Monday, August 20, 2012

အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို ဆက်သွယ်မည့် ကီလိုမီတာ ၃၂၀၀ အရှည်ရှိ အဝေးပြေးကားလမ်းကို ၂၀၁၆ ခုနှစ်တွင် အပြီး တည်ဆောက်မည်




အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို ဆက်သွယ်မည့် ကီလိုမီတာ ၃၂၀၀ အရှည်ရှိ အဝေးပြေးကားလမ်းကို ၂၀၁၆ ခုနှစ်တွင် အပြီး တည်ဆောက်မည် 

သြဂုတ် (၁၉)

အိန္ဒိယ၊ မြန်မာနှင့် ထိုင်းနိုင်ငံတို့ကို ဆက်သွယ်မည့် ကီလိုမီတာ ၃၂၀၀ အရှည်ရှိ အဝေးပြေးကားလမ်းကို၂၀၁၆ ခုနှစ်တွင် အပြီး တည်ဆောက် သွားမည်ဟုမလေးရှားနိုင်ငံ၏ Bernama သတင်းအေဂျင်စီတွင် ဖော်ပြထားသည်။
အာဆီယံနိုင်ငံများ၏ မိတ်ဖက် ခြောက်နိုင်ငံတွင် ပါဝင်သော အိန္ဒိယ နိုင်ငံသည် မြန်မာနိုင်ငံကို ချေးငွေ အမေရိကန်ဒေါ်လာသန်း ၅၀၀ ကူညီပေးထားပြီး ချေးငွေ၏အချို့ တစ်ဝက်ကို အဆိုပါသုံးနိုင်ငံသွယ် တန်းမည့် အဝေးပြေးကားလမ်း အတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးမစ္စတာ အန်နေးလ်ဝဒ် ဟ၀ါက ပြောကြားခဲ့သည်။
အဆိုပါ အဝေးပြေးလမ်းကို ၂၀၁၆ ခုနှစ်တွင်အပြီး တည်ဆောက်ရန် မျှော်မှန်းထားပြီး အိန္ဒိယ၏အရှေ့ မြောက် ပြည်နယ်များမှ မြန်မာနိုင်ငံ အထိ လမ်းအရှည် ၁၆၀၀ ကီလိုမီတာကျော် အတွက် လမ်းပိုင်းအချို့ ကို အသစ်တည်ဆောက်ခြင်း၊ ပြုပြင်ခြင်းများ ပြုလုပ်ရမည်ဟု သိရသည်။
“ဒီအဝေးပြေးလမ်းက အိန္ဒိယ ကနေ မြန်မာနိုင်ငံ မန္တလေးအထိ ဆက်သွယ်ပေးမှာ ဖြစ်ပါတယ်။ ပြီး တော့ ထိုင်းအာဏာပိုင်တွေ အဝေးပြေးလမ်း တည်ဆောက်နေတဲ့ နေရာ ကိုဆက်သွယ်ပါမယ်။
 အဲဒီနေရာက ထိုင်းနယ်စပ်ကနေ မြန်မာနိုင်ငံထဲ ကို ၆၃ ကီလိုမီတာ ဝေးပါတယ်” ဟု ၎င်းကထိုင်းနိုင်ငံ၏ နေ့စဉ်ထုတ် The Nationသတင်းစာနှင့် ပြုလုပ်သော အင်တာဗျူးတစ်ခုတွင် ပြောကြားထားသည်။
၎င်းက အဆိုပါသုံးနိုင်ငံဆက် အဝေးပြေးလမ်းမကြီးသည် ကုန်စည်တင်ကားများကို အိန္ဒိယမှ မြန်မာထိုမှတစ်ဆင့် ချင်းရိုင်နှင့် နယ်စပ်မြို့များကိုဖြတ်၍ ထိုင်းနိုင်ငံကို ဆက်သွယ် သွားလာနိုင်စေ မည်ဟုဆိုသည်။
“ ဒီအဝေးပြေးလမ်းက သုံးနိုင်ငံစလုံးအတွက် ကုန်သွယ်မှုမြှင့်တင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာစေဖို့၊ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့နဲ့ အခြားအကျိုးတွေ အများကြီး ရရှိနိုင်ပါတယ်”ဟု ၎င်းက ပြောကြားခဲ့သည်။
အဆိုပါ ကားလမ်းစီမံကိန်း အတွက် ငွေကြေးကူညီပေးသော အခြားအဖွဲ့အစည်းများတွင် အာရှဖွံ့ဖြိုးမှုဘဏ် (AGB) နှင့် ကမ္ဘာ့ဘဏ်လည်း ပါဝင်နေသည်ဟု သိရသည်။
အဆိုပါလမ်းကြောင်းသည် အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နိုင်ငံများ ကိုဆက်သွယ်သည့် အရှေ့အနောက် စီးပွားရေးစင်္ကြံကို ဖော်ဆောင်ပေးမည်ဖြစ်သည်။
ထို့အတူ တရုတ်နိုင်ငံ တောင်ပိုင်းမှ အရှေ့တောင်အာရှ အဓိက နယ်မြေများဖြစ်သည့် မြန်မာ၊
ထိုင်း နိုင်ငံတို့ကိုဖြတ်၍ မလေးရှား၊ စင်ကာပူအထိ ဆက်သွယ်ထားသည့် မြောက်-တောင်
စီးပွားရေးစင်္ကြံလမ်း လည်း ရှိသည်။

Eleven media group

လုပ်ကြံ သတင်းများ မပြုလုပ်ရန် တစ်ကမ္ဘာလုံးရှိ သတင်းဌာများသို့ပြန်ကြားရေးဝန်ကြီးဌာန တောင်းဆို


လုပ်ကြံ သတင်းများ မပြုလုပ်ရန် တစ်ကမ္ဘာလုံးရှိ သတင်းဌာများသို့ပြန်ကြားရေးဝန်ကြီးဌာန တောင်းဆို 

သြဂုတ် (၁၉)


ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများနှင့် ပတ်သက်၍ အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာ နှင့် အခြားသော ဘာသာများဖြင့် အင်တာနက် ဝက်ဘ်ဆိုက်များတွင် မဟုတ်မမှန်သော ဓာတ်ပုံများ
ထည့်သွင်းဖော်ပြထားသည့် ကိစ္စနှင့် စပ်လျဉ်း၍ မကြာသေးမီက ဝက်ဘ်ဆိုက် အချို့တွင် မြန်မာနိုင်ငံ နှင့် မသက်ဆိုင်သော အခြားပြည်ပနိုင်ငံအချို့မှ လူအများ အစုလိုက် အပြုံလိုက် သေဆုံးနေသည့် ပုံများ ကို မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပျက်နေသည့်ဟန်ဖြင့် ထင်ယောင် ထင်မှား ဖြစ်စေရေန် အင်တာနက် သတင်း ဝက်ဘ်ဆိုက်များ၌ ရုပ်ပုံများ ထည့်သွင်း ဖော်ပြခဲ့ပါသည်။
ထိုသို့ ထည့်သွင်း ဖော်ပြသည့် ဓာတ်ပုံများအနက် လူများ အစုလိုက် သေဆုံးနေသည့် ရုပ်အလောင်း များ ရှေ့တွင် ရပ်ကြည့်နေသော တိဘက် ဘုန်းတော်ကြီးပုံမှာ တိဘက်ဒေသ အရှေ့ပိုင်းတွင် ၂၀၁၀ ပြည့်နှစ်၊ ဧပြီလ ၁၄ ရက်နေ့က ပြင်းထန်သည့် ငလျင်ဒဏ်ကြောင့် သေဆုံးကြသူများအား ရိုက်ကူး ထားသည့် ပုံဖြစ်ကြောင်း၊ ယင်းကိစ္စနှင့် စပ်လျဉ်း၍ အဆိုပါ ပုံကို ဖော်ပြသော ပါကစ္စတန်နိုင်ငံမှ လွှင့်တင်သည့် ဝက်ဘ်ဆိုက်ဖြစ်သော 
www.columnpk.com သို့ စာရေးသားပေးပို့ပြီး အဆိုပါ မဟုတ် မမှန်သည့် သတင်းအား ဖယ်ရှားပေးရန် တောင်းဆိုခဲ့ရာ ထိုဓာတ်ပုံကို www.columnpk.com ဝက်ဘ်ဆိုက် မှ ဖယ်ရှားခဲ့ပါသည်။ သို့ရာတွင် အချို့သော သတင်းဌာနများက အဆိုပါ ဓာတ်ပုံများကို အင်တာနက် စာမျက်နှာများပေါ်တွင် ဆက်လက် အသုံးပြုနေဆဲ ဖြစ်ကြောင်း၊ သို့ဖြစ်ရာ ဗုဒ္ဓဘာသာနှင့် အစ္စလာမ် ဘာသာဝင်တို့ အကြား ပဋိပက္ခ ကြီးထွားရန် လှုံ့ဆော်စေမည့် မဟုတ်မမှန် လုပ်ကြံ ဖန်တီးသည့် ယင်းလုပ် ရပ်မျိုးကို ရှောင်ကြဉ်ကြပါရန် တစ်ကမ္ဘာလုံးရှိ သတင်းဌာနများကို မေတ္တာရပ်ခံကြောင်း အိန္ဒိယနိုင်ငံ အခြေ စိုက် တိဘက် အဖွဲ့ အစည်းတစ်ရပ်မှ သတင်း ထုတ်ပြန်ခဲ့ပါသည်
 Yangon Media Group

မိုးမောက်မြို့နယ်အတွင်း KIA မှ မိုင်းဖောက်ခွဲ




မိုးမောက်မြို့နယ်အတွင်း KIA မှ မိုင်းဖောက်ခွဲ 

သြဂုတ် (၁၉)

ကချင်ပြည်နယ် ၊ မိုးမောက်မြို့ ၊ မိုးမောက်မြို့သစ် ကားလမ်းပေါ်တွင် KIA အဖွဲ့မှ ပြီးခဲ့တဲ့ သြဂုတ်လ (၁၆)ရက်နေ့ ညနေ(၃)နာရီခန့်မှာ မိုင်း(၁)လုံးဖောက်ခွဲခဲ့တယ်လို့ သတင်းရရှိပါတယ်။
          ကေအိုင်အေ အောက်ခြေတပ်ဖွဲ့ဝင်တွေ စီးပွားရေးကျပ်တည်းလာမှုကြောင့် ခူးလီ ၊ နမ့်လှိုင် စတဲ့ရွာတွေ ကနေ ကျွန်းခွဲသားဆိုဒ်စုံကို နွားလှည်းတွေနဲ့ တင်ဆောင်ပြီး ကျခမ်းဒတ်ကျေးရွာအနီးမှာ စုပုံလေ့ရှိပါတယ်။ ဒီလိုစုပုံထားတဲ့ သစ်တွေကို တုန်ဖုန်းယာဉ် ၊ ဂျစ်စတောက် ယာဉ်တွေနဲ့ မိုးမောက်-စိန်လုံ-လွယ်ဂျယ် လမ်းကြောင်းအတိုင်း တစ်ဖက်နိုင်ငံကို ခိုးယူသယ်ဆောင်ပြီး ရောင်းချလေ့ရှိတယ်လို့ ဒေသခံ ရွာသားများမှ ပြောသည်။
          ကေအိုင်အေ ခေါင်းဆောင်ပိုင်းတွေအတွက် အစစအရာရာ အဆင်ပြေ ချောမွေ့နေပေ မယ့် အောက်ခြေမှာရှိတဲ့ KIA တပ်ဖွဲ့ဝင်တွေဟာ ၄င်းတို့စားဝတ်နေရေးကို ကိုယ်တိုင်ဖန်တီးနေကြရပါ တယ်။
          ထောက်ပံ့ပေးကမ်းမှုနည်းပါးလာကာ စားဝတ်နေရေးကျပ်တည်းလာမှုကြောင့် ယခုလို  သစ်တွေကို တရားမ၀င်ခိုးထုတ်နေတာကို မိုးမောက်ရဲစခန်းမှ သိရှိတဲ့အတွက် စုံစမ်းမှုတွေ ပြုလုပ်တာကို မကျေနပ်တဲ့ အနေ နဲ့ မိုင်းထောင်ဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။