Friday, September 7, 2012

မြန်မာ့ဒေါသ ကမ္ဘာကသိအောင် ကျွန်တော်တို့ မပြတော့ပြီ…


မြန်မာ့ဒေါသ ကမ္ဘာကသိအောင် ကျွန်တော်တို့ မပြတော့ပြီ… (Wut Hmone)


ဝတ်မှုန် (စင်္ကာပူ)၊ စက်တင်ဘာ ၆၊ ၂၀၁၂
            ကျွန်တော်ရေးချင်တဲ့ စာအုပ်ခေါင်းစဉ်လေးဖြစ်ပါတယ်။
ကျွန်တော်တို့ငယ်စဉ်တောင်ကြီး ကလေးဘ၀က မုံရွာမြို့မှာ ဆူးလေကုန်း၊ဘုန်းကြီးကျောင်းက ကျောက်ခဲတွေကို သွေးပြီး၊သေနတ်လုပ်တယ်။ ဘုရာကြီးပွဲမှာ ယောင်္ကျားလေးတိုင်း အရုပ်သေနတ်ကိုယ်စီနဲ့ စစ်တိုက်တမ်းကစားကြတယ်။ စစ်ချီသီချင်းတွေ ဆိုကြတယ်။
မှတ်မိပါသေးတယ်။အဲဒီတုံးကပေါ့ဗျာ  … သံပြိုင်အော်ဆိုခဲ့တဲ့ ဂျပန်ခေတ်၊ မြန်မာတပ်မတော် စစ်သီချင်းတပုဒ်ကတော့
“မိုးတွေကလဲ၊မစဲဘဲရွာနေတယ်၊ မြစ်ချောင်းအင်းအိုင်ရေတွေ ပြည့်လို့ … ငါတို့တိုက်ရတယ်၊ ဘာမထီ ငါတို့စစ်သားကောင်း… ”
ဆိုတဲ့သီချင်းပါ။ အဲဒီသီချင်းက မြန်မာပြည်အတွက် စစ်သားကောင်းများအကြောင်း  မြန်မာ့သတ္တိ ကမ္ဘာကသိအောင် ငါတို့လုပ်ရမည် … လို့လှုပ်ဆော်ခဲ့ပါတယ်။ ကျွန်တော် မြန်မာပြည် စက်မှု(၁) ပြန်တမ်းဝင်အရာရှိဖြစ်ချိန်မှာ ဖောင်ကြီး ၄လ စစ်သင်တန်း တက်ခဲ့ရပါတယ်။
မြန်မာ့ဒေါသဆိုတဲ့ အခု ဆောင်းပါးတိုလေး ရေးပါတယ်။ ခေါင်းစဉ်ကတော့ ငယ်စဉ်ကဆိုတဲ့သီချင်း “မြစ်ချောင်းအင်းအိုင်ရေတွေပြည့်လို့ငါတို့တိုက်ရတယ် ..” ဆိုတဲ့သံစဉ်ကို ယူသုံးလိုက်ပါတယ်။“ မြန်မာ့ဒေါသ ကမ္ဘာကသိအောင်၊ ကျွန်တော်တို့မပြတော့ပြီ…”
တတ်နိုင်ရင် နောက်လူများ၊နမူနာယူရန် ဆောင်းပါးများကို စုစည်း၊ မှတ်တမ်းတင်ချင်ပါတယ်။
ဂျပန်များဟာ အနုမြူဗုံး၂လုံး ကြဲခံရပြီး၊ ခွက်ခွက်လန် စစ်ရှုံးသွားမှ ဂျပန်ဒေါသ ချုပ်ငြိမ်းသွားပါတယ်။ အခု မြန်မာများလည်း အရှေ့တောင်အာရှမက၊ ကမ္ဘာဘိတ်ဆုံး ရောက်နေချိန်၊ မြန်မာပတ်စပို့ဆို ဇီးရွက်လောက် မျက်နှာငယ်ရချိန်… မြန်မာများ ဒေါသချုပ်ထိန်းဖို့ရာ လူကြီးများက စံနမူနာပြမှဖြစ်ပါမယ်။ ငါ့မျက်ရည်သည် ငါ့စားစရာဖြစ်ရသည် …ဆိုတဲ့စကားအတိုင်း မျက်ရည်များစွာကျခဲ့ရပါတယ်။ ဒေါသမျက်ရည်များကနေ .. တောင်ကိုးရီးယားများလို စစ်ဘေးဒဏ်မျက်ရည်များမှ ကမ္ဘာထိပ်တန်းပြန်ရောက်ဖို့ဆိုတာ လူကြီးများရဲ့ ဒေါသကင်းဝေးနေထိုင်းရေး နမူနာပြဖို့ပဲရှိပါတော့တယ်။

အတိတ်ဖြစ်ရပ်များ

၁။ ၁၉၉၃ အရှေ့တောင်အာရှ၊ ဘော်လုံးဗိုလ်လုပွဲ စင်ကာပူတွင်ကျင်းပစဉ် မြန်မာတို့ ၂ဂိုး သုညဖြင့် စင်ကာပူကို ပထမပိုင်းအနိုင်၊ နောက်ပိုင်း ပင်နယ်တီကြောင့် ၂ဂိုးစီ သရေဖြစ်သွားစဉ် မြန်မာဂိုးသမားအောင်ကျော်ကျော်နှင့် အသင်းသားများ ဒေါသ၊ မြန်မာပရိသတ် ဒေါသ (ဘော်လုံးကွင်းရှိ အမှိုက်ပုံးများ ပက်လက်လန်အောင် အကန်ခံရခြင်း)၊ ပရိတ်သတ်များစွာ ရဲအဖမ်းခံရခြင်း။
၂။ ၂၀၀၅ မြန်မာအသင်း စင်ကာပူတွင် ဂိုးအပြက်အသက် ရှုံးနိုမ့်စဉ်၊ မြန်မာ လက်ရွေးစင်ဘော်လုံးသမားကလေးများ စင်ကာပူမှ၊ မြန်မာပရိတ်သတ်၏ မချိမဆန့်ဆဲဆိုမှုကို ခံရခြင်း၊ မိအေး၂ခါနာ …။
၃။ ၂၀၁၀ ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် အိုမန်နိုင်ငံနှင့် ရန်ကုန်၊ သုဝဏ္ဍကွင်းတွင် ကန်ကြရာ ၂ဂိုး သုည ပထမပိုင်း ရှုံးနေစဉ်၊ မြန်မာပရိသတ်များ၏ ဒုတ်၊ခဲ၊ရေပုလင်းများပစ်ပေါက်မှုကို အိုမန်လက်ရွေးစင်ဘော်လုံးသမားများ မချိမဆံ့ခံစားရပြီး၊ ပွဲရပ်လိုက်ရခြင်း၊ မြန်မာအသင်းကို ကမ္ဘာ့ဖလားမှ အပယ်ခံရခြင်း။
၎။ စစ်အစိုးရခေါင်းဆောင်ဦးနေ၀င်း (မြန်မာစစ်အစိုးရ ကနဦးလမ်းပြ ဗိုလ်ချုပ်ကြီး) ရဲ့ သမ္မတ လူကြမ်းဒေါသ၊ သမီးဖြစ်သူကို မနိုင်သဖြင့် သံရုံးကပွဲသို့ ညအချိန်သွားရောက်ပြီး၊ တီးဝိုင်းဒရမ်ဆက်ကို ခြေနှင်ကန်ကြောက် ဖေါက်ခွဲခြင်း။ သမ္မတလူကြမ်း (New York Times Article)
၅။ ဦးနေ၀င်း တတ်သိပညာသည်များကို ဖိတ်ခေါ်သည့် ညစာစားဝိုင်းတွင်၊ ဇနီးသည် ဒေါ်ခင်မေသန်း တင်ပါးကို ကိုင်ခံရသည်ဆိုသောကြောင့် သမ္မတလူကြမ်းနှင့် လက်မရွံ့များ၏ ထိုးကြိတ်ဆုံးမမှုဖြစ်ပွားခဲ့ပြီး တက္ကသိုလ်ပါမောက္ခများ ဆေးရုံတင်၊ တဦး သေဆုံးသည်အထိ ဖြစ်ခဲ့ရပုံ။
၆။ ၁၉၈၈ အရေးအခင်း၊ ဒေါသထွက်နေသော မြန်မာလူထုကို ဦးနေ၀င်း (မဆလ) အစိုးရက ဒေါသဖြင့် ပစ်ခတ်နှိမ်နင်းရာမှ ရှစ်လေးလုံး ရာဇ၀င်။ ကျောင်းသား၊ပြည်သူများစွာ သေဆုံးရသော တနိုင်ငံလုံး ဒေါသမီးအကြောင်း။ နောက်ဆုံး သမ္မတကြီးဖြစ်သူ ဦးနေ၀င်းက သမ္မတရာထူးမှ ထွက်ပေးပြီး ကျောင်းသား၊ပြည်သူလူထုများကို တီဗီမိန့်ခွန်း နောက်ဆုံးပြောကြားရာတွင် “နောက်တခါဆူရင်၊ စစ်တပ်ဆိုတာ၊ မိုးပေါ်ထောင်မပစ်ဘူး၊ ဒိတခါဆူရင်တော့ … (နာပြီသာမှတ် …) ” ဟု သမိုင်းဝင် ဒေါသစကား ပြောကြားခဲ့ခြင်း။ 
၇။ (နအဖ) လက်ထက်တွင် ညပိုင်း၊ သောက်စားမူးရစ်နေသော တိုင်းမှုး၊  ဗိုလ်ချုပ်များက မြိုမိဘ၊ လူကြီး၊ အရာရှိများကို ညသန်းကောင်အချိန်ပင်လျှင် ဒေါသမထိန်းနိုင်ဘဲ ဆင့်ခေါ်၊ အမိန့်ပေး၊ တန်းစီရပ်ခိုင်းသော ဒေါသဗိုလ်ချုပ်များ၏ လုပ်ချင်ရာလုပ်ခဲ့မှုများ၊ (နအဖ) ဒေါသများ။ ဒေါသဖြင့် အတိုက်အခံများသာ မကတော့၊ မိမိစစ်တပ်မှ စစ်ဗိုလ်ဟောင်းများကိုပင် ထောင် အနှစ် ၄၀၊ ၇၀၊ ၉၀ စသဖြင့် ကမ္ဘာ့အံ့ဘွယ် ရယ်စရာ အာဏာအလွဲသုံးစား ဒေါသ အပြစ်ဒဏ်များ ချမှတ်ခဲ့ခြင်းများ။
၈။ နောက်ဆုံး ဗုဒ္ဓသာသနာဘုန်းကြီးများပင် မနေနိုင်တော့ဘဲ ဒေါသလက်နက် အပိုင်ရှိသော စစ်ဗိုလ်ချုပ်ကြီးများကို ၂၀၀၇တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ခြင်း။ သံယာ့ဒေါသကို စစ်တပ်မှ ရက်စက်စွာ ရိုက်နှက်၊ အင်အားသုံး၊ အင်အားသုံး၊ ချေမှုန်းပစ်လိုက်၍ ကမ္ဘာ့အော့ကြောလန် စစ်အစိုးရဟု ကမ္ဘာကျော်သွားခြင်း။
၉ ။ နာဂစ် လူ၂သိန်းကျော်သေဆုံးသော ၂၀၀၈ မုန်တိုင်းဒဏ်တွင်၊ ကမ္ဘာက ကရုဏာအကူညီများကို လက်မခံဘဲ၊ ထပ်မံအော့ကျောလန်အဖြစ် ကိုယ့်ပြည်သားများကို ရေ၊ အစားစာ ငတ်မွတ်စေခြင်း၊ သို့သော် ဒေါသထွက်နေသော ပြည်သူများမှာ ဘာမှမတတ်နိုင်တော့သဖြင့် ဘုရားဒဏ်ပေးမှုကို ခံရတော့မည့် စစ်ခေါင်းဆောင်များကို မေတ္တာပို့ခြင်း။
၁၀။ ၂၀၁၁တွင် စစ်အာဏာရှင် ဦးသန်းရွှေ နောင်တရသွားကာ၊ ဦးနေ၀င်းကဲ့သို့ ပစ်စလက်ခတ် မဟုတ်ဘဲ စနစ်တကျ အာဏာလွှဲအပ်ပေးပြီး၊ ဒေါသနည်းသော စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန်အစိုးရ ပေါ်ပေါက်လာခြင်း။ ဒေါသကြီးသော စစ်ဗိုလ်ချုပ်များကို ငွေနင့်အောင်ရအောင်ယူစေကာ၊  ချန်ထားပစ်နိုင်လိုက်ပြီး၊ ဒေါသနည်းသော စစိဗိုလ်ချုပ်ဟောင်းများ၊ အတိုက်အခံလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်တွင် ပါဝင်စေခြင်းဖြင့် အစိုးရသစ်ပေါ်လာခြင်း။
၁၁။ ၂၀၁၁ တွင် ဒေါသကြီးသော ဗိုလ်ချုပ်အငြိမ်းစား လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းဆိုသူက ပြည်သူလူထုကို ဒေါသဖြင့် မြစ်ဆုံစီမံကိန်းကို ဆက်လုပ်မည်။ မြန်မာပြည်လျှပ်စစ်အကြောင်း သူအသိဆုံး … ဒေါသသတင်းစာရှင်းလင်းပွဲ လုပ်ခြင်း။ တတိုင်းပြည်လုံး ဒေါသထွက်လာခြင်း။ ၂၀၁၂တွင် ထိုဝန်ကြီး ဦးဇော်မင်း ချန်ထားပြီး၊ အနားယူစေခဲ့ခြင်း။
၁၂။ ရခိုင်ပြည်နယ်တွင် ဘဂ်လားရိုဟင်ဂျာ မူဆလင်များနှင့် လူမျိုးရေး၊ ဘာသာရေး ပြသနာဖြစ်ပြီး၊ ဒေါသထွက်နေသော မြန်မာပြည်သားအားလုံးက ချကွာ၊ ချကွာ  … ဟု အောဟစ်သံများစွာ ဆူညံသွားခြင်း။ သို့သော် စစ်တပ်နှင့်အစိုးရခေါင်းဆောင်များက ကမ္ဘာအော့ကြောလန် ထပ်မံမဖြစ်အောင် ဒေါသထွက်နေသော မြန်မာလူထုနှင့်စစ်တပ်ကို ထိန်းထားနိုင်ခြင်း။
၁၃။ တလွဲဆံပင်ကောင်းတာမျိုးတွေ ဂုဏ်ယူစရာမရှိပါ။ တခါက မုံရွာမြို့ အဆင့်မြင့်အတိုက်ခံပုဂ္ဂိုလ်က စစ်အစိုးရရဲ့ အကြီးဆုံးစစ်ဗိုလ် ကောင်စီဥက္ကဌ ဗိုလ်မှုးစိန်ဝင်းကို စားပွဲလက်သီးနဲ့ပုတ်ပြီး စိန်ခေါ်ပြောဆိုမှု၊ ပညာရေးဌာန ပါမောက္ခချုပ်တဦးက (မဆလ)အစိုးရ ပညာရေးဝန်ကြီး ဒေါက်တာညီညီကို စားပွဲပေါ်ခြေစုံတက်ပြီး၊ မျက်နှာကိုခြေထောက်နဲ့ကန်ဖို့ ချိန်ရွယ်ခြင်း။  ထိုပုဂ္ဂိုလ်များရဲ့ ဒေါသကို စစ်အစိုးရရဲ့ ဒေါသနဲ့ တုံ့ပြန်မှုရလဒ်ကတော့ ထောင်သွင်း၊ အကျဉ်းချ၊ နှိပ်စက်ခံရခြင်းပါပဲ။
ဒေါသဆိုတာ ညစ်ပတ်နံစော်တဲ့ အမှိုက်ထုပ်ကြီးပါ။  သူ့အမှိုက်ကို ကိုယ့်ဆီရောက်မလာအောင် ကျွနိုပ်စွမ်းဆောင်နိုင်ရင် ကျွန်ုပ်ဘ၀ လူမချမ်းသာရင်နေပါစေ၊ အနည်းဆုံး စိတ်ချမ်းသာမှာပါ။
၁၄။ မရေးချင်ဘူးဆိုပြီး ရေးတဲ့ မောင်မောင်(ရွှေကရ၀ိတ်) “ခေတ်သစ်ဟင်္သာကိုးသောင်းပုံပြင်” စာအုပ်၊ ABSDF(NB) ကျောင်းသားဗဟို၊ ပါဂျောင်မှာ ထောက်လှမ်းရေးစွတ်စွဲ၊ လူသတ်ပွဲများ ၊ မြောက်ပိုင်းအရိုးတွန်သံများကို ဖေါ်ထုတ်ရေးနေကြတယ်။ စစ်အာဏာရှင်အစိုးရဟောင်းရဲ့ နှိပ်စက်ညှင်းပမ်းမှုများကို “ဘာလဲဟဲ့လူ့ငရဲ …”  ဆိုပြီး ဦးဝင်းတင် (NLD) သတင်းစာဆရာကြီးရေးခဲ့တယ်။ ယှဉ်ကြည့်တက်ရင် “ဘယ်သူက ပိုဒေါသကြီးသလဲ …” တွေးကြည့်ပါ။ “ဒေါသပိုကြီးတဲ့” စစ်အစိုးရနဲ့ သူပုန်တွေအကြောင်း စာအုပ်တွေပါ။
ချစ်မိတ်ဆွေ ..နောင်တရပြီလား ။
 ကျွန်တော်မိသားစုအတွင်း၊ မိမိအလုပ်လုပ်ဖော်ကိုင်ဖက်များအပေါ်က စပြီး ဒေါသထိန်းဖို့ လေ့ကျင့်ခဏ်း လက်တွေ့လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။
ကျွန်တော့်အမျိုးသမီးက ပြောတယ်။ “တခြားလူကျတော့ စိတ်ရှည်ပြီး၊ သူ့ကိုကျတော့ အော်ပြောတယ်..” လို့ စိတ်မကောင်းသံနဲ့ ပြောပါတယ်။
မိန်းမကို အော်ဟစ်အနိုင်ယူတတ်တဲ့၊ မိတ်ဆွေတစ်ယောက်ရဲ့ ဇနီးသည်ဟာ လူပုံအလယ်ဆို ကျောက်ရုပ်လိုဖြစ်နေတယ်။
မိန်းမအော်ခံရဖန်များတဲ့ ခင်ပွန်းသည်လည်း မိတ်ဆွေအများရှေ့မှာ ကျောက်ရုပ်ပုံဖြစ်နေတယ်။
ရယ်စရာ….
တကယ်ပါ။ ဒေါသထိန်းနိုင်သွားရင်တော့ ကျွန်တော့မိသားစုမှာလည်း ကျွန်ုပ် ငယ်စဉ်ကလိုဒေါသကြီးတဲ့ သားသမီး၊ မြေးမြစ်များ မထွက်လာနိုင်တော့ပါ။ ကျွန်တော့်လို အနှစ်၄၀ မြန်မာနိုင်ငံသား ကမ္ဘာ့အမွဲဆုံး၊ ဒုက္ခသည်များဘ၀၊ နိုင်ငံတကာသွားလာရင် မျက်နှာငယ်ရတဲ့ဘ၀ကလဲ လွတ်မြောက်မှာပါ။
ဒါကြောင့်
“ မြန်မာ့ဒေါသ ကမ္ဘာက သိအောင်၊ ကျွန်တော်တို့မပြတော့ပြီ…”
ဝတ်မှုန် (စင်ကာပူ)
၎-စက်တင်ဘာ-၂၀၁၂

အပစ်အခတ်ရပ်စဲရေး အောင်မြင်အောင် ကြိုးပမ်းသွားမယ်လို့ KNU ကြေညာချက် ထုတ်ပြန်




အပစ်အခတ်ရပ်စဲရေး အောင်မြင်အောင် ကြိုးပမ်းသွားမယ်လို့ KNU ကြေညာချက် ထုတ်ပြန် 

2012-09-05
ကရင်ပြည်သူတွေ ကြောက်ရွံ့မှုကင်းပြီး ဘဝလုံခြုံစွာ ရပ်တည်နိုင်ရေးအတွက် KNU ကရင်အမျိုးသား အစည်းအရုံးက မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်စဲရေးကို အောင်မြင်အောင် ဆက်လက် ကြိုးပမ်း သွားမယ့်အကြောင်း ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
Photo courtesy of KIC
၂၀၁၂ ခုနှစ် စက်တင်ဘာလ ၄ ရက်က ကရင်ပြည်နယ် ဖားအံမြို့တွင် အစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် KNU ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံဆွေးနွေးနေစဉ်။
စက်တင်ဘာ ၃ ရက်နဲ့ ၄ ရက်တုန်းက ကရင်ပြည်နယ် ဖားအံမြို့မှာ KNU နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့တို့ တတိယအကြိမ် တွေ့ဆုံ ဆွေးနွေးမှုအပြီး အခုလို သတင်းထုတ်ပြန်ရတာ ဖြစ်တယ်လို့ KNU ပြောခွင့်ရပုဂ္ဂိုလ် နော်မေဦးက RFA ကို ပြောပါတယ်။
“ခိုင်မာတဲ့ အပစ်အခတ် ရပ်စဲရေးဟာ ကျွန်မတို့ KNU အတွက် အရေးကြီးတယ်။ ဘာဖြစ်လို့လည်း ဆိုလို့ရှိရင် ကျွန်မတို့ ပြည်သူလူထုက ဒါကိုပဲ သူတို့က ပေတံတစ်ခုလိုပဲ သူတို့က ကြည့်တာ။ ဘာကြောင့်လည်းဆိုရင် ဒီစစ်တပ်ကြောင့်ပဲ စစ်လှုပ်ရှားမှုတွေကြောင့်ပဲ သူတို့ဘဝတွေ ခနော်ခနဲ့နဲ့ အဲလို ပြောင်းလဲ ခဲ့ရတာပေါ့နော်။ ပြည်သူလူထုတွေ သူတို့ မျှော်မှန်းတယ်။ သူတို့အများကြီး မျှော်လင့်တယ်။ ဒီအပစ်အခတ်ရပ်စဲရေးနဲ့ တွေ့ဆုံညှိနှိုင်းပွဲတွေကြောင့် သူတို့ဘဝကို သူတို့ ပုံမှန်အသက်ရှင် နေထိုင်နိုင်ဖို့ အတွက် သူတို့ မျှော်မှန်းတယ်။ ကျွန်မတို့ ဒီကိစ္စတွေ ကျွန်မတို့ ဆွေးနွေးတဲ့ အချိန်မှာ ပြည်သူလူထုဘဝ လုံခြုံမှုကို အာမခံနိုင်ဖို့ဆိုတာ အဲတာပါပဲ”
ဖားအံမြို့က ဆွေးနွေးပွဲမှာ အပစ်ရပ်ရေးအတွက် Code of Conduct လို့ခေါ်တဲ့ နှစ်ဖက်တပ်တွေ လိုက်နာရမယ့် စည်းကမ်းတွေကို KNU ဘက်ကတင်ပြခဲ့ပြီး အစိုးရဘက်ကလည်း မူအားဖြင့် သဘောတူညီခဲ့ကြောင်း KNU ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
အစိုးရနဲ့ KNU အဖွဲ့တို့ နောက်တစ်ကြိမ် ဆွေးနွေးပွဲကို ဒီနှစ်မကုန်ခင်မှာ ပြုလုပ်သွားဖို့ သဘောတူခဲ့ ကြောင်းလည်း သိရပါတယ်။

တတိယအကြိမ် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲ အသေးစိတ် အကြောင်းနဲ့ ပတ်သက်လို့ KNU ပြောခွင့်ရပုဂ္ဂိုလ် နော်မေဦးက RFA ကိုဥာဏ်ဝင်းအောင်က မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

"" စစ် တစ်ခါထွက်ရန် ဘယ်လောက်များ ကုန်ကျသလဲ""


"" စစ် တစ်ခါထွက်ရန် ဘယ်လောက်များ ကုန်ကျသလဲ"" 

ရွှေမြန်မာမီဒီယာ

ကျည်ဆံတထောင့်ဟာ မြန်မာကျပ်ငွေ
 တစ်ထောင်ဝန်းကျင် စစ်သား တယောက်မှာ 
ကျည် ၃၀၀ လောက် ပါသွားတယ်ဆိုရင် 

သုံးသိန်းဖိုး.တခါ တိုက်ပွဲဖြစ်ရင် အားလုံးကုန်

တဲ့ အပြင် ထပ်ဖြည့်ရတယ်.သေနတ်တလက် 


၁၀သိန်းတန် တယ်ဗုံးဆန်တလုံး အနဲဆုံး သိန်းကဏန်းရှိတယ်။
တပ်ရင်းတရင်း လူ ၂၀၀ လောက် ခရီးထွက်ရင်.. သွားလာ စရိတ်၊စားစရိတ်၊ ထောက်ပို့ ၊လစာ၊

 ဆေးဝါး... သယ်ယူပို့ဆောင်ရေးယဉ်၊ဆက်သွယ်ရေးစက်ကိရိယာ၊စက်ဆီကအစစစ် အ၀တ်အစားအရာရှိများအသုံးစရိတ်... အားလုံးပေါင်း .. တပတ်အတွင်း သိန်းထောင်ကြီးပိုင်း
ကုန်တယ်။
အခု KIA ကိုထိုးစစ်ဆင်နေတဲ့ တပ်ရင်း တစ်ရာကျော်တယ်။
စစ်လေယဉ်တခါထွက်ရင် သိန်းထောင်ပိုင်းကုန်တယ်။ လေယဉ်ပေါ် တပ်ဆင်တဲ့ ဗုံးဆန်တလုံးဟာ 
အနဲဆုံး သိန်းနှစ်ရာကျော်တန်များ ဖြစ်တယ်။
KIA ဖက်ကတွက်တာတော့ စစ်သားတစ်ယောက်အတွက် စစ်တန်ဆာ တန်ဖိုးက သိန်း ၇၀ 
ခန့်ရှိတယ်။.
အခု KIA နဲ့ အစိုးရ စစ်တပ် တိုက်ခိုက်နေတဲ့ တစ်နှစ်ကျော်ကာလ စုစုပေါင်း ကုန်ကျစရိတ်ဟာ
 မြန်မာနိုင်ငံ ပညာရေး ၀န်ကြီးဌာန နဲ့ ကျန်းမာရေး ၀န်ကြီးဌာန နှစ်ခုပေါင်း ရဲ့ ငါးနှစ်စာ အသုံးစရိတ်ဖြစ်ပါတယ်။
ကချင် စစ်ပြေးများရဲ့ အသက်အိုးအိမ်နဲ့ သူတို့ဆုံးရှုံးခဲ့တဲ့ အချိန်သူတို့ကို ကျွေးမွေးစရိတ် မပါသေးဘူး။ နိုင်ငံတကာလို သူတို့ကိုလဲ မြန်မာနိုင်ငံသားအနေနဲ့ မြန်မာနိုင်ငံရဲ့ GDP ထဲထည့်တွက်
ရင်တော့။
လက်နက်အားကိုး လူမိုက်စိတ်နဲ့ ငြိမ်းချမ်းရေးမရနိုင်ပါ
 နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှ အစစ်အမှန် ငြိမ်းချမ်းရေး ရမည်။
မဟုတ်ရင်တော့ ထာဝရ ငမွဲစာရင်းမှာ ဆက်ရှိနေမယ်။
 
.(Duwa Kachin)

ရခိုင်အရေး သတင်းလိမ် လည်မူများကို ဂျပန်ရောက် မြန်မာနိုင်ငံသားများက ယူအန် ရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြ




ရခိုင်အရေး သတင်းလိမ် လည်မူများကို ဂျပန်ရောက် မြန်မာနိုင်ငံသားများက ယူအန် ရုံးရှေ့တွင် ကန့်ကွက် ဆန္ဒပြ 

မောင်အေး
ဂျပန်နိုင်ငံတွင် ရောက်ရှိနေကြသည့် မြန်မာ
တိုင်းရင်းသားများမှ ရခိုင်ပြည် နယ်တွင်
 ဖြစ်ပေါ် နေသည့်ပဋိပက္ခကို နိုင်ငံတကာ
အဖွဲ့အစည်းများနှင့်မူဆလင်နိုင်ငံ တချို့
တို့မှ သတင်းများ လွဲမှားစွာ
လိမ်လည် ထုတ်ပြန်ပြီး ၀င်ရောက်စွက်ဖက်နေမူ အပေါ် ဆန့်ကျင် ကန့်ကွက်ကြောင်း ဆန္ဒပြ
 ဖေါ်ထုတ်ပွဲ တစ်ရပ်ကို ဂျပန်နိုင်ငံတွင် ယမန်နေ့က ပြုလုပ်ခဲ့ကြသည်။
အဆိုပါ ဆန္ဒပြပွဲကို ယနေ့ (စက်တင်ဘာ ၅ ရက်) ညနေ ၃ နာရီကနေ ၄ နာရီအထိ

ဂျပန်ရောက် မြန်မာ တိုင်းရင်း ၈၀ ခန့်က တိုကျိုမြို့ ကုလသမဂ္ဂရုံးရှေ့တွင် ပြုလုပ်ခဲ့ကြခြင်း
 ဖြစ်သည်။
နိုင်ငံတကာအဖွဲ့အစည်းများနှင့် နိုင်ငံ တချို့သည် မဟုတ်မမှန် သတင်းများကို ထုတ်လွင့်ပြီး မြန်မာ နိုင်ငံရေးကို ၀င်ရောက်စွက်ဖက်ရန် ကြိုးစားနေသဖြင့် ယခုကဲ့သို့ ဆန္ဒပြ

ကန့်ကွက် ရခြင်း ဖြစ်ကြောင်း  ဦးဆောင် လူပ်ရှားသူ တဦးဖြစ်သည့် ကိုကျော်သန်းလှိုင်က
 ပြောသည်။
“ ကျွန်တော်တို့ ဆန္ဒပြရတာက အခု ရခိုင်ပြည်နယ်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာကို
 နိုင်ငံတကာ အဖွဲ့ အစည်းတွေအပါအ၀င်၊ မူဆလင်နိုင်ငံတချို့က မဟုတ်မမှန်
သတင်းတွေထုတ်လွင့်ပြီး ၀င်ရောက်စွက် ဖက်နေတယ်။
သူတို့ စွက်ဖက်နေတဲ့အကြောင်းကလည်း ရိုဟင်ဂျာအမည်ခံ ဘင်္ဂလီတွေကို ကူညီဖို့

ဆိုတဲ့ အကြောင်းပြချက်နဲ့ သူတို့ ရည်မှန်းချက်တွေကို အကောင်အထည်ဖော်ဖို့
 အတွက် လုပ်ဆောင် နေတာကို တွေ့နေရတယ်။
 ဒါကို ကျွန်တော်တို့ မြန်မာ နိုင်ငံသားတွေက ကန့်ကွက်တဲ့ အနေနဲ့ ဆန္ဒပြရတာ ဖြစ်ပါတယ်” ဟု ပြောသည်။
ဆန္ဒ ထုတ်ဖော်ပြသအပြီးတွင် ကုလသမဂ္ဂရုံးမှ တာဝန်ရှိသူများကို သူတို့၏ သဘောထား ထုတ်ပြန် ချက်များကို ပေးပို့ ခဲ့ပြီး တိုကျိုမြို့ရှိ တခြားနိုင်ငံတကာ သံရုံးများကိုလည်း သူတို့၏ သဘောထား ထုတ်ပြန်ချက် များကို ပေးပို့သွားမည် ဖြစ်ကြောင်း ကိုကျော်သန်းလှိုင်က ဆက်ပြောသည်။

“ အခုဖြစ်နေတာဟာ မတရားချဲ့ကား လုပ်ကြံပြောနေတာတွေကို လက်ကိုင်ထား ပြောနေကြတာကို တွေ့နေရပါတယ်။ သူခိုးက လူ လူဟစ်နေပြီး တရားခံက တရားလို ဖြစ်နေတာတွေကိုဘဲ တွေ့နေ ရတယ်။

ဒါတွေကို ကျွန်တော်တို့ ဆန့် ကျင်တယ် ဆိုတဲ့အကြောင်းကို မူဆလင် နိုင်ငံတွေဖြစ်တဲ့ အီဂျစ်၊

မလေးရှား၊ အင်ဒိုနီးရှား၊ အီရန်၊ ပါကိစ္စတန်စတဲ့ နိုင်ငံတွေက သံရုံးတွေကို ကျွန်တော်တို့ရဲ့ သဘောထားတွေနဲ့ အဖြစ်မှန် အချက်အလက် တွေကို ပို့ပေးသွား မှာဖြစ်ပါတယ်။”
ယနေ့ ဆန္ဒပြပွဲကို အဖွဲ့အစည်းအနေနှင့် ပြသခြင်းမဟုတ်ဘဲ ယနေ့ရခိုင်ပြည်နယ်အရေးသည်

 မြန်မာ နိုင်ငံ အနောက်ဘက်တံခါးကို ကာကွယ်ရန် အတွက် မြန်မာနိုင်ငံသားတိုင်းတွင်
တာဝန်ရှိသည်ဟု ခံယူကြပြီး အားလုံး၏  ဆန္ဒ သဘောထားနှင့် အညီ  ပြသ ကြခြင်းဖြစ်သည်
ဟု ဆိုသည်။


နိုင်ငံတကာတွင် လိမ်လည်ဝါဒဖြန့်နေသည့် ဓါတ်ပုံများမှာ အမှန်တကယ် မြန်မာနိုင်ငံတွင်

 ဖြစ်ပျက် ခဲ့ခြင်းမဟုတ်ဘဲ တိဘက်မှ ငလျှင်ကြောင်းသေဆုံးသည့်ပုံများ၊ ထိုင်းနိုင်ငံတွင်
 ဖြစ်ပျက်ခဲ့သည့် ပုံများ ကို အသုံးပြုပြီး မဟုတ်မမှန် လိမ်လည်နေခြင်းသာဖြစ်ကြောင်းကို အချက်အလက်များနှင့်တကွ အဆို ပါသံရုံးများကို ပို့ပေးသွားရန် စီစဉ်ထားသည်
ဟု ပြောသည်။
သူတို့ပေးပို့မည့် အချက်လက်များကို  အသေးစိတ် ဓါတ်ပုံများနှင့် တကွ ရှင်းပြထားသည့်

အတွက် မူဆလင် နိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ အနေနှင့်လည်း အဖြစ်မှန်ကို
နားလည် သဘောပေါက်လိမ့်မည်ဟု မျော်လင့် ကြောင်း ကိုကျော်သန်းလှိုင်က
 ပြောဆိုသွားသည်။

နိရဉ္စရာ

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။