Monday, August 20, 2012

ဦးနှောက်ကို ပျက်စီးစေသော အကြောင်း (၁၀) ချက်




ဦးနှောက်ကို ပျက်စီးစေသော အကြောင်း (၁၀) ချက် 

သြဂုတ် (၂၀)


(၁) မနက်စာ မစားခြင်း
မနက်စာမစားသူတွေရဲ့ သွေးထဲမှာ သကြားတတ်ပိုနည်းတတ်ပါတယ်။ အဲ့ဒါရဲ့အကျိုးဆက်အနေနဲ့ ဦးနှောက်အတွက် လုံလောက်တဲ့အဟာရ မရတော့ဘဲ ဦးနှောက်ရဲ့စွမ်းရည်ကို ကျဆင်းစေပါတယ်။(၂) လွန်ကဲစွာစားသောက်ခြင်း
လိုအပ်တာထပ်ပိုစားသောက်ခြင်း အားဖြင့် ဦးနှောက်ရဲ့ သွေးလွှတ်ကြောတွေကို တင်းမာစေပြီး စိတ်စွမ်းရည်ကိုပါကျစေပါတယ်

(၃) ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းကြောင့် ဦးနှောက်ကို ကျုံ့စေသလို အယ်လ်ဇိုင်းမားရောဂါ (လူရဲ့မှတ်ဥာဏ်နဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းတွေကို ကျဆင်းစေတဲ့ရောဂါကိုပါ) ဖြစ်စေနိုင်ပါတယ်။


(၄) အချိုများလွန်ကဲစွာစားခြင်း
အချိုဓာတ်တွေ လွန်ကဲနေခဲ့ရင် ပရိုတိန်းဓါတ်နဲ့ အဟာရတွေ စုတ်ယူမှုကို အဟန့်အတားဖြစ်စေပြီး အဟာရ ချို့တဲ့စေတဲ့အပြင် ဦးနှောက်ဖွံ့ဖြိုးမှုကိုပါ အနှောက်အယှက်ဖြစ်စေပါတယ်။

(၅) လေထုညစ်ညမ်းခြင်း
ဦးနှောက်ဟာ ကိုယ်ခနာမှာ အောက်ဆီဂျင်ကို အများဆုံး အသုံးပြုတဲ့ အစိတ်အပိုင်းဖြစ်ပါတယ် ညစ်ညမ်းတဲ့လေကို ရှုသွင်းခြင်းအားဖြင့် ဦးနှောက်ကို အောက်ဆီဂျင်ထောက်ပံ့မှုလျှော့
နည်းစေပြီး ဦးနှောက်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေပါတယ်။

(၆) အိပ်ချိန်မလုံလောက်ခြင်း
အိပ်စက်ခြင်းဟာ ဦးနှောက်ကို အနားရစေပါတယ်။ အိပ်ချိန်မလုံလောက်တာမျိုး ရေရှည်ဖြစ်လာတဲ့အခါမှာ ဦးနှောက်ရဲ့ ဆဲလ်တွေ သေဆုံးတဲ့နှုန်းမြင့်မားလာစေပါတယ်။

(၇) အိပ်ချိန်မှာ ခေါင်းကိုဖုံးအုပ်ထားခြင်း
ခေါင်းကိုဖုံးအုပ်ပြီး အိပ်ခြင်းအားဖြင့် ကာဗွန်ဒိုင်အောက်ဆိုဒ်တွေ စုစည်းမှုကိုတိုးလာစေပြီး အောက်ဆီဂျင်စုစည်းမှုကိုလျှော့ကျစေတာကြောင့် ဦးနှောက်ကို ပျက်စီးစေတဲ့ အကျိုးဆက်ကို ရစေပါတယ်။

(၈) ကျမ်းမာရေးမကောင်းချိန်မှာ ဦးနှောက်ကိုအသုံးပြုခြင်း
ကျမ်းမာရေးမကောင်းချိန်မှာ (ဦးနှောက်သုံးရတဲ့) အလုပ်ပြင်းထန်စွာ လုပ်တာမျိုး၊ စာကျက်စာဖတ်တာမျိုးတွေဟာ ဦးနှောက်ရဲ့စွမ်းဆောင်နိုင်မှုတွေကို လျော့ကျစေသလို ဦးနှောက်ကိုလည်း ပျက်စီးစေပါတယ်။

(၉) စိတ်ဝင်စားတတ်ကြွစွာ စဉ်းစားတွေးခေါ်မှု မရှိခြင်း
စဉ်းစားတွေးခေါ်ခြင်းဟာ ဦးနှောက်ကိုလေ့ကျင့်ပေးဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဦးနှောက်ကိုတတ်ကြွစေတဲ့ စဉ်းစားတွေးခေါ်မှုတွေ လုပ်မပေးရင် ဦးနှောက်ကို ကျုံစေပါတယ်။

(၁၀) စကားနည်းခြင်း
အသိဥာဏ် အတွေးအခေါ်ပါတဲ့စကားစမြည်ပြောပေးခြင်းကြောင့် ဦးနှောက်ရဲ့စွမ်းရည်
ကိုတိုးတတ်စေပါတယ်။
 
Good health

"သတင်းဂျာနယ် ၊ နိုင်ငံရေးနှင့် ဘာသာရေး စာပေများ စာပေစိစစ်ရေး တင်ရန်မလိုတော့ဘဲ လွတ်လပ်စွာ ထုတ်ဝေခွင့်ရပြီ"


"သတင်းဂျာနယ် ၊ နိုင်ငံရေးနှင့် ဘာသာရေး စာပေများ စာပေစိစစ်ရေး တင်ရန်မလိုတော့ဘဲ လွတ်လပ်စွာ ထုတ်ဝေခွင့်ရပြီ" 

သြဂုတ် (၂၀)
သတင်းဂျာနယ်များ အပါအ၀င် တင်ထုတ် အဖြစ်ကျန်ရှိ နေသေးသည့် ဘာသာရေး၊ နိုင်ငံရေးဆိုင်ရာ စာပေများ အားလုံးကို ထုတ်တင် စနစ်သို့ ခွင့်ပြုပေးလိုက်ပြီ ဖြစ်သည်။သြဂုတ်လ ၂၀ ရက် နံနက်တွင် စာပေစိစစ်နှင့် မှတ်ပုံတင် ဌာန၌ ပြု လုပ်သော 
စာပေစိစစ်ရေး မူဝါဒ အပြောင်းအလဲ အတွက် ညှိနှိုင်း ဆွေးနွေး ပွဲတွင် တရားဝင် ထုတ်
ပြန်ခဲ့ခြင်းဖြစ်ပြီး ပဉ္စမအဆင့် ဖြေလျော့မှု အဖြစ် တင်ထုတ် အဖြစ်ကျန်နေသည့် အုပ်စု (၂)မှ သတင်းနှင့် 
ဘာသာရေး ဂျာနယ် အမျိုးအစား (၂)မျိုး ၊ နိုင်ငံရေးနှင့် သမိုင်းဆိုင်ရာ မဂ္ဂဇင်းများ၊ ဘာသာရေး မဂ္ဂဇင်း(၂)မျိုး ၊ အထွေထွေ မဂ္ဂဇင်းများတွင် နိုင်ငံရေးနှင့်  ဘာသာရေး ၊ တေးသီချင်းများနှင့်  ပြက္ခဒိန် အပါ အ၀င်(၄) မျိုး ၊ သံရုံး စာပေများ အားလုံးသည် စာပေးစိစစ်ရေးသို့ ကြိုတင်တင်ပြရန် လုံးဝမလို အပ်တော့ကြောင်း သိရသည်။
 
PopularNews

ရခိုင်ပြည် စုံးစမ်းစစ်ဆေးရေး ကော်မရှင် နှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် က သမာသမတ်ကျ ဟု ရခိုင်အမျိုးသမီးများ အစည်းအရုံး ဆို


ရခိုင်ပြည် စုံးစမ်းစစ်ဆေးရေး ကော်မရှင် နှင့်ပတ်သက်၍ နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန် က သမာသမတ်ကျ ဟု ရခိုင်အမျိုးသမီးများ အစည်းအရုံး ဆို 

သြဂုတ် (၂၀)
ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သာ အဓိကရုဏ်းကို မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က မိမိတို့ ဦးဆောင်မှု မပြုလုပ်ဘဲ တတ်သိပညာရှင်တွေ၊ အနုပညာရှင်တွေ၊ လူမှုရေးအဖွဲ့အစည်းမှ ခေါင်းဆောင်တွေနဲ့
လွတ်လပ် သော စုံးစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းခွင့် ပေးလိုက်ခြင်းအပေါ် ဘင်္ဂလာဒေ့ခ်ျ့အခြေစိုက် ရခိုင်အမျိုး သမီးများ အစည်းအရုံး(RWU)က သမာသမတ်ကျသည်ဟု ပြောဆိုကြောင်း သတင်းရရှိသည်။
" ပြဿနာကို ဖြေရှင်းရာမှာလဲ အစိုးရ၊ စုံးစမ်းစစ်ဆေး သူလည်း အစိုးရဆိုတော့ မသင့်တော်ကြောင်း အစိုးရအနေနဲ့ စဉ်းစားပုံရပါတယ်။ ဒီတော့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က စုံးစမ်းတာမျိုးက ပိုသင့်တော်တယ်လို့ သေချာစဉ်းစားပြီး အစိုးရမပါဘဲ လွတ်လပ်တဲ့ ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းလိုက် တာဖြစ်နိုင်တယ်လို့ ပြောချင်တယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေ၊ လူမှူးရေးအဖွဲ့အစည်းတချို့က ခေါင်းဆောင်တွေ၊ တချို့ပညာရှင်နဲ့ ဖွဲ့စည်းတာဟာ သမာသမတ်ကျပြီးတော့ နှစ်ဖက်ပြဿနာဖြစ်သူ တွေအကြား အဖြစ်မှန်ကို ရှာဖွေဖေါ်ထုတ်နိုင်လိမ့်မည်လို့ အစိုးရက ယူဆပုံရပါတယ်။ ကျမအနေနဲ့လည်း သဘောတူပါတယ်။ အားလုံးအတွက် သမာသမတ်ကျပြီး အဖြေမှန်ကို ဖေါ်ထုတ်နိုင်လိမ့်မည်လို့ ထင်ပါတယ်။ " ဟု ရခိုင်အမျိုးသမီးများ အစည်းအရုံးကိုယ်စား ဒေါ်စောမြရာဇာလင်းက ဆိုသည်။
ဆက်လက်ပြီး သမ္မတဦးသိန်းစိန်က ရခိုင်ပြည်တွင်း ပြဿနာကို အခြားနိုင်ငံများက စုံစမ်းစစ်ဆေးရေး လာရောက်မည့်အပေါ်မှာ လက်မခံဘဲ ပြည်တွင်းမှ ခေါင်းဆောင်တွေတချို့နဲ့ တတ်သိပညာရှင်တွေကို ဖွဲ့စည်းခွင့်ပေးလိုက်သည့်အပေါ်မှာ ဒေါ်စောမြရာဇာလင်းက အခုလိုသုံးသပ်ပြောဆိုပါတယ်။
" နိုင်ငံတကာက လာရောက်စစ်ဆေးမှုကို ကျမအနေနဲ့ဆိုရင်လည်း လက်ခံမှာမဟုတ်ဘူး။ နိုင်ငံတကာက လာရောက်စစ်ဆေးမယ်ဆိုရင် သူတို့ကရခိုင်ပြည်ရဲ့ သမိုင်း၊ ရခိုင်ပြည်ရဲ့ ပထ၀ီ အနေအထားကိုလည်း သေချာ လေ့လာမှာမဟုတ်ဘူး။ မြန်မာ့သမိုင်း ရေခံမြေခံကိုလည်း စနစ်တကျသေချာစီစစ်မှာ မဟုတ်ဘူး။ တခဏလေးလာပြီး မမှန်ကန်တဲ့ လူ့အခွင့်အရေး ရှုဒေါင့်တစ်ခုတည်းကနေ ပြောကြ၊ ရေးကြမယ်။ မသေချာတဲ့ အစီရင်ခံစာတွေကို ထုတ်ကြမယ်။ ရခိုင်မြေပေါ်မှာ ဘိုးစဉ်ဘောင်ဆက်နေလာတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ လူ့အခွင့်အရေးကို လုံးဝမလေးစား၊ ထည့်မတွက်ကြဘဲ တရားမ၀င်လာရောက်နေကြတဲ့ ဘင်္ဂလီနွယ်ဖွားတွေ ကိုဘဲ တစ်ဖက်သတ် ဦးစားပေးပြီး ရေးကြမယ်။ အခုလည်း အပြည်ပြည်ဆိုင်ရာသတင်းတွေ၊ အပြည်ပြည်ဆိုင် ရာ(INGO/NGO) တွေက ဒီလိုဘဲမဟုတ်မမှန် ပြောနေကြ၊ လုပ်နေကြတော့ နိုင်ငံတကာကဖွဲ့မည့် စုံစမ်းစစ် ဆေးရေးကော်မရှင်ကို လက်မခံတာဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံကဆိုရင်လည်း အဘနဖူးကို သစ်တူးတတ်တဲ့ အကျင့်ရှိသူတွေကို ကော်မရှင်မှာမပါမိဖို့ အထူးသတိထားရမယ်လို့ ပြောချင်ပါတယ်။ တိုတိုပြောရရင်တော့ ရ လာတဲ့ အစီရင်ခံစာဟာ သမာသမတ်ဖြစ်ဖို့ကို ဦးတည်ရည်ရွှယ်ပြီး အခုလိုမျိုး တတ်သိပညာရှင်တွေ၊ လူမှုရေးအဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းလိုက်တာဖြစ်နိုင်တယ်လို့ ယူဆပါတယ်။ " ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။
ရခိုင်ပြည်တွင်းဖြစ်ပွားခဲ့သော ပြဿနာကို နိုင်ငံတကာက လက်ခံလာနိုင်အောင် အဖြေမှန်ထုတ်ဖို့နှင့် အမှန်တရားကိုဖေါ်ထုတ်ပေးဖို့ သြဂုတ်လ ၁၇ ရက်နေ့တွင် လွတ်လပ်သော စုံးစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့စည်းလိုက်ပါတယ်။

 Arakan Times

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။