Saturday, August 18, 2012

ရှမ်းပြည်တောင်ပိုင်း အင်တာနက်ဆိုင်များ WIFI မလွှင့်ရန် ညွှန်ကြား


ရှမ်းပြည်တောင်ပိုင်း အင်တာနက်ဆိုင်များ WIFI မလွှင့်ရန် ညွှန်ကြား

ရန်ကုန်၊ သြဂုတ် ၁၈

ရှမ်းပြည်နယ် တောင်ပိုင်းတွင် အင်တာနက်ဆိုင်များ အနေဖြင့် Wifi မလွှင့်ရန် ဒေသခံရဲစခန်းများက ခေါ်ယူ ပြောဆိုထားကြောင်း နမ့်စန် မြို့ရှိ အင်တာနက် ဆိုင်ပိုင်ရှင် ဒေါ်မီးမီးက The Voice Weekly သို့ ပြောကြားသည်။
ဒီဘက်မှာ အိမ်တွေကလဲ ကိုယ်ပိုင် စကိုင်းနက်တွေ ၀ယ်ပီး အဲလိုပဲ လွှင့်သုံးကြတယ်။ စကိုင်းနက်ပဲ မိတာလေ။ ဆိုင်တွေကိုတော့ Wifi မပေးရဘူး။ အိမ်တွေ ပေးတာတော့ ဘာမှမပြောဘူး ဆိုတော့ မတရားဘူးလေ ဟု နမ့်စန် တွင် အင်တာနက်ဆိုင် ဖွင့်ထားသူ ၄င်းက ရှင်းပြသည်။
ရဲစခန်းက စာရောက်လို့ ခေါ်ပြောတာလို့ ပဲပြောတယ် ။ ဘယ်သူ ပိတ်ခိုင်းတာကို မပြောဖူး။အိမ်တွေကတော့ လိုင်းဖြန့်သုံးလို့ ရပြီး ဆိုင်က မပေးရဘူး ဆိုတာ မဖြစ်ရဘူးလေ။ အမတို့လည်း ၀ယ်ထားတာ။ သူတို့ နဲ့ တန်းတူ အခွင့်အရေး ရရ မှာပေါ့ ဟု ရဲစခန်းက ပြန်ရောက်လာသူ နမ့်စန် မှ အင်တာနက် ဆိုင်ပိုင်ရှင်တစ်ဦးက ပြောဆိုသည်။
Sky net ရုံးချုပ်ကပြောတယ်..သူတို့ကတော့ တရားဝင် Wifi လွှင့်ခွင့် မပေးထားဘူး။ အိမ်သုံး သမားရော ဆိုင်သုံးသမား ရော တူတူပဲတဲ့ ဟု ရန်ကုန်ရုံးချုပ်ကို ဖုန်းဆက် မေးမြန်းခဲ့သူ မမီးမီးက The Voice Weekly သို့ ရှင်းပြသည်။
အဆိုပါကိစ္စ နှင့် ပတ်သက်၍ သြဂုတ်လ ၁၈ရက်နေ့ နံနက် ၁၁နာရီတွင် Skynet ရုံးသို့ တယ်လီဖုန်း ဖြင့် ဆက်သွယ် မေးမြန်းရာ တယ်လီဖုန်းဖြင့် ပြန်လည် ဆက်သွယ်ပါမည်ဟုသာ ဖြေကြားသည်။

The Voice Weekly
http://feeds.feedburner.com/thithtoolwin/yIWV

ပုသိမ်ခရိုင်တွင် ရေဘေးဒုက္ခသည်သုံးသောင်းကျော်ရှိ


ပုသိမ်ခရိုင်တွင် ရေဘေးဒုက္ခသည်သုံးသောင်းကျော်ရှိ

-ရေဘေးဒုက္ခသည် ၁၂,၀၀၀ ကျော်ရှိသော သာပေါင်း မြို့နယ်မှာ အဆိုးဆုံး ဖြစ်ပြီး အကူအညီများ လိုအပ်နေ-
ပုသိမ်၊ သြဂုတ် - ၁၈

ဧရာဝတီတိုင်း ဒေသကြီး ပုသိမ် ခရိုင်တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပွားနေသည်မှာ နှစ်

ပတ်ကျော် ကြာမြင့်လာ ပြီဖြစ်ပြီး ယာယီ ကယ်ဆယ် ရေးစခန်းများရှိ ရေဘေးဒုက္ခသည် သုံးသောင်း ကျော်အတွက် ကူညီ ထောက်ပံ့မှုများ လိုအပ်နေ ဆဲဖြစ်ကြောင်း ခရိုင်ကြီးကြပ် ရေးကော် မတီမှ သတင်းရရှိသည်။
မိုးအဆက်မပြတ် ရွာသွန်းမှု၊ င၀န်မြစ်ရေကြီးမှုနှင့် ဒီရေတိုးမှု တို့ကြောင့် ပုသိမ်ခရိုင်ရှိ ပုသိမ်၊ သာပေါင်း၊ ကန်ကြီးထောင့်၊ ရေ ကြည်၊ ကျုံပျော်နှင့် ကျောင်းကုန်း မြို့နယ်များတွင် ရေလွှမ်းမိုးသည်မှာ ရက်ပေါင်း ၁၅ရက်ကြာမြင့်လာပြီဖြစ်သည်။

“ဒီထက် ရက်ကြာလာရင် တော်တော်ခက်ခဲသွားမှာပါ။ အခု တောင် ပြင်ပအလှူရှင်တွေရှိနေ လို့ပါ။ ရေကြီးတာက ရက်ကြာ လာတော့ သက်ရောက်မှုကကြီး နေတယ်။ ထိခိုက်တဲ့သူတွေက ပျံကျတွေနဲ့ တောင်သူလယ်သမား တွေပါနေတယ်။ အခု အဓိက လိုအပ်နေတာကတော့ ဆန်၊ ဆီ၊ ဆားတွေဖြစ်ပါတယ်”ဟု ကူညီ ကယ်ဆယ်ရေးလုပ်ငန်းများဆောင် ရွက်နေသည့် တိုင်းဒေသကြီး၊ သစ်တောနှင့် သတ္တုတွင်းဝန်ကြီး ဌာန၀န်ကြီးဦးစိုးမြင့်ကပြောသည်။

လက်ရှိအချိန်တွင် တိုင်းဒေ သကြီးအစိုးရ၊ ပြင်ပအလှူရှင်များ နှင့် ဘုန်းတော်ကြီးများက ရေ ဘေးဒုက္ခ ကြုံတွေ့နေရသူများအ တွက် ဆန်နှင့် ထမင်းထုပ်များကို ဦးစားပေးဝေငှလျက်ရှိသော်လည်း ရေလွှမ်းမိုးမှုကာလ ကြာမြင့်လာ သည်နှင့်အမျှ ကူညီပံ့ပိုးမှုများ ပိုမို လိုအပ်လာကြောင်း ၎င်းကဆို သည်။

ပုသိမ်ခရိုင်တွင် ရေဘေးကူ ညီရေးလုပ်ငန်းများအတွက် ယာ ယီကယ်ဆယ်ရေးစခန်း ၂၀၇ ခု ဖွင့်လှစ်ထားပြီး ရပ်ကွက်၊ ကျေး ရွာပေါင်း ၇၂၇ ခုသည် ရေလွှမ်း မိုးမှုခံနေရသည်။သာပေါင်းမြို့နယ်သည် ရေ လွှမ်းမိုးမှုဒဏ်ကို အဆိုးရွားဆုံး ခံစားနေရပြီး ကယ်ဆယ်ရေးစခန်း ၆၀ ခု၌ ဒုက္ခသည်ပေါင်း ၁၂,၀၀၀ ကျော် နေထိုင်နေရကာ အကူအ ညီများလိုအပ်နေသည်။

“လောလောဆယ် ရေဘေး ဒုက္ခသည်တွေရဲ့ နေထိုင်၊ စား သောက်ရေးတွေကို တာဝန်ယူ ထားတယ်။ အလှူရှင်တွေက လည်း စေတနာအလျောက် လာ ကူညီကြပါတယ်။ လိုအပ်ချက်က တော့ စားဖို့ရရင် အဆင်ပြေပါ တယ်။ အခုက ပုသိမ်ခရိုင်မှာ ငပု တောမြို့နယ်ပဲ ကျန်တယ်။ ကျန် တဲ့မြို့နယ်တွေ ရေ၀င်နေတဲ့အ တွက် တိုင်းဒေသကြီးထဲမှာ ပုသိမ် ခရိုင်က ရေဘေးဒဏ်ကို ပိုခံစား နေရတယ်”ဟု ကူညီကယ်ဆယ် ရေးဆောင်ရွက်နေသည့် ခရိုင်ကြီး ကြပ်ရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦးကပြောသည်။

7Day News Journal


http://feeds.feedburner.com/thithtoolwin/yIWV

မန္တလေးတိုင်း ဒေသကြီး သတင်းစာ ဆရာများ အသင်းဥက္ကဌ အသစ်ရွေးချယ်


မန္တလေးတိုင်း ဒေသကြီး သတင်းစာ ဆရာများ အသင်းဥက္ကဌ အသစ်ရွေးချယ်

မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း၊ မန္တလေးတိုင်း ဒေသကြီး အတွက်
ရွေးချယ်တင် မြောက်ခဲ့သော ကိုစန်းယုကျော်က မိမိဆန္ဒ အလျောက်
နုတ်ထွက်သွား သောကြောင့် မန္တလေးတိုင်း ဒေသကြီး သတင်းစာ ဆရာများ
က အလုပ်အမှု ဆောင် အစည်းအဝေးကို သြဂုတ်လ ၁၈ ရက်နေ့၊ နံနက်(၁၀)
နာရီက လမ်း၃၀၊ ၇၂ လမ်းထောင့်ရှိ ယူနီစန် ကဖေးတွင် ကျင်းပပြု လုပ်ခဲ့သည်။
အစည်းအဝေးတွင် လက်ရှိ မန္တလေးတိုင်း ဒေသကြီး သတင်းစာ ဆရာများ
အသင်း၏ အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး လစ်လပ်သွားသော ဥက္ကဌ
နေရာကို လျို့ဝှက် မဲပေးစနစ်ဖြင့် ရွေးချယ်ခဲ့ကြသည်။
မဲစာရင်းများကို ရေတွက်ခဲ့ရာ တက်ရောက် လာသော ၁၇ဦးထဲမှ ၁၅ဦးက
လျို့ဝှက်မဲပေးခဲ့ရာ ရွေးချယ်ပွဲတွင် သတင်းစာ ဆရာကြီးနတ်မောက်ထွန်းရှိန်က
မဲများကိုရေတွက် ပေးခဲ့သည်။
ရွေးချယ်ထားသော မဲစာရင်းမှာ ကာတွန်းဆရာ အောင်မော်က (၁)မဲ၊ သတင်းထောက်
မန်းသားလေးက(၁)မဲ ရရှိကာ ဆရာစိုးဘားဒိုင်က ၁၃မဲဖြင့်
ဥက္ကဌရာထူးကိုရွေးချယ်တင်မြောက်ခဲ့ကြသည်။
“ကျွန်တော်တို့က လတ်တလော အလောတကြီးဖွဲ့ရတဲ့ အခြေအနေကြောင့် ဖွဲ့စည်းရာမှာ
မြို့နယ်တွေ မပါနိုင် ပဲဖြစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း အခု မြန်မာနိုင်ငံ သတင်းစာ
ဆရာအသင်း (မန္တလေးတိုင်း ဒေသကြီး) အနေနဲ့ မြို့နယ်တွေ ပါပါဝင်တဲ့ တိုင်းဒေသကြီး
ညီလာခံကို ကျင်းပကာ ရွေးချယ်တင် မြောက်ပွဲကျင်းပဖို့ အစီအစဉ်ရှိပါတယ်” ဟု
ရွေးချယ်ခံရသော ဥက္ကဌ ဆရာစိုးဘားဒိုင်က ပြောကြားသည်။

ဆရာစိုးဘားဒိုင်သည် မြန်မာနိုင်ငံ သတင်းစာ ဆရာအသင်း(မန္တလေးတိုင်းဒေသကြီး)၏
နာယကအဖြစ် မူလဖွဲ့စည်းမှုတွင် နာယက အဖြစ်တင် မြောက်ထားသူဖြစ်သည်။

Myanmar News Now

http://feeds.feedburner.com/thithtoolwin/yIWV

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။