြင်း၊ တာပိန် ရေအား လျှပ်စစ်လမ်းကြောင်းတွင် အပြစ်မဲ့ပြည်သူ ၇ ဦးအားသတ်ဖြတ်ခဲ့ခြင်း၊ ကျေးရွာလူကြီး အချို့ နှင့် ပြည်သူအချို့အားသတ်ဖြတ်ခဲ့ခြင်းများ၊ နေရာ အနှံ့မိုင်းထောင်ခြင်းများမှာ ကချင် ပြည်နယ် လွတ်မြောက်ရေးနှင့် မည်သို့မျှမသက်ဆိုင်ဘဲ အကြမ်းဖက် လုပ်ရပ်များသာ ဖြစ်ကြောင်း တွေ့ ရသည်။ ကချင်အမျိုးသား၊ အမျိုးသမီးများနှင့် ရှမ်းလူငယ်/မိန်းကလေး များအား အတင်း အဓမ္မစစ်သားစုဆောင်းခြင်းများသည် လူ့အခွင့်အရေးချိုးဖောက်မှုများပင် ဖြစ်သည်။ ပြန် ကြားရေးဌာန၏မှတ်တမ်းများအရ ကချင်ပြည်နယ်တွင် ရထားလမ်း၊ ကားလမ်း များအား KIAမှမိုင်း ခွဲဖျက်ဆီးမှု ၁၅၁ ကြိမ်၊ မော်တော်ယာဉ်များနှင့် အဆောက်အအုံများအား ဖောက်ခွဲဖျက်ဆီးမှု ၂၃ ကြိမ်၊ ကျေးရွာများ အားမီးရှို့မှု ၁၃ ကြိမ်၊ အတင်းအဓမ္မဖမ်းဆီး၍ စစ် သားစုဆောင်းမှုအကြိမ် ၅၀၀ ကျော်နှင့် KIA မိုင်းကြောင့် သေဆုံးဒဏ်ရာရသူ ရာဂဏန်း ကျော်ရှိကြောင်းသိရသည်။ ကချင်ပြည်နယ်လူထုအနေဖြင့် ရထားလမ်း၊ ကားလမ်း၊ တံတား များဖျက်ဆီးခံထားရသဖြင့် လမ်းပန်းဆက်သွယ်မှုပြတ်တောက်ကာ စိတ်သွားတိုင်း ကိုယ်မပါ ဘဲ၊ နေ့စဉ်နှင့်အမျှမိသားစုဘ၀လုံခြုံရေးအား ခြိမ်းခြောက်ခံနေရသည်။ နိုင်ငံတော်အစိုးရမှ တိုင်းရင်းသား ညီအစ် ကိုများ ရင်ကြားစေ့ရေးနှင့် ထာဝရငြိမ်းချမ်းစွာတည်ဆောက်နိုင်ရေး အတွက် စိတ်ရှည်သည်းခံစွာဖြင့် အကြိမ် ကြိမ်ကမ်းလှမ်း၍ အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့်အတူ စေ့စပ်ဆွေး နွေးခဲ့မှုအကြိမ်ကြိမ်ပြုလုပ်ခဲ့သည်။ သို့သော်လည်း သဘောထားမမှန်သဖြင့် ငြိမ်းချမ်းရေးလမ်းစဉ်မှသွေဖည်ပြီး အကြောင်းအမျိုးမျိုးပြကာ အချိန် ဆွဲ၍သွေးသစ်လောင်းခြင်းနှင့် အင်အားဖြည့်တင်းခြင်းကိုသာ ဆောင်ရွက် ခဲ့သည်။

ဆွေးနွေးပွဲမှ မည်သည့်အကျိုးရလဒ်မျှထွက်ပေါ်လာခြင်းမရှိသည်ကို တွေ့ရသည်။ နိုင်ငံတော် အစိုး ရမှပြုပြင် ပြောင်းလဲရေး အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်နေစဉ် အလိုက်သင့်ပါမလာဘဲ နောက် ကျန်နေသူ၊ နောက်ပြန်သွားလိုသူများကို လက်တွဲဖြုတ်ခဲ့မည်ဟု နိုင်ငံတော်အစိုးရမှ ပြော ကြားခဲ့ပြီးဖြစ်သည်။ KIA ၏လုပ်ရပ်များသည် သီရိလင်္ကာနိုင်ငံရှိ တမီးလ်ကျားသူပုန်တို့၏ အကြမ်းဖက် လုပ်ရပ်များနှင့် ထပ်တူနီး ပါးတူညီနေသည်ကို တွေ့ရှိရသည်။

 KIA အနေဖြင့်ယခုကဲ့သို့သာ အကြမ်းဖက်လုပ်ရပ်များအတိုင်း ဆက်လက် လျှောက်လှမ်းမည်ဆိုလျှင် ပြည်သူလူထု၏အကျိုး စီးပွားကိုကာကွယ်ရန်အတွက် သီရိလင်္ကာနိုင်ငံမှ တမီးလ်ကျားသူပုန်များအား ပြတ်ပြတ် သား သားနှိမ်နင်းသကဲ့သို့ အစိုးရမှပြတ်သား စွာဆောင်ရွက် သင့်ပြီဖြစ်ကြောင်း မနောမြေမှ အတိ ဒုက္ခရောက်နေသည့် ပြည်သူများကိုယ်စားဆန္ဒပြုလိုက်သည်။

credit:Minko Ko

Tuesday, September 11, 2012

ဒါတွေဖတ်ပြီးမှာမြန်မာပြည်က အစားအသောက်တွေကို သင်ဆက်စားသင့်ပါသလား?




ဒါတွေဖတ်ပြီးမှာမြန်မာပြည်က အစားအသောက်တွေကို သင်ဆက်စားသင့်ပါသလား? 


From : Watt Pauk

ရွှေလို့ခေါ်သောရွှေဗမာများ သင်သိဒါတွေသိပြီးကျပါပြီလား? ဘယ်လောက်အန္တရယ်များတယ် မြန်မာပြည်က စားသောက်ကုန်တွေ ထုတ်လုပ်နေကျတယ်ဆိုတာ ကို voaburmese မှာဖတ်လိုက် ရသောအခါမှာတော့.....

ကျွှန်တော်မြင်တာက ဒီလိုစားသောက်ကုန်တွေကိုက "စားသုံးသူတွေကို နှစ်ရှည်အဆိပ်ခတ် အသေသတ်နေကျတဲ့ အဖြစ်မျိုး အခြေနေနှင့်မတူဘူးလား ကြည့်လိုက်စမ်းပါ!"

အဲ ! ပြောစရာဖြစ်နေတာက တခြားသောနိုင်ငံထုတ်ကုန်တွေကောဘယ်လိုနေလဲ? စားသုံးသူအတွက် အန္တရယ်ကင်းရဲ့လားလို့ မေးစရာဖြစ်နေပါတယ်? ဒါက သူနိုင်ငံနှင့်သူ သေချာစီစစ် လေ့ရှိတဲ့ စားသောက်ကုန်စီစစ်ရေးဌာနဖြစ်ကျသော စကာင်္ပူဆိုရင် AVA or Agri-food & veteringry Avthority of Singapore (http://www.ava.gov.sg/) ဆိုတာတွေရှိတော့ အန္တရယ်ရှိသော စားသောက်ကုန်တွေရဲ့ပညာပေးသတင်းတွေနှင့် ပိတ်ပင်လေ့ရှိတာကို တွေ့ရပါတယ်၊ အမီမြန်မာပြည်မှာတော့ ပညာပေးမှုနှင့် ပိတ်ပင်စီစစ်မှုတွေ အားနည်း နေသေးတာကိုတွေ့ရပါတယ်၊ ဒါတွေကြောင့် မိမိရဲ့ကျန်းမာရေးကို မိမိကိုယ်ကိုကိုယ်ဆင်ခြင် ထိန်းသိမ်းနိုင်မှ တော်ရုံကျပါလိမ့်မယ်၊ ဒီမှာဆေးရုံကုသစရိတ်က ဂဏာန်းငါးလုံးလောက် အနည်ဆုံးရှိတာကြောင့် တော်ရုံတန်ရုံလူဆိုရင် ဒီကုန်ကျစရိတ်တွေကို ဘယ်လိုကျခံနိုင်မလဲ?



အခုတလော မြန်မာပြည်ကအသိတွေ ဒီမှာ ဆေးလာကုနေတာတွေတောက်လျှောက် ဆိုသလိုတွေ့မြင်ကြားသိနေရတာ ကြောင့် ရောဂါတွေကတော့ အစုံပါဘဲ၊ ကုလို့ရတဲ့လူတွေရှိသလို ကုလို့မရလို့ ငွေကုန်လူပင်ပန်းပြီးပြန်သွားတဲ့လူတွေလဲရှိနေတာကြောင့် voaburmese က ဒီပညာပေးလေးကိုကူးယူပြီး ပြန်အသိပညာပေးလေးအဖြစ်ဆက်ရေးသွားတာပါ၊

အမိမြန်မာပြည်က အစားအသောက်တွေကိုမှာ အာတွေရှာတွေသော ရွှေဗမာများ ဒီစာပိုဒ်တွေကို သေသေချာဖတ်ပြီးမှ သင်တို့ရဲ့ အာသာပြေ ဗမာပြည်ကထုတ်လုပ်သော အစားအစာများနှင့် ထွက်ရှိသောအစာများကို ဆက်လက်စားသင့်ပါသလား? တားဆီးပိတ်ပင်သင့်ပါကြောင်း အသိပေး ပါရစေ!

ဘယ်လိုဆက်လုပ်သင့်ပါသလဲ? အကြံဥာဏ်တွေပေးကျပါအုံး! အပေါင်းအသင်း သူငယ်ချင်းများ အသိပညာပေး ဆက်လက်ဖြန့် လက်ဆင့်ကမ်းဖြန့်ဝေသင့်ပါကြောင်း အသိပေးပါရစေ....

ခင်မျိုးသက်(voa burmese) 17.07.2012 09:00

မြန်မာနိုင်ငံသားတွေအတွက် အစားအသောက်တွေကနေ တဆင့်ကြုံတွေ့ရနိုင်တဲ့ ဓာတုအဆိပ်သင့်နိုင်ချေတွေအကြောင်း ဒီတပတ်မှာ ပြောပြပါရစေ။

အလွန်အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို လူတွေအတွက် အဆိပ်သင့်စေမှန်းမသိကြဘဲ မြန်မာနိုင်ငံထဲက စားသောက်ကုန်လုပ်ငန်း တွေမှာ တွင်တွင်ကျယ်ကျယ် သုံးနေတာတွေ့ရပါတယ်။ ဒီအထဲမှာ အဓိက သုံးနေတာက အစားအသောက်ကို တာရှည်ခံအောင် လုပ်တဲ့ နေရာမှာ သုံးနေတာလို့ ဓာတုဗေဒ ပညာရှင် ဒေါက်တာခင်မောင်ညိုက ပြောပါတယ်။

အဓိက ဒီမှာ သုံးနေကြတာက အစားအသောက်ကို တာရှည်ခံအောင်လုပ်တဲ့ ပစ္စည်းတွေပေါ့။

ဥပမာ ၀က်အူချောင်းမှာ ဆိုရင် ယမ်းစိမ်း ထည့်မယ်၊ မုန့်ဟင်းခါးမှာ ဆိုရင် ဘိုရက်စ် လို့ခေါ်တဲ့ လက်ချားတွေထည့်မယ်ပေါ့။ မုန့်ဟင်းခါးမှာ ၂ မျိုး ရှိတယ်။ ရှယ်နဲ့ရိုးရိုးနဲ့ပေါ့။ ရှယ်ဆိုရင်တော့ သူက ဘိုရက်စ်မထည့်ထား ဘူးပေါ့။ ဈေးနဲနဲ ပိုကြီးတယ်။ ဘိုရက်စ် ထည့်ထားတော့ သူက ရေလည်း နဲနဲ စုပ်တယ်။ ပွလည်း ပွတယ်။ အဲဒီလိုမျိုးတွေ ရှိတယ်။

နောက် တာရှည်ခံအောင်ထည့်တာ အဓိကကတော့ ဖေါ်မလင် ပဲပေါ့။ ဖော်မာ ဒီဟိုက်လေ။ လူတွေသေတဲ့ အခါမှာ တာရှည်ခံအောင် ဆေးထိုးတာဖြစ်တယ်။ အမေရိကန်တို့ အင်္ဂလန်တို့၊ ဥရောပတို့မှာ အကုန်လုံးပဲ ဒီဆေးအတွက် ပိတ်ပင်ထားတယ်။ ဒါပေမယ့် မြန်မာပြည်မှာတော့ အဓိက နွားနို့ပို့တဲ့ သူတွေကတော့ အမြဲသုံးတယ်။ ဘာလို့လည်း ဆိုတော့ တကယ်လို့ ကျောက်တံခါးလိုနေရာကနေ ရန်ကုန်ရောက်ဖို့ ရထားနဲ့ ပို့တဲ့ အခါကျတော့ အချိန်ကြာတဲ့အတွက် အဲဒီ အချိန်အကြာကြီးကို တာရှည်ခံအောင် ဆိုပြီးတော့ ကျောက် တံခါးက နွားနို့တွေမှာ ဖေါ်မလင်ထည့်လေ့ ရှိတယ်။ နို့ဆီချက်ကြရင်လည်းပဲ ဖေါ်မလင်တွေ ထည့်ချက်လေ့ ရှိကြတယ်။

ပြဿနာ နောက်တခုကတော့ အသားတွေ၊ ငါးတွေမှာထည့်ကြတာ။ နေရာတနေရာကနေ တနေရာ ပို့ကြရင် ကျနော်တို့ အအေးခန်းတွေ မလုံလောက်လို့ပဲ။

အဲဒါက ဘယ်လို ပုံစံနဲ့ အန္တရာယ် ပေးတာပါလဲ?

ရန်ကုန်မှာ မီးပျက်လေ့ရှိတာမို့ အအေးခန်းတွေမှာ ငါးတွေ လှောင်ပြီ ဆိုရင် ငါးတွေကို တာရှည်ခံအောင် သူတို့က ဖေါ်မလင်တွေ ထိုးကြတယ်။ ကျွန်တော်တို့ မနှစ်တုန်းကဆို မုံရွာကို ပို့လာတဲ့ငါးတွေမှာ တော်တော့် ကို ပြဿနာတက်တယ်။ အဲဒီငါးတွေဟာ ပုပ်တာလည်း ပါတယ်။ ဖေါ်မလင် ထိုးတာလည်း ပါတယ်။ ဒါတွေကိုဘာလို့ ရေခဲ အအေးနဲ့ မပို့လည်းဆိုတော့ ရေခဲတွေက အလေးချိန်စီးတော့ ကားပေါ်တင်လို့ ကားက အိုဗာဝိတ်ဖြစ်သွားရင် ဒဏ်ငွေတွေ အများကြီးဆောင်ရတယ်။ ဒါ့ကြောင့် ကားသမားတွေက ငါးတွေ တင်လာလို့ ရေခဲရိုက်ထားရင် ရေခဲတွေကို ဖယ်ပစ်တတ်ကြသလို ငါးတွေလည်း ပုပ်ကုန်ကြတာပါ။ အဲဒီလို မဖြစ်အောင် ရေခဲနဲနဲထည့်ပြီး ဖေါ်မလင်ထိုး ပို့ကြတာမို့ စားသုံးသူလက်ထဲကို ဖေါ်မလင်ပါတဲ့ ငါးတွေ ရောက်ကုန်တာဖြစ်ပါတယ်။ ဖေါ်မလင်ဟာ ကာစီနိုဂျင်းနစ်လို့ ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့ အရာမို့ တော်တော်အန္တရာယ်ရှိတဲ့ ပစ္စည်းပါ။ ပဲပြားတွေမှာလည်း အလားတူ တွေ့ရတတ်ပါတယ်။ ပဲပြားတိုင်းလိုလိုမှာ တွေ့ရတတ်ပြီး တောင်ငူလို နယ်ကနေရန်ကုန်ပို့တဲ့အခါ တာရှည်ခံအောင် ဖေါ်မလင် ထည့်ကြတယ်လို့ သိရတယ်။

အဲဒီတော့ ဖေါ်မလင်ကို တကယ့်ကို ပေါပေါများများ သုံးနေတာက ကျွန်တော်တို့ မြန်မာပြည် တ၀ိုက် ပေါ့လေ၊

မြန်မာပြည်နဲ့ တရုတ်ပြည် တ၀ိုက်မှာတော့ ဖေါ်မလင်ကို သုံးတာတွေ့ရပါတယ်။

ဖေါ်မလင်က လူကို ဘယ်လိုပုံစံနဲ့ အန္တရာယ်ပေးပါသလဲ။

ဖေါ်မလင်က HCHO ပေါ့။ သူက အလွယ်တကူ အငွေ့လည်း ပျံနိုင်တယ်။ ရေထဲမှာလည်း ပျော်ဝင်နိုင် တယ်။ ဒါ့ကြောင့် သူက ကာဗွန်ဒြဗ်ပေါင်း တွေ ဖြစ်တဲ့အတွက် သွေးလည်ပါတ်မှုတွေထဲမှာ သူက၀င်ရောက် သွားပြီးတော့ အန္တရာယ် ရှိနိုင်တယ်လို့ ပြောပါတယ်။

မုန့်ဟင်းခါးမှာ သုံးတဲ့ ဘိုရက်စ်ကျတော့ရော-

ဘိုရက်စ် ဆိုတာ လက်ချားပေါ့။ လက်ချားရဲ့ အန္တရာယ်ကတော့ အများကြီးတော့ မသိဘူးပေါ့။ ဒါပေမယ့် အခုလောလောဆယ် သူတို့ ၀မ်းပျက်တာ ဘာညာ ရှိတယ်။ ဘိုရစ်အက်စစ်ဆိုတာက အနာတွေမှာ ထည့်လို့ရတာပေါ့။ ဒါပေမယ့် သူက ဘာမှန်းမသိသေးတဲ့ အရာတခုဖြစ်တယ်။ ဒါကို တကယ့်တကယ်မှာ သုံးခွင့် ပေးမထားဘူး။ FDA အဖွဲ့တွေဘာတွေက သုံးခွင့်မပေးဘူး။ ဒါပေမယ့် စစ်ဆေးမယ့်သူမရှိတော့လည်း ဆက်ပြီးတော့ သုံးနေကြတာ ပေါ့။ လက်ချားကို ပုံမှန် ထည့်ကြတယ်။

နောက် မုန့်ဟင်းခါး သမားတွေက အကျော်မှာလည်း နံမယ်ပျက်နေတယ်။ ပဲကျော်ဆို ဘာနဲ့ကျော်လည်း ဆိုရင် ဆီထဲမှာ ပလပ်စတိတ် ပစ္စည်းတွေ ထည့်ပြီးကျော်တော့ ပိုပြီးတော့ ကျွတ်ရွတယ်လို့ ပြောတာပဲ။ အခုထက်ထိလည်း အဲဒါကို အရေးယူတာ ဖမ်းတာမျိုး ကျွန်တော်တော့ မတွေ့ရသေးဘူး။ ဒါပေမယ့် ပလပ်စတစ်အိတ် ရှိမရှိက ကျန်တဲ့ စစ်ဆေးရေးနည်းလမ်းတွေလည်း ဘယ်သူမှ မသိကြဘူးပေါ့။

ကျွန်တော်တို့ နွားနို့မှာ ဖေါ်မလင် အပြင်ကို ဟိုတခါ တရုတ်ကထည့်တဲ့ မယ်လမင်းတွေလည်း ထည့်တာ ရှိတယ်။ မယ်လမင်းက နိုက်ထရိုဂျင်ပေါ့။ သူက နိုက်ထရိုဂျင် ကွန်ပေါင်းတွေ ဖြစ်တော့ မယ်လမင်းကို နို့မှုန့်လိုပဲ နွားနို့တွေကို စစ်မယ် ဆိုရင်၊ တကယ်လို့ မယ်လမင်းရောထားရင် သူ့ရဲ့ နိုက်ထရိုဂျင် ပါဝင်မှုက များတော့ သူ့ထဲမှာ လိုအပ်တဲ့ ပရိုတိန်း ပါတယ် ဆိုပြီးတော့ မယ်လမင်းကို လက်ခံကြတာ များတယ်။ အဲဒီတော့ မယ်လမင်းကို မသိတော့ လက်ခံတာပေါ့။ မယ်လမင်းကလည်း ဒီလိုပဲ။ ဒီ နိုက်ထရိုဂျင် ကွန်ပေါင်းတွေ အားလုံးက ကာစီနို ဂျင်းနစ် တွေပဲ လေ။ အန္တရာယ် အများကြီး ရှိတယ်။ ကင်ဆာဖြစ်နိုင်တဲ့ဟာ။

လက်ချားတို့ ဖေါ်မလင်တို့ နောက် ပလပ်စတိတ် တို့ မယ်လမင်းတို့ လိုပစ္စည်းတွေ အပြင် နောက် အစားအစာနဲ့ ပါတ်သက်ပြီးတော့ သိဖို့ လိုအပ်တဲ့ တခြား ဓါတုပစ္စည်း ဘာရှိပါသေးလဲဆရာ

ဓါတုပစ္စည်း သက်သက် အနေနဲ့ကတော့ ဒီ အရက်တွေ ဘာတွေ သောက်ရင်တော့ အရက်က တော်တော် မူးအောင် လုပ်တယ် ဆိုပြီးတော့  သူတို့ ပိုးသတ်ဆေးတွေ ဘာတွေထည့်တယ်။ ဒီ အင်ဒရင်းတို့ ဘာတို့ပေါ့လေ။ အဲဒါနှီးဖျားလေး တခုစာလောက် ရင် အရမ်းမူးတယ် ဆိုပြီးတော့ ဒီအရက်တွေမှာ ထည့်လေ့ ရှိတယ်။ အရက်ချက်တဲ့နေရာမှာ နောက်သူတို့ထည့်တတ်တာကတော့ ယူးရီးယား သုံးတယ်။ ပုလဲ ဓါတ်မြေသြဇာလိုပေါ့။ ယူးရီးယားနဲ့ အရက်ချက်လိုက်ရင် အင်ဇိုင်းတွေက အင်မတန် မြန်မြန် ဆန်ဆန် ပေါက်ပွါးတယ် ဆိုပြီးတော့ အရက် မြန်မြန် ဖြစ်တာပေါ့လေ။ သို့သော် ဒါကို Distilled လုပ်တဲ့အခါမှာ ပေါင်းခံတဲ့အခါ ထွက်လာတဲ့ အငွေ့တွေထဲမှာ အရက်ဆီထဲမှာ သူတို့က တခါတလေကျတော့ ဓါတ်ပြောင်းပြီးတော့ ဆိုင်ယာနိုက် ဖြစ်လာတဲ့ အထိကို ပါလာပြီးတော့ လူတွေကို အန္တရာယ်ဖြစ်စေတာရှိတယ်။ ဒါပေမယ့် ဒါဟာ အမြဲတမ်း မဖြစ်ဘူး။ ဒါပေမယ့် နိုက်ထရိုဂျင် ကွန်ပေါင်း ဖြစ်သွားတယ်။ အဲဒီကွန်ပေါင်း တွေကတော့ ကျွန်တော်တို့ကို တော်တော် ဒုက္ခပေးတာ တွေ့ရတယ်။ နောက် ၀က်အူချောင်းမှာလည်း အခုပြောတဲ့ နိုက်ထရိုဂျင်ကွန်ပေါင်းတွေ၊ ဆိုဒီယမ် နိုက်ထရိတ်တို့ ပိုတက်ဆီယမ် နိုက်ထရိတ်တို့ ပါလာတယ်။

အဲဒါတွေက ၀က်အူချောင်းမှာ သုံးကြတာ။ ၀က်အူချောင်း ကြိုက်တဲ့လူတွေ၊ အရက်ကြိုက်တဲ့လူတွေအတွက် သတိထားစရာပါ၊ ဟုတ်ပါတယ်။ ဒီအရက်ကတော့ အခုမှ လုပ်လာကြတာပါ။ ၀က်အူချောင်းကတော့ ရှေးနှစ်ပေါင်း များစွာကတည်းက လုပ်နေကြတာ။

အသီးအရွက်တွေ လန်းဆန်းအောင် ရောင်းကောင်းအောင် ဆေးသုံးတာမျိုး ရှိပါသလား?

တချို့သုံးတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အသီးအရွက်တွေက ဈေးပေါနေတော့ ဆေးသုံးရင် သိပ်မကာမိ ဘူးပေါ့။ သို့သော်လည်း ငှက်ပျောသီးတို့ ဘာတို့ ဆိုမှည့်အောင် သူတို့ ဆေးသုံးကြ တယ်လို့ ပြောပါတယ်။ တရုတ်ပြည်ကလာတဲ့ ဆေးအမှုန့်ပါ အဖြူရောင် အမှုန့်တွေပဲ ထည့်ကြတာ၊ အဲဒါကို ရေနဲ့ စိမ်လိုက်ပြီးတော့ အပေါ်မှာ ဆွဲထားလိုက်ရင် ငှက်ပျောသီးတို့ သရက်သီးတို့ က လုံးဝ မှည့်သွားတာပေါ့။ အထဲမှာ စိမ်းရင်စိမ်း မယ်။ အပြင်မှာတော့ အ၀ါရောင် သန်းသွားတယ်။ အဲဒီတော့ ရောင်းလို့ ကောင်းသွားတာပေါ့။ သင်္ဘောသီး တို့ ငှက်ပျောသီးတို့ ကို ဆေးစိမ်လေ့ရှိပါတယ်။ သူက နှစ်လိုက်ရုံပဲ နှစ်ပြီး ပြန်ဆွဲထုတ်လိုက်ရုံပဲ။

ဘာဆေးမှန်းတော့ သေသေချာချာ မသိဘူး။ ပထမတော့ ယူရီးယားလို အမှုန့်ပဲ၊ ဓါတ်မြေသြဇာက ရတဲ့ ပုံစံမျိုးပဲ ပြောကြတယ်။

အစားအသောက်တွေထဲ ထည့်လေ့ရှိတဲ့ ဒီ ဓါတုပစ္စည်းတွေ ပြည်ပက ၀င်တာကို ကန့်သတ်မှုတွေ စစ်ဆေးတာ မျိုးတွေ ဖိဖိစီးစီး မလုပ်နိုင်သေးပါဘူး။

အစိုးရက မသုံးရဘူးလို့ ပြောတာကြားပေမယ့် မြန်မာပြည်မှာက မသုံးရဘူးလို့ ပြောတာတွေကို ဆက်သုံးနေကြတာပါ ပဲ

ဓါတုပညာရှင် ဒေါက်တာ ခင်မောင်ညိုပါ။ နောက်တပါတ်မှာတော့ အစားအစာတွေထဲမှာ ဆိုးဆေးတွေ တွင်တွင်ကျယ်ကျယ် သုံးစွဲနေကြတာနဲ့ ပလပ်စတစ်မှာပါတဲ့ လူကို အန္တရာယ် ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေ အကြောင်းကို ဆက်ပြီးပြောပြပေးမှာပါ။

Myanmar Express

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။