သမ္မတ စိတ်ကြိုက် အပြောင်းအလဲ လုပ်
by mmnewshub
ပြည်သူ့ ထင်မြင်ချက် တွေ မူတည် တုံ့ပြန်ခဲ့
BBC News, 27August 2012 —– သမ္မတ ဦးသိန်းစိန် အစိုးရ ဝန်ကြီး
အပြောင်း အလဲ တွေဟာ ပြည်သူ တွေကြားက သတင်း ဌာန တွေက လာတဲ့ ထင်မြင်ချက်
တွေပေါ် မူတည် တုံ့ပြန် ခဲ့တာလို့ သမ္မတ ရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက
ဆိုပါတယ်။
အခြေခံ ဥပဒေ အရ ခွင့်ပြု ထားတဲ့ ဘောင်တွင်းက ဆောင်ရွက်တာမို့ လွှတ်တော် အတည်ပြုချက် ယူစရာ မလိုဘူးလို့ သူက ဆိုပါတယ်။
သမ္မတ ရုံး ဝန်ကြီး အရေအတွက် တိုးလာတာဟာ ငြိမ်းချမ်းရေး စီးပွားရေး
ပြုပြင်ရေး တွေ အတွက် သမ္မတရဲ့ လုပ်ငန်းစဉ် တွေ အရှိန် မြှင့် ဆောင်ရွက်ဖို့
ဖြစ်တယ်လို့ ဦးဇော်ဌေးက သုံးသပ် ပါတယ်။
လစ်လပ် သွားတဲ့ ဝန်ကြီး နေရာတွေ ကိုလဲ မကြာခင် ဖြည့်စွက် ခန့်ထားမှာ လို့ သိရပါတယ်။
ဒီလို အဆင့်မြင့် ရာထူးတွေ တိုးမြှင့် ခံရသူ တွေထဲမှာ အရင် စစ်အစိုးရ
လက်ထက်က အတိုက်အခံ ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည်နဲ့ ညှိနှိုင်း
ဆွေးနွေးရတဲ့ ဝန်ကြီး ဦးအောင်ကြည် လဲ ပါပါတယ်။
မြန်မာ့ ပြုပြင်ရေး ဟာ နောက်ကြောင်း ပြန်လှည့်လို့ မရတော့ဘူးလို့ ဒေါ်
အောင်ဆန်းစုကြည်က သတိပေး ခဲ့သလို ဒီမိုကရေစီ လမ်းကြောင်းမှာ အဝေးကြီး
ခရီးဆက် စရာ ရှိသေးတယ် လို့လဲ ပြောခဲ့ပါတယ်။
ရခိုင်ပြည်နယ်အရေးကတော့အပျက်အပျက်နဲ့ နှာခေါင်း သွေးထွက်ကိန်း
-ဒေးဗစ်။
-၂၆.၈.၂၀၁၂
(၁)
ရခိုင်ပြည်နယ်အရေးကတော့အပျက်အပျက်နဲ့ နှာခေါင်း သွေးထွက်ကိန်း တွေ့နေရတယ်။
ဦးသိန်းစိန်အစိုးရတက် လာတဲ့သက်တမ်း အတွင်းမှာပဲ ရခိုင်နဲ့ ဘင်းကုလား နိုင်ငံကြားက ကျွန်းတကျွန်းကို ပေးလိုက်ရတယ်။
ခုလည်းလာပြန်ပြီငြိမ်းချမ်းစွာ အတူတကွယှဉ်တွဲနေထိုင်ရေး-
အဲဒီစကားလုံးကအရှေ့အလယ်ပိုင်းမှာအစ္စရေးနဲ့ပါ လက်စတိုင်း ပြသာနာကနေ ပေါ်ပေါက်လာတဲ့ စကားလုံးဆိုတာ နားလည် နိုင်ပါစေ။
တကယ်တော့ငြိမ်းချမ်းစွာအတူတကွယှဉ်တွဲနေထိုင်ရေးဆိုတာ လူကြားကောင်းအောင် ပြောတာပါ။
ခုထိအစ္စရေးနဲ့ပါ လက်စတိုင်နှစ်ပေါင်းများစွာကြာပြီဘယ်မှာလဲငြိမ်းချမ်းစွာ ယှဉ်တွဲ နေထိုင်နိုင်လို့လဲ။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
(၂)။
ခုလဲကြားလိုက်ရပြီပြီစုံစမ်းစစ်ဆေးရေးကော်မ၇ှင်တဲ့- နိုင်ငံတကာ ခုံရုံးမှာတောင် သောက်သုံး မကျပဲ ရခိုင်ပြည်နယ်ပိုင်
ကျွန်း တကျွန်း လက်လွတ် ဆုံးရှုံး ပေးခဲ့ရပြန်တယ်။
ခုလည်းနိုင်ငံတကာကဖိအားနဲ့ကိုယ့်အခြေအနေကိုလည်းပြန်သုံးသပ် စေချင်တယ်။
ရိုဟင်ဂျာတွေကိုငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးကိစ္စတွေ ဆက်လက်
ကျင့်သုံးတယ် ဆိုရင်-ဘင်ဂါလီ နိုင်ငံအတွက် နိုင်ငံရေး အမြတ်ကို
ပိုပြီးဖြစ်စေပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ဘင်ဂါလီနိုင်ငံဟာ လူဦးရေပိုပြီးထူထပ်ပြီး ရပ်တည်ရေး
အခက်အခဲ ဖြစ်နေတဲ့ ရိုဟင်ဂျာတွေကို မြန်မာပြည်ထဲ ၀င်လို့ရစေတဲ့ နောက်ထပ်
ဥပဒေတခုကို သွယ်ဝိုက်တဲ့ နည်းနဲ့ လူထုကို နားလည်ရ ခက်စေတဲ့ စကားလုံး
အသုံးအနှုန်းနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ဆိုတဲ့ စကားနဲ့
နားလှည်းပြီး ဥပဒေအရ ပါးရိုက်မယ့်
အချိုးကို ပြင်းထန်စွာ ကန့်ကွက်ပါတယ်။
ဘင်ကုလားနိုင်ငံအတွက်နိုင်ငံရေးထပ်ပြီးအမြတ်ရစေမယ့်လုပ်ရပ်တွေကိုရပ်ပါ။
ဒေးဗစ်။
-------------------------------------------------------------------------------
မြန်မာ့ နိုင်ငံရေးအခြေအနေနှင့်ယှဉ်တွဲ သုံးသပ်လေ့လာနိုင်ပါရန် ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါ သည်။
ဟစ်တိုင်သည် အမှန်တရား လိုလားသူများနှင့် အများအကျိုး ဆောင်ရွက်လိုသူများအားလုံး ပိုင်သည့် ကိုယ်ထူကိုယ်ထ-စာမျက်နှာ ဖြစ်ပါသည်။
by mmnewshub
The Voice Weekly , 27August 2012 —–
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး ၏ ပြည်သူ့ လွှတ်တော်၊ အမျိုးသား
လွှတ်တော်နှင့် ပြည်ထောင်စု လွှတ်တော်တို့မှ ဖွဲ့စည်းထားသော ရေးရာ
ကော်မတီများ၊ ကော်မရှင်များမှာ ပြည်ထောင်စု အဆင့် မဟုတ် ဟူသော ဆုံးဖြတ်ချက်
အပေါ် လွှတ်တော်က ဥပဒေနှင့် မညီညွတ် သဖြင့် ခုံရုံးအဖွဲ့ကို စွပ်စွဲ
ပြစ်တင်ရန် ဆုံးဖြတ်ခြင်း၊ အုပ်ချုပ်ရေး အဖွဲ့က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
ပြင်ဆင်သည့် နည်းလမ်းကို ရွေးချယ် စေလိုခြင်း၊ခုံရုံး အဖွဲ့က နုတ်ထွက်မည်
မဟုတ်ကြောင်း ထုတ်ပြန် ကြေညာခြင်းတို့ ဖြစ်နေပြီး ယင်းအပေါ် သဘောထား
အမျိုးမျိုး ဖြစ်ပေါ်နေရာ ဝါရင့် တရားလွှတ်တော် ရှေ့နေ ဦးကိုနီနှင့် The
Voice Weekly တို့ တွေ့ဆုံကာ ရှေ့နေ တစ်ဦး၏ ဥပဒေ ရှုထောင့်မှ အမြင်ကို
တွေ့ဆုံ မေးမြန်း ဖော်ပြ အပ်ပါသည်။
Voice : ဖွဲ့စည်းပုံ အခြေခံ ဥပဒေခုံရုံးနဲ့ လွှတ်တော်အကြား အခုဖြစ်နေတဲ့
ပြည်ထောင်စု အဆင့် မရှိကြောင်း ခုံရုံး ဆုံးဖြတ်ချက်နဲ့ နောက်ဆက်တွဲ ပြဿနာ
တွေကို ဘယ်လို မြင်ပါသလဲ။
UKN : အခု ဖြစ်နေတဲ့ ပြဿနာက အစက ပြန်ကောက်ရရင် အုပ်ချုပ်ရေး အာဏာနဲ့
ဥပဒေပြုရေး အာဏာဖြစ်တာ၊ ခုံရုံးနဲ့ ပြဿနာ မဟုတ်ဘူး။ပြည်သူ့ လွှတ်တော်၊
အမျိုးသား လွှတ်တော်က ကော်မတီ၊ ကော်မရှင်တွေ ဟာ ပြည်ထောင်စု အဆင့် ဖြစ်သလား၊
မဖြစ်ဘူးလား။ ပြည်ထောင်စု အဆင့် ဖြစ်ခဲ့ရင် ဘာ အကျိုး သက်ရောက်မှု
ရှိလာမလဲ၊ မဖြစ်ခဲ့ရင် ဘာဖြစ်မလဲ အဲဒါ အဓိကပဲ။ တချို့က ပြောတယ်။
ပြည်ထောင်စု အဖွဲ့ဝင် ဖြစ်ခဲ့ရင် တိုက်တစ်လုံး ရမယ်။ ကားသုံးစီး ရမယ်။ ဒါက
အဓိက ဆွေးနွေးရမယ့် ပြဿနာမဟုတ်ဘူး။ ပိုက်ဆံရှိရင် တိုက်နှစ်လုံးလည်း
ပေးလို့ရတယ်။ အဓိကမကျဘူး။ အဓိကက ဘာတုန်း ဆိုရင် ပြည်ထောင်စုအဆင့် ရှိတဲ့
အဖွဲ့ဆိုရင် သူရဲ့လုပ်ပိုင်ခွင့်က ပြည်ထောင်စု အဆင့်နဲ့ လျော်ညီတဲ့
လုပ်ပိုင်ခွင့် ဖြစ်မယ်။ပြည်ထောင်စု အဆင့်မရှိ ဘူးဆိုရင်
သူ့ရဲ့လုပ်ပိုင်ခွင့်က နိမ့်သွားမယ်။ ကျွန်တော်တို့ Check and Balance
စနစ်အရ ပြည်ထောင်စု အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ထိန်းညှိ ပေးရမယ့်
အဖွဲ့တွေ ပြည်ထောင်စု အဆင့်ထက် နိမ့်လို့ မရပါဘူး။ အခုဖြစ်နေတဲ့ ပြဿနာကို
ဘယ်သူက စတာလဲ ဆိုတော့ နိုင်ငံတော် သမ္မတ ကိုယ်စား၊ အစိုးရ အဖွဲ့ကိုယ်စား
ပြည်ထောင်စု ရှေ့နေချုပ်က တင်တာ။ ဒါကြောင့် အုပ်ချုပ်ရေး အဖွဲ့ အစိုးရက
လျှောက်ထားသူ၊ လျှောက်ထား ခံရသူက လွှတ်တော် နှစ်ရပ်ဖြစ်တဲ့
အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်ကလျှောက်ထား ခံရသူ။ ဒါကြောင့်မို့လို့
ကြားနာတဲ့ နေရာမှာ ပြည်ထောင်စု အစိုးရဘက်က ရှေ့နေချုပ်က ပြောတယ်။
အမျိုးသား လွှတ်တော်အတွက် ဒုတိယ ဥက္ကဋ္ဌက ပြောတယ်။ ပြည်သူ့လွှတ်တော် အတွက် ဒုတိယ
ဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ က ပြောတယ်။ ပြဿနာ ဖြစ်တဲ့ ဘက်နှစ်ဖက်က
အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဥပဒေပြုရေး မဏ္ဍိုင် နှစ်ခု စဖြစ်ကြတာ။ အမျိုးသား
လွှတ်တော် ဒုတိယ ဥက္ကဋ္ဌရဲ့ လျှောက်လဲချက် ထဲမှာ လွှတ်တော်က ဖွဲ့စည်းတဲ့
ကော်မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဖြစ်တယ်လို့
အမျိုးသား လွှတ်တော် ဥပဒေမှာ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား
ရေးသားထားတယ်လို့ လျှောက်လဲတယ်။ ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌကလည်း လွှတ်တော်က
ဖွဲ့စည်းတဲ့ ကော်မတီ၊ ကော်မရှင်တွေဟာ ပြည်ထောင်စု အဆင့်ပါပဲလို့
ပြည်သူ့လွှတ်တော် ဥပဒေကို ကိုးကားပြီးတော့ လျှောက်လဲတယ်။
ပြည်သူ့လွှတ်တော် ဥပဒေ၊ နည်းဥပဒေတွေမှာ လွှတ်တော် ဖွဲ့စည်းတဲ့
ကော်မတီ၊ကော်မရှင် တွေဟာ ပြည်ထောင်စု အဆင့်ပါပဲလို့ လျှောက်လဲတယ်
အားကိုးအားထား ပြုတဲ့ ဥပဒေ နှစ်ခု ရှိသွားပြီ ဖြစ်တဲ့အပြင် ဖွဲ့စည်းပုံ
အခြေခံ ဥပဒေ ကိုလည်း ကိုးကား ထားတယ်။ပြည်ထောင်စု အစိုးရ ဘက်ကတော့ အခြေခံ
ဥပဒေကို ကိုးကားပြီး အငြင်းပွားတယ်။ပြည်ထောင်စု လွှတ်တော်၊ အမျိုးသား
လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ဥပဒေတွေမှာ အတော့်ကို ရှင်းရှင်းလင်းလင်း
ရေးထားတယ်။ ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဆိုတာ ဘာလဲဆိုတာ အတော့်ကို
ရှင်းလင်း ရေးထားတယ်။ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းဆိုတာ ဖွဲ့စည်းပုံ
အခြေခံ ဥပဒေအရ ဖွဲ့စည်းထားတဲ့
-ပြည်ထောင်စု အစိုးရအဖွဲ့၊
-အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ၊
-နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံး၊
-ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊
-ပြည်ထောင်စု စာရင်းစစ်ချုပ်၊
-ပြည်ထောင်စ ရာထူးဝန် အဖွဲ့၊
-ပြည်ထောင်စု လွှတ်တော်၊
-ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တို့က ဖွဲ့စည်းသည့်
ကော်မတီ၊ ကော်မရှင် အဖွဲ့တို့ကိုလည်း ပြည်ထောင်စု အဆင့် အဖွဲ့အစည်း
ဟု ဆိုလိုသည်လို့ ဖော်ပြထားတယ်။
ဒီကနေ့ တည်ဆဲဖြစ်နေတဲ့ ပြည်ထောင်စု လွှတ်တော်၊ ပြည်သူ့လွှတ်တော်၊
အမျိုးသား လွှတ်တော် ဥပဒေတွေမှာ အဲဒီဥပဒေ သုံးခုစလုံးမှာ လွှတ်တော် အသီးသီးက
ဖွဲ့စည်းတဲ့ ကော်မတီတွေ၊ကော်မရှင် တွေဟာ ပြည်ထောင်စု အဆင့်အဖွဲ့
ဖြစ်တယ်လို့ ဥပဒေ ပြဋ္ဌာန်းထားတယ်။ အဲဒါ ငြင်းလို့ မရဘူး။ ဒီဥပဒေ သုံးခုမှာ
ပြည်ထောင်စုရှိတဲ့ အဖွဲ့အစည်းတွေလို့ သတ်သတ်မှတ်မှတ် အဓိပ္ပာယ်
ဖွင့်သလိုမျိုး ၂၀ဝ၈ အခြေခံ ဥပဒေမှာ ရှိသလား။ ရှိခဲ့ရင် အခြေခံ ဥပဒေမှာ
ပါတဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်နဲ့ လွှတ်တော် ဥပဒေ သုံးခုလုံးမှာပါတဲ့ အဓိပ္ပာယ်
ဖွင့်ဆိုချက်ကို ယှဉ်ကြည့်ရမယ်။ မတူဘူး ဆိုရင် ဖွဲ့စည်းပုံကို ယူရမယ်။
တူနေရင် ပြောစရာမရှိဘူး။၂၀ဝ၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စာအုပ် ထဲမှာ
ပြည်ထောင်စု အဆင့် အဖွဲ့အစည်း ဆိုသည်မှာ ဘယ်ကဲ့သို့သော အဖွဲ့အစည်းကို
ဆိုလိုသည်လို့ ဥပဒေ ပြဋ္ဌာန်းထားတာ မရှိပါဘူး။ ခုံရုံးရဲ့ သုံးသပ်ချက်
ထဲမှာလည်း လွှတ်တော် အသီးသီး၏ ဥပဒေများတွင် ပြည်ထောင်စု အဆင့်
အဖွဲ့အစည်းလို့ အနက် အဓိပ္ပာယ် ဖွင့်ဆို ထားသော်လည်း ဖွဲ့စည်းပုံ အခြေခံ
ဥပဒေတွင် ပြည်ထောင်စု အဆင့် စကားရပ်နှင့် စပ်လျဉ်း၍ အနက် အဓိပ္ပာယ်
ဖွင့်ဆိုထားခြင်း မရှိလို့ ရေးထားတယ်။
ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြည်ထောင်စု အဆင့်ဆိုတဲ့ စကားရပ် အဓိပ္ပာယ်
ဖွင့်ဆိုထားတာ မပါဘူး။ လွှတ်တော် ဥပဒေတွေမှာ ပြည်ထောင်စု အဆင့်
အဖွဲ့အစည်းကို ဘာတွေလဲ ဆိုတာ ပါတယ်။မပါတာနဲ့ ပါတာဟာ ဆန့်ကျင်တယ်လို့
ပြောလို့မရဘူး။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ တစ်မျိုး လွှတ်တော်ဥပဒေ
မှာတစ်မျိုး ကွဲပြားနေရင် မတူဘူး ဆန့်ကျင်နေတယ် လို့ပြောလို့ ရတယ်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေက ၂၀ဝ၈ မှာ ပြဋ္ဌာန်းထားတာ။ လွှတ်တော်အသီး သီးရဲ့
ဥပဒေတွေက ၂၀၁၀ မှာ ပြဋ္ဌာန်း ထားတာ။ ၂၀ဝ၈ အခြေခံ ဥပဒေ ပြီးမှ ပြဋ္ဌာန်းထားတာ။
၂၀ဝ၈ အခြေခံ ဥပဒေနဲ့ ဟိုရှေးက ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ ဆန့်ကျင်နေရင်
ပျက်တယ်။ မဆန့်ကျင် သရွေ့ ဆက်ပြီး သုံးရမယ်။ဒါ အခြေခံ ဥပဒေ ပုဒ်မ ၄၄၆လို့
ဥပမာ ၁၉၆၂ ပုံနှိပ်သူများ ဥပဒေ ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ် ၃၅၄ အရ
ဆန့်ကျင်နေတယ်။လွှတ်တော် ဥပဒေတွေဟာ ၂၀ဝ၈ နောက်မှာပြတာ။ အရေးကြီးဆုံးက
လွှတ်တော် ဥပဒေတွေ ပြဋ္ဌာန်းတဲ့ နိဒါန်းမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ၄၄၃ မှာ
ဖွဲ့စည်းပုံအခြေခံဥပဒေ အကောင်အထည် ဖော်ရေးတွင် လိုအပ်သည့် လုပ်ငန်းများကို
နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီက ဆောင်ရွက်ပေးရန်
ပြဋ္ဌာန်းထားသည့် အလျောက် နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊
တရားစီရင်ရေးလုပ်ငန်း များကို ချောမွေ့စွာ ဆောင်ရွက်နိုင်ရန် ဒီဥပဒေကို
ပြဋ္ဌာန်းသည်။ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သည့်နေ့မတိုင်မီ နိုင်ငံတော်
အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက
ဖွဲ့စည်းပုံအခြေခံဥပဒေအကောင်အထည်ဖော်ရေးအတွက် ကြိုတင်ဆောင်ရွက်
ရသည့်လုပ်ငန်းစဉ်များသည် ဤဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီဆောင်ရွက်သည်ဟု
မှတ်ယူရမည်။ အခြေခံ ဥပဒေ အသက်ဝင် တာက ၂၀၁၁ ဇန်နဝါရီ ၃၁ ကျမှ အသက်ဝင်တာ။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အာဏာတည်သောနေ့မတိုင်မီ ဥပဒေပြုရေး၊အုပ်ချုပ်ရေး
တရားစီရင်ရေးလုပ်ငန်းစဉ်ချောမွေ့စွာ ဆောင်ရွက်ဖို့ အသွင်ကူးပြောင်းရေး
ကာလအတွက် ရည်ရွယ်ပြီးပြဋ္ဌာန်းခဲ့တဲ့ဥပဒေတွေဟာ ဒီအခြေခံဥပဒေအရ ဆောင်ရွက်တာတဲ့
၂၀၁၀ မှာထုတ်ပြန်ခဲ့တဲ့ လွှတ်တော်ဥပဒေတွေ ဟာ Part of Constitution တဲ့။
အခိုင်အမာအကိုးအကားဥပဒေတွေမရှိဘဲ အခြေခံဥပဒေခုံရုံးက စွဲယူ
ဆုံးဖြတ်ခဲ့တာ။ အခြေခံဥပဒေမှာ ဘယ်အဖွဲ့အစည်းက ပြည်ထောင်စု
အဆင့်အဖွဲ့အစည်းလို့ မရေးဘူး။ဒါကို ကြီးကြီးကျယ်ကျယ် မဖြစ်အောင်
ဖြစ်သင့်ဖြစ်ထိုက်တဲ့ နည်းလမ်းရှာလိုက်တဲ့အခါမှာ အခြေခံဥပဒေအရ
သမ္မတကြီးကဖွဲ့တဲ့ အဖွဲ့အစည်းတွေ၊အခြေခံဥပဒေတွေအရ ဖွဲ့ရမယ်လို့ သတ်မှတ်တဲ့
အဖွဲ့အစည်းတွေ အဲဒီအဖွဲ့အစည်းတွေ အားလုံးသည် ပြည်ထောင်စု အဆင့်
အဖွဲ့စည်းများဖြစ်တယ်။ ထိုနည်းတူစွာ ဒီ Constitution ရဲ့ တစ်စိတ်
တစ်ဒေသအဖြစ် အသွင်ကူးပြောင်းရေးကာလမှာ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊
တရားစီရင်ရေးလုပ်ငန်းတွေ Run နိုင်အောင် ကြိုတင်ပြင်ဆင်တဲ့ ပြဋ္ဌာန်းထားတဲ့
လွှတ်တော် ဥပဒေမှာ ပြည်ထောင်စုအဆင့်အဖွဲ့အစည်း သတ်မှတ်ထားတဲ့
လွှတ်တော်ကော်မတီတွေလည်း ပြည်ထောင်စုအဆင့် အဖွဲ့ဖြစ်တယ်လို့
ဆုံးဖြတ်ခဲ့ရင်ဒီလိုပြဿနာမပေါ်ဘူး။ အခြေခံဥပဒေ အသက်ဝင်အောင်နဲ့
အသွင်ကူးပြောင်းရေးကာလ အောင်မြင်အောင် ဆောင်ရွက်ခဲ့တဲ့ လွှတ်တော်ဥပဒေတွေကို
Honor လုပ်တဲ့သဘော ဖြစ်နေတယ်။
လွှတ်တော်ရေးရာကော်မတီ၊ကော်မရှင်တွေဟာ ပြည်ထောင်စုအဆင့် နဲ့မညီဘူး။
မှားတယ်လို့ ပြောလို့ရအောင် အခြေခံ ဥပဒေမှာ ရှာလို့ကိုမရဘူး။ အခြေခံဥပဒေရဲ့
ဘယ်ပြဋ္ဌာန်းချက်နဲ့ မညီတာလဲ။ လွှတ်တော်ဆိုတာ ပြည်သူက ရွေးချယ်ထားတာ။
ပြည်သူ့လွှတ်တော်ကိုအပြစ်တင်ရင် ပြည်သူကို အပြစ်တင်တာပဲ။
အုပ်ချုပ်ရေးအာဏာပိုင်းဖြစ်တဲ့သမ္မတကြီးအစိုးရအဖွဲ့နဲ့ ဥပဒေပြု လွှတ်တော်တို့
အကြား ဖြစ်တဲ့ ပြဿနာ ဖြစ်သော်လည်း ခုံရုံးက ဆုံးဖြတ်ခဲ့တဲ့အတွက်ခုံရုံးနဲ့
လွှတ်တော်ဖြစ်တဲ့ ပြဿနာ၊ကျွန်တော့်သဘော ထားကတော့ ဒီအထိကို
ရောက်ဖို့မသင့်ဘူး။ နောက်ဆက်တွဲ ဘာတွေဖြစ်လာနိုင်လဲဆိုတာ
စဉ်းစားဖို့လိုတယ်။အခြေခံဥပဒေခုံရုံးဆိုတာ တစ်ရုံးတည်း နဲ့
နောက်ဆုံးရုံး။စည်းနှောင်အားကြီးတဲ့ ဆုံးဖြတ်ချက်ချမယ်ဆိုရင် ရှုထောင့်
ပေါင်းစုံက စဉ်းစားဖို့လိုပါတယ်။ဥပဒေတွေ ဆင်ခြင်တုံတရားတွေကို ရှေ့မှာ
ထားမှဖြစ်မှာပါ။ ဖြစ်နိုင်သမျှနောက်ဆက်တွဲ ပြဿနာမပေါ်အောင် ဆုံးဖြတ်ရမှာ။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတဖွဲ့စည်းတဲ့ အဖွဲ့အစည်းတွေ အားလုံး
ပြည်ထောင်စုအဆင့်ဖြစ်သလို လွှတ်တော်ရေးရာ ကော်မတီ ကော်မရှင်တွေကိုလည်း
ပြည်ထောင်စုအဆင့်ရှိတဲ့အဖွဲ့အစည်းဖြစ်တယ် လို့ ဆုံးဖြတ်ခဲ့လို့ ရှိရင်
တိုင်းပြည်ပျက်မှာလား။ အခြေခံဥပဒေခုံရုံးက စွဲယူ ဆုံးဖြတ်လို့ ပြဿနာတက်တာ။
တကယ်လို့များ ဒီဆုံးဖြတ်ချက်အတည် ဖြစ်တဲ့အတွက် နာခံလိုက်ရင် Check and
Balance စနစ်ပျက်သွားမယ်။
Voice : အချို့လည်း သုံးသပ်ကြတာက ကော်မတီ၊ ကော်မရှင်တွေကို ပြည်ထောင်စု
အဆင့် ပေးလိုက်ရင် ကော်မတီ၊ကော်မရှင်တွေက ပြည်ထောင်စု ဝန်ကြီးတွေကို
အချိန်ပြည့်ခေါ်ယူ မေးမြန်းတာမျိုး လုပ်နေရင် သူတို့ ပင်မတာဝန်တွေ မထိခိုက်
စေဘူးလားလို့ပြောတာ တွေ့ရတယ်။
UKN : အဲဒီလိုလွှတ်တော်ကဖွဲ့စည်းတဲ့ရေးရာကော်မတီတွေက ဝန်ကြီးတွေကို အမြဲတမ်း
ခေါ်ထားရင် ဝန်ကြီးရဲ့အလုပ်တာဝန်လစ်ဟင်းမှာစိုးလို့ဆိုတာက ကျွန်တော့်သဘော
ပြောရရင် ဒါကစကားကပ်ြပီး ပြောတာ၊ ရေးရာ ကော်မတီတွေက ကိစ္စရှိရင်ခေါ်ထားမယ်။
ကိစ္စမရှိရင် ခေါ်မှာကိုမဟုတ်ဘူး။ အဲဒါ ပြဿနာမဟုတ်ဘူး။ ဒီရာထူးမှာ
တာဝန်ထမ်းဆောင်တဲ့ လူတွေ၊ လွှတ်တော်ရဲ့ Check and Balance လုပ်တာကို
လက်ခံရမှာပါ။ ငါတို့က မလာနိုင်ဘူးလို့ ပြောလို့မရဘူး။ အခြေခံဥပဒေကို
လက်ခံရင် Check and Balance ကို လက်ခံရမှာ၊ ပြည်ထောင်စု အဆင့် ဖွဲ့လိုက်ရင်
ခံစားခွင့် ပေးရတော့မယ်။ ငွေအများကြီး ကုန်တော့မယ်လို့ ပြောလို့မရဘူး။
တိုင်းပြည် အတွက် အလုပ်လုပ်နေတဲ့ သူကို ထမင်းမကျွေး ဘူးလား။သူ့ အိမ်နဲ့
ရုံးနဲ့သွားဖို့ မော်တော်ကား မပေးနိုင်ဘူးလား။ အလုပ်လုပ်နေတဲ့သူ အတွက်
Support လုပ်ရမှာပါ။ ပိုက်ဆံကုန်မှာ စိုးလို့ အဆင့် လျှော့ချတယ် ဆိုရင်
ဝန်ကြီးဌာနတွေ အများကြီး လျှော့ချလိုက်ပါ။ ဒုတိယ သမ္မတ တစ်ယောက်ပဲ ထား။
ဝန်ကြီးဌာန သုံးဆယ်ကျော် မထားနဲ့ ၁၀ ခုနဲ့လုပ်။ အမေရိကန် ပြည်ထောင်စုမှာ
ရှစ်ခုပဲ ရှိပါတယ်။ လိုအပ်ရင် ထားပါ။ ဒီအတွက် ပိုက်ဆံ ကုန်ပါစေ။
တိုင်းပြည်အကျိုး အတွက် လုပ်ပိုင်ခွင့် အာဏာ ပေးရမှာ။ ဒါမှ Check and Balance လုပ်လို့ ရမှာပါ။
Voice : အခြေခံ ဥပဒေ ပြုပြင်တာ ပိုသင့်တော်တယ်လို့ သမ္မတကြီးရဲ့ ထောက်ပြမှု ကိုရော ဘယ်လိုမြင်ပါသလဲ။
UKN : အခြေခံ ဥပဒေ ပြင်ဖို့က ပိုပြီး ကြာနိုင်တယ်။ ပိုပြီး ကြီးကျယ်တယ်။
ခုံရုံး ဆုံးဖြတ်ချက် ချဖို့က ထင်သာမြင်သာ အငြင်းမပွား နိုင်တဲ့
နည်းနှစ်နည်း ရှိတယ်။ ခုံရုံးက သူတို့ ဆုံးဖြတ်ချက် မှားပါတယ်လို့
ကြေညာပြီး နုတ်ထွက် ပေးရတာ။ ဒုတိယနည်း စွပ်စွဲ ပြစ်တင်ပြီး ထုတ်လိုက်တာ။
ဒါလည်း ဆုံးဖြတ်ချက် ပျက်ပြယ်တယ်။ နောက်တစ်နည်းက ခုံရုံးက မိမိ
ဆုံးဖြတ်ချက်ကို မိမိဘာသာ ပြန်ပြင်တာ။ ဒီမှာလည်း ပြဿနာ ရှိတယ်။ ခုံရုံးရဲ့
ဆုံးဖြတ်ချက် ပြန်ပြင်လို့ ရသလား ဆိုတဲ့ မေးခွန်း ရှိလာနိုင်တယ်။ Review
လုပ် သုံးသပ်ပြီး ပြန်ပြင်တာ ရှိတာ။ Constitution ပြန်ပြင်ရအောင် လွှတ်တော်
ရေးရာ ကော်မတီတွေဟာ ပြည်ထောင်စု အဆင့် ဟုတ်တယ်၊ မဟုတ်ဘူးဆိုတာ ပါမှမပါတာ။
ဘာပြင်ရမှာလဲ။ မရှိဘူးလို့ ရေးထားရင် ရှိပါတယ်လို့ ပြင်ရမှာ။
လွှတ်တော်ရေးရာ ကော်မတီ တွေဟာ ပြည်ထောင်စု အဆင့် မဟုတ်ဘူးလို့ အခြေခံ
ဥပဒေမှာ မရေးထားဘူး။ ဘာမှကို မပါဘူး။ မရှိတာကို ဘယ်လိုပြင် မှာလဲ။
ဘာကိုပြင်မှာလဲ။လွှတ်တော် ဥပဒေတွေမှာ ပါတဲ့ ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတွေ
ဘယ်အဖွဲ့တွေ ဖြစ်ပါတယ်လို့ အခြေခံ ဥပဒေ ဖြည့်စွက်ချက် အနေနဲ့ ပြဋ္ဌာန်း
လိုက်ဖို့ ဆိုတာ ၂၀ဝ၈ ဖွဲ့စည်းပုံ အသက်ဝင်ဖို့ ၂၀၁၀ လွှတ်တော် ရွေးကောက်ပွဲ
ဥပဒေတွေ ပြဋ္ဌာန်း ပေးထား တာပါ။ တစ်ချိန်တည်း မှာ ဒီ ဥပဒေတွေဟာ Part of
Constitution ။ အခြေခံဥပဒေတွေရဲ့ အစိတ်အပိုင်းလို့ အသုံးပြုနိုင်တယ်။
အခြေခံ ဥပဒေမှာ ပြည်ထောင်စု အဆင့်နဲ့ ပတ်သက်ပြီး မဖော်ပြထားဘူး။ လွှတ်တော်
ဥပဒေ သုံးခုမှာ ပြဋ္ဌာန်းထားတာ မပါတာနဲ့ ဆန့်ကျင်တယ်လို့ ပြောလို့မရဘူး။
Voice : စွပ်စွဲပြစ်တင်ပြီး ဖြုတ်ပစ်တာမျိုး ဓလေ့တစ်ခု ဖြစ်သွားခဲ့ရင်
Check and Balance ပျောက် မသွား နိုင်ဘူးလား။ နောက်ပိုင်း လွှတ်တော်နဲ့
ပတ်သက်ရင် မဆုံးဖြတ်ရဲသလို ဖြစ်မသွားနိုင်ဘူးလား။
UKN : Check and Balance သဘောတရားက အခြေခံ ဥပဒေ ခုံရုံးက အဓိက မဟုတ်ဘူး။
မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ခုံရုံး ဖွဲ့ထားတာ။ ထိပ်တန်း
ဒီမိုကရေစီ နိုင်ငံဖြစ်တဲ့ အမေရိကန် ပြည်ထောင်စုမှာ ခုံရုံး မရှိဘူး။
ဒီအာဏာကို တရား လွှတ်တော်ချုပ်ကို ပေးထားတာ။ မမှားအောင် လုပ်ဖို့က
သူ့တာဝန်ပဲ။ အကောင်းဆုံး လုပ်ရမှာ။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးဟာ
ဘက်လိုက်ပြီး ဆုံးဖြတ်တယ်လို့ ကျွန်တော် မယုံဘူး။သူတို့ကောင်းမယ် ထင်လို့
လုပ်တာ ဆိုပေမယ့် ပြဿနာ တက်နေပြီ။ ပြည်သူကို ကိုယ်စားပြုတဲ့ ပြည်သူတွေ
တိုက်ရိုက် ရွေးချယ်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက လက်မခံတာ။ ဒီအဖွဲ့တွေ
မကြိုက်ဘူးဆိုရင် ပြည်သူတွေ မကြိုက်တာ။ဒါမဖြစ်သင့်တဲ့
ကိစ္စပါ။ကျွန်တော်တို့ တိုင်းပြည်မှာက သမ္မတကို ပြည်ထောင်စု လွှတ်တော်
ကိုယ်စားလှယ်တွေက ရွေးချယ် ခန့်အပ်တာ။ နိုင်ငံတော် သမ္မတ က ပြည်ထောင်စု
လွှတ်တော်ကို တာဝန်ခံ ရတယ်။ဒုတိယ သမ္မတ တွေဟာ နိုင်ငံတော် သမ္မတ ကနေ တစ်ဆင့်
ပြည်ထောင်စု လွှတ်တော်ကို တာဝန် ခံရတာပါ။ တိုင်းပြည် အုပ်ချုပ်ရေး အတွက်
သမ္မတကို လွတ်လွတ်လပ်လပ် ဆောင်ရွက်ခွင့် ပေးထား ပေမယ့် သူရဲ့ဆောင်ရွက်ချက်
အားလုံး လွှတ်တော် က တာဝန်ခံ ရပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ
အုပ်ချုပ်ရေး ကဏ္ဍကို ဥပဒေပြုရေး ကဏ္ဍက ထိန်းကျောင်းခွင့်
ပေးထားတယ်။အမေရိကန်နဲ့ မတူဘူး။ အမေရိကန် စံနှုန်းနဲ့ တိုင်းလို့မရဘူး။
အမေရိကန်မှာ သမ္မတက အမည်စာရင်း သွင်းတဲ့ လူတွေကို ဘာအကြောင်းပြချက်မှ
မပေးဘဲနဲ့ ပယ်ချ လို့ရတယ်။ဒီမှာက ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ဖော်ပြထားတဲ့
သတ်မှတ် အရည်အချင်းနဲ့ မပြည့်စုံကြောင်း ခိုင်လုံတဲ့ အကြောင်းပြချက်
မရှိဘဲနဲ့ ငြင်းပယ်လို့ မရဘူး။ နိုင်ငံတော် အာဏာဟာ မူလပိုင်ရှင် ဖြစ်တဲ့
ပြည်သူတွေ ရွေးချယ် တင်မြှောက် ထားတဲ့ ပြည်ထောင်စု လွှတ်တော်ကို အပ်နှင်း
ထားပြီး ပြည်ထောင်စု လွှတ်တော်က အုပ်ချုပ်ရေး အာဏာကို သမ္မတ ကို ခွဲဝေပေး
ထားတာ။ တိုင်းပြည်ရဲ့အချုပ်အခြာ အာဏာ သုံးရပ်စလုံးကို ပြည်ထောင်စု
လွှတ်တော်က ပြန်ပြီး ခွဲဝေပေးတာ။ ပြည်ထောင်စု လွှတ်တော်က သမ္မတကို
ရွေးချယ်ပေးပြီး အုပ်ချုပ်ရေးပိုင်းကို လုပ်။သမ္မတကြီး အမည်စာရင်း သွင်းတဲ့
တရားသူကြီးချုပ်ကို သဘောတူပြီး တရား စီရင်ရေး ခွဲဝေပေးတာ။ ပြည်ထောင်စု
လွှတ်တော်က အားလုံးကို ခွဲဝေပေးတာ။နိုင်ငံတော် သမ္မတဟာ ပြည်သူလူထုက
တိုက်ရိုက် ရွေးချယ် တင်မြှောက်ထားတဲ့ Elected မဟုတ်ဘူး ။ Selected ပြည်သူက
ရွေးချယ် တင်မြှောက်ထားတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေက ရွေးတာ။နိုင်ငံတော်
သမ္မတ တစ်ယောက်တည်း က အုပ်ချုပ်ရေး ယန္တရား တစ်ခုတည်းကို ဦးဆောင်တာ
သူကြိုက်တဲ့သူတွေ ခန့်ပြီး လုပ်လို့ ရတယ်။ လွှတ်တော်ဆိုတာ တစ်ယောက်တည်း
မဟုတ်ဘူး။ တစ်တိုင်းပြည်လုံး လူ ၇၀ဝ လောက် စုပေါင်းတာ။ လူ ၇၀ဝလောက်
အပြန်အလှန် ဆွေးနွေးပြီးချတဲ့ ဆုံးဖြတ်ချက်နဲ့ သမ္မတ တစ်ယောက်တည်း ချတာ
ကွာပါတယ်။ ဒါကြောင့် လွှတ်တော်က Check and Balance ပျောက်သွားလို့ မရဘူးလို့
ထင်ပါတယ်။
Written by The Voice
အန္တရာယ်ရှိ အစိတ်အပိုင်းများပါဝင်၍ သြစတြေးလျတွင် တရုတ်နိုင်ငံလုပ်ကားများ ပြန်လည်သိမ်းဆည်း
by mmnewshub
chinadailymail.com
7Day News Journal, 27August 2012 —–
ဆစ်ဒနီ၊ သြဂုတ် – ၂၅
`Asbestos´ ဟုခေါ်သော အန္တရာယ်ရှိ ဖိုင်ဘာအစိတ်အပိုင်းများ
ကားအင်ဂျင်များတွင် ပါဝင်နေသည်ကို တွေ့ရှိရ၍ တရုတ်နိုင်ငံတွင် ဈေးပေါသော
တရုတ်နိုင်ငံလုပ်ကားပေါင်း ၂၃,၀၀၀ ကိုပြန်လည်သိမ်းဆည်းခဲ့ကြောင်း သိရသည်။
ယင်းအစိတ်အပိုင်းများ ပါဝင်သောကားများ မည်ကဲ့သို့နိုင်ငံတွင်း
ဝင်ရောက်လာသည်ကိုလည်း သြစတြေးလျကားလုပ်ငန်း သမဂ္ဂများက မေးခွန်းထုတ်ကြသည်။
Chery နှင့် Great Wall ကားရောင်းချသူများအားလုံး အဆိုပါ ကားများအား
ရောင်းချခြင်း ရပ်ဆိုင်းထားရန် ကားတင်သွင်းသည့်ကုမ္ပဏီ Ateco Aumotive
ကညွှန်ကြားထားသည်။
Asbestos ဖိုင်ဘာ
Asbestos ဖိုင်ဘာများအား အင်ဂျင်ဂတ်စ်စကတ် (gasket) များနှင့်
မီးခိုးစွန့်ထုတ်စနစ်များတွင် ပါဝင်နေသည်ကို တွေ့ရှိခဲ့ကြောင်း သိရသည်။
သြစတြေးလျယှဉ်ပြိုင်မှုနှင့် စားသုံးသူ ကော်မရှင် (ACCC) ကအဆိုပါကားများ
သိမ်းဆည်းမှုကို စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
သြစတြေးလျနိုင်ငံသည် asbestos ပါဝင်သောပစ္စည်းများအသုံးပြုခြင်း နှင့်
တင်သွင်းခြင်းကို ၂၀၀၄ ခုနှစ်မှစ၍ ပိတ်ပင်ထားကြောင်း သိရသည်။
အဆိုပါကားများအား သြစတြေးလျနိုင်ငံတွင်းသို့
တင်သွင်းခွင့်ပြုခဲ့ခြင်းမှာ လက်ခံနိုင်စရာမရှိကြောင်း
သြစတြေးလျကုန်ထုတ်လုပ်ရေး အလုပ်သမားများ သမဂ္ဂ (AMWU) ကပြော ခသည်။
မြန်မာကျပ်ငွေငါးထောင်တန်အတု သိန်းတရာကျော်အား ဟိုမိန်းပြည်သူ့စစ်အဖွဲ့ဖမ်းဆီးရမိ
by mmnewshub
နှစ်နိုင်ငံမှတ်ပုံတင်ကိုင်ဆောင်သူနန်းနု နှင့် ကျပ်ငါးထောင်တန်အတုများ
သျှမ်းသံတော်ဆင့်သတင်းဌာန. ၂၇ရက်နေ့ သြဂုတ် ၂၀၁၂ —- မြန်မာကျပ်ငွေ ၅
ထောင်တန်အတု သိန်းတရာကျော်အား သယ်ဆောင်ရောင်းချနေသည့်
နှစ်နိုင်ငံမှတ်ပုံတင်ကိုင်ဆောင်သူ အမျိုးသမီးအား ထိုင်းနိုင်ငံ
မယ်ဟောင်ဆောင်တဖက်ခြမ်း သျှမ်းပြည်တောင်ပိုင်း ဟိုမိန်းမြို့နယ်ခွဲ၌
ဖမ်းမိကြောင်း နယ်စပ် သတင်းရပ်ကွက် ကဆိုပါသည်။
“ပိုက်ဆံတွေကို ထိုင်းဘက်ခြမ်းကနေသယ်လာတဲ့သူကလေ
နှစ်နိုင်ငံစလုံးရဲ့မှတ်ပုံတင်ကို ကိုင်ဆောင်ထားတယ်။ ထိုင်းဘက် မှာဆိုရင်
တောင်ပေါ်သားကတ်ကိုသုံးတယ်။ အဲဒီမှာသူ့နာမည်က နန်းနုတဲ့။
မြန်မာနိုင်ငံသားစီစစ်ရေး ကတ်ထဲမှာတော့ သူ့နာမည် နန်းပေါက်တဲ့။ အသက်က ၄၀
ကျော်ကျော်လောက်ရှိတယ်” ဟု ဟိုမိန်းပြည်သူ့စစ်တပ်ဖွဲ့ နှင့် နီးစပ်သူတဦး
ကပြောသည်။
အဆိုပါနန်းနုအား ယခုလ ၂၄ ရက် က သျှမ်းပြည်တောင်ပိုင်း
ဟိုမိန်းမြို့နယ်ခွဲ (ထိုင်းနိုင်ငံ မယ်ဟောင် ဆောင်မြို့နှင့် မျက်
နှာချင်းဆိုင်ရှိ) ၌ မြန်မာ ၅၀ဝ၀ တန်အတု ကျပ်သိန်း ၁၅၀ ဖိုးနှင့်အတူ
ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း၊ ゞင်းသည် ကျပ် ၅၀ဝ,ဝ၀ဝ ကို ဘတ်ငွေ ၇,ဝ၀ဝ
ဖြင့်ရောင်းချနေခြင်းဖြစ်ကြောင်း နယ်စပ်နေ ဌာနေပြည်သူ့စစ် များကပြောသည်။
“ဒီကနေ့ငွေလဲနှုန်းနဲ့တွက်မယ်ဆိုရင် ကျပ် ၅၀ဝ,ဝ၀ဝ ဟာ ဘတ်ငွေ ၁၈,၅၀ဝ
ကျတယ်လေ။ ဒါကြောင့်ပေါ့။ သူက အခု အဖမ်း ခံရတာ တတိယအကြိမ်ပေါ့။ ပထမအကြိမ်
ကျပ်ငွေအတု သုံးသိန်းဖိုး၊ ဒုတိယအကြိမ်ကျတော့ ကျပ်ငွေအတု ငါးသန်းဖိုး(
ကျပ်သိန်း ၅၀) နဲ့ဖမ်းမိတယ်။ ဒီတခေါက်တော့ သူ့ကို ခရိုင်တရားရုံးကို
ပို့လိုက်ပြီ ။ မနေ့ကဘဲ” ဟု အဆိုပါ ထိုင်းရဲက ဆက်လက်ပြောပြသည်။
ပိုက်ဆံအတုများအား ချင်းမိုင်မြို့နေ စိုင်းဆောလုံ ဆိုသူထံမှ
ယူလာကြောင်း နန်းနု ခေါ်နန်းပေါက်က ပြောခဲ့သော်လည်း အဆိုပါ စိုင်းဆောလုံအား
ယနေ့တိုင် ထိုင်းရဲများ မဖမ်းမိသေးကြောင်း၊ စိုင်းဆောလုံမှာ ယခင်က
ဦးခွန်ဆာ၏ မုံးတိုင်းအာမီ တပ်မတော်၌ ရုံးဝန်ထမ်းတဦး ဖြစ်ခဲ့ဖူးကြောင်း
ထိုင်းရဲများကပြော၏။
နန်းနု၏ (ထိုင်းနိုင်ငံ) တောင်ပေါ်သားမှတ်ပုံတင်ကတ်ပြား
အမေရိကန်ဒေါ်လာငွေအပြင် တရုတ်ယွမ်ငွေ ထိုင်းဘတ်ငွေနှင့်
မြန်မာကျပ်ငွေအတုများ ထုတ်ဝေသယ်ဆောင်မှုပြဿနာမှာ ထိုင်း-မြန်မာနယ်စပ်၌
အစဉ်အဆက်ဖြစ်ပေါ်နေသော ပြဿနာဖြစ်သည်။
အဆိုပါငွေစက္ကူအတုများမှာ မူးယစ်ဆေးချက်လုပ်ရန်
ဘိန်းစိုက်တောင်သူများထံမှ ဘိန်းစိမ်းဝယ်ယူဖို့ ထုတ်လုပ်အသုံးပြု
သည့်ငွေများဖြစ်ပြီး ထိုမှတဆင့် မြို့တွင်းသို့ ပျံ့လာခြင်း ရှိနေသည်ဟု
ငွေရှင်များက သုံးသပ်ပြောဆိုသည်။
နယ်စပ်၌ ထိုကဲ့သို့ ငွေစက္ကူအတု ပေါများခြင်းကြောင့်လည်း
တာချီလိတ်မြို့နေ ဒေသခံအများစုမှာ မြန်မာငွေစက္ကူ လက်ဝယ်ထားရှိလိုသည့်
ဆန္ဒမရှိခြင်းဖြစ်ကြောင်းလည်း တာချီလိတ်မြို့
စီးပွါးရေးလုပ်ငန်းရှင်များကပြောသည်။
သျှမ်းသံတော်ဆင့်