Tuesday, August 14, 2012

ဝန်ကြီး ဦးစိုးသိန်းပြောတဲ့ "ဘယ်သူ့ကိုလာဘ်ပေးရလဲ တိတိကျကျပြော အရေးယူမယ်"


ဝန်ကြီး ဦးစိုးသိန်းပြောတဲ့ "ဘယ်သူ့ကိုလာဘ်ပေးရလဲ တိတိကျကျပြော အရေးယူမယ်"

ယခုအခါ နိုင်ငံတော်တရား စီရင်ရေးနဲ့အုပ်ချုပ်ရေးဆိုင်ရာ ပုဂ်္ဂိုလ်များရဲ့ စီးပွားရေးလုပ်ငန်း များ၊ပိုင်ဆိုင်မှုများကို တန်ဖိုးနှင့်  တကွ စာရင်းပြုစုပြီး နိုင်ငံတော်  သမ္မတထံပေးပို့ရမယ်လို့ နိုင်ငံတော်  သမ္မတရုံးမှ သက်ဆိုင်ရာ ပုဂ်္ဂိုလ် အသီးသီးထံ ညွှန်ကြားထားကြောင်း သိရပါတယ်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ နေ ပြည်တော်စက်မှုဝန်ကြီးဌာနအစည်း အဝေးခန်းမတွင် မီဒီယာတွေ့ဆုံ ပွဲ၌စက်မှုဝန်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဦးစိုးသိန်းက ““ဘယ်သူ့ကို လာဘ်ပေးရတယ်ဆိုတာ တိတိ ကျကျပြော၊သိပ်တိကျရင် မနက်  ဖြန်ကျွန်တော်အရေးယူမယ်။  ကျွန်တော့်ကိုလာဘ်ပေးရတယ် ဆိုရင်လည်းကျွန်တော့်ကိုယ်ကျွန်တော်  အရေးယူမယ်။မီဒီယာတွေအနေနဲ့  ကျွန်တော်တို့ဆောင်ရွက်နေတာ မှန်ကန်ရင် ကူညီကြပါ။အာပေး ကြပါမှားနေတယ်ဆိုရင်လည်းတည့် မတ်ပေးကြပါ။ဒါပေမမဲ့ ကျွန်တော်   တို့လာဘ်စားနေတယ်လို့တော့ ရမ်းမလုပ်လိုက်ကြပါနဲ့။ကျွန်တော်  လာဘ်ယူရင် ကျွန်တော်ထွက်ပါ မယ်။ဒီလိုပဲ ကျွန်တော့်မိတ်ဆွေ ၀န်ကြီးတွေ၊ကျွန်တော့အဖွဲ့သား တွေလာဘ်ယူရင်လည်းအရေးယူဖို့  အတွက် နိုင်ငံတော်သမ္မတကြီးကို  တင်ပြသွားမှာပါ။””ဟု ရဲရဲဝံ့ဝံ့ပြော ကြားသွာသည်။
ထို့အပြင် ပြည်ထောင်စုဝန် ကြီး ဦစိုးသိန်းက ကျွန်တော့်ရဲ့  ပိုင်ဆိုင်မှုတွေကို အချိန်မရွေးပေး နိုင်ကြောင်းနှင့် ပြည်ထောင်စုဝန် ကြီး ဦးအောင်မင်း ၊၊ပြည်ထောင်စုဝန်   ကြီး ဦးခင်ရီတို့ကလည်း မိမိတို လာဘ်စားမိပါက မိမိတို့ကိုယ်တို င်နှုတ်ထွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည့်အပေါ် ပြည်သူ လူထုက အလွန်သဘောကျနှစ်  ခြိုက်ခဲ့ကြောင်းလည်းသိရသည်။

ထို့ကြောင့် မြန်မာပြည် စတုတ္တမဏ္ဍိုင်ဟု ခေါ်သည်


ထို့ကြောင့် မြန်မာပြည် စတုတ္တမဏ္ဍိုင်ဟု ခေါ်သည် 

သားကြီးလာရင် ဘာလုပ်မလဲ
ကလေးအမေက သူ့ ကလေးငယ်လေးကို ခေါင်းလေးပွတ်ပြီးမေးတယ်

မေမေ။ ။ဆရာဝန်ကြီးလုပ်ပါ့ လား.....
သား ။ ။ ဟာဗျာ အပြင်ဆေးခန်းမှာ ထိုင်တယ် ဆေးဖိုး တွေအရမ်းကောက်နေတယ် ပြောခံနေရဦးမယ်

မေမေ။ ။ အင်္ဂျနီယာကြီးလုပ်မလား ဒါဆို
သား ။ ။ ဟာ မေမေကလည်း မုန်းတိုင်းမိလို့  တံတားကျိုးရင်တောင် မြန်မာ အင်္ဂျနီယာတွေက အသုံးမကျဘူးလို့ ပြောနေတာကို

မေမေ။ ။ ဒါဆို စစ်ဗိုလ်ကြီးလုပ်
သား။ ။မေမေကလဲ စစ်ခွေးလို့  အဆဲခံနေရဦးမယ်

မေမေ။ ။ဒါဆို ကျောင်းဆရာကွာ
သား။ ။မေမေကလဲ ကျောင်းတွေမှာ အပို ငွေမကောက်ရဘူးတဲ့ ၊ကျူရှင်လည်း မပြရဘူးတဲ့  ။တော်ကြာ ကျူရှင်ပြစားတယ်ဆိုပြီး လွှတ်တော်သွားတိုင်နေဦးမယ်

မေမေ။ ။ဒါဆို မီးသတ်ဗိုလ်လုပ်
သား ။ ။ ဟာ ပိုက်ဆံပေးမှ ရေထွက်တယ်နဲ့ ဟာသတွေမှာပြောတာ မေမေမသိဘူးလား

မေမေ။ ။ဒါဆို လွှတ်တော် အမတ်လုပ်
သား။ ။သား က အအိပ်မက်တယ် မေမေရ။

မေမေ။ ။ဒါဆို သမ္မတ အကြံပေးလုပ်
သား။ ။ဟာ ဦးကိုကိုလှိုင်ကို ပြောတာ မေမေ မသိဘူးလား။မြန်မာ မီဒီယာ က ဒီလောက်ကြောက်ဖို့ ကောင်းတာ။

မေမေ။ ။ ဒါဆို သမ္မတ နားနေတဲ့ သူလုပ်
သား။ ။ဟာ ဟိုမိန်းမ ထမိန်ထုပ်ဆွဲတဲ့  ရပ်ပါ လိုလို ဟစ်ဟော့ လိုလိုသူက အပြောမခံရဘူး။သမ္မတ ခြေအိတ်ချွတ်တဲ့ ပုံကို အိုဘာမားနဲ့  နှိုင်းထားတာ မတွေ့ ဘူးလား
မလုပ်ချင်ပါဘူး

မေမေ။ ။ဒါဆို ဘာမှမလုပ်ပဲနေတော့ ကွာ
သား။ ။ ဟာ ဗျာ မြန်မာနိင်ငံက ကာတွန်းဆရာတွေ့ လူပဲပြောင်းတာ မူ မပြောင်းဘူးဆိုပြီး ဘာမှ မပြောင်းလဲဘူးဆိုပြီး ကာတွန်း အဆွဲ ခံနေရဦးမယ်။


လူအပျက်တွေ(လူဗျက်)တွေ ပြောတဲ့  အစိုးရ အပုတ်ချတဲ့  အငြိမ့် ဟာသတွေ၊အောက်ပိုင်း ဟာသတွေက နောင်တချိန် မြန်မာ့ သားကောင်းရတနာများရဲ့  မြင့် မားတဲ့  မျှော်လင့် ချက်တွေကို ရိုက်ချိုးလျှက် ရှိပါတယ်။
ဒါကို ကျနော်တို့  အချိန်မှီ မကုသနိင်ရင်
တိုင်းပြည် အပေါ်မှာ ရိုးသားတဲ့  ၀န်ထမ်းတွေ၊သစ္စာရှိ သမာသမတ်ကျတဲ့  ၀န်ထမ်းတွေ နောင် မကြာမှီ နှစ်အတောအတွင်း မုချ ဆုံးရှုံးလာပါလိမ့် မယ်

(ပုံရိပ်စစ်)

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။