နိုင်ငံတံခါးများကျိုးပေါက်ခြင်းမှုကို အစိုးရအနေနှင့်လုံခြုံမှုရအောင် ထိမ်းသိမ်းဖို့လိုဟု ဦးကျော်သူပြော ပြီ
မရခိုင်ပြည်တွင် ဇွန်လက ဖြစ်ပေါ်ခဲ့သည့်ဆူပူအကြမ်းဖက်မှုသည် မြန်မာနိုင်ငံခြံစည်းရိုး၊ တံခါးများကျိုးပေါက်ခြင်းကို အခြေခံကာဖြစ်
ပေါ်ခဲ့ရာ နိုင်ငံတော် အစိုးရအနေဖြင့်
နိုင်ငံခြံစည်းရိုး လုံခြုံအောင် ထိန်းသိန်းရန်လိုအပ်ကြောင်း နာရေးကူညီမှုအသင်း(ရန်ကုန်)
ဥက္ကဌ
ဦးကျော်သူက သြဂုတ်လ ၂၄ ရက်နေ့ စစ်တွေမြို့ အင်းပေါက်ဝ ဟိုတယ်တွင်
ဒေသခံနာရေးကူညီမှုအသင်းနှင့် တွေ့ဆုံစဉ် သတင်းထောက်များကို ပြောကြား
ခဲ့ကြောင်း သိရသည်။
"
မြန်မာနိုင်ငံရဲ့အနောက်ဘက်တံခါးကျိုးပေါက်တယ်။ အရှေ့ဘက်ကလဲ ကျိုးပေါက်တယ်။
မြောက်ဘက်လဲ ကျိုးပေါက်နေတယ်။ နောက်ဆိုရင် မြန်မာနိုင်ငံလို့ပြောရမယ့်
အနေအထားမရှိအောင်ထိ ဖြစ်လာနိုင်တယ်။ ဒီလိုဖြစ်နေတာကို
နိုင်ငံတော်အစိုးရအနေနဲ့ ကိုယ့်အိမ်၊ ကိုယ့်ခြံ၊ ကိုယ့်နိုင်ငံကိုရဲ့
ခြံစည်းရိုးကိုသတ်မှတ်ပြီး လုံခြုံမှုအပြည့်အ၀ ရှိအောင်လုပ်ဖို့လိုတယ် " ဟု
ဦးကျော်သူက ပြောသည်။
အိမ်ထောင်စု တစ်ခုအတွင်းသို့ အပြင်မှ
ဧည့်သည်တစ်ဦးဝင်လာကာ အိမ်တစ်ခုလုံးကို အပိုင်သိမ်းချင်သောကိစ္စကို
သူ့အနေနှင့် လက်မခံနိုင်ကြောင်း၊ နိုင်ငံမှာဆိုရင်လည်း နိုင်ငံ၏စည်းကို
ထိန်းသိမ်းရန် အားလုံးမှာ တာဝန်ရှိကြောင်းကို အသင်းစည်းကမ်းနှင့် ပတ်သက်၍
ဆွေးနွေးချက်တွင် အလေးထား ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံတွင်အင်ဒိုနီးရှား၊
မလေးရှားများကဲ့သို့ ဘာသာခြားတစ်ခု လွှမ်းမိုးမှုမခံရအောင်၊ မိမိတို့ဘာသာ
ပျောက်ကွယ်မသွားအောင် ရခိုင်တိုင်းရင်းသားများက တံတိုင်းကြီး တစ်ခုသဖွယ်
ကြံ့ကြံ့ခံ ရပ်တည်ပေးနေကြောင်းကို နာရေးကူညီမှုအသင်း(ရန်ကုန်) အထွေထွေအတွင်း
ရေးမှူး
ဒေါ်ရွှေဇီးကွက်က တွေ့ဆုံပွဲတွင် ပြောကြားခဲ့ကြောင်း သိရသည်။
အိမ်နီးချင်းနိုင်ငံများမှ
လူမျိုးခြားများ မြန်မာနိုင်ငံအတွင်း စိမ့်ဝင်ရောက်ရှိနေခြင်း၊
မသမာသောနည်းလမ်းများဖြင့် နိုင်ငံသားစိစစ်ရေးကဒ်ပြားများ
ကိုင်ဆောင်ထားခြင်းများကို ဥပဒေစိုးမိုးရေးအတွက် အမျိုးသားရေးတာဝန်အဖြစ်
အထူးစီမံချက်တစ်ရပ်ချမှတ် ဖော်ထုတ် အရေးယူဆောင်ရွက်ပေးပါရန်
ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို လွှတ်တော်ကိုယ်စား
လှယ်
မြတ်ဉာဏစိုးက သြဂုတ်လ (၈)ရက်နေ့ ပထမအကြိမ် အမျိုးသားလွှတ်တော်
စတုတ္တပုံမှန်အစည်းအဝေးတွင် (၂၂)ရက်မြောက်နေ့က တင်သွင်းခဲ့ရာ ဆွေးနွေးရန်
အချိန်စောသေးကြောင်းပြောကာ အစည်းအဝေးမှ ပယ်ချခဲ့သည်။
Arakan Times
BY
ရဲရင့်(ကနေဒါ)
...
8/25/2012
မြန်မာနိုင်ငံအား ဗုံးခွဲတိုက်ခိုက်သွားမည်ဟု ခြိမ်းခြောက်ခဲ့သော တာလီဘန်ခေါင်းဆောင် ဒုံးကျည်ထိမှန်သေဆုံး
by မောင်ကျောက်ခဲ
ကူနာပြည်နယ်
ရှီဂယ်ခရိုင်အတွင်း ပြုလုပ်ခဲ့သော လေကြောင်းတိုက်ခိုက် မှုကြောင့် အဆိုပါ
တာလီဘန်ခေါင်းဆောင် မော်လ၀ီဒါဒူလာရှ်မှာ သေဆုံးခဲ့ခြင်း ဖြစ်ကြောင်းနှင့်
အလောင်းအား ရရှိပြီဖြစ်ကြောင်း နေတိုးတပ်ဖွဲ့ မှ အတည်ပြုပြောကြားသည်။
မောင်းသူမဲ့
လေယာဉ်မှ ဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အခြားအရပ်
သားများနှင့် အဆောက်အဦးများ ထိခိုက်မှု မရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ တာလီဘန်ခေါင်းဆောင်အား ဂျမယ်လ်ဟုလည်း လူသိများကာ ၄င်းသည်
အာဖဂန်တပ်ဖွဲ့ နှင့် ညွန့်ပေါင်းတပ်ဖွဲ့ များအား တိုက်ခိုက်ရေးနှင့်
လက်နက်များ စီစဉ်ရာတွင် အဓိက ကျသူဖြစ်သည်။
မသေဆုံးမီ
အထိ လှည့်လည်ပုန်းရှောင်နေခဲ့ရပြီး အတွင်းလူ တစ်ဦး၏ သတင်းပေးမှုဖြင့်
ချေမှုန်း နိုင်ခဲ့ ခြင်းဖြစ်ကြောင်း သိရှိရသည်။ အစောပိုင်းကမူ အဆိုပါ
သတင်းအား တာလီဘန်မျာဖက်မှ ငြင်းဆိုခဲ့သေးသည်။
တရုတ်နိုင်ငံရှိ လိုင်းရင်း ကချင်ဒုက္ခသည်စခန်း ထပ်မံ ရွှေ့ပြောင်းခံရ
by admin
သြဂုတ်လ ၂၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကချင်ပြည်နယ် လွယ်ဂျယ်မြို့နှင့် မျက်နှာချင်းဆိုင် တရုတ်နိုင်ငံအတွင်းရှိ
လူဦးရေ တစ်ထောင်ကျော်အခြေစိုက်သည့် လိုင်းရင်းဒုက္ခသည် စခန်းမှာ ယနေ့မနက်
၉နာရီမှစ၍ လွယ်ဂျယ်မြို့ဘက်သို့ ပြောင်းရွှေ့ခံရပြီဖြစ်သည်။
ထိုဒေသရှိ ဒုက္ခသည်များကို သွားရောက်ကူညီပေးနေသည့်
ကချင်ကယ်ဆယ်ရေးအဖွဲ့-WPN မှ အမည်မဖော်လိုသူ တာဝန်ရှိသူတဦးက “ဒီမနက်ပဲ
ပြောင်းလိုက်တယ်။ ကားက ၁၀စီးလောက်ရှိမယ်။ ကားခကတော့ တရုတ်အာဏာပိုင်တွေက
ကူညီပေးတယ်။ ပြောင်းရွှေ့တာ ပစ္စည်းတွေနဲ့ဆိုတော့ တစ်နေကုန်ပဲ”ဟု
ကေအိုင်စီသို့ ပြောသည်။
ယခု သြဂုတ်လ ၂၁ရက်နေ့က ကချင်လွတ်မြောက်ရေးအဖွဲ့-KIO နှင့်
တရုတ်အာဏာပိုင်တို့သည် လိုင်းရင်းတွင် တွေ့ဆုံဆွေးနွေးပြီး နောက်ပိုင်းတွင်
ဒုက္ခသည်များ ထိုသို့ ပြောင်းရွှေ့ခံရခြင်းဖြစ်သည်ဟု အဆိုပါတာဝန်ရှိသူက
ဆက်ပြောသည်။
ပြောင်းရွှေ့ခံရသည့် ဒုက္ခသည်အမျိုးသမီးတစ်ဦးက “ကျမက ကိုယ့်ရွာမှာလည်း
ပြန်လို့ မဖြစ်သေးဘူး။ ဒီမှာနေတော့လည်း ဟိုပြောင်းဒီ ပြောင်း အဆင်ပြေဘူး။
စိတ်ပင်ပမ်းတယ်။ ဒီမှာပဲ ဆက်နေရရင် ပိုကောင်းတယ်။ တဖက်ကလည်း
တရုတ်အာဏာပိုင်တွေက နင်တို့ဒေသ မှာ တိုက်ပွဲမဖြစ်တော့ဘူး။ ပြန်တော့လို့
ခဏခဏ လာပြောတယ်”ဟု ဆိုသည်။
လိုင်းရင်းစခန်းရှိ ဒုက္ခသည်များအနက် ယနေ့ လွယ်ဂျယ်သို့
ပြောင်းရွှေ့သူများမှာ ၄၀၀ကျော်ရှိပြီး ၁၀၀ကျော်မှာ မိုင်ဂျာရာဒုက္ခသည်စခန်း
သို့ ပြောင်းရွှေ့သွားကြကာ ကျန်ဒုက္ခသည်များမှာ လိုင်းရင်း၌ တလလျှင်
တရုတ်ယမ်းငွေ ၈၀ သို့မဟုတ် ၉၀ ပေးရသည့် တိုက်ခန်းများငှား ကာ ဆက်လက်
နေထိုင်လျှက်ရှိကြသည်ဟု WPN အဖွဲ့က ဆိုသည်။
ထို့အပြင် ကချင်ပြည်နယ်ရှိ အချို့နေရာများ၌ KIO နှင့်
မြန်မာအစိုးရတပ်တို့အကြား ပစ်ခတ်မှု နည်းပါးသွားသည့်အပေါ် လိုင်းရင်းဒုက္ခ
သည်အချို့မှာ နေရပ်ဒေသသို့ ပြန်သွားကြပြီး ဥယျာဉ်ခြံများနှင့်
သီးနှံစိုက်ခင်းများကို ပြန်လုပ်ကိုင်ကြရင်း အခြေအနေစောင့်ကြည့်ကာ
၎င်းတို့ဒေသတွင်ပင် နေထိုင်သွားကြသည်ဟု သိရသည်။
WPN အဖွဲ့၏ ပြောပြချက်အရ လွယ်ဂျယ်သို့ ပြောင်းရွှေ့မခံရမီ
လိုင်းရင်းဒုက္ခသည်များ၏ နောက်ဆုံး လူဦးရေစာရင်းမှာ ၁,၇၁၇ဦးရှိပြီး ယခု
သြဂုတ်လ ၂၂ရက်နေ့ကလည်း တရုတ်နိုင်ငံ၊ နောင်တောင်းရှိ ဒုက္ခသည်ဦးရေ
၎,၀၀၀ကျော်နေထိုင်သည့် ဒုက္ခသည်စခန်း ၆ခုမှာ လည်း ကချင်ပြည်နယ်
ဗန်းမော်မြို့နယ်၊ လနာဇွပ်(Lana Zup)သို့ ပြောင်းရွှေ့ခံခဲ့ရသည်။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲဖြစ်သည့်
ယခုကာလတွင် တရုတ်နိုင်ငံရှိ ဒုက္ခသည်များကို နေရပ်ပြန်မပို့
သင့်သေးကြောင်းနှင့် ယခုလို ပို့ဆောင်ခြင်းမှာ လူ့အခွင့်အရေးကို
ချိုးဖောက်ရာရောက်ကြောင်း လူ့အခွင့်အရေးအဖွဲ့များက တရုတ်အစိုးရ ကို
ဝေဖန်ပြောဆိုနေကြသည်။
ကချင်စစ်ပြေးဒုက္ခသည်များကို ဖိအားပေးပြန်ပို့နေသည်ဟူသော သတင်းများ မှန်ကန်မှုမရှိဟု တရုတ်အစိုးရငြင်းချက်ထုတ်
by mmnewshub
The Voice Weekly , 26August 2012 —- နယူးယောက်၊ သြဂုတ် – ၂၆
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ
ကချင်တိုင်းရင်းသားစစ်ပြေးဒုက္ခသည်များကို စစ်မက်ဖြစ်ပွားလျက်ရှိသော
ဇုန်များအတွင်းသို့ ဖိအားပေး ပြန်ပို့လျက်ရှိသည်ဟူသော
လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ စွပ်စွဲပြောဆိုမှုများမှာ
မှန်ကန်မှုမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၂၆
ရက်နေ့တွင် ငြင်းပယ်လိုက်သည်။
ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည်များ မြန်မာနိုင်ငံသို့
ပြန်သွားကြခြင်းမှာ ၎င်းတို့၏ ဆန္ဒအလျောက် ပြန်သွားကြခြင်းသာဖြစ်ကြောင်း၊
အကြောင်းမှာ မြန်မာအစိုးရတပ်ဖွဲ့များနှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော
ကေအိုင်အေတို့အကြား တိုက်ခိုက်မှုများလျော့ကျသွားခြင်းကြောင့်ဖြစ်ကြောင်း
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လတ်တလောရက်သတ္တပတ်များအတွင်း နှစ်နိုင်ငံနယ်စပ်ဒေသ
တရုတ်ပြည်ဘက်သို့ရောက်ရှိလာသော ကချင်တိုင်းရင်းသားအများစုမှာ
စစ်ပြေးဒုက္ခသည်များမဟုတ်ပါကြောင်း ယင်းကြေညာချက်တွင်ဖော်ပြပါရှိသည်။
“အချို့သော ကချင်တိုင်းရင်းသားများသည် အလုပ်အကိုင်ကိစ္စကြောင့် နေ့ဘက်တွင်
မြန်မာနိုင်ငံဘက်သို့ ပြန်သွားကြပြီး ညဘက်အချိန်တွင် တရုတ်နိုင်ငံဘက်၌
ယာယီနေထိုင်ကြခြင်းဖြစ်သည်” ဟု ကြေညာချက်ကဆိုသည်။
“တရုတ်နိုင်ငံတွင် လူသားချင်စာနာထောက်ထားတတ်သည့် စိတ်ဓာတ်ရှိပြီး
မြန်မာနယ်စပ်ဒေသတွင် ခိုလှုံနေထိုင်သူ
အဆိုပါဒုက္ခသည်များအားထောက်ပံ့မှုပြုနိုင်သည့် လူသားရင်းမြစ်များ၊
ငွေကြေးနှင့် အခြားသောပစ္စည်များလည်း အမြောက်အမြားရှိပါသည်” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဇွန်လတွင် မြန်မာအစိုးရနှင့် ကေအိုင်အေအကြား
၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အဆုံးသတ်သွားခဲ့ချိန်မှစ၍
ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည်
ထောင်ပေါင်းများစွာမှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲသို့
ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
မကြာသေးခင် ရက်ပိုင်းအတွင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)
အပါအဝင်အခြားသော လူ့အခွင့်အရေးအုပ်စုများက တရုတ်အစိုးရသည်
ယင်းကချင်တိုင်းရင်းသားဒုက္ခသည်များကို ဖိအားပေး ပြန်ပို့လျက်ရှိသည်ဟု
စွပ်စွဲပြောဆိုမှုများနှင့် ပတ်သက်၍ အမေရိကန် သတင်းစာ နယူးယောက်တိုင်းမ်က
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထံ ဆက်သွယ်မေးမြန်းခဲ့ရာ ယင်းသို့
ကြေညာချက်ပါထုတ်ပြန်လိုက်ခြင်းဖြစ်သည်။