Wednesday, August 29, 2012
မြန်မာဝန်ကြီးအပြောင်းအလဲအပေါ် တုံ့ပြန်မှု
မြန်မာဝန်ကြီးအပြောင်းအလဲအပေါ် တုံ့ပြန်မှု
သမ္မတဦးသိန်းစိန်။
ကိုကျော်ကျော်သိန်း
မြန်မာအစိုးရအဖွဲ့တွင်း ၀န်ကြီးအပြောင်းအလဲတွေ ဆက်တိုက်လုပ်လာတဲ့အပေါ် အများစုက အကောင်းမြင်ကြပါတယ်။ သမ္မတဦးသိန်းစိန်အနေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ပို တွန်းအားပေးပြီး လုပ်နိုင်တော့မယ်လို့ မြင်ကြတာပါ။ ၀န်ကြီးတချို့ကို ဌာနနေရာ ပြောင်းရွှေ့ခန့်ထား လိုက်တာမှာ ပြုပြင်ပြောင်းလဲရေးလိုလားသူတွေလို့ အများက သတ်မှတ်သူတွေ ပို နေရာရ လာပြီးတော့ ပြုပြင်ပြောင်းလဲရေးကို တင်းခံနေသူတွေလို့ မြင်ကြသူတွေကတော့ တာဝန်က နုတ် ထွက်ရတာ၊ သိပ် မထင်ရှားလှတဲ့ နေရာတွေကို ရောက်ကုန်တာကြောင့်လည်း အဲဒီလိုမြင်ကြတာ ဖြစ် ပါတယ်။ မြန်မာအစိုးရအဖွဲ့ အပြောင်းအလဲ အပေါ် တုံ့ပြန်ချက်တချို့ကို ကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲပြီး နောက်ပိုင်း သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အစိုးရ အဖွဲ့ တက်လာပြီးကတည်း ကဆိုရင် အစိုးရအဖွဲ့တွင်း အဓိကအပြောင်းအလဲတွေကို တနင်္လာနဲ့ အင်္ဂါနေ့တွေမှာ သမ္မတဦးသိန်းစိန်က ကြေညာခဲ့ပါတယ်။ ဒါဟာဖြင့် တချိန်တုန်းက ကမ္ဘာ့ပြင်ပ က နိုင်ငံ တခုလိုဖြစ်နေခဲ့တဲ့ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို ရှေ့ဆက်တိုးပြီး လုပ်နိုင်တော့မယ့် အလားအလာအဖြစ် လေ့လာသူတွေက မြင်ကြပါတယ်။
အပြောင်းအလဲတွေထဲမှာ အထင်ရှားဆုံးတခုကတော့ သဘောထားတင်းမာသူအဖြစ် အများကမြင်ကြ တဲ့ ဦးကျော်ဆန်းကို ပြန်ကြားရေးဝန်ကြီးဌာနကနေ ပြောင်းရွှေ့လိုက်တာပါပဲ။ သူ့နေရာမှာ အစားထိုး ခန့်အပ်လိုက်သူက တချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရကြားမှာ ဆက်ဆံရေးဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့သူ အလုပ်သမားနဲ့ လူမှုဖူလုံရေးဝန်ကြီး ဦးအောင်ကြည်ပါ။
အခုအစိုးရအဖွဲ့တွင်း ၀န်ကြီးအပြောင်းအလဲတွေဟာ ၂၀၁၁ ခုနှစ် မတ်လမှာ အရင် စစ်ကောင်စီထံ ကနေ သမ္မတဦးသိန်းစိန် အစိုးရ အာဏာလွှဲပြောင်းယူခဲ့ကတည်းကဆိုရင် အကြီးမားဆုံးလို့ဆိုရမှာပါ။ အဲဒီအချိန်ကတည်းက ပြုပြင်ပြောင်းလဲရေးတွေ ကို အရှိန်အဟုန်နဲ့ ဆက်တိုက်လိုလုပ်ခဲ့တာကြောင့် တကမ္ဘာလုံးက အံ့အားသင့်ခဲ့ရသလို မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်အရေးယူမှုတွေကို အနောက်နိုင်ငံတွေက ရုပ်သိမ်း ဆိုင်းငံ့ပေးခဲ့ရတဲ့ အခြေအနေထိ ရောက်ခဲ့ပါတယ်။
ဦးသိန်းစိန်ဟာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်ပေါ် အခိုင်အမာ သန္နိဋ္ဌာန်ချထားတယ်ဆိုတာကို အထူးသဖြင့် ဒီ အစိုးရအဖွဲ့ အပြောင်းအလဲကို ကြည့်ခြင်းအားဖြင့် သံသယဖြစ်စရာမရှိပါဘူး လို့ မြန်မာ့အရေးလေ့လာသူ သတင်းစာဆရာ လယ်ရီ ယေဂင် (Larry Jagan) က သုံးသပ်ပါတယ်။
“မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို မြန်နိုင်သမျှမြန်မြန် အတော်လေး အပြင်းအထန်လုပ်ဖို့ သူဟာ သိပ်ကို စိတ်အား ထက်သန်နေပါတယ်။ ဒါပေမဲ့လည်း အရည်အချင်းမရှိတာ၊ ထိထိရောက်ရောက် လုပ်နိုင်တဲ့ ၀န်ကြီးတွေမရှိတာ၊ အရည်အချင်း ပြည့်ဝတဲ့ အရပ်ဘက်ဝန်ထမ်းတွေမရှိတာတွေနဲ့ သူ့ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆန့်ကျင်တဲ့ သဘောထား တင်းမာ သူတွေကြောင့် သူ့ရဲ့ လုပ်ငန်းတွေ အဟန့်အတားဖြစ်ခဲ့ရပါတယ်။ အခုတော့ သူဟာ ရှေ့ဆက်သွားနိုင်တဲ့ အနေအထား မှာ ရောက်နေပြီလို့ ကျနော်ထင်တယ်။ ရှေ့ဆက် မြင်ရလိမ့်မယ်လို့ ကျနော်ထင်တာကတော့ အစိုးရ အဖွဲ့ထဲမှာ မျက်နှာသစ်တွေ အများကြီး ပါလာမယ်၊ ဒုတိယ၀န်ကြီးတွေလိုမျိုး နည်းနည်း နိမ့်တဲ့နေရာတွေမှာပေါ့၊ အဲဒီလူတွေဟာ အသိပညာရှင် အတတ် ပညာရှင်တွေ၊ စီးပွားရေးသမားတွေဖြစ်ပါလိမ့်မယ်။”
တနင်္လာနဲ့အင်္ဂါနေ့တွေက အပြောင်းအလဲတွေမှာ ၀န်ကြီးကိုးဦးကို ၀န်ကြီးဌာန ပြောင်းရွှေ့ ခန့်ထား တာ၊ ဒုတိယ၀န်ကြီး ၁၅ ဦး ခန့်အပ်တာ၊ ၀န်ကြီးနှစ်ဦးနဲ့ ပြည်ထောင်စုစာရင်းစစ်ချုပ်တို့ကို ရာထူး ကနုတ်ထွက်ခွင့်ပြုတာတွေပါဝင်ပါတယ်။ အခု ၀န်ကြီးအပြောင်းအလဲတွေအပေါ် အကောင်းမြင်ကြ သူများပေမဲ့လည်း သမ္မတကိုသာ ယုံကြည်ကိုးစားပြီး ၀န်ကြီးတွေ အပေါ် သိပ်ကြီးမျှော်လင့်ချက် မထားသူမျိုးလည်းရှိပါတယ်။
“သိပ်ပြီး မျှော်လင့်ချက်ကြီးရယ်လို့လည်း မရှိပါဘူး။ နိုင်ငံတော် သမ္မတကတော့ ကိုယ့်အပေါ် ကို ကောင်းအောင် လုပ်ပေးမှာပဲလေ။ နိုင်ငံတော် သမ္မတကိုတော့ မျှော်လင့်တာပေါ့။ ဒီဝန်ကြီးတွေ အနေနဲ့တော့ ပြောသလောက်ကြီး မျှော်လင့်ချက် မထားပါဘူး။”
ရန်ကုန်မြို့ခံတဦးပါ။
ပြန်ကြားရေးဝန်ကြီးဌာနဟာ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ၊ ရုပ်ရှင်နဲ့ဂီတနယ်ပယ်တွေကို ကြိကြပ်တဲ့အပြင် ပြည်ပ သတင်းထောက်တွေရဲ့ ပြည်ဝင်ခွင့်ဗီဇာတွေကို စိစစ်ခွင့်ပြုတဲ့ အလုပ်ကို လည်း လုပ်ပါတယ်။ နောက် ရန်ကုန်မြို့ခံတဦး ကတော့ သမ္မတရဲ့ အခုလုပ်ရပ်ကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုသလို အခု ပြောင်းရွှေ့ ခန့်ထားလိုက်တဲ့ ၀န်ကြီးတွေအပေါ် မျှော်လင့်ချက် ထားသူလည်းဖြစ် ပါတယ်။
“ကျနော့်အမြင်ကတော့ လူမှန် နေရာမှန်တွေလို့ မြင်လိုက်တယ်။ ဦးကျော်ဆန်းနေရာကိုဝင်သွားတဲ့ ဦးအောင်ကြည်ကို ပိုစိတ်ဝင်စားတယ်ပေါ့နော်။ ဦးအောင်ကြည်အနေနဲ့ကတော့ flexible ဖြစ်အောင် လုပ်သွားနိုင်လိမ့်မယ်လို့ ကျနော်တို့ ယုံကြည်လိုက်တယ်။ အခု နေရာပြောင်းလဲတဲ့ ဝန်ကြီးတွေပေါ့နော်-မဆိုးပါဘူး။ အားလုံး တော်တယ်၊ ကောင်းတယ်လို့ ကျနော်တော့ မြင်ပါတယ်။ ကြိုလည်း ကြိုဆိုပါတယ်။ သမ္မတကိုလည်း နှစ်နှစ်ခြိုက်ခြိုက်ပဲ ကျေးဇူးတင်လိုက်ပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒီဝန်ကြီးတွေက တိုင်းပြည်အတွက် အလွန် အရေးကြီးပါတယ်။ တိုင်းပြည် အတွက် ဆိုတာထက် ပြည်သူအတွက်လို့ ကျနော်တို့က ပိုပြီး ပြောချင်ပါတယ်။
အရေးကြီးတာ ပြည်သူ့ အတွက်ပါပဲ။ အဲဒီအတွက်တော့ ကျနော် တိုတိုနဲ့လိုရင် ပြောလိုက်မယ်ပေါ့- အခုလုပ်ရပ်နဲ့ပတ်သက်ပြီး သမ္မတကြီးကို ကျနော်တို့က ဝမ်းမြောက် ဝမ်းသာ ထောက်လည်း ထောက် ခံ လိုက်ပါတယ်။ ကြိုလည်း ကြိုဆိုလိုက်ပါတယ်။ ဝန်ကြီးတွေကိုလည်း ထို့အတူပဲ- ကြိုဆိုပါ တယ်။ ထောက်လည်း ထောက်ခံပါတယ်။ ကျနော်တို့အနေနဲ့ ပြောချင်တာကတော့- ဒီတာဝန်ယူ လိုက်တဲ့ ဝန်ကြီးတွေက ပြည်သူအတွက် တကယ်ပဲ လေးလေးနက်နက် အလုပ် လုပ်ပေးကြပါလို့- ဒါလေးပဲ ပြောချင်ပါတယ်။”
ဝန်ကြီးနေရာ အပြောင်းအလဲတွေဟာ မပြီးဆုံးသေးဘဲ နောက်ထပ် လာလိမ့်ဦးမယ်လို့ သမ္မတ ရုံးညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောထားပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေကို ခြေလှမ်း မှန်မှန်နဲ့ မြန်မြန် ဆက်လုပ်နိုင်ရင်ဖြင့် နှစ်ပေါင်းများစွာ နောက်ကျ ကျန်ရစ်နေခဲ့တဲ့ အခြေအနေ ကနေ နိုင်ငံတကာအလယ်မှာ ဂုဏ်သိက္ခာရှိရှိ ရပ်တည်နိုင်မယ့် နိုင်ငံ တခု ဖြစ်လာလိမ့်မယ်လို့ အများက ယုံကြည် မျှော်လင့်ထားကြပါတယ်ခင်ဗျား။
သမ္မတ လွတ်ငြိမ်းသက်သာခွင့်ပြုမှု ကုလကြိုဆို
သမ္မတ လွတ်ငြိမ်းသက်သာခွင့်ပြုမှု ကုလကြိုဆို
မြန်မာသမ္မတ ဦးသိန်းစိန်။
ကိုသားညွန့်ဦး
ရခိုင်ပြည်နယ်အရေးအခင်းမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ထောင်ဒဏ်အပြစ်ပေးခံရတဲ့ ကုလသမဂ္ဂနဲ့ ဆက်နွယ်တဲ့ ၀န်ထမ်းသုံးဦးကို သမ္မတဦးသိန်းစိန်က လွတ်ငြိမ်း ချမ်းသာ ခွင့် ပေးလိုက်ပါတယ်။ ကုလသမဂ္ဂ ၀န်ထမ်းတွေ အခုလို လွတ်မြောက်လာတဲ့အပေါ် ကြိုဆိုကြောင်း ကုလသမဂ္ဂဘက် ကလည်း တုံ့ပြန်ထားပါတယ်။ ဒီအကြောင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ကုလသမဂ္ဂဆိုင်ရာ ၀န်ထမ်းနှစ်ဦးနဲ့ နိုင်ငံတကာအဖွဲ့အစည်းတခုက ၀န်ထမ်းတစ်ဦး တို့ကို ရခိုင် အရေးအခင်းနဲ့ ပတ်သက်မှု ရှိတယ်ဆိုပြီး မောင်တောတရားရုံးကနေ တနေ့က ပြစ်ဒဏ်အသီးသီးတွေ ချမှတ်ပြီး ရက်အနည်းငယ်အတွင်းမှာပဲ သမ္မတရဲ့ အမိန့်အာဏာနဲ့ ပြန်လည် လွှတ်ပေးလိုက်တာ ဖြစ်ပါ တယ်။ ကုလသမဂ္ဂဘက်ကတော့ အခုလို လွတ်မြောက်လာတဲ့သတင်းတွေကို သိရပြီးတော့ ကြိုဆို ပါတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး တွဲဘက်ပြောခွင့်ရ Faran Haq က ပြောပါတယ်။
မြန်မာနိုင်ငံထဲက ကုလသမဂ္ဂ၀န်ထမ်းနှစ်ဦး လွတ်မြောက်လာတယ်ဆိုတဲ့ သတင်းကို သိရလို့ ကြိုဆိုပြီးတော့ ကျန်နေတဲ့ နောက်တစ်ဦးလည်း လွတ်လာမယ်လို့ မျှော်လင့်တဲ့ အကြောင်းအတွင်းရေးမှူးပြောခွင့်ရသူ Faran Hag ပြောသွားတာပါ။
ရခိုင်ပြည်နယ်တွင်း ဆူပူမူမှာ ပါဝင်ပတ်သက်တာကြောင့် ထောင်ဒဏ်ကျခံနေရတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံ တကာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းမဟုတ်တဲ့အဖွဲ့အစည်းတွေက ၀န်ထမ်းသုံးဦးကို မိမိ အကျိုး၊ ဒေသအကျိုး၊ နိုင်ငံ့အကျိုးကို အများပြည်သူနဲ့အတူ တာဝန်ထမ်းဆောင် နိုင်အောင် သမ္မတ အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ မနေ့တုန်းက သမ္မတရုံးက ကြေညာခဲ့ပါတယ်။ အဲ့သုံးဦးလုံးဟာ  မြန်မာနိုင်ငံသားတွေလည်း ဖြစ်ကြ ပါတယ်။ အဲ့ဒီ့ဝန်ထမ်းသုံးဦးကိုတော့ ပြီးခဲ့ တဲ့သောကြာနေ့က တရားစီရင်ပြီးတော့ အမိန့်ချမှတ်ခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ် ဥပဒေရေးရာ ကော်မတီရဲ့ ဥက္ကဋ္ဌဦးလှသိန်းက ဗွီအိုအေကိုပြောခဲ့ပါတယ်။
“အမိန့်ချတာက သောကြာနေ့ကပေါ့။ ခင်မောင် ခေါ် အဏ္ဏဝါဆာဒတ်၊ သူက ပြစ်မှု ပုဒ်မ ၁၅၃ (က)၊ နောက် ၅၀၅ (ဂ)၊ အဲဒီ ပြစ်မှု နှစ်ခုအတွက် နှစ်နှစ်စီပေါ့- တပေါင်းတည်း ကျခံစေ ဆိုပြီးတော့ နှစ်နှစ်ပေါ့။ နောက် နိုင်ငံခြားငွေ လဲလှယ်မှု စည်းမျဉ်း ဥပဒေပုဒ်မ ၂၄ (၁) အရ တနှစ် ဆိုတော့ အဲဒီလူက သုံးနှစ်ကျတာပေါ့။ ပုဒ်မ သုံးခုအတွက် သုံးနှစ်။ နောက် ဦးခင်မောင်ဆွေ ခေါ် တာရက်၊ သူကတော့ ပြစ်မှုပုဒ်မ ၁၅၃ (က)၊ ပြစ်မှု ပုဒ်မ ၅၀၅ (ဂ)-တမှုကို နှစ်နှစ်စီ တပေါင်းတည်း ကျခံစေဆိုတော့ စုစုပေါင်း တပေါင်းတည်း ဆိုတော့ နှစ်နှစ်၊ နောက် ဒေါ်ချိုလေးမာက သူက ၁၅၃ (က) အရ နှစ်နှစ်၊ ပြစ်မှု ပုဒ်မ ၄၃၆/၁၀၉ အတွက် ငါးနှစ်၊ နောက် နိုင်ငံခြားငွေလဲလှယ်မှု စည်းမျဉ်း သတ်မှတ်ရေး ဥပဒေပုဒ်မ ၂၄(၁) အရ တနှစ်။ ပြစ်မှုတွေကို တပေါင်းတည်း ကျခံစေဆိုတော့ အကုန်လုံးပေါင်းလိုက်ရင် ခြောက်နှစ်။ ဒီအထဲမှာ ကျနော်တို့သိတာက အခု သုံးယောက်က UNHCR ကချည့်ပဲ။”
ထောင်ဒဏ်နှစ်နှစ် အပြစ်ပေးခံရတဲ့ ဦးခင်ရွှေဟာ ကုလသမဂ္ဂစားနပ်ရိက္ခာအစီအစဉ် WFPရဲ့ ၀န်ထမ်းဖြစ်သလိုပဲ ထောင်ဒဏ်သုံးနှစ် ချမှတ်ခံရတဲ့ ဦးခင်မောင်ဟာ UNHCR ကုလသမဂ္ဂ မဟာ မင်းကြီးရုံးရဲ့ ၀န်ထမ်းဖြစ်ပါတယ်။ ထောင်ဒဏ်ခြောက်နှစ်ချမှတ်ခံရသူ နောက်တစ်ဦးကတော့ CSSEPလို့ ခေါ်တဲ့ ရပ်ရွာလူထုဖွံ့ဖြိုးရေးစီမံချက်က မချိုမာ ဖြစ်ပါတယ်။ သူတို့သုံးဦးကို ရှေ့နေရှေ့ ရပ်နဲ့ လျောက်လဲခွင့်မပေးဘဲနဲ့ အပြစ်ပေးခဲ့တာ ဖြစ်တယ်လို့ ကုလသမဂ္ဂဘက်က ပြောခဲ့ပါတယ်။
သီးခြားလွတ်လပ်တဲ့ တရားစီရင်ခွင့် မရတာကြောင့်မို့လို့ ဒီလူတွေကို ပြန်လွှတ်ပေးဖို့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တာနားရော လူ့အခွင့်အရေး အဖွဲ့အစည်းတွေကပါ မြန်မာအစိုးရကို တောင်းဆိုခဲ့ကြတာပါ။ ဒီအဖွဲ့တွေရဲ့ပြောဆိုမူ နောက်တနေ့မှာပဲ သမ္မတရဲ့အမိန့်နဲ့ ဒီလူတွေကို ပြန်လွှတ်ပေးခဲ့တာပါ။ ရခိုင်အရေးအခင်းအပြီးမှာ ဖမ်းဆီးခံခဲ့ရတဲ့ အခြားကုလသမဂ္ဂ၀န်ထမ်းတွေကိုလည်း ဒီ့မတိုင်ခင်ကတည်းက ပြန်လွှတ်ပြီး ဖြစ်ပါတယ်။
The Myanmar Media မြန်မာမီဒီယာ 'ငါမကောင်းရင် ငါ့အကြောင်းရေးပေါ့'
The Myanmar Media မြန်မာမီဒီယာ 'ငါမကောင်းရင် ငါ့အကြောင်းရေးပေါ့' 
Written by ဒေါက်တာခင်မောင်ညို   
Wednesday, 29 August 2012 11:39
Photo:nationmultimedia.com
''ကိုဘသစ်၊ တနင်္လာနေ့က သတင်းထုတ်ပြန်တယ်။ မီဒီယာတွေကို သတင်းလွတ်လပ်ခွင့် ပေးလိုက်ပြီတဲ့။ ဆင်ဆာပြုလုပ်မှုတွေ အားလုံး ရပ်လိုက်သတဲ့''
''ဟုတ်ကဲ့ ကျွန်တော်လည်း ကြားလိုက်တယ်။ ခင်ဗျားက စာရေးနေတယ်ဆိုတော့ မီဒီယာအကြောင်းလေးကို မေးချင်တယ်။ ပထမကတော့ မီဒီယာဆိုတာ ဘာတွေလဲ၊ ဘယ်နှစ်မျိုးရှိလဲ''
''ခင်ဗျားမေးတာကောင်းပါတယ်။ Media ဆိုတာ ဗဟုဝုစ်ကိန်း။ အများပေါ့။ ဧက၀ုစ်ကိန်း medium ကလာတာ။ ကြားခံနယ်လို့ အဓိပ္ပာယ်ရပါတယ်။ ဥပမာ ပန်းချီဆွဲတဲ့အခါ မီဒီယမ်က ရေ သို့မဟုတ် ဆီ ဆိုတာရှိတာမျိုးပေါ့။ သတင်းမီဒီယာဆိုတာလည်း သုံးမျိုးလို့ သတ်မှတ်နိုင်တယ်။ ပုံနှိပ် (print media) ၊ အသံ(ရုပ်သံ)လွှင့် (broadcast) နဲ့ အွန်လိုင်း(online media) တို့ပဲ ဖြစ်တယ်''
''ဒါက လွတ်လပ်စွာ ပြောဆိုခွင့် ပုံနှိပ်ခွင့် (freedom of speech and the press) တို့ ဆိုတဲ့အခြေခံဥပဒေထဲမှာ ပါတယ်မဟုတ်လား''
''ပါပါတယ်။ မြန်မာပြည်မှာ ရှိခဲ့တဲ့ ၁၉၄၇ ခုနှစ် အခြေခံဥပဒေ၊ ၁၉၇၄ ခုနှစ် အခြေခံဥပဒေနဲ့ ၂၀၀၈ ခုနှစ် အခြေခံဥပဒေတွေထဲ အားလုံးပါတယ်။ ဒါပေမဲ့ ၁၉၆၂ ခုနှစ်လောက်ကတည်းက ဒီလိုစာပေစိစစ်ရေး စည်းမျဉ်း (censorship and regulation)  ကို ထုတ်ပြန်သတ်မှတ်ခဲ့တယ်''
''ဒီအရင်ကရော သတ်မှတ်ချက် တွေရှိလား''
''အင်း Media law တွေကတော့ ၁၉၃၃ ခုနှစ်ကတည်းက ရှိခဲ့တယ်။ ဗြိတိသျှ ကိုလိုနီလက်ထက်ကတည်းကပါ။ မြန်မာ့ကြိုးမဲ့ ကြေးနန်းဥပဒေ (The Burma Wireless TelegraphyAct 1933) ဆိုတာ ရှိခဲ့တယ်။ ဥပဒေထဲမှာတော့ ခွင့်ပြုချက် တစ်စုံတစ်ရာမရှိဘဲ ကြိုးမဲ့ကြေးနန်းကိရိယာ တစ်စုံတစ်ခုကို ပိုင်ဆိုင်ခြင်းဟာ ဥပဒေချိုးဖောက်တယ်လို့ ဆိုတယ်။ ဒီဥပဒေကိုပဲ ၁၉၉၅-၉၆ မှာ ပြင်ဆင်ခဲ့တယ်။ အဲဒီထဲမှာ ဖက်စ်နဲ့ ကွန်ပျူတာကို ထပ်ထည့်တာပါပဲ''
''၁၉၆၂ ခုနှစ် ဥပဒေကရော''
''Printers and Publishers Registration law 1962 ဆိုတာ ရှိတယ်။ ပုံနှိပ်ထုတ်ဝေသူများ မှတ်ပုံတင်ရေး ဥပဒေလို့ ဆိုရမယ်။ စာအုပ် မထုတ်မီ စာပေစိစစ်ရေးအဖွဲ့ကို တင်ပြရတာမျိုးပါ။ စာပေစိစစ်ရေးကို Press Scrutiny Boards လို့ ခေါ်တယ်''
''ဒီအတိုင်း ခုအချိန်ထိ ရှိခဲ့တာလား''
''၁၉၈၉ ခုနှစ် ညမထွက်ရအမိန့် ထုတ်တဲ့အချိန်မှာ ပုံနှိပ်ဥပဒေကိုလည်း ပြဋ္ဌာန်းထားတာရှိသေးတယ်။ Martial Law Order 3/89 (1989) ပါပဲ။ ပြည်ထဲရေးကခွင့်ပြုမှ ပုံနှိပ်ထုတ်ဝေခွင့်ရမယ်လို့ ကြေညာတာပါ''
''ဟုတ်ကဲ့ ကွန်ပျူတာ အင်တာနက်တွေနဲ့ ပတ်သက်လို့ကော''
''၁၉၉၅ ခုနှစ်မှာ ရုပ်မြင်သံကြားနဲ့ ဗီဒီယိုဥပဒေ The Television and Video Act (1995)၊ ၁၉၉၆ မှာ ရုပ်ရှင်ထုတ်လုပ်ခွင့်ဥပဒေ The Motion Picture Law (1996) ၊ ၁၉၉၆ ခုနှစ်မှာ ကွန်ပျူတာဥပဒေ The Computer Science Development Law (1996) ၊ ၂၀၀၀ ပြည့်နှစ်မှာ အင်တာနက်ဥပဒေ Internet Law (2000) ဆိုပြီး အသီးသီး ထွက်ခဲ့တယ်''
''ပါတယ်လေ Electronic Transactions Law (2004)ဆိုပြီး အင်တာနက်ကို ဆက်လက်ထိန်းချုပ်တာတွေ ရှိခဲ့တယ်။ ဒီ Electronic Transactions (2004)ကို ချိုးဖောက်ရင် ထောင် ၁၅ နှစ်ကျနိုင်တယ်''
''ဟုတ်ကဲ့ ဒီဥပဒေနဲ့ ကျခဲ့လူတွေ အများကြီးရှိခဲ့တယ်''
''ကျတာပေါ့။ ဒီဥပဒေနဲ့ အင်တာနက်ကြည့်သူ၊ အီးမေးလ်ပို့သူတိုင်းကို အပြစ်ရှိတယ်လို့ စွဲလို့ရတယ်။ လုံခြုံရေးကိုထိပါးသူ၊ နိုင်ငံတော် ပြိုကွဲအောင်လုပ်သူ၊ သတင်းဖြန့်သူတွေလို့ အင်တာနက်ကြည့်သူတွေကို စွပ်စွဲလို့ရတယ်။ ဒီလိုလူတွေ အားလုံးကို အပြစ်ပေးနိုင်တဲ့ ဥပဒေ ဖြစ်နေတယ်''
ဗြိတိသျှဆီကနေ လွတ်လပ်ရေးရတော့ ၁၉၄၈ ခုနှစ်ပေါ့လေ။ ၁၉၆၂ ခုနှစ်အတွင်း ယာယီဒီမိုကရေစီရတဲ့ ၁၄ နှစ်တာ ကာလကိုကြည့်ရင် မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ သတင်းစာလွတ်လပ်ခွင့် အရှိဆုံးသော နိုင်ငံဖြစ်ခဲ့ပါတယ် . . .
''အင်း တကယ်စိတ်မချရတဲ့ အခြေအနေတွေ မဟုတ်ပေမယ့် စိုးရိမ်စိတ်တွေက ရှိနေတယ်။ ဒါကြောင့် တော်ရုံတန်ရုံ အမှားကလေးကို လုပ်ရင်တောင် အမှားကြီးလိုမျိုး အပြစ်ပေးခံရတာပါ''
''အင်း သမိုင်းအစက ဗြိတိသျှတွေ စခဲ့တာပဲ။ ဒါကြောင့် သမိုင်းမလှတာ''
''ဒီလိုမဟုတ်ဘူးဗျ။ ဗြိတိသျှတွေ ကိုလိုနီမပြုခင်က မြန်မာမီဒီယာတွေဟာ အတော်လေး သွက်လက်တဲ့ Active Media တစ်ခုဖြစ်ခဲ့တယ်။ မြန်မာနိုင်ငံမှာ ပထမဦးဆုံးသတင်းစာက မော်လမြိုင်ခရော်နီကယ် (The Maulmain Chronicle) ဖြစ်တယ်။ ၁၈၃၆ ခုနှစ်မှာ ပုံနှိပ်ထုတ်ဝေခဲ့တယ်။ မင်းတုန်းမင်းကြီးဟာလည်း စာပေလွတ်လပ်ခွင့်ကို လေးစားသူတစ်ဦးဖြစ်တယ်။ ရတနာပုံနေပြည်တော် သတင်းစာကို မြန်မာလို ပုံနှိပ်ရေးအတွက် အကူအညီတွေ ပေးခဲ့တယ်။
''ငါမကောင်းရင် ငါ့အကြောင်းရေး။ ငါ့မိဖုရားတွေမကောင်းရင် မိဖုရားတွေ မကောင်းကြောင်းရေးဆိုပြီး ခွင့်ပြုကာ အားပေးအားမြှောက်ပြုခဲ့တယ်''
''မင်းတုန်းမင်းကြီးဟာ တကယ့် မီဒီယာကို သဘောကျတာပေါ့''
''သဘောကျတာထက် သဘောပေါက်တယ်လို့ ဆိုနိုင်တယ်။ မီဒီယာဟာ ကိုလိုနီစနစ်ကိုခုခံဖို့ အသုံးဝင်မယ်လို့ ယူဆခဲ့တယ်။ နိုင်ငံတော်ရဲ့ ပထမဦးဆုံး လွတ်လပ်စွာ ပုံနှိပ်ထုတ်ဖော်ရေးသားခွင့် တိုင်းရင်းသားပုံနှိပ်ဥပဒေ (၁၇) ခု (The country's first indigenous press law, the Seventeen Articles) ကို ထုတ်ပြန်ခဲ့တယ်''
''သူက မြန်မာတစ်ဘာသာကိုပဲ ထုတ်ဝေခွင့်ပြုတာလား''
''မဟုတ်ဘူး။ တရုတ်၊ အင်္ဂလိပ်၊ မြန်မာဘာသာအားလုံးကို အသုံးပြု ထုတ်ဝေခွင့်ပြုတယ်။ ပြည်တွင်း ပြည်ပသတင်းတွေအားလုံး ပုံနှိပ်ထုတ်ဝေခွင့်ပြုတယ်''
''နိုင်ငံရေးအင်တာဗျူးတွေ ကောပါလား''
''ပါတယ်လို့ ပြောတယ်။ နိုင်ငံရေးသမားတွေရဲ့ အင်တာဗျူးတွေပါတယ်။ နိုင်ငံခြား သတင်းထောက်တွေအနေနဲ့ အရှေ့တောင်အာရှမှာ ဒီလိုမျိုး လွတ်လပ်ခွင့်တွေ မရှိသလောက် ရှားတယ်လို့ဆိုတယ်''
''ကိုလိုနီခေတ်ကိုပြောပြပါဦး''
''ကိုလိုနီခေတ်မှာ စာစောင်တွေရဲ့ အရေအတွက်တွေ တဖြည်းဖြည်းနဲ့ များလာတယ်။ ၁၉၁၁ ခုနှစ်မှာ သတင်းစာနဲ့ အခြားစာစောင် ၄၄ မျိုးကို ထုတ်ဝေနေတယ်''
''ဟာ အများကြီးပဲ''
''ဒါတင်ဘယ်ကမလဲ ၁၉၂၁ ခု နှစ်မှာ စာစောင် ၁၀၃ မျိုးဖြစ်နေပြီ။ ၁၉၃၀ ခုနှစ်တွေကဆိုရင် သတင်းစာဂျာနယ် စာစောင်အမျိုးအစားပေါင်း ၂၀၀ ဖြစ်နေသတဲ့''
''အင်း  ၁၉၂၁ ခုနှစ်က တစ်ရာကျော်နေတယ်။ နောက် ၁၀ နှစ်ကြာတော့ နှစ်ဆဖြစ်လာတယ်။ ဒါဟာ တကယ့်ကို ကြောက်ခမန်းလိလိ တိုးတက်တာပဲမဟုတ်လား''
''ဟုတ်တယ် ဗြိတိသျှဆီကနေ လွတ်လပ်ရေးရတော့ ၁၉၄၈ ခုနှစ်ပေါ့လေ။ ၁၉၆၂ ခုနှစ်အတွင်း ယာယီဒီမိုကရေစီရတဲ့ ၁၄ နှစ်တာကာလကိုကြည့်ရင် မြန်မာပြည်ဟာ အရှေ့တောင်အာရှမှာ သတင်းစာ လွတ်လပ်ခွင့်အရှိဆုံးသော နိုင်ငံဖြစ်ခဲ့ပါတယ်''
''တယ် ဟုတ်ပါလား''
''၁၉၄၇ ခုနှစ် အခြေခံဥပဒေကလည်း လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေခွင့် freedom of the press ကို အသေအချာ အာမခံခဲ့တယ်။ အဲဒီကာလက မြန်မာနိုင်ငံဟာ အာရှတိုက်မှာ သတင်းစာလွတ်လပ်ခွင့်အရှိဆုံး နိုင်ငံတစ်နိုင်ငံလို့ သတင်းစာဆရာကြီး ကြေးမုံဦးသောင်းက ပြောခဲ့တယ်။ ၁၉၆ရ ခုနှစ်က သူ့ရဲ့နေ့စဉ်သတင်းစာဖြစ်တဲ့ ကြေးမုံဟာ စောင်ရေကိုးသောင်း  ပုံနှိပ်ခဲ့ရတယ်။ အဲဒီအချိန်က မြန်မာ့လူဦးရေ ၁၇ သန်းသာ ရှိပါသေးတယ်''
''၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးတဲ့နောက်ကော''
''ဂျာနယ်လစ်တွေဟာ ချက်ချင်းလိုလိုပဲ တုံ့ပြန်ခဲ့တယ်။ စစ်အာဏာသိမ်းပြီးတဲ့နောက်မှာ စာနယ်ဇင်းများအတွက် တိုက်ပွဲဝင်ဖို့ မြန်မာစာနယ်ဇင်းကောင်စီ (Burma Press Council) ကို ဖွဲ့ခဲ့ကြတယ်''
''အဆင်ပြေသလား''
''ဂျာနယ်လစ်အများအပြား ထောင်ထဲရောက်ကုန်တယ်။ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေစာစောင် အများအပြား ရပ်သွားတယ်။ ၁၉၈၈ ခုနှစ်ရောက်တော့  စာစောင်အရေအတွက်ဟာ ၃၀ ကနေရှစ်စောင်ပဲ ကျန်တော့တာကို တွေ့ရတယ်''
''သူတို့ရော လွတ်လွတ်လပ် လပ်လုပ်လို့ ရရဲ့လား''
''မရဘူး။ အစိုးရက ချုပ်ကိုင်ထားတဲ့ မီဒီယာတွေဖြစ်တယ်။ ရေဒီယို၊ ရုပ်မြင်သံကြား၊ သတင်းစာတွေ အားလုံးဟာ အစိုးရက ကြီးကြပ်ဆောင်ရွက်တယ်''
''ဘယ်လိုမှ မလွတ်လပ်တော့ဘူးပေါ့ ဟုတ်လား။ ဂျာနယ်လစ်တွေကော''
''အစိုးရကချုပ်ကိုင်ထားလေတော့ ဂျာနယ်လစ်တွေဟာလည်း အမြဲလိုလို စစ်ဆေးမေးမြန်းခြင်းခံရတယ်။ အစိုးရကို ထိခိုက်တဲ့သတင်း မျိုးရေးမိရင်ထောင်ထဲရောက်တဲ့အထိ  ဖမ်းခံထိတာတွေ အများကြီးပေါ့''
''သတင်းစာတွေက ဘာတွေရေးလဲ''
''၀ါဒဖြန့်တာတွေပေါ့၊ အတိုက်အခံတွေကို စော်ကားတယ်၊ မတရားပြောတာတွေကို ရေးတာပါပဲ။ အစိုးရ ပြောချင်တာတွေကို မီဒီယာတွေကို သုံးတာပေါ့''
''လွန်ခဲ့တဲ့ ၁၀ နှစ်လောက်က ဒါမျိုးတွေကိုတော့ သတိရမိပါတယ်''
''မကြာသေးခင်အချိန်ထိ နိုင်ငံခြားမီဒီယာတွေ၊ ဘီဘီစီ၊ အာအက်ဖ်အေ၊ ဒီဗွီဘီ၊ ဗွီအိုအေတို့ကို အပြစ်တင်တဲ့စာတွေကို သတင်းစာတွေမှာ ရေးနေတာပဲလေ''
''အချို့ဆောင်းပါးတွေ မထည့်မနေရထည့်ရတယ် မဟုတ်လား''
''ဟုတ်တယ်လေ။ စာလုံးသေးရင်တောင် ခေါ်ပြီးသတိပေးတယ်။ ပြည်ထောင်စုပြိုကွဲအောင် ရေးသားတယ်ဆိုပြီး စာစောင်တွေ ပိတ်ခံထိတာတွေလည်း ရှိတယ်''
''ဟုတ်တယ်ဗျ။ ကျွန်တော်က ဂျာနယ်တိုက်တစ်ခုမှာ အယ်ဒီတာ လုပ်ဖူးသေးတယ်။ အဲဒီမှာ စာနဲ့မဟုတ်ပေမယ့် သိထားသင့်တဲ့အချက်တွေကို တေးမှတ်ထားရတယ်''
''ဘာတွေများလဲ''
''ဒီမိုကရေစီအကြောင်းမဆွေး နွေးရ၊ မရေးရဘူး''
''နောက်''
''စစ်အာဏာသိမ်းတာ မတရားတဲ့အကြောင်း ဆွေးနွေးရေးသားခွင့် မရှိဘူး။ အကျင့်ပျက် လာဘ်စားတာတွေကိုလည်း ရေးလို့မရဘူး။ နောက်ထူး ဆန်းတာရှိသေးတယ်''
''ဘာတွေများလဲ''
''ရေကြီးတာမျိုးတွေ HIV/AIDS ဖြစ်တာမျိုးတွေ၊ မီးလောင်တာမျိုးတွေ မရေးရဘူး။ မြန်မာအသင်း ဘောပွဲရှုံးတာလည်း မရေးရဘူး''
''အတော်ဆိုးတယ်ပြောမလား၊ ရယ်ရတယ်ပြောမလားပဲ၊ ဒေါ်စုအကြောင်းကော''
''ဒေါ်အောင်ဆန်းစုကြည် အကြောင်းမရေးရသလို ကုလသမဂ္ဂလုပ်  ဆောင်ချက်တွေကိုလည်း ရေးလို့မရဘူး''
''မကောင်းတာတွေကိုရော''
''အစိုးရမီဒီယာတွေထဲမှာ အမေရိကန်အစိုးရ မကောင်းတာတို့၊ ဗြိတိန်အစိုးရ အကျင့်ပျက်တာတွေတို့၊ ဥရောပသမဂ္ဂ ဆိုးရွားတာတို့ကို ရေးတယ်။ နိုင်ငံခြားသတင်းမီဒီယာတွေ အေဂျင်စီတွေကို ပိတ်တယ်။ ဒီကောင်တွေ လိမ်နေတာပဲလို့ ပြောဆိုသံတွေ ကြားဖူးတယ်''
''၂၀၀၅ ခုနှစ်မှာ အစိုးရက ၇၅ ရာခိုင်နှုန်းပါတဲ့ သတင်းမီဒီယာတွေကိုတော့ ခွင့်ပြုလိုက်ပါတယ်။ ပြည်တွင်းသတင်းဂျာနယ် အတော်များများကိုလည်း ခွင့်ပြုလာတယ်။ ap, afp, Reuters, Xinhua, Asahi Shin bon စတဲ့ သတင်းအေဂျင်စီ ၁၀ ခုကို ခွင့်ပြုလာတယ်''
''ခုတော့ မဇ္ဈိမတို့၊ ဒီဗွီဘီတို့၊ ဗီအိုအေတို့ပါ ပြည်တွင်းသတင်းအေဂျင်စီ ထောင်နေကြတယ် ကြားတယ်''
''မှန်တယ်၊ ဒီအတွက် မီဒီယာဥပဒေအသစ်၊ စာနယ်ဇင်းကောင်စီအသစ် လိုတယ်လို့ ဆိုတယ်''
''ဒါဆိုရင် ဘယ်လိုဖြစ်ဖြစ် ၂၀၁၂ ခုနှစ်သြဂုတ်လ ၂၀ ရက်နေ့ကိုတော့ မှတ်တမ်းတင်ထားရမှာပဲ။ အခြေခံဥပဒေနဲ့ ကိုက်ညီတဲ့ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ရေးသားခွင့်ကို တရားဝင်ကြေညာတဲ့နေ့လို့ ဆိုရမယ်''  ''မှန်ပါတယ်။ အခြေခံဥပဒေနဲ့ ကိုက်ညီတယ်ဆိုရင် အကောင်းဆုံးပေါ့လေ''
''မင်းတုန်းမင်းကြီးသာရှိရင် ဘယ်လောက်ဝမ်းသာမလဲ။ သူမျော်လင့်တဲ့ နိုင်ငံဖြစ်ပေါ်လာပြီလို့ ကြွေးကြော်မှာ အသေအချာပဲ'' 
''ရေးတဲ့သူတွေမှာ တာဝန်ရှိပါတယ်''
''ငါမကောင်းရင် ငါ့အကြောင်း ရေးပေါ့''
ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများတွင် ပါဝင် ပတ်သက်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ကျခံနေရသော UN နှင့် INGO ၀န်ထမ်း သုံးဦးအား နိုင်ငံတော်သမ္မတ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြု
ရခိုင်ပြည်နယ်အတွင်း ဆူပူအကြမ်းဖက်မှုများတွင် ပါဝင် ပတ်သက်ခဲ့ခြင်းကြောင့် ထောင်ဒဏ်ကျခံနေရသော UN နှင့် INGO ၀န်ထမ်း သုံးဦးအား နိုင်ငံတော်သမ္မတ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပြု  
Tuesday, 28 August 2012 20:16
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ရခိုင်ပြည်နယ် အတွင်း ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်မှုဖြင့် ထောင်ဒဏ်ကျခံနေရသော ၀န်ထမ်း(၃) ဦးအား ပြစ်ဒဏ်မှ လွတ်ငြိမ်းသက်သာခွင့် ပြုလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးမှ သြဂုတ်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။
အဆိုပါသုံးဦးမှာ ၁။ ဦးကာယက်စ်(ခ)ခင်ရွှေ (WFP) ထောင်ဒဏ် (၂)နှစ် ၂။ ဦးအဏာဝါဆာဒဏ်(ခ)ခင်မောင် (UNHCR) ထောင်ဒဏ် (၃)နှစ် ၃။ ဒေါ်ချိုလေးမာ(ခ)ချိုမာ (UNHCR/CSSEP) ထောင်ဒဏ် (၆)နှစ် ဖြစ်ကြပြီး ၎င်းတို့မှာ ကျူးလွန်ခဲ့သော ပြစ်မှုများကြောင့် ပြစ်ဒဏ်စီရင်ခြင်း ခံထားရသူများ ဖြစ်ကြသည်။
ဇွန်လ ၈ ရက်နေ့က ဖြစ်ပွားခဲ့သည့် ဆူပူအကြမ်းဖက်မှုများတွင် ပါဝင်ခဲ့သည့် ၎င်းတို့အား မောင်တောမြို့နယ်တရားရုံးမှ သြဂုတ်လ ၂၄ ရက်နေ့က ထောင်ဒဏ်အသီးသီး ချမှတ်ခဲ့သည်။
Comments 
+6 #15 Bunny 2012-08-29 14:59
We can understand the pressure to our Government from those UNs and Internationals. But the Government should not change his decision within such short period. Especially the decision was done according to the law of Myanmar. Hard to think about what is the true law of Myanmar.
Just wondering why the Government has not releasing those Rakhine people, yet who have been arrested during this riot. Because there is no internationals voice from Rakhine side?
+2 #14 Homeboy 2012-08-29 14:30
This is the style of military government, never think for people sake, always consider for their business cos they are afraid of OIC and their money kept in those countries.
Had to wait many many years for political prisoners relief. It tool only a week for those Bangali.
Our brave president. Be proud.
+5 #13 shwe phyu 2012-08-29 13:52
Sentenced the terrorists by Myanmar Law on 24th Aug and the President gave pardon on 28th Aug. Don't even know what to write anymore about Myanmar Govt as they can change whatever they want within 4 days.
+10 #12 U Than Htun 2012-08-29 13:00
Quoting maungmyaygyi:
ကျုပ်တို့ နိုင်ငံ ကျုပ်တို့ တိုင်းရင်းသားတွေအတွက်တော့ တော်တော်ကို ရတက်မအေးစရာ ဖြစ်နေပါပြီ။ သမ္မတဆိုတဲ့ လူကြီး ခုလို ရာဇ၀တ်ကောင်တွေကို ပြန်လွှတ်လိုက်တာ တရားရုံးဆုံးဖြတ်ချက်က မှားနေလို့လား။ ဒီကောင်တွေက တကယ်ကို အပြစ်မရှိတဲ့ သူတော်စင်တွေ ဖြစ်နေလို့လား။
တရားဥပဒေစိုးမိုးရေး ဆိုတာ မြောင်းထဲရောက်သွားပါပြီ။ ခုကိစ္စမှာတော့ သမ္မတကိုယ်တိုင်က တရားဥပဒေစိုးမိုးရေးကို မြောင်းထဲကို တွန်းချလိုက်တာပါ။
မွတ်ဆလင်ကုလားကောင်တွေ တိုင်းရင်းသားတွေအပေါ် ကြိုက်သလိုသာ နှိပ်စက်ကြတော့ လို့ သွယ်ဝိုက်သောနည်းနဲ့ လမ်းဖွင့်ပေးလိုက်တယ် လို့ မှတ်ယူလိုက်ပါတယ်။
မွတ်ဆလင်ကုလားကောင်တွေများတဲ့ ရပ်ကွက်တွေ နေရာဌာနတွေမှာ ဗမာအပါအ၀င် တိုင်းရင်းသူအမျိုးသမီးလေးတွေဟာ နည်းအမျိုးမျိုးနဲ့ စော်ကားခံနေကြရတယ်။ ဒါကို ဘယ်သူ့ကို ဘယ်အဖွဲ့အစည်းကိုမှလဲ တိုင်လို့ မရခဲ့ဘူး။ ခုတော့ တိုင်ချင်ရာတိုင် ဘာမှ သောက်ရေးစိုက်ဖို့ မလိုဘူး။ ငါတို့ မွတ်ဆလင်ကုလားကောင်တွေကို နင်တို့ နိုင်ငံရဲ့ သမ္မတကတောင် လွတ်ငြိမ်းခွင့်ပေးရတယ် ဆိုတာ နင်တို့ သဘောပေါက်-ဆိုပြီး မွတ်ဆလင်ကုလားကောင်တွေ လက်မထောင်လာတော့မှာ အသေအချာပါဘဲဗျာ။
အခုလွတ်ငြိမ်းချမ်းသာခွင်.ရတဲ.လူတွေကနိုင်ငံတကာအဖွဲ.အစည်းတွေကပါ ... လက်မထောင်ချင်းထောင်အဲဒီအဖွဲ.တွေကပဲထောင်မှာပါ ... ဘာအကြောင်းပြချက်မှမပေးပဲ ဒီအတိုင်းကြီးလွှတ်ပေးလိုက်တာကတော့အဲဒီအဖွဲ.တွေကိုဩဇာကြီးသွားစေပါတယ်... နောင်ဆိုလည်းဒီလိုပဲချယ်လှယ်ခံရဖို.က ရာခိုင်နှုန်းပိုများလာပါပြီ ... ဒီတော့ပြည်သူပြည်သား(ဘာသာတူ/ဘာသာခြား)အချင်းချင်းအမုန်းပွါးနေမယ်.အစား အဲဒီအဖွဲ.အစည်းတွေကိုနောက်နောင်အခုလိုလုပ်ချင်တိုင်းမလုပ်နိုင်အောင်ဘယ်လိုလုပ်ရမလည်းဆိုတာကိုစဉ်းစားဆုံးဖြတ် ကန့်ကွက်ရမယ်.အချိန်ရောက်နေပြီလို.မြင်မိပါတယ် ...
+12 #11 sans 2012-08-29 12:44
တကယ်တော့ ပြည်ပမှာ ရောက်နေတဲ့သူတွေကရိုဟင်ဂျာအမည်ခံဘင်္ဂလီတွေ တိုင်းခြားမှာမြန်မာကလာတယ်ဆိုပြီးဘယ်လို အခွင့်အရေးတွေယူနေသလဲဆိုတာပိုသိပါတယ်။တကယ်တော့ မူရင်းဒေသ က ဘင်ဂလားဒေခ်ျ ပါ။သူတို့ကို ဒီလိုအခွင့်တွေ ပေးနေရင် မြန်မာနိုင်ငံအတွက် ရင်လေးဘွယ်ဖြစ်ပြီး ဘင်ဂလားဒေခ်ျတွေ ရဲ့ ပြဿနာတွေ ကိုဖြေရှင်းလို့ဆုံးမယ်မထင်တော့ဘူး။မူဆလင်နိုင်ငံတခုတိုးလာသလိုတော့ဖြစ်မှာပေါ့။ထိုင်းကို အတုယူသင့်တယ်။နောက်မှ နောင်တ မရပါစေနဲ့
+18 #10 maungmyaygyi 2012-08-29 11:57
ကျုပ်တို့ နိုင်ငံ ကျုပ်တို့ တိုင်းရင်းသားတွေအတွက်တော့ တော်တော်ကို ရတက်မအေးစရာ ဖြစ်နေပါပြီ။ သမ္မတဆိုတဲ့ လူကြီး ခုလို ရာဇ၀တ်ကောင်တွေကို ပြန်လွှတ်လိုက်တာ တရားရုံးဆုံးဖြတ်ချက်က မှားနေလို့လား။ ဒီကောင်တွေက တကယ်ကို အပြစ်မရှိတဲ့ သူတော်စင်တွေ ဖြစ်နေလို့လား။
တရားဥပဒေစိုးမိုးရေး ဆိုတာ မြောင်းထဲရောက်သွားပါပြီ။ ခုကိစ္စမှာတော့ သမ္မတကိုယ်တိုင်က တရားဥပဒေစိုးမိုးရေးကို မြောင်းထဲကို တွန်းချလိုက်တာပါ။
မွတ်ဆလင်ကုလားကောင်တွေ တိုင်းရင်းသားတွေအပေါ် ကြိုက်သလိုသာ နှိပ်စက်ကြတော့ လို့ သွယ်ဝိုက်သောနည်းနဲ့ လမ်းဖွင့်ပေးလိုက်တယ် လို့ မှတ်ယူလိုက်ပါတယ်။
မွတ်ဆလင်ကုလားကောင်တွေများတဲ့ ရပ်ကွက်တွေ နေရာဌာနတွေမှာ ဗမာအပါအ၀င် တိုင်းရင်းသူအမျိုးသမီးလေးတွေဟာ နည်းအမျိုးမျိုးနဲ့ စော်ကားခံနေကြရတယ်။ ဒါကို ဘယ်သူ့ကို ဘယ်အဖွဲ့အစည်းကိုမှလဲ တိုင်လို့ မရခဲ့ဘူး။ ခုတော့ တိုင်ချင်ရာတိုင် ဘာမှ သောက်ရေးစိုက်ဖို့ မလိုဘူး။ ငါတို့ မွတ်ဆလင်ကုလားကောင်တွေကို နင်တို့ နိုင်ငံရဲ့ သမ္မတကတောင် လွတ်ငြိမ်းခွင့်ပေးရတယ် ဆိုတာ နင်တို့ သဘောပေါက်-ဆိုပြီး မွတ်ဆလင်ကုလားကောင်တွေ လက်မထောင်လာတော့မှာ အသေအချာပါဘဲဗျာ။
+34 #9 sis min aung 2012-08-29 10:21
ကျွန်တော်တို့လည်း လူသတ်ချင်ပါတယ် လွတ်ငြိမ်းချမ်းသာခွင့်သေချာရင်
+22 #8 U Than Htun 2012-08-29 10:20
Quoting ရခိုင်သို့မဟုတ်မြန်မာကြီး:
ဒီကောင်တေ[quote name="ရခိုင်သို့မဟုတ်မြန်မာကြီး"]ရခိုင်ပြည်သူတွေအပေါ်သမတကြီးလုပ်တာတော်တော်များလာပြီ။ခုတစ်ကြိမ်ဆိုရင် လေးကြိမ်တိတိရှိနေပြီ။
ဒီလောက်ထိသက်သေစာရွက်စာတမ်းနဲ့တကွရှိနေတဲ့
အကြမ်းဖက်လူမျိုးတုန်းသတ်ဖို့ ဦးဆောင်ခဲ့တဲ့ လူသတ်ကောင်တွေကို လွှတ်ပေးလိုက်ပြန်ပြီဗျာ။
ဥပဒေဆိုတာဘယ်မှာလဲ။မွတ်ဆလင်နိုင်ငံတွေကို ကြောက်လို့ သူတို့ဘာလုပ်လုပ်လွှတ်ပေးနေမယ်ဆိုရင်
ဒီဘင်္ဂလီတွေက ရခိုင်တင်မက မြန်မာတစ်ပြည်လုံးကလူတွေကို သတ်ပြီး မြန်မာပြည်ကို သိမ်းပိုက်သွားလဲ သမတကြီးက အရေးယူမှာမဟုတ်တာသေချာသွားပြီ။သူများကိုကြောက်လို့ သာဒီလိုလူသတ်ကောင်တွေကို လွှတ်ပေးနေမယ်ဆိုရင် မြန်မာပြည်သူတွေအတွက် ဥပဒေဆိုတာဘယ်လိုလုပ်အားကိုးလို့ရတော့မှာလဲဗျာ။ဥပဒေဆိုတာ ရခိုင်လူမျိုးအပါအ၀င် မြန်မာပြည်သားအားလုံးကို
နှိပ်ကွပ်ရုံသက်သက်ဖြစ်ပြီး ဘင်္ဂလီနဲ့ တိုင်းတပါးသားများကို ဘာလုပ်လုပ်ဆိုပြီး ရေးဆွဲထားတဲ့ ဥပဒေလားဗျာ။
ဒီအတိုင်းဆိုရင်တော့ ရခိုင်တွေ မြန်မာပြည်မှာနေလို့မရတော့ဘူးနဲ့တူတယ်။ရခိုင်တွေမှာ ကိုယ့်သမတကလဲအားကိုးမရ၊နိုင်ငံတကာကတော့ ဝေလာဝေး။ဒီတော့ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးကို စောင့်ရှောက်ဖို့အတွက် ရခိုင်ပြည်က ပြည်ထောင်စုကခွဲ့ထုတ်ပြီး အာဏာကို ရခိုင်သားလက်ထဲသာထည့်ပေးလိုက်ပါတော့ဗျာ။သမတ ရခိုင်ပြည်ကို မကာကွယ်နိုင်ပေမယ့် ရခိုင်သားတွေလက်ထဲမှာ အာဏာရှိခဲ့ရင် ရခိုင်တို့ရဲ့မျိုးချစ်စိတ်ဓါတ်အပြည့်နဲ့ ကျုပ်တို့ ရခိုင်ပြည်ကို ကာကွယ်နိုင်စွမ်းအပြည့်ရှိပါတယ်။ရခိုင်သားလက်ထဲမှာ အာဏာမရှိသရွေ့ ရခိုင်ပြည်ကို ကာကွယ်နိုင်မှာမဟုတ်တော့ဘူး။ရခိုင်ပြည်ကို ရခိုင်လူမျိုးအုပ်ချုပ်မှ ရခိုင်ပြည်နဲ့ရခိုင်လူမျိုး၊ဘာသာ၊သာသနာကို အပြည့်အ၀ကာကွယ်နိုင်မယ်။သမတလုပ်ပုံနဲ့ဆိုရင်တော့ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးသည် ပြတိုက်မှာသွားကြည့်ရလိမ့်မယ်။။။။။
ဒီကောင်တွေရဲ့စိတ်ထဲမှာတော့ ငါတို့ဘာလုပ်လုပ် ငါတို့နောက်မှာ မွတ်ဆလင်နိုင်ငံကြီးတွေရှိတဲ့အတွက် လူသတ်ချင်သလောက်သတ် သမ္မတကလွှတ်ပေးမှာဘဲ ဆိုတဲ့ အတွေးမျိုးရောက်သွားမှာသေချာတယ်။
အပြစ်ရှိရင်တော့လွှတ်ပေးစရာအကြောင်းကိုမရှိဘူးဗျ ... ထိုက်သင့်တဲ.အပြစ်ဒဏ်တော့ပေးရမှာပဲ ... ဒါပေမယ်.ကိုရခိုင်ကြီးပြောသလိုလူမျိုးတုံးသတ်ဖြတ်နေတယ်လို.ပြောတာတော့သိပ်အံမဝင်လှဘူးဗျ ... ဘာလို.လဲဆိုတော့နှစ်ဖက်စလုံးထိခိုက်သေကြေပျက်စီးကြတာဘာပဲလေ... သမ္မတကိုယ်တိုင်ကပြည်တွင်းရေးကိုဝင်ရောက်စွက်ဖက်မှုတွေကိုမလိုလား၊မထောက်ခံမှတော့ မွတ်ဆလင်နိုင်ငံကြီးတွေကိုကြောက်လို.လည်းမဖြစ်တန်ရာဘူး ... လွှတ်မယ်ဆိုလည်းအကြောင်းပြချက်တခုခုတော့ခိုင်ခိုင်မာမာပြသင့်တယ်... ဒီအတိုင်းလွှတ်ပေးတယ်ဆိုရင်တော့ဒါဟာမတရားမှု၊ဘက်လိုက်မှုပါ :(
+18 #7 ရခိုင်သို့မဟုတ်မြန်မာကြီး 2012-08-29 09:02
ဒီကောင်တေ[quote name="ရခိုင်သို့မဟုတ်မြန်မာကြီး"]ရခိုင်ပြည်သူတွေအပေါ်သမတကြီးလုပ်တာတော်တော်များလာပြီ။
ခုတစ်ကြိမ်ဆိုရင် လေးကြိမ်တိတိရှိနေပြီ။
ဒီလောက်ထိသက်သေစာရွက်စာတမ်းနဲ့တကွရှိနေတဲ့
အကြမ်းဖက်လူမျိုးတုန်းသတ်ဖို့ ဦးဆောင်ခဲ့တဲ့ လူသတ်ကောင်တွေကို လွှတ်ပေးလိုက်ပြန်ပြီဗျာ။
ဥပဒေဆိုတာဘယ်မှာလဲ။မွတ်ဆလင်နိုင်ငံတွေကို ကြောက်လို့ သူတို့ဘာလုပ်လုပ်လွှတ်ပေးနေမယ်ဆိုရင်
ဒီဘင်္ဂလီတွေက ရခိုင်တင်မက မြန်မာတစ်ပြည်လုံးကလူတွေကို သတ်ပြီး မြန်မာပြည်ကို သိမ်းပိုက်သွားလဲ သမတကြီးက အရေးယူမှာမဟုတ်တာသေချာသွားပြီ။သူများကိုကြောက်လို့ သာဒီလိုလူသတ်ကောင်တွေကို လွှတ်ပေးနေမယ်ဆိုရင် မြန်မာပြည်သူတွေအတွက် ဥပဒေဆိုတာဘယ်လိုလုပ်အားကိုးလို့ရတော့မှာလဲဗျာ။ဥပဒေဆိုတာ ရခိုင်လူမျိုးအပါအ၀င် မြန်မာပြည်သားအားလုံးကို
နှိပ်ကွပ်ရုံသက်သက်ဖြစ်ပြီး ဘင်္ဂလီနဲ့ တိုင်းတပါးသားများကို ဘာလုပ်လုပ်ဆိုပြီး ရေးဆွဲထားတဲ့ ဥပဒေလားဗျာ။
ဒီအတိုင်းဆိုရင်တော့ ရခိုင်တွေ မြန်မာပြည်မှာနေလို့မရတော့ဘူးနဲ့တူတယ်။ရခိုင်တွေမှာ ကိုယ့်သမတကလဲအားကိုးမရ၊နိုင်ငံတကာကတော့ ဝေလာဝေး။ဒီတော့ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးကို စောင့်ရှောက်ဖို့အတွက် ရခိုင်ပြည်က ပြည်ထောင်စုကခွဲ့ထုတ်ပြီး အာဏာကို ရခိုင်သားလက်ထဲသာထည့်ပေးလိုက်ပါတော့ဗျာ။သမတ ရခိုင်ပြည်ကို မကာကွယ်နိုင်ပေမယ့် ရခိုင်သားတွေလက်ထဲမှာ အာဏာရှိခဲ့ရင် ရခိုင်တို့ရဲ့မျိုးချစ်စိတ်ဓါတ်အပြည့်နဲ့ ကျုပ်တို့ ရခိုင်ပြည်ကို ကာကွယ်နိုင်စွမ်းအပြည့်ရှိပါတယ်။ရခိုင်သားလက်ထဲမှာ အာဏာမရှိသရွေ့ ရခိုင်ပြည်ကို ကာကွယ်နိုင်မှာမဟုတ်တော့ဘူး။ရခိုင်ပြည်ကို ရခိုင်လူမျိုးအုပ်ချုပ်မှ ရခိုင်ပြည်နဲ့ရခိုင်လူမျိုး၊ဘာသာ၊သာသနာကို အပြည့်အ၀ကာကွယ်နိုင်မယ်။သမတလုပ်ပုံနဲ့ဆိုရင်တော့ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးသည် ပြတိုက်မှာသွားကြည့်ရလိမ့်မယ်။။။။။
ဒီကောင်တွေရဲ့စိတ်ထဲမှာတော့ ငါတို့ဘာလုပ်လုပ် ငါတို့နောက်မှာ မွတ်ဆလင်နိုင်ငံကြီးတွေရှိတဲ့အတွက် လူသတ်ချင်သလောက်သတ် သမ္မတကလွှတ်ပေးမှာဘဲ ဆိုတဲ့ အတွေးမျိုးရောက်သွားမှာသေချာတယ်။
+11 #6 ရခိုင်သို့မဟုတ်မြန်မာကြီး 2012-08-29 08:55
ရခိုင်ပြည်သူတွေအပေါ်သမတကြီးလုပ်တာတော်တော်များလာပြီ။ခုတစ်ကြိမ်ဆိုရင် လေးကြိမ်တိတိရှိနေပြီ။
ဒီလောက်ထိသက်သေစာရွက်စာတမ်းနဲ့တကွရှိနေတဲ့
အကြမ်းဖက်လူမျိုးတုန်းသတ်ဖို့ ဦးဆောင်ခဲ့တဲ့ လူသတ်ကောင်တွေကို လွှတ်ပေးလိုက်ပြန်ပြီဗျာ။
ဥပဒေဆိုတာဘယ်မှာလဲ။မွတ်ဆလင်နိုင်ငံတွေကို ကြောက်လို့ သူတို့ဘာလုပ်လုပ်လွှတ်ပေးနေမယ်ဆိုရင်
ဒီဘင်္ဂလီတွေက ရခိုင်တင်မက မြန်မာတစ်ပြည်လုံးကလူတွေကို သတ်ပြီး မြန်မာပြည်ကို သိမ်းပိုက်သွားလဲ သမတကြီးက အရေးယူမှာမဟုတ်တာသေချာသွားပြီ။သူများကိုကြောက်လို့ သာဒီလိုလူသတ်ကောင်တွေကို လွှတ်ပေးနေမယ်ဆိုရင် မြန်မာပြည်သူတွေအတွက် ဥပဒေဆိုတာဘယ်လိုလုပ်အားကိုးလို့ရတော့မှာလဲဗျာ။ဥပဒေဆိုတာ ရခိုင်လူမျိုးအပါအ၀င် မြန်မာပြည်သားအားလုံးကို
နှိပ်ကွပ်ရုံသက်သက်ဖြစ်ပြီး ဘင်္ဂလီနဲ့ တိုင်းတပါးသားများကို ဘာလုပ်လုပ်ဆိုပြီး ရေးဆွဲထားတဲ့ ဥပဒေလားဗျာ။
ဒီအတိုင်းဆိုရင်တော့ ရခိုင်တွေ မြန်မာပြည်မှာနေလို့မရတော့ဘူးနဲ့တူတယ်။ရခိုင်တွေမှာ ကိုယ့်သမတကလဲအားကိုးမရ၊နိုင်ငံတကာကတော့ ဝေလာဝေး။ဒီတော့ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးကို စောင့်ရှောက်ဖို့အတွက် ရခိုင်ပြည်က ပြည်ထောင်စုကခွဲ့ထုတ်ပြီး အာဏာကို ရခိုင်သားလက်ထဲသာထည့်ပေးလိုက်ပါတော့ဗျာ။သမတ ရခိုင်ပြည်ကို မကာကွယ်နိုင်ပေမယ့် ရခိုင်သားတွေလက်ထဲမှာ အာဏာရှိခဲ့ရင် ရခိုင်တို့ရဲ့မျိုးချစ်စိတ်ဓါတ်အပြည့်နဲ့ ကျုပ်တို့ ရခိုင်ပြည်ကို ကာကွယ်နိုင်စွမ်းအပြည့်ရှိပါတယ်။ရခိုင်သားလက်ထဲမှာ အာဏာမရှိသရွေ့ ရခိုင်ပြည်ကို ကာကွယ်နိုင်မှာမဟုတ်တော့ဘူး။ရခိုင်ပြည်ကို ရခိုင်လူမျိုးအုပ်ချုပ်မှ ရခိုင်ပြည်နဲ့ရခိုင်လူမျိုး၊ဘာသာ၊သာသနာကို အပြည့်အ၀ကာကွယ်နိုင်မယ်။သမတလုပ်ပုံနဲ့ဆိုရင်တော့ ရခိုင်ပြည်နဲ့ ရခိုင်လူမျိုးသည် ပြတိုက်မှာသွားကြည့်ရလိမ့်မယ်။။။။။
+44 #5 tntun 2012-08-29 08:14
Orchid Hotel မှာအမှုဖြစ်နေတဲ့ ဂျပန်ကြီး ။
ဖင်ပိတ်ငြင်းမနေနဲ့ ၊ အမှုကြာသွားမယ်။
မြန်မြန်သာဝန်ခံလိုက်။
ပြစ်ဒါဏ်ချပြီးရင် ခင်ဗျားကို ကျွန်တော်တို့ သမ္မတကြီးက လွှတ်ပေးလိမ့်မယ်။
ရခိုင်ကလူသတ်သမားတွေတောင် လွတ်ကုန်ကြပြီ။
ကျွန်တော်တို့ မြန်မာပြည်ကထောင်တွေမှာ နိုင်ငံခြားသားအတွက်နေရာမရှိဘူး။
မြန်မာပြည်သူပြည်သား အပေါင်းတို့ခင်ဗျား။
နိုင်ငံခြားသားတစ်ယောက်ယောက်က မိမိကို အန္တရာယ်ပြုမည့် အရိပ်အယောင်
တွေ့ပါက တရားဥပဒေ အကာအကွယ်မစောင့်ပဲ မိမိကိုယ်ကို ကာကွယ်ရန်အတွက်
ထိုနိုင်ငံခြားသားကို တစ်ချက်တည်း အသေ ဗျင်းပါ။ သို့မဟုတ် လူမိသောခွေးသူခိုး
တစ်ကောင်ကဲ့သို့ အပီအပြင် ထွက်ပြေးပါခင်ဗျား။
+37 #4 pass word 2012-08-28 22:45
ပြည်သူ့ အစိုးရ ပြည်သူ့ အတွက်အလုပ်လုပ်နေတယ်ပြောပြီး
ရခိုင်တိုင်းရင်းသားအတွက်ဘာမှမလုပ်ပေးနိုင်ခဲ့ပါလား။ နယ်စပ်တော့မထိန်းနိုင်ဘူး။ ထိုင်ခုံတော့ထိန်းနိုင်ပါလား။ တော်လိုက်တဲ့ ပြည်သူ့ အစိုးရ
+44 #3 myanmayatanar 2012-08-28 22:19
သွားလေသူတွေက သွားလေပြီဆိုတော့ သမ္မတကြီးက ဂရုမစိုက်တော့ဘူးပေါ့။ အမေရိကန်တို့၊ ဗြိတိန်တို့နဲ့တော့ ကွာပါ့ဗျာ။ သူတို့မှာတော့ အခုအချိန်အထိ ရန်ကုန်က စစ်သင်္ချိုင်းကို ဂရုတစိုက်နဲ့ သွားလေသူတွေကို ဂုဏ်ပြုနေတုန်း။ တို့များ ရခိုင်တိုင်းရင်းသားတွေမှာတော့ မျက်နှာငယ်စရာကောင်းလိုက်တာဗျာ။တိုင်းပြည်အုပ်ချုပ်နေတဲ့ လူကြီးတွေရဲ့ စိတ်တွေ ဘယ်လိုနေနေ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူတွေကတော့ အသင်တို့နဲ့ အတူရှိနေပါတယ်ဗျာ။
+34 #2 Naymyo Nwae 2012-08-28 22:15
ဟာ............ဘယ်လိုမှနားမလည်တော့ဘူးဗျာ။
+107 #1 KZMO 2012-08-28 20:30
၎င်းတို့အားပြစ်မှူထင်ရှားသည့်အတွက် သမ္မတကြီးမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်သည်။ သေသွားတဲ့ကျွန်တော်တို့လုပ်ဖော်ကိုင်ဖက် ဆရာဝန်မိသားစုအစား ရင်နာလိုက်တာသမ္မတကြီးရယ် AMI ရခိုင်တွင်တာဝန်ထမ်းဆောင်ခဲ့သောဒေါက်တာခင်မောင်လှ မိသားစုအားရည်စူးလျက်
ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ရန် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများအား သမ္မတဦးသိန်းစိန် ပြောင်းလဲတာဝန်ပေး
ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ရန် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများအား သမ္မတဦးသိန်းစိန် ပြောင်းလဲတာဝန်ပေး 
Wednesday, 29 August 2012 10:25
ပြုပြင်ပြောင်းလဲရေး အရှိန်မြှင့်ရန် ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများအား သမ္မတဦးသိန်းစိန်က
 အမိန့်များ ထုတ်ပြန်၍ သြဂုတ်လ ၂၇ ရက်နေ့က စတင်ပြောင်းလဲ တာဝန်ပေးအပ်လိုက်သည်။
ယခု ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယ၀န်ကြီးများအား ပြောင်းလဲတာဝန်ပေးအပ်လိုက်ခြင်းသည် 
၂၀၁၁ ခုနှစ် မတ်လတွင် စတင်တာဝန်ယူခဲ့သည့် သမ္မတဦးသိန်းစိန်လက်ထက် အကြီးမားဆုံး 
အစိုးရအဖွဲ့ ပြုပြင်ပြောင်းလဲမှုလည်း ဖြစ်သည်။
သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ 
အဆက်မပြတ် ဆောင်ရွက်လာမှုကြောင့် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို နိုင်ငံတကာက ဖြေလျော့ဆိုင်းငံ့မှုများ ပြုလုပ်လာကြ သလို မြန်မာနိုင်ငံတွင် 
လာရောက်ရင်းနှီးမြှုပ်နှံကြရန်လည်း စိတ်ဝင်စားလာကြသည်။
ပြောင်းလဲတာဝန်ပေးအပ်လိုက်သော ပြည်ထောင်စုဝန်ကြီးများမှာ ကိုးဦးဖြစ်ပြီး ဒုတိယ၀န်ကြီး
 ၁၅ ဦးကိုလည်း ခန့်အပ်တာဝန်ပေးခဲ့သည်။
''၀န်ကြီးဌာနတွေမှာ reform plan တွေ ဆောင်ရွက်နေတာ ရှိပါတယ်။ ခုကိစ္စကတော့ လူမှန်၊
 နေရာမှန်ပေါ့နော်။ သွားမယ့်စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ ပြည်တွင်းငြိမ်းချမ်းရေး အဲဒါတွေကို 
အလေးပေးပြီး ဖော်ဆောင် သွားမယ့် အခင်းအကျင်းကို စတာပေါ့။ အလေးပေး ဆောင်ရွက်ချင်တဲ့နေရာမှာ
 ထားသင့်တဲ့ လူမှန်၊ နေရာမှန် ပြောင်းရွှေ့တာဝန်ပေးတာ ပေါ့နော်။ အဲဒါက  reform ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ပါ''ဟု နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံးမှ
 ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားခဲ့သည်။
ခုကိစ္စကတော့ လူမှန်၊ နေရာမှန်ပေါ့နော်။ သွားမယ့် စီးပွားရေး ပြုပြင်ပြောင်းလဲမှု၊ ပြည်တွင်းငြိမ်းချမ်းရေး အဲဒါတွေကို အလေးပေးပြီး ဖော်ဆောင်သွားမယ့် အခင်းအကျင်းကို စတာပေါ့။ အလေးပေး ဆောင်ရွက်ချင်တဲ့နေရာမှာ ထားသင့်တဲ့ လူမှန်၊ နေရာမှန် ပြောင်းရွှေ့ တာဝန်ပေးတာပေါ့နော်။ အဲဒါက reform ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ဖို့ပါ  .  .  .
ဦးစိုးသိန်းအား စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် 
လည်းကောင်း၊ ဦးအောင်မင်းအား ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ သမ္မတရုံး
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးလှထွန်းအား ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
 ပြည်ထောင်စုဝန်ကြီးမှ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးတင်နိုင်သိန်း
အား အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီးမှ 
သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးအောင်ကြည်အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနနှင့် အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်
 လည်းကောင်း၊ ဦးကျော်ဆန်းအား ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု
ဝန်ကြီးမှ သမ၀ါယမ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးအုန်းမြင့်အား သမ၀ါယမ၀န်ကြီးဌာနနှင့် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ မွေးမြူရေးနှင့်
 ရေလုပ်ငန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးအေးမြင့်အား သိပ္ပံနှင့်နည်းပညာ
ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ စက်မှု ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ 
ဦးတင့်ဆန်းအား ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ၀န်ကြီးဌာနနှင့် အားကစားဝန်ကြီးဌာန 
 ပြည်ထောင်စုဝန်ကြီးမှ အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ် လည်းကောင်း ပြောင်းလဲ
 တာဝန်ပေးခဲ့သည်။
သမ္မတရုံးဝန်ကြီးဌာန၌  ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်နှင့် ဦးစိုးမောင်တို့နှစ်ဦး လက်ရှိရှိရာမှ 
ယခုပြောင်းလဲတာဝန်ပေးလိုက်သော သမ္မတရုံး ပြည်ထောင်စုဝန်ကြီးလေးဦးကြောင့် စုစုပေါင်း
 ပြည်ထောင်စုဝန်ကြီး ခြောက်ဦး ရှိလာမည်ဖြစ်သည်။
သမ္မတရုံးဝန်ကြီးဌာနသို့ ပြောင်းလဲတာဝန်ပေးအပ်လိုက်သူများမှာ သမ္မတနှင့်နီးစပ်သူများဖြစ်ကြောင်းနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နေမှုကို ပိုမိုလုပ်ဆောင်နိုင်ရန် ပြောင်းလဲတာဝန်ပေးအပ်လိုက်ခြင်းဖြစ်နိုင်ကြောင်း လေ့လာသူအချို့ကလည်း 
 ပြောကြားခဲ့သည်။
ပြီးခဲ့သည့် အစိုးရလက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရကြား ဆက်ဆံရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူဦးအောင်ကြည်မှာလည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး
 ပြောင်းလဲတာဝန်ပေးအပ်ခံခဲ့ရသည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးရန် မိမိရွေးချယ်ထားသည့်ပုဂ္ဂိုလ်များ၏ အမည်စာရင်းကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းလျက် သဘောတူညီချက် ရယူရမည်ဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာဝန်ပေးရန် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်မရရှိသည့် ပုဂ္ဂိုလ်အစား အမည်စာရင်းသစ်ကို ပြည်ထောင်စုလွှတ်တော်သို့ ထပ်မံတင်သွင်းခွင့်ရှိကြောင်းနှင့် နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုဝန်ကြီးများ ခန့်အပ်တာ ၀န်ပေးသည့်အခါတိုင်း ပြည်ထောင်စုလွှတ်တော်သို့ အကြောင်းကြားရမည်ဖြစ်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေ(၂၀၀၈ ခုနှစ်)အရ သိရသည်။
ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သူများမှာ ရဲချုပ်ကျော်ကျော်ထွန်း (ပြည်ထဲရေးဝန်ကြီးဌာန)၊ ဦးပိုက်ထွေး(ပြန်ကြားရေးဝန်ကြီးဌာန)၊ ဦးသန်းဆွေ(ယဉ်ကျေးမှုဝန်ကြီးဌာန)၊ ဦးအောင်သိမ်း (သမ္မတရုံးဝန်ကြီးဌာန)၊ ဒေါက်တာ လင်းအောင် (ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန)၊ ဦးဆက်အောင်(အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန)၊ ဒေါက်တာဒေါ်ခင်စန်းရီ(အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန)၊ ဒေါ်စုစုလှိုင်(လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန)၊ ဦးသောင်းတင် (ဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီးဌာန)၊ ဦးထင်အောင် (စွမ်းအင်ဝန်ကြီးဌာန)၊ ဗိုလ်မှူးချုပ်ဝင်းမြင့် (လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန)၊ ဦးအေး မြင့်မောင်(ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန)၊ ဒေါက်တာဒေါ်သက်သက်ဇင် (ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန)၊ ဦးသောင်းထိုက် (အားကစားဝန်ကြီးဌာန)၊ ဒေါက်တာဒေါ်သိန်းသိန်းဌေး(ကျန်းမာရေးဝန်ကြီးဌာန)တို့ ဖြစ်ကြသည်။
ဒုတိယ၀န်ကြီးများအဖြစ် ခန့်အပ်တာဝန်ပေးလိုက်သူများထဲတွင် အမျိုးသမီးလေးဦးပါဝင်ပြီး ပညာရှင်အချို့လည်း ပါဝင်သည်ကို တွေ့ရသည်။
ထို့ပြင် နိုင်ငံတော်သမ္မတသည် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်မြင့်၊ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးဇော်မင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးလွန်းမောင် တို့အား ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ကြောင်းကိုလည်း  သြဂုတ်လ ၂၈ ရက်နေ့တွင် အမိန့်များ ထုတ်ပြန်၍ ကြေညာခဲ့သည်။ ထို့အတူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးဦးစိုးဝင်းအား သာသနာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးအဖြစ် ပြောင်းလဲ တာဝန်ပေးလိုက်ကြောင်းကိုလည်း သြဂုတ်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။
ထိုသို့ ပြည်ထောင်စုဝန်ကြီးများ ပြောင်းလဲတာဝန်ပေးလိုက်ခြင်းနှင့် ရာထူးမှ နုတ်ထွက်ခွင့်ပြုလိုက်ခြင်းကြောင့် လက်ရှိတွင် ပြည်ထောင်စုဝန်ကြီး လစ်လပ်လျက်ရှိသော ၀န်ကြီးဌာနများမှာ ရထားပို့ဆောင်ရေး ၀န်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန် ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာန၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနှင့် စီး ပွားရေး ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာနတို့ ဖြစ်သည်။   
Comments 
+10 #3 slinn 2012-08-29 13:30
Quoting David1970:
Dear President,
Right decision.I think you are walking straight to democracy.
I think you are doing everything for the people, for the country.
Please move forward.If new selected minister are not working for the country, don't delay to replace them.
Now, the future of country come to your shoulders.
Please join with Daw Su and try to be stronger government.
Thank you.
I think the future of country comes to OUR shoulders. Last but not least, every citizen must reform also.
+9 #2 David1970 2012-08-29 11:03
Dear President,
Right decision.I think you are walking straight to democracy.
I think you are doing everything for the people, for the country.
Please move forward.If new selected minister are not working for the country, don't delay to replace them.
Now, the future of country come to your shoulders.
Please join with Daw Su and try to be stronger government.
Thank you.
+8 #1 AMKs 2012-08-29 10:53
Zaw Min
this is the beginning of the beginning - FOR YOU.
We know you are smuggling of your assets in various ways to Australia via your connections. We do know.
More to come - FOR YOU.
Don't u ever think that this will be the end?
နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။