Sunday, August 19, 2012

ကုလနဲ့ နိုင်ငံတကာ NGO တချို့ လုပ်ရပ် ရခိုင်တိုင်းရင်းသားများ ဆန္ဒပြ


ကုလနဲ့ နိုင်ငံတကာ NGO တချို့ လုပ်ရပ် ရခိုင်တိုင်းရင်းသားများ ဆန္ဒပြ 

2012-08-19
ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးနေတဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ NGO အဖွဲ့အစည်း တစ်ချို့ရဲ့ လုပ်ရပ်တွေအပေါ် မကျေနပ်တဲ့ ရခိုင်တိုင်းရင်းသား အယောက် (၁၀၀) ကျော်ဟာ ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အနီးမှာ ဒီကနေ့ မနက်ပိုင်းက အာဏာပိုင်တွေထံက တရားဝင် ခွင့်ပြုချက်နဲ့ ဆန္ဒပြခဲ့ကြပါတယ်။
RFA
ရခိုင်ပြည်နယ်အတွင်း ကုလသမဂ္ဂနှင့် နိုင်ငံတကာ NGO အဖွဲ့အစည်း တစ်ချို့၏ လုပ်ရပ်များအပေါ် ရခိုင်တိုင်းရင်းသားများက ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့ရုံး အနီးတွင် ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၉ ရက်နေ့က ကန့်ကွက် ဆန္ဒပြနေကြစဉ်။
ဒီဆန္ဒပြပွဲနဲ့ ပတ်သက်လို့ ကျောင်းသား သမဂ္ဂများ ဖြစ်မြောက်ရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ကိုရဲမင်းဦးက RFA ကို အခုလို ပြောပါတယ်။
"လူ့အခွင့်အရေးချိုးဖောက်တဲ့သူက တဦး အချိုးဖောက်ခံရသူက တဦးဆိုရင် အဲဒီ ချိုးဖောက်တဲ့သူ ဘယ်သူလဲဆိုတာကို နိုင်ငံတကာက တိတိကျကျ သိအောင် လုပ်ပေးရမယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဖော်ထုတ်ရမယ်။ ကျွန်တော်တို့ကို ချိုးဖောက်ပါတယ်ဆိုပြီးတော့ စွပ်စွဲတာ နိုင်ငံတကာက သြဇာသုံးပြီးတော့ လုပ်တာ၊ ဒီအပေါ်မှာ ကျွန်တော်တို့ လုံးဝကန့်ကွက် ဆန္ဒပြပါတယ်။"
ဆန္ဒပြပွဲမှာ မြန်မာနိုင်ငံတော် အလံနဲ့ရခိုင်အလံတွေကို ကိုင်ဆောင်ပြီး၊"ယူအင်နဲ့ အိုင်အင်ဂျီအိုများ ရခိုင်ပြည်သူတွေကို ခွဲခြား ဆက်ဆံခြင်း ရပ်" စာတမ်းပါ တီရှပ်အကျီင်္ဖြူတွေကို ဝတ်ဆင်ပြီး နာရီဝက်ကြာ လမ်းလျှောက် ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
အခုလို ရခိုင်တိုင်းရင်းသားတွေရဲ့ ကန့်ကွက် ဆန္ဒပြမှုအပေါ် ကုလသမဂ္ဂနဲ့နိုင်ငံတကာ အဖွဲ့အစည်းတွေက လေးစား အသိအမှတ်ပြုစေလိုကြောင်း ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီရဲ့ ဗဟိုအလုပ်မှုဆောင်  ဦးခိုင်ပြည်စိုးက RFA ကို ပြောပါတယ်။
"ဒီလိုမျိုး ဆန္ဒဖော်ထုတ်တာကို သူတို့က လက်ခံမပေးဘူဆိုလို့ရှိရင် ယူအင်န်ကိုယ်တိုင်က human rights ကို မလေးစားတာလို့ ကိုယ်တို့ မြင်တယ်။ နောက်တခုက ကင်တားနားလာတဲ့အချိန်မှာ ကိုယ်တို့ဘက်က ပါတီတွေ ရှိတယ်။ activist တွေရှိတယ်။ အဲဒီလူတွေကို ဘယ်သူမှ သူတို့ မတွေ့သွားဘူး။ တဘက်ထဲကိုပဲ တွေ့သွားတယ်။ ဒါလည်း တရားမမျှတဘူးလို့ မြင်တယ်။ ရခိုင်ပြည်မှာ ရခိုင်တွေကို ခွဲခြားဆက်ဆံနေတာကို UN နဲ့ INGO အဖွဲ့အစည်းတွေက ရပ်ပေးဖို့ တောင်းဆိုပါတယ်။"
ဒီ ဆန္ဒပြပွဲကို ရန်ကုန်တိုင်း ဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်နဲ့ တကွ ရခိုင်နိုင်ငံရေး ပါတီတွေ၊ လူမှုရေး အသင်းအဖွဲ့အစည်းတွေနဲ့ ရခိုင်ပြည်နယ် အရေး စိတ်ဝင်စားသူတွေ တက်ရောက်ခဲ့ကြပါတယ်။

အပစ်ရပ် သဘောတူညီချက် အစိုးရဘက်က ချိုးဖောက်ကြောင်း SSPP/SSA အဖွဲ့ပြောဆို


အပစ်ရပ် သဘောတူညီချက် အစိုးရဘက်က ချိုးဖောက်ကြောင်း SSPP/SSA အဖွဲ့ပြောဆို 

2012-08-19
မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း အဖွဲ့ရဲ့ ဗဟိုဌာနချုပ် အနီးတ၀ိုက်မှာ အစိုးရတပ်တွေက နေရာယူ တပ်စွဲထားပြီး အပစ်ရပ် သဘောတူညီမှုကိုလည်း အစိုးရဘက်က မလိုက်နာကြောင်း SSPP/SSA အဖွဲ့က ပြောပါတယ်။
Photo courtesy of SSPP/SSA
ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSPP/SSA တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားတွင် SSA တပ်သားများ စစ်ရေးပြချီတက်နေကြစဉ်။
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းလို့ လူသိများတဲ့ SSPP/SSA အဖွဲ့ရဲ့ ၀မ့်ဟိုင်းဌာနချုပ် အနီးမှာ မြန်မာအစိုးတပ်ရင်း ၁၀ ရင်းလောက် တပ်စွဲထားတဲ့ အကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။
"နမ့်ပုတ်၊ လွယ်ပုံ၊ လွယ်ကြမ်းမှာ တပ်စွဲထားတာ ပြီးတော့ ကျနော်တို့ ပန်ဝေါထဲမှာရှိတယ်။ ဇွန် ၁၇ ရက်ကနေ ဇူလိုင် ၄ ရက်နေ့အထိ မိုင်းရှုးမြို့နယ် မိုင်းအွန် အနီးနားပတ်ဝန်းကျင်မှာလည်း တပ်လာစွဲထားတယ်။ နောက်မနေ့တနေ့က အမြဲတမ်းနေနေတဲ့ မိုင်းရှုးမြို့နယ်ထဲကပဲ ခိုင်းပါ၊ ခနောက်စိမ်း၊ အနားက  ကူတို့ဆိပ်မှာ နေရာယူထားတဲ့ကျနော်တို့တပ်ကို ဖယ်ခိုင်းတာ ခြိမ်းခြောက်တဲ့သဘောမျိုးပေါ့။ ကျနော်တို့ ဌာနချုပ် ၀င်လမ်းထွက်လမ်းတွေ သွားနိုင်တဲ့ အဓိကလမ်းတွေကို သူတို့က ပိတ်ဆို့ထားချင်တဲ့ အနေအထားမျိုးပေါ့။"
ဌာနချုပ်ဝန်းကျင် ကျေးသီးနဲ့ သီပေါနယ်မှာ ခမရ ၅၁၃၊ ခမရ ၂၄၇၊ ခမရ ၁၃၁ နဲ့ တန့်ယန်း အခြေစိုက် ခလရ ၂၂ တပ်တွေ တပ်စွဲထားပါတယ်။ မိုင်းရှုးမှာဆိုရင် ခမရ ၅၁၆ နဲ့ ၅၁၇ တပ်တွေအပြင် အရှေ့မြောက်ပိုင်းတိုင်းက တပ်တွေ တပ်စွဲထားတယ်လို့ ပြောပါတယ်။ အခုလို တပ်တွေ အများကြီးချထားတဲ့ ရည်ရွယ်ချက်ကို အတိအကျ မသိရသေးပေမဲ့ အပစ်ရပ် သဘောတူပြီး နောက်ပိုင်း တိုက်ပွဲပေါင်း ၃၀ ကျော်ရှိခဲ့ကြောင်း ပြောဆိုပါတယ်။ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ အနေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ထိုးထားတဲ့အတိုင်း လိုက်နာပေမဲ့ မြန်မာ အစိုးရတပ်ဘက်က လိုက်နာမှု မရှိတဲ့အကြောင်း ဗိုလ်မှူးစိုင်းလက ပြောပါတယ်။
"ကျနော်တို့တော့ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်အတိုင်း လိုက်နာကျင့်သုံးနေတာပဲ။ အဲဒီသဘောတူထားတဲ့ အချက်တွေဆိုရင် ကျနော်တို့တပ်တွေ ရောက်ရှိတဲ့နေရာမှာ ယာယီနေထိုင်ဖို့ သဘောတူထားတယ်လေ။ ဒါပေမဲ့ အခုက ကျနော်တို့တပ်တွေကို ဟိုမသွားရ ဒီမနေရနဲ့ ဟိုမှာရွှေ့ပါ ဒီမှာရွှေ့ပါနဲ့ လုပ်နေတာလေ။ အဲဒါ သဘောတူညီချက် လက်မှတ်ထိုးထားတာနဲ့ သူတို့လုပ်ရပ်တွေက တခြားစီ ဖြစ်နေတာ တွေ့ရတယ်လေ။ ကျနော်တို့ မနှစ်က မတ်လ ကနေစပီး ကျနော်တို့ စခန်းတွေ ၁၀ ခုလောက် ဖယ်ပေးရတယ်။ အခု လက်မှတ်ထိုးပြီး နောက်ပိုင်း ၇ မိုင်စခန်းနဲ့ မိုင်းအွန်နားက စခန်းတွေ အဲဒါရွှေ့ပေးရတယ်လေ။"
SSPP/SSA အဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ၂၀၁၂ ခုနှစ် ဇန္န၀ါရီလ ၂၈ ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

လုပ်ကြံဖော်ပြထားတဲ့ ဗွီဒီယို၊ ဓာတ်ပုံများ ပါကစ္စတန်မှ လာကြောင်း အိန္ဒိယတွေ့ရှိ


လုပ်ကြံဖော်ပြထားတဲ့ ဗွီဒီယို၊ ဓာတ်ပုံများ ပါကစ္စတန်မှ လာကြောင်း အိန္ဒိယတွေ့ရှိ 

2012-08-19
မြန်မာနိုင်ငံနဲ့အိန္ဒိယအရှေ့မြောက်ဒေသ အာသံပြည်နယ်မှာ မူဆလင်တွေကို နှိပ်စက် သတ်ဖြတ်နေပါတယ် ဆိုပြီး အင်တာနက် စာမျက်နှာတွေပေါ်မှာ လုပ်ကြံဖေါ်ပြထားတဲ့ ဗွီဒီယို နဲ့ ဓာတ်ပုံတွေကို ပါကစ္စတန်နိုင်ငံထဲ ကနေ ပြုလုပ် ဖြန့်ချိနေတာ ဖြစ်တယ်လို့ အိန္ဒိယ အစိုးရက ပြောဆိုလိုက် ပါတယ်။
နည်းပညာကျွမ်းကျင်သူတွေရဲ့ စစ်ဆေးချက်အရ အဲဒီ လုပ်ကြံဖေါ်ပြထားတဲ့ ပုံတွေကို ပါကစ္စတန် နိုင်ငံအတွင်းက အင်တာနက် ဘလော့ စာမျက်နှာတစ်ခုမှာ စတင်ဖေါ်ပြခဲ့တာလို့ အိန္ဒိယ ပြည်ထဲရေး ၀န်ကြီး က ပြောပါတယ်။
ဒီကိစ္စကို ပါကစ္စတန် အစိုးရနဲ့ဆွေးနွေးသွားမှာ ဖြစ်ကြောင်း၊  ပါကစ္စတန်နိုင်ငံထဲကနေ အခုလို လုပ်ကြံ ၀ါဒဖြန့်တဲ့ ပုံတွေ စတင်ခဲ့တာနဲ့ ပတ်သက်တဲ့ နည်းပညာဆိုင်ရာ အထောက်အထားတွေ ရှိကြောင်းလည်း အိန္ဒိယ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။
အဲဒီ လုပ်ကြံဖေါ်ပြထားတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို ဖြန်ချိတဲ့ ၀က်ဆိုဒ်ပေါင်း အနည်းဆုံး ၁၁၀ ကျော် ပါဝင်နေတာ တွေ့ရပြီး၊ အဲဒီထဲက ၇၆ ခုကို အိန္ဒိယအစိုးရက ပိတ်ပင်လိုက်ပါတယ်။
လုပ်ကြံထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေထဲမှာ ဆိုင်ကလုံး မုန်တိုင်းဒဏ်ကြောင့် သေဆုံးနေတဲ့ အလောင်းတွေကို အာသံပြည်နယ်ထဲမှာ မူဆလင်တွေကို နှိပ်စက် သတ်ဖြတ်ထားတဲ့ပုံတွေ အဖြစ် ဖေါ်ပြထားပြီး၊ ငလျင်ဒဏ်ကြောင့် သေဆုံးသူတွေရဲ့ပုံတွေကို မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင်တွေက မူဆလင်တွေ ကို သတ်ဖြတ်ထားတဲ့ပုံတွေ အဖြစ် ဖေါ်ပြထားလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းက အာသံပြည်နယ်မှာ မူဆလင်တွေကို သတ်ဖြတ်ခဲ့တဲ့ အတွက် လက်စားချေ တိုက်ခိုက်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ အင်တာနက် နဲ့မိုဘိုင်းဖုန်းတွေမှာ ပျံ့နှံ့ခဲ့တာကြောင့် ထောင်သောင်း ချီတဲ့ အာသံနယ်သူနယ်သား တွေ မွန်ဘိုင်း အပါအ၀င် မြို့ကြီးတွေကနေ နေရပ်ကို ပြန်သွားခဲ့ကြပါတယ်။
ဒီလိုခြိမ်းခြောက်တဲ့ တယ်လီဖုန်း သတင်းတွေ၊ အင်တာနက် စာမျက်နှာတွေပေါ်က ပုံတွေကို ပါကစ္စတန်နိုင်ငံထဲကနေ စတင်ခဲ့တာလို့ အိန္ဒိယပြည်ထဲရေး ၀န်ကြီး က ပြောဆိုခဲ့တာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး ပါကစ္စတန် အစိုးရကတော့ မဟုတ်မမှန်ကြောင်း ငြင်းဆိုပါတယ်။

ဧရာဝတီတိုင်းအတွင်းရှိ ဘုရားနီရွာလုံးကျွတ် ရေကြီးနစ်မြုပ်

ဧရာဝတီတိုင်းအတွင်းရှိ ဘုရားနီရွာလုံးကျွတ် ရေကြီးနစ်မြုပ်

အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

သာပေါင်း (မဇ္ဈိမ) ။          ။ ဧရာဝတီတိုင်း သာပေါင်းမြို့နယ် ဘုရားနီကျေးရွာတွင် ယခုလ ၈ ရက်နေ့တည်းက ရွာလုံးကျွတ် ရေကြီးနစ်မြုပ်လျက်ရှိပြီး ဒေသခံများမှာ ကုန်းမြင့်ဒေသများရှိ ဘုန်းတော်ကြီးကျောင်း၊ ကားလမ်းနဘေးနှင့် ရထားလမ်းတာဘောင်များသို့ ပြောင်းရွှေ့ကာ ယာယီစခန်းများထိုး၍ နေထိုင်နေကြရသည်။

ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ရှိ ဘုရားနီကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း ပရဝဏ်အတွင်း သြဂုတ်လ ၁၇ ရက်နေ့က ရေကြီးလျက်ရှိသည်ကို တွေ့ရစဉ်။ (ဓာတ်ပုံ - မျိုးသန့် - မဇ္ဈိမ) ဘုရားနီကျေးရွာတွင် ယခုလ ၈ ရက်နေ့တည်းက ရွာလုံးကျွတ် ရေကြီးနစ်မြုပ်လျက်ရှိပြီး ဒေသခံများမှာ ကုန်းမြင့်ဒေသများရှိ ဘုန်းတော်ကြီးကျောင်း၊ ကားလမ်းနဘေးနှင့် ရထားလမ်းတာဘောင်များသို့ ပြောင်းရွှေ့ကာ ယာယီစခန်းများထိုး၍ နေထိုင်နေကြရသည်။ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ရှိ ဘုရားနီကျေးရွာ ရေကြီးနစ်မြုပ်လျက်ရှိသည်ကို သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - မျိုးသန့် - မဇ္ဈိမ) ဘုရားနီကျေးရွာတွင် ယခုလ ၈ ရက်နေ့တည်းက ရွာလုံးကျွတ် ရေကြီးနစ်မြုပ်လျက်ရှိပြီး ဒေသခံများမှာ ကုန်းမြင့်ဒေသများရှိ ဘုန်းတော်ကြီးကျောင်း၊ ကားလမ်းနဘေးနှင့် ရထားလမ်းတာဘောင်များသို့ ပြောင်းရွှေ့ကာ ယာယီစခန်းများထိုး၍ နေထိုင်နေကြရသည်။ ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ရှိ ဘုရားနီကျေးရွာ ရေကြီးနစ်မြုပ်လျက်ရှိသည်ကို သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - မျိုးသန့် - မဇ္ဈိမ) ဘုရားနီကျေးရွာတွင် ယခုလ ၈ ရက်နေ့တည်းက ရွာလုံးကျွတ် ရေကြီးနစ်မြုပ်လျက်ရှိပြီး ဒေသခံများမှာ ကုန်းမြင့်ဒေသများရှိ ဘုန်းတော်ကြီးကျောင်း၊ ကားလမ်းနဘေးနှင့် ရထားလမ်းတာဘောင်များသို့ ပြောင်းရွှေ့ကာ ယာယီစခန်းများထိုး၍ နေထိုင်နေကြရသည်။ ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ဒါးက တိုက်နယ်ရှိ ရဲစခန်း ရေကြီးနစ်မြုပ်နေသည်ကို သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။  (ဓာတ်ပုံ - မင်းမင်း - မဇ္ဈိမ) ဒါးက ရွာရှိ အိမ်ခြေ ၆၀ မှာ ရေကြီးနေခြင်းကြောင့် ကားလမ်းပေါ်တွင် ယာယီတဲများထိုး၍ နေထိုင်နေကြရသည်။  ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ဒါးက တိုက်နယ်ရှိ ပုသိမ် ဒါးက ကားလမ်းပိုင်း တနေရာ ရေကျော်နေသည်ကို  သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။  (ဓာတ်ပုံ - မင်းမင်း - မဇ္ဈိမ) ဒါးက ရွာရှိ အိမ်ခြေ ၆၀ မှာ ရေကြီးနေခြင်းကြောင့် ကားလမ်းပေါ်တွင် ယာယီတဲများထိုး၍ နေထိုင်နေကြရသည်။
အိမ်ခြေ ၃၂၆ လုံး၊ လူဦးရေ ၁၄၆၆ ယောက်တို့သည် ပုသိမ်- ကြံခင်း ရထားလမ်း၊ ကျေးရွာဆေးပေးခန်းနှင့် ကုန်းမြင့်နေရာဖြစ်သည့် ဒေသအခေါ် ဘက်ဖိုးတာဘောင် တို့တွင် ကိုယ်ထူကိုယ်ထ စခန်း လေးခုဆောက်လုပ်၍
နေထိုင်နေကြရသည်။
ယင်းအပြင် ကုန်းမြင့်ဒေသများရှိ နီးစပ်ရာ ကျေးရွာများဖြစ်သည့် သပြေကျွန်းရွာ၊ ဒါးကရွာ၊ မန္တလေးကုန်းရွာများရှိ
ဆွေမျိုးများထံသို့လည်း ရွှေ့ပြောင်းနေထိုင်နေကြရသည်။
"သူပြောင်းချင်တဲ့နေရာ ပြောင်း၊ ကိုယ်ပြောင်းချင်တဲ့နေရာကို ပြောင်းပေါ့။ ကားလမ်းဘေး ရေလွတ်ရာမှာလည်း တဲလေးတွေ ထိုးပြီးတော့ နေကြရပါတယ်။ သူတို့ကလည်း နေလို့ရသလောက် ကပ်နေကြတယ်။ အခု ပြောင်းတာ
က မလွဲသာလို့ ပြောင်းရတာ။ အဲဒီအခြေအနေကျမှ ပြောင်းကြတာ။" ဟု ဘုရားနီး ကျေးရွာ စာရေးဖြစ်သူ ဦးမြစိုးက မဇ္ဈိမကို ပြောသည်။
မြေပြင်မှ အိမ်ခေါင်မိုးအထိ ပေ ၂၀ အမြင့်ရှိသည့် အိမ်များမှာ အိမ်ခေါင်မိုးသာ မြင်ရတော့ပြီး ယခု ရေကြီးမှုသည် ရှစ်နှစ်အတွင်း အကြီးမားဆုံးရေကြီးမှုဖြစ်သည်ဟုလည်း ရွာလူကြီးတဦးဖြစ်သူ အသက် ၅၅ နှစ်အရွယ် ဦးမောင်မြင့်
က ပြောသည်။
"ဒီလိုမျိုးကြီးတဲ့ရေ ၂၀၀၄ ခုနှစ်ပဲ ကြုံဖူးပါတယ်။ အဲဒီတုန်းက ဒီထက် နည်းနည်းပိုတယ်  အဲဒီတုန်းကလည်း အခုလိုပဲ နေခဲ့ရပါတယ်။" ဟု ဘုန်းတော်ကြီးကျောင်း ယာယီတည်းခိုစခန်းတွင် ရောက်ရှိနေသူ ဦးမြစိုးက ပြော
သည်။
ဒေသခံများမှာ လုံလောက်သည့် အကူအညီမရဘဲဖြစ်နေပြီး စားစရာ ဆန် အခက်အခဲဖြစ်နေသည်။ ဘုန်းတော်ကြီး
လေးပါးကျောင်းထိုင်သည့် ထိုရွာတွင် ဘုန်းကြီးများအတွက် ဆွမ်းအခက်အခဲပင် ဖြစ်ခဲ့သည်ဟု ဦးမြစိုးက ပြော
သည်။
"အဲဒီလိုဖြစ်နေတော့ အင်္ဂလိပ်လို ၆ ရက်နေ့က ဘုန်းကြီးတွေ ဆန်ပြုတ်ပြုတ်သောက်ရတဲ့ အနေအထားမျိုး
ရောက်ခဲ့တယ်။" ဟု ဦးမြစိုးက မဇ္ဈိမကို ပြောသည်။
အကူအညီများကို ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ယခုလ ၉ ရက်နေ့နှင့် ၁၂ ရက်နေ့များတွင် ဘုန်းတော်ကြီး
ကျောင်းနှင့် ယာယီဆေးပေးခန်းရှိ အိမ်ထောင်စု ၁၅၈ စုအတွက် ဆန်တပြည်စီနှင့် ယမ်ယမ် ခေါက်ဆွဲခြောက်
နှစ်ထုပ်စီသာ ပံ့ပိုးပေးနိုင်ခဲ့သည်။ သာပေါင်းမြို့နယ်တရားသူကြီး ဒေါ်စမ်းစမ်းဝင်းမှလည်း ယခုလ ၁၆ ရက်နေ့တွင် အိမ်ထောင်စု ၈၆ စုအတွက် ဆန်တပြည်ကျစီ ပံ့ပိုးပေးခဲ့သည်။
ဒေသခံများအတွက် စားစရာ ဆန်အခက်အခဲအပြင် ချက်ပြုတ်ရာတွင် သုံးသည့် ထင်းမှာလည်း ရေကြီးနေခြင်း
ကြောင့် ရှားပါးနေသည့် ပြဿနာ ရှိနေသည်ဟု ရွာလူကြီးဖြစ်သူ ဦးမောင်မြင့်က ပြောသည်။
"အခုကတော့ အိမ်က ဝါးတွေချိုးပြီး မီးကင် ကြပ်တိုက်ပြီးတော့ အခြောက်ခံပြီး ချက်ရပါတယ်။ ညက ၁၁ နာရီလောက်မှ ချက်စားရတဲ့လူတွေလည်း ရှိပါတယ်။ အဲဒါ ဘာဖြစ်လို့လဲဆိုတော့ ထင်းမရှိလို့။" ဟု မဇ္ဈိမကိုပြော
သည်။
သာပေါင်းမြို့နယ်အတွင်းရှိ နွယ်နီချောင်း၊ အုတ်ရှစ်၊ လင်းတကျ၊ အလယ်ကျွန်း၊ လှေကြီးပျက်၊ ကြက်သွန်ကွင်း၊ သမင်ကုန်း၊ စစ်ပင်ကြီး၊ ကညင်ပင်၊ မကျည်းကုန်း၊ ရေလဲကြီး၊ သပြေကျွန်း၊ တကူပုံ စသည့်ရွာပေါင်း ၄၀ ကျော်
သည်လည်း ယခုလ ၈ ရက်နေ့ကတည်းက ရေကြီးနစ်မြုပ်လျက်ရှိသည်။
ဧရာဝတီတိုင်းအတွင်း ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ ပန်းတနော်၊ ပုသိမ်မြို့နယ်များတွင်လည်း
ရေကြီးမှုများ ဖြစ်ပေါ်လျက်ရှိသည်။

ရေကြီးဒဏ်ခံ ပုသိမ်သားတို့ နေစရာ စားစရာ အခက်ကြုံ


ရေကြီးဒဏ်ခံ ပုသိမ်သားတို့ နေစရာ စားစရာ အခက်ကြုံ 


ပုသိမ် (မဇ္ဈိမ)။         ။ ငဝန်မြစ်ရေတိုးမှုက ပုသိမ်မြို့တွင် ရေကြီးနေသည်မှာ ၁၂ ရက်ကြာမြင့်နေပြီဖြစ်ပြီး ရက်ကြာလာသည်နှင့်အမျှ လူအများမှာ နေစရာအခက်အခဲ သာမက စားစရာ အခက်အခဲနှင့်ပါ ကြုံတွေ့လာနေရသည်။
သြဂုတ်လ ၈ ရက်နေ့ကတည်းက ရေဝင်ရောက်မှုကြောင့်  ပုသိမ်မြို့တွင် ရပ်ကွက်ပေါင်း ၁၄ ခုရှိသည့်အနက် ကုန်းအမြင့်ပိုင်းကျသည့် အမှတ် ၃ ရပ်ကွက်တခုသာ ရေဝင်ရောက်မှု နည်းပါးသော်လည်း ကျန်ရပ်ကွက် ၁၃ ခုအတွက်မှာ ရှစ်နှစ်အတွင်း အဆိုးရွားဆုံး ရေကြီးမှုဖြစ်သည်။
ရေအမြင့် သုံးပေခန့်အထိရှိနေခြင်းကြောင့် နေအိမ်များအတွင်း အဆင့်ထိုးနေကြသူများရှိသလို မည်သို့မျှ ရေမလွတ်နိုင်
တော့သဖြင့် ကုန်းမြင့်ဘက်သို့ ပြောင်းရွှေ့နေကြရသူများလည်း ရှိသည်။ ငဝန်မြစ်ကမ်းနှင့် ကပ်လျက်ရှိသည့် လူဦးရေ ၃ဝဝဝ ခန့်နေသော ရာမည၊ အောင်သိဒ္ဓိ ရပ်ကွက်နှစ်ခုမှာ လူနေမရတော့ဘဲ ဝဲဒေါင့်ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း
နေ့ကလေးထိန်းကျောင်း၊ ဓမ္မာရုံနှင့် နီးစပ်ရာ ဆွေမျိုးများရှိရာသို  ပြောင်းရွှေ့နေထိုင်နေကြရသည်။
w2
ဧရာဝတီတိုင်း သာပေါင်းမြို့နယ်ရှိ ဘုရားနီကျေးရွာ ရေကြီးနစ်မြုပ်လျက်ရှိသည်ကို သြဂုတ်လ ၁၇ ရက်နေ့က တွေ့ရစဉ်။ (ဓာတ်ပုံ - မျိုးသန့် - မဇ္ဈိမ)
"ဒီရပ်ကွက်တွေကတော့ ဆိုက္ကားနင်းတာတို့၊ ခေါင်းရွက် ဗျတ်ထိုး ဈေးသည်တွေပဲ များပါတယ်။ အရင်က ဘာမှ အစီအစဉ် မရှိတော့ အခုလို ရေလည်းတက်လာတော့ ဒုက္ခတွေ ရောက်ပေါ့။ နဂိုတည်းကမှ ချာလပတ် ရမ်းနေတော့ အခု ပိုဆိုးတာပေါ့။" ဟု ဒေသခံစာရေးဆရာမ လုံမငြိမ်းချမ်းက မဇ္ဈိမကိုပြောသည်။
သောကြာနေ့က အဆိုပါ ရပ်ကွက်များရှိ ဒေသခံများအတွက် World Vision မှ ဆန် ၄၈ တင်းနှင့် ငွေကျပ်တသိန်း လှူဒါန်းခဲ့ပြီး ဒေသခံ အလှူရှင်များမှ လှူဒါန်းငွေများဖြင့် ဆန်များ ထောက်ပံ့ခဲ့သော်လည်း လိုအပ်ချက်များ ရှိနေသေး သည်။
"ဝေတာကတော့ အလှူရှင်တွေ ပေါ်လာရင်တော့ဝေတယ်။ လက်ရှိကတော့ စေတနာရှင်တွေကပဲ ကူတာပေါ့။ မြို့ပေါ် က လူတွေကတော့ နေ့တိုင်းမတတ်နိုင်ဘူးလေ။ လောလောဆယ်ကတော့ NGO တွေပဲ မျှော်နေရတာပေါ့။" ဟု လုံမငြိမ်းချမ်းက ပြောသည်။
"ထမင်းထုပ် လိုက်ဝေတော့ သူတို့မှာ ပျော်နေတာ။ ထမင်းထုပ်ကို ပေးတဲ့လူက ထမင်းထုပ် လက်ထဲမရောက်သေးဘူး။ ကလေးတွေက ဆွဲနေပြီ။ ဖြစ်ပုံများ တော်တော်ဆိုးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကလေးတွေက ဆာနေပြီ။ ထမင်းက မရှိ။ ချက်စရာနေရာကလည်း မရှိ။ သူတို့မှာ ဆာတာ ဟန်မဆောင်နိုင်ဘူး။" ဟုလည်းသူက ဆက်ပြောသည်။
ဝဲဒေါင့် ရပ်ကွက်အတွင်း ဘုန်းကြီးကျောင်း၊ နေ့ကလေးထိန်းကျောင်း၊ ဓမ္မာရုံများအတွင်း ဖွင့်လှစ်ထားသည့် ရေဘေး ဒုက္ခသည်စခန်း ၅ဝ၉ ဦးအတွက် တနေ့ထမင်း နှစ်နပ်အတွက် ဆန် ၁၂ တင်း ချက်ပြုတ် ကျွေးမွေးနေရသည်။
"နေလို့မရတော့လို့ ကျမတို့ ခေါ်တင်ထားတာပါ။ ကျမတို့ ကျွေးတာ ၁၄ ရက်ရှိပြီ။ နေ့တိုင်းကျွေးနေရတာကတော့
ဒေါ်စန်းစန်းဋ္ဌေး (လင်းရတနာ ဆန်စက်ပိုင်ရှင်)က နေ့တိုင်းကျွေးနေရပါတယ်။" ဟု စခန်းတာဝန်ခံ မခင်သန္တာက ပြော သည်။ လှူတန်းမှုအတွက် တနေ့ကုန်ကျငွေ ၁၄ သိန်းကျပ်ရှိသည်ဟု သိရသည်။
ဝဲဒေါင့်ရပ်ကွက် မူလတန်းကြို ကျောင်းအတွင်း ဖွင့်လှစ်ထားသည့် ရေဘေးဒုက္ခသည်စခန်းမှာလည်း ရေနှင့် ကြမ်းပြင် တပေလောက်သာကွာတော့သည်။ "ဆန်စက်တွေကလည်း ရေမြုပ်တော့ အလုပ်က မရှိဘူး နေစရာလည်း မရှိ စားစရာကလည်း မရှိ။ အခုဆို တော်တော် ဒုက္ခ ရောက်နေကြတာ။ ကျန်းမာရေးက မကောင်း ရေတွေကလည်းတက် ဆိုတော့ အဖွားကြီးတွေ ခြေဖျားတွေ အေးစက်နေတာ။" ဟု ဒုက္ခသည် အမျိုးသမီးကြီးတဦးက သူ၏နဘေးရှိ အသက် ၇ဝ ကျော် အဖွားအိုကို လက်ညိုးညွှန်၍ ပြောသည်။
ရေဘေး ဒုက္ခသည်များအတွက် တည်းခိုရန်နှင့် စားသောက်ရန်အတွက် စတင်လုပ်ဆောင်ရာတွင် ဝဲဒေါင့်ရပ်ကွက်ရှိ သုဓမ္မ ရက္ခိတဘုန်းတော်ကြီးကျောင်းက ဦးဆောင်၍ ပြုလုပ်ခဲ့ရသည်။
"ဒီမှာကတော့ လက်လုပ်လက်စားတွေများတယ်။ အခုလို အခက်အခဲဖြစ်နေတော့ ဦးဇင်းတို့ပဲ ကျောင်းမှာ တင်ထားရ တာပေါ့။ ဦးဇင်းတို့ ဝတ္တုငွေထဲက လိုအပ်တာတွေကို ဖြည့်ပေးရတာ။ ဒီစခန်းတွေ စဖွင့်တုန်းကလည်း ဦးဇင်းတို့ ဝတ္တုငွေနဲ့ပဲ မတည်ရတာ။" ဟု ကျောင်းထိုင်ဆရာတော်က ပြောသည်။
မိသားစုကို ဒုက္ခသည်စခန်းတွင်ထားကာ ဆိုက္ကားနင်းထွက်နေသူ ကိုပေါက်ကလေးက " အခုက တထောင်ပဲရတယ်။ ပုံမှန်ဆိုရင်တော့ လေးထောင်၊ ငါးထောင်လောက်ရတာပေါ့။ အဆင်မပြေဘူး အခုရေကတအားတက်နေတာ။ လမ်းတွေ က ပျောက်နေတာ နင်းလို့မရဘူး။ တခေါက်သွားရင် တွန်းရပြီ။" ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်း ဓနုဖြူ၊ ပန်းတနော်၊ ကျောင်းကုန်း၊ ကန်ကြီးထောင့်၊ သာပေါင်း၊ မြောင်းမြ မြို့နယ် များအတွင်း ရေကြီးမှုများဖြစ်ပေါ်နေခြင်းကြောင့် အဆိုပါ ဒေသများရှိ ရေဘေးဒုက္ခသည်များအတွက် ဆန်တင်းပေါင်း ၁၅ဝဝ ကို မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးချစ်ခိုင်၏ Gold Delta ကုမ္ပဏီက ပေးလှူရန် ဆုံးဖြတ်ထားပြီး တအိမ်ထောင်လျှင် ရှစ်ပြည်နှုန်းဖြင့် လိုက်လံ ဝေငှနေသည်ဟု  ကုမ္ပဏီ၏ အတွင်းရေးမှူး ဦးတင်မောင်ဝင်းက မဇ္ဈိမကိုပြောသည်။
" ဆင်းသုခ ဆန်ကို လှူတာပေါ့။ ကိုယ်တိုင် ကိုယ်ကျ ဒုက္ခခံပြီးလှူတာပေါ့။ တကယ်ဒုက္ခရောက်နေတဲ့လူတွေ။ ဓနုဖြူ၊ ပန်းတနော်၊ ကျောင်းကုန်း တအိမ်ထောင်စုကို ရှစ်ပြည်ပေးရင်းကနေ အခုကျတော့ လူက များများလာတော့ တစုကို ခုနှစ်ပြည်ပဲ ပေးနိုင်တော့တယ်။" ဟု ဦးတင်မောင်ဝင်းက ပြောသည်။
ကန်ကြီးထောင့်မြို့နယ် ဒါးက တိုက်နယ်ရှိ ပုသိမ်-ဒါးက လမ်းပိုင်း ကားလမ်းပေါ်တွင် ယာယီတဲများထိုးကာ နေထိုင်နေ သည့် အိမ်ထောင်စု၂၅ စုကို Gold Delta ကုမ္ပဏီက စနေနေ့ည ၇:၃ဝ ခန့်တွင် ဆန်လှူဒါန်းနေသည်ကို တွေ့ရသလို အမှောင်ထုအတွင်းတိုးဝှေ့ကာ လှူဒါန်းမှုကို လက်ခံနေသည့် ဒုက္ခသည်များထံမှ "သမီးတို့လည်း မရသေးဘူး" "ကျမတို့ကို လည်းပေးပါ" ဟူသည့် အသံများလည်း ကြားလိုက်ရသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။