Monday, August 13, 2012

အမေရိကန်အခြေစိုက် ပက်စီအချိုရည် ကုမ္ပဏီက မြန်မာနိုင်ငံတွင် Pepsi-cola ၊ 7-up နှင့် Mirinda အမှတ်တံဆိပ်သုံးခု ဖြန့်ချိမည်

အမေရိကန်အခြေစိုက် ပက်စီအချိုရည် ကုမ္ပဏီက မြန်မာနိုင်ငံတွင် Pepsi-cola ၊ 7-up နှင့် Mirinda အမှတ်တံဆိပ်သုံးခု ဖြန့်ချိမည် 

နာမည်ကျော် အမေရိကန်အချိုရည် အမှတ်တံဆိပ်တစ်ခု ဖြစ်သော ပက်စီအချိုရည်နှင့် မြန်မာကုမ္ပဏီ တစ်ခုဖြစ်သော ဒိုင်းမွန်းစတား ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက တရားဝင်ထုတ်ပြန်ခဲ့သော ကြေညာချက်အရ ပက်စီအချိုရည် အနေဖြင့် မြန်မာနိုင်ငံအတွင်း Pepsi-cola ၊ 7-up နှင့် Mirinda အမှတ်တံဆိပ်သုံးခုကို ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပက်စီကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ ပရောဂျက်များတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ ရရှိရန်အတွက် လည်း လေ့လာဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပက်စီကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ လာရောက်လုပ်ကိုင်ဖူးပြီး ၁၅ နှစ်ခန့်ကြာပြီးနောက်တွင် ယခုကဲ့သို့ ပြန်လည်၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြန်လည်ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး ပက်စီကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်သူ Indra Nooyi က “ကျွန်မတို့ရဲ့ စားသောက်ကုန်ပစ္စည်းတွေ ကုမ္ပဏီရဲ့ အမှတ်တံဆိပ်တွေကို စားသုံးသူတွေရဲ့လက်ထဲ ပိုမိုရောက်ရှိစေဖို့ လုပ်ဆောင်သွားပါမယ်။ ဒါ့အပြင် ကျွန်မတို့အနေနဲ့ အခွင့်အရေးသစ်တွေကို လက်လွတ်မခံဘဲ ခိုင်မာအောင် ကြိုးစားလုပ်ဆောင်သွားပါမယ်။ ကျွန်မနေနဲ့ မြန်မာပြည်ရဲ့ ဈေးကွက် အခြေအနေက စိတ်ဝင်စားစရာကောင်းပြီး အလားအလာကောင်းတယ်လို့ မြင်ပါတယ်။ ကျွန်မတို့ အနေနဲ့ မြန်မာပြည်မှာ ခိုင်မာတဲ့ ဈေးကွက်တစ်ခုကို ပိုင်ဆိုင်အောင် တည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဒိုင်းမွန်းစတားကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးကိုကိုကြီးကလည်း ယခုကဲ့သို့ ပက်စီကုမ္ပဏီ နှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရရှိခဲ့သည့်အတွက် အထူးပင်ဝမ်းသာ ဂုဏ်ယူမိသည်ဟု ပြောဆိုခဲ့ကြောင်း သြဂုတ်လ ၉ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သော ပက်စီကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ပက်စီကုမ္ပဏီမှာ အမေရိကန် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့် ပိတ်ပင်ထားမှုကို အမေရိကန်သမ္မတ အိုဘားမားက လျော့ပေါ့ပေးခဲ့ပြီးနောက်တွင် အလျင်မြန်ဆုံး လာရောက်ရင်းနှီးမြှုပ်နှံ လိုသည့် အမေရိကန်ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် အခြား အမေရိကန် နာမည်ကျော် အချိုရည် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၌ ၁၉၂၇ ခုနှစ်မှ ၁၉၄၀ ခုနှစ်ကျော်အထိ ရင်းနှီးမြှုပ်နှံခဲ့ဖူးသောကိုကာကိုလာ ကုမ္ပဏီမှာလည်း မြန်မာနိုင်ငံတွင် ပြန်လည်ဝင်ရောက် လုပ်ကိုင်ရန် စီစဉ်နေကြောင်း သိရသည်။
ပက်စီအချိုရည်နှင့် ပူးပေါင်း လုပ်ကိုင်မည့် ဒိုင်းမွန်းစတားကုမ္ပဏီသည် ဒိုင်းမွန်းစတားဂျုံမှုန့်၊ အာမို ဓာတ်မြေသြဇာ၊ Capital Hyper market ၊ ပရီမီယာကော်ဖီ အမျိုးမျိုးကို အဓိကထုတ်လုပ်ဖြန့်ဖြူးရောင်း ချနေပြီး မြန်မာနိုင်ငံ၏ပို့ကုန်သွင်း ကုန်တင်သွင်းမှု အများဆုံး ထိပ်တန်း စာရင်းတွင် နှစ်စဉ်ပါဝင်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရပါ သည်။

သစ်ပင်လည်းစိုက် .. . . ခုတ်နေတာလည်း ရပ်ကြပါ . . .

သစ်ပင်လည်းစိုက် .. . . ခုတ်နေတာလည်း ရပ်ကြပါ . . . 

Written by ဇော်ဝင်းချစ်(တောင်ငူ)   
Sunday, 12 August 2012 14:07
မိုးတွင်းကာလ ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များရဲ့ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲဆိုတဲ့သတင်းက နိုင်ငံပိုင်မီဒီယာများမှာ ဖော်ပြခဲ့ကြသည်ကို မြင်တွေ့ ကြားသိနေရသည်။
တစ်ချိန်ချိန်တွင်တော့ မြန်မာနိုင်ငံ ရာသီဥတုကြီး အောက်မေ့ဖွယ် ယခင်အချိန်သို့ ပြန်လည်ရောက်ရှိလာမည်လောဟု ယုံကြည်စရာပင် ဖြစ်လာသည်။ သို့သော်...အခုရေတွင်းတူး၍ အခုရေကြည်သောက် မရနိုင်သည်မှာ မမေ့အပ်ဖို့ လိုပါပေသည်။ ယနေ့စိုက်သော သစ်ပင်များ ဘယ်အချိန်ကာလမှာ တိုင်းပြည်အတွက် အကျိုးသက်ရောက်မည်နည်း။ ဆေးပညာလောကမှာ သုံးနေကျ စကားတစ်ခွန်းတော့ ရှိပါသည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုကောင်းပါသည်။ လတ်တလော ဖြစ်ပေါ်နေတဲ့(Global Warming) ကမ္ဘာကြီး ပူနွေးနေတဲ့ပြဿနာက အခု အခြေအနေထက် ပိုဆိုးမသွားအောင်တော့ သစ်ပင်စိုက်နေတာတွေထက် ရှိပြီးသား သစ်ပင်တွေကို ထိရောက်အောင် ထိန်းသိမ်းစောင့်ရှောက်ခြင်းက အမှန်တကယ် လိုအပ်လျက် ရှိနေတာပါပဲ။ သစ်ပင်လည်း စိုက်ပါတယ်ပြောပြီး သစ်ပင်ခုတ်နေတာတွေ မရပ်သ၍ စိုက်ပြီးသား သစ်ပင်တွေကို ရှင်သန်အောင် မပြုစုနိုင်သ၍တော့ တောတောင်ဂေဟစနစ်တွေ ပျက်သုဉ်းနေဦးမှာပါပဲ၊ ကမ္ဘာကြီးပူနွေးနေတာတွေ ပိုဆိုးလာမှာပါပဲ၊ ရာသီဥတုက မောက်ကမဖြစ်နေတာတွေ ဆက်ဖြစ်နေဦးမှာပါပဲ၊ ဒါကြောင့်ကျန်ရှိနေတဲ့ မြန်မာနိုင်ငံ ရိုးမသစ်တောများ ထိန်းသိမ်းဖို့အရေး လိုအပ်နေတာပါ။
ဒီဘက်နှစ်များအတွင်း လယ်ယာလုပ်ငန်းခွင်တွေမှာ ရာသီဥတု ဆိုးကျိုးသက်ရောက်မှုတွေက ဆက်တိုက်ဆိုသလို ဖြစ်လာတော့ လယ်ယာမြေတွေလည်း ပျက်စီး၊ စိုက်သမျှ သီးနှံတွေလည်း အထွက်နှုန်းတွေကျ ပိုးတွေကျနေတာတွေဟာ သဘာဝပတ်ဝန်းကျင် တောတောင်ဂေဟစနစ် ပျက်စီးဆုံးရှုံးနေတာတွေနဲ့ အများကြီး သက်ဆိုင်မှုရှိပါတယ်။ ဒီကြားထဲ စပါးဈေး၊ ပဲဈေးကလည်း အသံမထွက်နိုင်အောင်ကျဆင်းနဲ့ သန်း ၃၀ မျှသော တောင်သူလယ်သမားတွေဟာ ဆင်းရဲမွေတေမှုနွံထဲက ရုန်းထွက်နိုင်ဖို့ဆိုတာ သိကြားမင်း ဆင်းကယ်တောင် မရနိုင်ပါဘူး။
ကိုယ်ကျိုးရှာအတ္တသမားများရဲ့ မတော်လောဘတွေက အဆီးအတားမရှိ သစ်တောတွေခုတ်ထစ်လို့ အရိုးခံ တောင်သူလယ်သမားတွေမှာတော့ ဆင်းရဲတွင်းထဲမှာ နစ်ပြီးရင်း နစ်၊ မျောပါရင်း မျောနဲ့ ဆင်းရဲတွင်း သံသရာထဲမှာ လည်နေလို့ ကောင်းနေဆဲပါပဲ။
လွန်ခဲ့သော နှစ်ပေါင်း ၅၀ ၀န်းကျင်ခန့်က မြန်မာနိုင်ငံ အကျယ်အ၀န်းဟာ ၂၆၁၂၂၈ စတုရန်းမိုင် ရှိခဲ့ပြီး သစ်တော ဖုံးလွှမ်းမှုဧရိယာက ၁၄၉၈၈၉ စတုရန်းမိုင်ရှိတဲ့အတွက် နိုင်ငံအကျယ်အ၀န်းရဲ့ ၅၇ ရာခိုင် နှုန်းရှိခဲ့တယ်လို့ လေ့လာမှတ်သားမိခဲ့ရသလို ၁၉၈၀ ၀န်းကျင် ခုနှစ်များ အထိ ကမ္ဘာ့ရာသီဥတုကြီးဟာ အပူအအေး မျှတပြီး စိုက်ပျိုးသီးနှံများလည်း ဖြစ်ထွန်းအောင်မြင်ခဲ့တယ်လို့ သိခဲ့ရပါတယ်။ ၁၉၈၀ ပြည့်နှစ်နောက်ပိုင်းမှ ယနေ့ အချိန်အထိ နှစ် ၃၀ ကျော်ကာလမှာ ကမ္ဘာကြီး ပူနွေးလာတာတွေဟာ နှစ်ပေါင်း ၃၀ အတွင်း တဖြည်းဖြည်း မြင့်မားလာတာကို လည်း မှတ်သားခဲ့ရပါတယ်။ မြန်မာနိုင်ငံအတွင်း တစ်နှစ်တာ သစ်တောပြုန်းတီးမှု ဧကငါးသိန်းဝန်းကျင်ရှိတယ်ဆိုတော့ လွန်ခဲ့သော နှစ်ပေါင်း၅၀ ကာလနဲ့ ယနေ့အခြေအနေကို မှန်းဆလို့ ရနိုင်ပါပြီ။ ဒါတောင်မှ တရားမ၀င် သစ်ခိုးထုတ်တဲ့ စာရင်းတွေ ပါမယ်မထင်ဘူး။တစ်နိုင်တစ်ပိုင် ကိုယ်ကျိုးရှာ သစ်ခုတ်တာတွေ ပါမယ်မထင်ဘူး။

သေချာတာပြောရရင်တော့ မြန်မာနိုင်ငံ ရိုးမသစ်တောတွေမှာတော့ တောင်တွေတော်တော်များများ ပြောင်သလင်းခါနေပါပြီ၊ ထွက်ပေါက်မျိုးစုံကနေ ခွဲပြီးသား သစ်တွေ၊ အလုံးလိုက် သစ်တွေ အပြိုင်အဆိုင် ထွက်နေဆဲ၊ ချောင်းတွေမြောင်းတွေက မျောနေကြဆဲပါပဲ။ဒါတွေကို မသိချင်လည်း သိနေရ၊ မမြင်ချင်လည်း မြင်နေရတော့ ကျွန်တော်တို့ နိုင်ငံကြီးမှာက မောက်ကမဖြစ်နေတဲ့ ရာသီဥတုကို ဘယ်လိုမှ မှတ်ချက် မပေးချင်တော့ပါဘူး။ အခုလို ပဲခူးရိုးမကနေ မီးသွေးတွေ သစ်တွေ ထွက်နေတာတွေကြောင့်လည်း ရိုးမတောင်တန်းကြီး တွေ အကျည်းတန် ကျန်ရစ်ခဲ့ကြရပြီ။ တစ်ချိန်က ကျောစိမ့်ရတဲ့တော၊ အခုတော့ အမောမပြေနိုင်တဲ့ ဟာလာဟင်းလင်း တောင်ကတုံးတွေနဲ့ ဖြစ်လို့နေခဲ့ပါပြီ။ ရွှေ့ပြောင်းတောင်ယာတွေ မီးသွေးဖုတ်တာတွေ၊ တရားဝင် သစ်ထုတ်တာတွေကို သက်ဆိုင်ရာတွေက ထိရောက်စွာ ထိန်းချုပ်ဖို့ လိုနေပါပြီ။ ဒါတွေဟာ သူ့တာဝန်၊ သူ့ဥပဒေနဲ့အညီ စီမံအုပ်ချုပ်ပိုင်ခွင့်ရရှိထားတဲ့ သက်ဆိုင်ရာဌာနတွေမှာပဲ တာဝန်ရှိပါတယ်၊ ဟိုလူ့လက်ညှိးထိုး ဒီလူ့လက်ညှိးထိုးနဲ့ ဆင်ခြေတွေ အကြောင်းတရားတွေ ပြနေရမဲ့အချိန်ကာလတွေလည်း မဟုတ်တော့ပါဘူး၊ အဂတိတရား ကင်းမဲ့စွာဖြင့် မိမိတို့နိုင်ငံ သဘာဝတောတောင်ကြီးကို စောင့်ရှောက်ကြပါစို့။ မိမိတို့ရဲ့ နိုင်ငံသား တောင်သူလယ်သမားတွေကို ကူညီစောင့်ရှောက်ကြပါစို့။ နောင်တစ်ချိန် ရောက်လာတော့မယ့် ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေအတွက် လှပတဲ့ အနာဂတ်တွေ ထားရစ်ခဲ့ကြပါစို့။ ၀မ်းတစ်ထွာစာသော တစ်မိသားစုစာသော မိမိတို့ရဲ့ လှိုက်စားနေတဲ့ မတော်လောဘတွေက သိန်းနဲ့ သန်းနဲ့ချီသော လယ်ယာမြေ၊ သိန်းနဲ့သန်းနဲ့ ချီသော လယ်သမားမိသားစုတို့အတွက် ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း၊ နစ်နာခြင်းတွေနဲ့အတူ၊ ပူပြင်းတာ တွေ စံချိန်တင်လာတာ၊ မိုးရွာတာတွေ စံချိန်တင်လာတာ၊ မြစ်ရေကြီးတာတွေ စံချိန်တင်လာတာ၊ မိုးဦးခေါင်လာတာ၊ အချိန်မဟုတ်အခါမဟုတ် မိုးရွာလာတာ၊ စိုက်ခင်းပေါင်းစုံထဲ ပိုးမွှားကျဆင်းနှုန်း များလာတာတွေဟာ လက်တွေ့မှာတော့ စိုက်ပျိုးရေးလောက အနိဋ္ဌာရုံတွေပါပဲ။ 

ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း၊ နစ်နာခြင်းတွေနဲ့အတူ၊ ပူပြင်းတာတွေ စံချိန်တင်လာတာ၊ မိုးရွာတာတွေ စံချိန်တင်လာတာ၊ မြစ်ရေကြီးတာတွေ စံချိန်တင်လာတာ၊ မိုးဦးခေါင်လာတာ၊ အချိန်မဟုတ် အခါမဟုတ် မိုးရွာလာတာ၊ စိုက်ခင်းပေါင်းစုံထဲ ပိုးမွှားကျဆင်းနှုန်းများလာတာတွေဟာ လက်တွေ့မှာတော့ စိုက်ပျိုးရေးလောက အနိဋ္ဌာရုံတွေပါပဲ  . . .
၂၀၁၁ ခုနှစ်က မြန်မာနိုင်ငံ နေရာအနှံ့ မြစ်ရေကြီးတဲ့ဒဏ်ကို စကောထဲ ဇီးဖြူသီးလှိမ့်သလို ခံခဲ့ရတာ။ ရေဘေးဒုက္ခသည်တွေဟာ ဘုရားစောင်းတန်းနံဘေး၊ စာသင်ကျောင်းနံဘေးတွေမှာ တဲတွေထိုးပြီး လနဲ့ချီအောင် အိပ်ခဲ့ရတာ၊ အနေဆင်းရဲ၊ အစားဆင်းရဲနဲ့ နေခဲ့ကြရတာ၊ စပါးခင်း ရေနစ်မြုပ်လို့ နှစ်ပြန် သုံးပြန်၊ ပြန်စိုက်ခဲ့ရတာ၊ စပါးခင်းတွေ ရေနစ်ပျက်စီးလို့ နွားကျွေးစရာ ကောက်ရိုးတောင် မကောက်နိုင်ခဲ့တာ၊ မိုးဦးနောက်ကျပြီး မိုးမရွာတာ၊ မိုးစပါးစိုက်ချိန် မိုးရေမလုံလောက်လို့ ရေတင်စိုက်နေရတာစတဲ့ သဘာဝဘေးဒုက္ခပေါင်းမျိုးစုံကို လက်တွေ့ မှာတော့ တကယ်ခံစားနေကြရတာ သန်း ၃၀ မျှသော ဆင်းရဲနွမ်းပါး တောင်သူလယ်သမားတွေပါ။ ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ခုအတွက် တိုင်းပြည်ရဲ့ ပြည်သူလူထု အောက်ခြေလူတန်းစားတွေ အခြေခံကောင်းနေဖို့ လိုပါတယ်။ နိုင်ငံရဲ့ တစ်ဝက်စာမျှရှိသော တောင်သူလယ်သမား ထုကြီးအတွက် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဟန်ချက်ညီစွာ လုပ်ကိုင်စားသောက်နိုင်ဖို့ လိုအပ်နေပါတယ်။
အခုတော့ စိုက်ပျိုးရေးမကောင်းလို့  ရွာကိုလည်း စွန့်ခွာ ပြေးရပြီ၊ ရေကြည်ရာ မြက်နုရာကို ရှာကြရင်း ရေခြားမြေခြား နိုင်ငံတွေမှာ သူများမလုပ်ချင်တဲ့ အလုပ်တွေကို အပေါဆုံးလုပ်အားခတွေနဲ့ လုပ်နေရပါပြီ၊ စိုက်ပျိုးရေး မကောင်းလို့ ပလပ်ထားတဲ့ လယ်တွေလည်း အခုတော့ အရိုင်းမြေတွေ ဖြစ်ကုန်ပါပြီ၊ ရှိတဲ့အကြွေးလေး ကျေအောင်ဆပ်ဖို့ လယ်တွေလည်း အဆင်သင့်သလို ရောင်းနေကြရပါပြီ၊ စပါးတောင်လိုပုံ၊ ဆီကိုရေချိုး၊ ဆေးရိုး မီးလှုံခဲ့တဲ့ ကျွန်တော်တို့ တောင်သူလယ်သမားတွေ၊ အခုတော့ မနိုးထနိုင်တော့တဲ့ အိပ်မက်တွေအဖြစ်သာ အတိတ်မှာ ချန်ထားရစ်ခဲ့ရတာ နှစ်ပရိဒေ၀ ဘယ်လောက်တောင်များ ကြာခဲ့ပြီလဲ။ ရေခံ မြေခံရှိတဲ့ ကျွန်တော်တို့ နိုင်ငံကြီးမှာ ရေကောင်း မြေကောင်းဖြစ်မယ့် သဘာဝတရားတွေ လိုအပ်နေတာပါ၊ ပူလောင်ခြောက်သွေ့၊ မိုးကြီးရေကြီး သဘာဝမီးတွေကို လိုချင်ခဲ့တာ မဟုတ်ပါဘူး။
ဒါတွေဟာ သဘာဝပတ်ဝန်းကျင် ဂေဟစနစ်တွေ ပျက်စီးဆုံးရှုံးမှုအပေါ် အများကြီး သက်ရောက်နေပါတယ်၊ နှောင်းခဲ့တာတွေ ထားခဲ့ပြီး၊ အနာဂတ်အတွက် ကာကွယ်မှုတွေ လုပ်ဖို့ လိုအပ်နေပါပြီ။ နိုင်ငံခြားကို တင်ပို့နေတဲ့ သစ်တွေ အချိန်ကာလတစ်ခုတာမျှ ထိန်းချုပ်ထားစေချင် တယ်။ သစ်ကွင်းတွေမှာ မြင်မကောင်း အောင်ပုံထားတဲ့ သစ်တွေကို အစားထိုး သုံးစွဲတတ်ဖို့ လိုအပ်နေပါပြီ။ ခါးသီးတဲ့ သဘာဝဘေးဒဏ်တွေကို သင်ခန်းစာ ယူပြီးတော့ နောင်လာမယ့် ကျွန်တော်တို့နိုင်ငံ မျိုးဆက်သစ်တွေအတွက် ကောင်းမွန်တဲ့ အနာဂတ်အမွေတွေ ချန်ထားပေးခဲ့ဖို့ လိုပါပြီ။
ဒါကြောင့် မြန်မာ့တောတောင် သဘာဝဂေဟစနစ်တွေ မပျက်စီးစေဖို့ အနာဂတ်မှာ လှပတဲ့ရာသီတွေ မြင်ရစေဖို့ ... ဆိုရင် ...အချိန်တွေ မလွန်ခင်မှာတော့ သစ်ပင်လည်းစိုက်ပါ...ခုတ်နေတာလည်း ရပ်ကြပါ...လို့။
Comments 
 
+6 #1 Public Servant 2012-08-12 21:47
အဲဒါအမှန်ပဲဗျို့ သင်းတို့ အကျိုးစီးပွားအတွက် တစ်ပြည်လုံးမှာ သစ်တွေကုန်တော့မယ်။ သစ်လုပ်ငန်းက အာဏာပါဝါရှိသူတွေ သူဌေးဖြစ်ကုန်ကြတယ်။ ခံစားလိုက်ရတာက အခုလောလောလတ်လတ် ရေကြီးတာနဲ့ လူသိန်းကျော် သေဆုံးခဲ့ရတဲ့ နာဂစ်မုန်တိုင်းဒါဏ်ပဲ။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို သစ်တောဝန်ကြီးဌာနပေးထားလိုက်တာ ဘာနဲ့တူသလဲဆိုတော့ .xxxxx. သိကြတဲု့အတိုင်းပါပဲ။ တကယ်ဆို ကြွေးကြော်သံတွေ ဟစ်ကြွေးနေမယ့်အစား တစ်နှစ်တိတိ သစ်မခုတ်ရေး campaign လုပ်ကြည့်လိုက်ပါလား.. ဘယ်လောက်ထူးခြားသွားမယ်ဆိုတာ သိသာပါလိမ့်မယ်။
( ပြောသာပြောရတာ ထူးထရေးဒင်းခုတ်တာနဲ့ကို တောလဲ ပြောင်သလင်းခါနေပါပြီလေ...) :sigh:

အမေရိကန်အခြေစိုက် ပက်စီအချိုရည် ကုမ္ပဏီက မြန်မာနိုင်ငံတွင် Pepsi-cola ၊ 7-up နှင့် Mirinda အမှတ်တံဆိပ်သုံးခု ဖြန့်ချိမည်

အမေရိကန်အခြေစိုက် ပက်စီအချိုရည် ကုမ္ပဏီက မြန်မာနိုင်ငံတွင် Pepsi-cola ၊ 7-up နှင့် Mirinda အမှတ်တံဆိပ်သုံးခု ဖြန့်ချိမည် 

နာမည်ကျော် အမေရိကန်အချိုရည် အမှတ်တံဆိပ်တစ်ခု ဖြစ်သော ပက်စီအချိုရည်နှင့် မြန်မာကုမ္ပဏီ တစ်ခုဖြစ်သော ဒိုင်းမွန်းစတား ကုမ္ပဏီတို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်ရက်ပိုင်း အတွင်းက တရားဝင်ထုတ်ပြန်ခဲ့သော ကြေညာချက်အရ ပက်စီအချိုရည် အနေဖြင့် မြန်မာနိုင်ငံအတွင်း Pepsi-cola ၊ 7-up နှင့် Mirinda အမှတ်တံဆိပ်သုံးခုကို ဖြန့်ချိသွားမည် ဖြစ်ကြောင်း သိရသည်။ ထို့အပြင် ပက်စီကုမ္ပဏီအနေဖြင့် မြန်မာနိုင်ငံ၏ စိုက်ပျိုးမွေးမြူရေး တိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ ပရောဂျက်များတွင် ရင်းနှီးမြှုပ်နှံနိုင်မည့် အခွင့်အလမ်းများ ရရှိရန်အတွက် လည်း လေ့လာဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပက်စီကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ၁၉၉၀ ခုနှစ်မှ ၁၉၉၇ ခုနှစ်အထိ လာရောက်လုပ်ကိုင်ဖူးပြီး ၁၅ နှစ်ခန့်ကြာပြီးနောက်တွင် ယခုကဲ့သို့ ပြန်လည်၍ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခြင်းလည်း ဖြစ်သည်။ မြန်မာနိုင်ငံတွင် ပြန်လည်ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်ပြီး ပက်စီကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်သူ Indra Nooyi က “ကျွန်မတို့ရဲ့ စားသောက်ကုန်ပစ္စည်းတွေ ကုမ္ပဏီရဲ့ အမှတ်တံဆိပ်တွေကို စားသုံးသူတွေရဲ့လက်ထဲ ပိုမိုရောက်ရှိစေဖို့ လုပ်ဆောင်သွားပါမယ်။ ဒါ့အပြင် ကျွန်မတို့အနေနဲ့ အခွင့်အရေးသစ်တွေကို လက်လွတ်မခံဘဲ ခိုင်မာအောင် ကြိုးစားလုပ်ဆောင်သွားပါမယ်။ ကျွန်မနေနဲ့ မြန်မာပြည်ရဲ့ ဈေးကွက် အခြေအနေက စိတ်ဝင်စားစရာကောင်းပြီး အလားအလာကောင်းတယ်လို့ မြင်ပါတယ်။ ကျွန်မတို့ အနေနဲ့ မြန်မာပြည်မှာ ခိုင်မာတဲ့ ဈေးကွက်တစ်ခုကို ပိုင်ဆိုင်အောင် တည်ဆောက်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောကြားခဲ့သည်။
ဒိုင်းမွန်းစတားကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးကိုကိုကြီးကလည်း ယခုကဲ့သို့ ပက်စီကုမ္ပဏီ နှင့် ပူးပေါင်းဆောင်ရွက်ခွင့်ရရှိခဲ့သည့်အတွက် အထူးပင်ဝမ်းသာ ဂုဏ်ယူမိသည်ဟု ပြောဆိုခဲ့ကြောင်း သြဂုတ်လ ၉ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့သော ပက်စီကုမ္ပဏီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။
ပက်စီကုမ္ပဏီမှာ အမေရိကန် စီးပွားရေးလုပ်ငန်းများ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခွင့် ပိတ်ပင်ထားမှုကို အမေရိကန်သမ္မတ အိုဘားမားက လျော့ပေါ့ပေးခဲ့ပြီးနောက်တွင် အလျင်မြန်ဆုံး လာရောက်ရင်းနှီးမြှုပ်နှံ လိုသည့် အမေရိကန်ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။ ထို့အပြင် အခြား အမေရိကန် နာမည်ကျော် အချိုရည် တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ၌ ၁၉၂၇ ခုနှစ်မှ ၁၉၄၀ ခုနှစ်ကျော်အထိ ရင်းနှီးမြှုပ်နှံခဲ့ဖူးသောကိုကာကိုလာ ကုမ္ပဏီမှာလည်း မြန်မာနိုင်ငံတွင် ပြန်လည်ဝင်ရောက် လုပ်ကိုင်ရန် စီစဉ်နေကြောင်း သိရသည်။
ပက်စီအချိုရည်နှင့် ပူးပေါင်း လုပ်ကိုင်မည့် ဒိုင်းမွန်းစတားကုမ္ပဏီသည် ဒိုင်းမွန်းစတားဂျုံမှုန့်၊ အာမို ဓာတ်မြေသြဇာ၊ Capital Hyper market ၊ ပရီမီယာကော်ဖီ အမျိုးမျိုးကို အဓိကထုတ်လုပ်ဖြန့်ဖြူးရောင်း ချနေပြီး မြန်မာနိုင်ငံ၏ပို့ကုန်သွင်း ကုန်တင်သွင်းမှု အများဆုံး ထိပ်တန်း စာရင်းတွင် နှစ်စဉ်ပါဝင်သော လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရှိရပါ သည်။

အိန္ဒိယအစိုးရ ခြစားမှုအတွက် ယောဂဂုရုဘာဘာရမ်ဒက်ဗ် အစာငတ်ခံဆန္ဒပြ

အိန္ဒိယအစိုးရ ခြစားမှုအတွက် ယောဂဂုရုဘာဘာရမ်ဒက်ဗ် အစာငတ်ခံဆန္ဒပြ  
Sunday, 12 August 2012 23:19
အိန္ဒိယနိုင်ငံသားအချို့က ပြည်ပတွင် တရားမ၀င်ထားရှိထားသော ဒေါ်လာဘီလျံနှင့်ချီသော ငွေများကို ပြန်ရရှိအောင် အစိုးရက မလုပ်ဆောင်ပေးပါက အစာငတ်ခံဆန္ဒပြမှုကို နိုင်ငံတစ်ဝန်းပျံ့နှံ့အောင် လုပ်ဆောင်သွားမည်ဟု သြဂုတ်လ ၁၂ ရက် တွင် အိန္ဒိယတွင် နာမည်ကြီးသော ယောဂဂုရုဘာဘာရမ်ဒက်ဗ်က ခြိမ်းခြောက်ခဲ့သည်။ 
ရမ်ဒက်ဗ်သည် သြဂုတ်လ ၁၂ ရက်တွင် လေးရက်မြောက် အစာငတ်ခံ ဆန္ဒပြခြင်းဖြစ်ပြီး ၀န်ကြီးချုပ်သည် မိမိတောင်းဆိုချက်ကို သြဂုတ်လ ၁၂ ရက်ညနေတွင် နောက်ဆုံးထားတုံ့ပြန်ရမည်ကို ပျက်ကွက်ခဲ့ကြောင်း နယူးဒေလီတွင် ထောက်ခံသူထောင်ပေါင်းများစွာအား ရမ်ဒက်ဗ်က ပြောကြားခဲ့သည်။ 
အခွန်ရှောင်ခြင်း၊ ပြည်ပဘဏ်များတွင် တရားမ၀င်နည်းဖြင့် ငွေများထားရှိခြင်း ကာကွယ်နိုင်စေရန် အစိုးရတာဝန်ရှိသူများကို လွတ်လပ်သော အထူးစုံစမ်းစစ်ဆေးရေးဗျူရို (CBI) ဖြင့် စစ်ဆေးရန် အပါအ၀င် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး ဆိုင်ရာ အချက်အလက်များကို ရမ်ဒက်ဗ်နှင့် သူ့ကိုထောက်ခံသူများက တင်ပြခဲ့သည်။

မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးတွင်းကာလ ပုံမှန်ရေကြီးခြင်းမျိုးမဟုတ်ဘဲ ရေကာတာများနှင့် အင်းများကြောင့် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေ

မြစ်ဝကျွန်းပေါ်ဒေသများတွင် မိုးတွင်းကာလ ပုံမှန်ရေကြီးခြင်းမျိုးမဟုတ်ဘဲ ရေကာတာများနှင့် အင်းများကြောင့် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေ

Thursday, 09 August 2012 00:27
ပုသိမ်ခရိုင် ဒါးကမြို့အနီးရှိ ရထားလမ်းပေါ်၌ ရေကျော်နေစဉ်
ယခုနှစ်မိုးရာသီကာလအတွင်း မိုးရွာသွန်းမှု ကောင်းမွန်ခြင်းကြောင့် ရေကြီးရေလျံမှုများ ဖြစ်ပေါ်နေရာ၌ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသရှိရေကြီး မှုဖြစ်စဉ်များတွင်မိုးတွင်းကာလပုံမှန် ရေကြီးခြင်းမဟုတ်ဘဲ ရေကာတာ များ၊ အင်းများနှင့် ဆက်စပ်ဖြစ်ပေါ် သော ရေကြီးရေလျံမှုများ ပါဝင်လာ ကြောင်း သတင်းရရှိပါသည်။
ယခုနှစ်သည် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသကဲ့သို့သော ဒေသ အချို့မှအပဒေသအများစုတွင်မိုးလယ် ကာလ မိုးရွာသွန်းမှုများကောင်းမွန် နေပြီးရေကြီးမှုဖြစ်စဉ်များသည် ဧရာ ၀တီမြစ်၊ ချင်းတွင်းမြစ်စသော မြစ် ကြီးများအပါအ၀င်သံလွင်မြစ်၊ စစ် တောင်းမြစ်၊ ရွှေကျင်မြစ်၊ ပဲခူးမြစ်၊ င၀န်မြစ်တို့တွင်ဖြစ်ပေါ်လာကြောင်း သိရှိရသည်။
မိုးရာသီကာလအတွင်း ရေ ကြီးမှု သဘာဝဘေးအန္တရာယ်ကို သတိပြုရလေ့ရှိသည့်ဧရာဝတီမြစ်ဝ ကျွန်းပေါ်ဒေသတွင်ယခုနှစ်မိုးရာသီ ကာလအတွင်း တာကျိုးပေါက်မှု၊ တာနိမ့်ကျမှု စသည်တို့ကြုံတွေ့ခဲ့ရ သည့်မြို့နယ်များရှိကာ လယ်ယာ မြေ၌ရေနစ်မြုပ်သည့် ဖြစ်စဉ်များ လည်းရှိခဲ့သည်။
ပြီးခဲ့သည့် မေလအတွင်းက တည်ဆောက်ခဲ့သည့်ကန်ကြီးထောင့် မြို့နယ်ရှိ ဒါးကမြို့နှင့် မန္တလေးကုန်း ကျေးရွာသို့ ဆက်သွယ်ဖောက်လုပ် ထားသော အရှည်ပေ ၃၇၀၀ ကျော်ရှိ သည့်ကျေးရွာချင်းဆက် မြေသား ရေထိန်းတာတမံတစ်ခု သြဂုတ်လ ၁ ရက်နေ့ နံနက်ပိုင်းက ဒါးကမြစ် ရေကြီးမှုကြောင့် တာအလယ်ခန့်မှ နေ၍ အကျယ်ပေ ၁၆၀ ခန့် ကျိုး ပေါက်ခဲ့ကြောင်း သိရှိရသည်။အဆိုပါ တာကျိုးမှုဖြစ်စဉ် ကြောင့် ဧက ၄၃၀၀ ခန့်ရေနစ်မြုပ် ခဲ့သည်ဟုပျဉ်းမငူကျေးရွာမှဦးအောင် ကျော်ဦးက ပြောကြားခဲ့သည်။

လေးမျက်နှာမြို့နယ်ရှိ ထော်လာအင်းဂရမ်ဆည်ချက်အား ခွင့်ပြုသည့်ကာလရောက်မှသာ သတ်မှတ်ထားသောနေရာတွင် ပြုလုပ်ရမည်ဟု သက်ဆိုင်ရာမှ ညွှန်ကြားတားမြစ်ထားသော်လည်း မူလအတိုင်း ပြုလုပ်မှုများရှိနေကြောင်းလည်း ဒေသခံအချို့ က ဇူလိုင်လကုန်ပိုင်းက ပြောကြားခဲ့သည်။
''ထော်လာအင်းရဲ့ ဆည်ချက်ကို သတ်မှတ်ထားတဲ့နေရာရဲ့အထက် ရေမိုင်သုံးမိုင်ကျော်ကျော်လောက်မှာရှိတဲ့ ငါးဖယ်ချောင်း၊ ပျဉ်းမချောင်း၊ ငါးရှဥ့်ချောင်းသုံးခု ဆုံတဲ့နေရာအောက်မှာ လျောဆည်ချထားတဲ့အတွက် ကျေးရွာအုပ်စု လေးခုက လယ်သမား ၆၀ ကျော်ရဲ့ လယ်ဧက ၅၀၀ လောက် နှစ်စဉ် ရေနစ်မြုပ်တာတွေ ရှိခဲ့ပါတယ်''ဟု ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် ရေကြီးမှု သဘာဝဘေးအန္တရာယ်ကို သတိပြုရသည့် ကာလသုံးခုရှိပြီး မိုးဦးကာလ ဇွန်လ၊ မိုးလယ်ကာလ ဇူလိုင်နှင့် သြဂုတ်လ၊ မိုးနှောင်းကာလ စက်တင်ဘာလတို့ ဖြစ်သည်။''မြစ်ဝကျွန်းပေါ်ဒေသက မိုးများရင် ရေကြီးမှု သဘာဝဘေးအန္တရာယ်ကို စိုးရိမ်ရတတ်တယ်။ ဒီဒေသက မြစ်အားလုံးက ရေတွေစုတဲ့နေရာလို ဖြစ်နေတယ်။ ဧရာဝတီမြစ်မှာ မိုးများ၊ ရေများရင် နောက်ဆုံးသူ့ဆီပဲရောက်သလို ချင်းတွင်းမှာ မိုးများရေများရင်လည်း သူ့ဆီပဲရောက်တာပဲ။ အဲဒီဒေသမှာ ရေပြဿနာက တော်တော်လေးရှိတယ်''ဟု မိုးလေ၀သပညာရှင် ဒေါက်တာထွန်းလွင်က ပြောကြားသည်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မြစ်ညာရေကျဆင်းမှုများကြောင့် ပုသိမ်နှင့်ဟင်္သာတတို့ ဆက်သွယ်ထားသည့် ရထားလမ်းပိုင်းအား သြဂုတ်လ ၅ ရက်နေ့မှစတင်၍ ခေတ္တရပ်နားထားရပြီး ပုသိမ်-ရန်ကုန်ကား လမ်းအချို့နေရာများ၌ ရေကျော်မှုများ ဖြစ်ပေါ်လျက်ရှိသည်။
''ရေအခြေအနေ ကြည့်ပြီးတော့ ရထားသွားနိုင်တဲ့ မြို့တွေကို ထွက်နိုင်ဖို့တော့ စီစဉ်ထားပါတယ်''ဟု ပုသိမ်ဘူတာကြီးမှ လ/ထရုံပိုင်က ပြောကြားခဲ့သည်။
မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ မြစ်ရေကြီးခြင်း သတိပေးချက်များ ထုတ်ပြန်ရာတွင် ဧရာဝတီမြစ်တွင် ဟင်္သာတမြို့နှင့် င၀န်မြစ်တွင် ငါးသိုင်းချောင်းမြို့တို့လည်း ပါဝင်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင်အတွင်းရှိ ထိန်ငူ ရေကာတာသည် သြဂုတ်လ ၃ ရက်နှင့် ၄ ရက်နေ့တို့တွင် နှစ်ကြိမ် နိမ့်ကျခဲ့ကြောင်း၊ ယခင်က ရေကာတာကျိုးမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ကာ အဆိုးဆုံးအဖြစ် ၁၉၉၁ ခုနှစ်တွင် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ ခုနစ်မြို့နယ်ခန့်မှ ဒေသခံပြည်သူများ ရေဘေးဒဏ်ကို ခံစားခဲ့ရကြောင်း သိရှိရသည်။
ထို့အတူ င၀န်ရေကာတာ ရေတိုက်စားခံရ၍ ပျက်စီးလာသဖြင့် လေးမျက်နှာမြို့နယ် ကညင်သောင်အုပ်စုရှိ ဒေသခံများ ပန်းတာသစ်၏ ခံနိုင်ရည်ရှိမှုအပေါ် စိုးရိမ်နေကြကြောင်း သိရှိရပါသည်။

''ဒီနှစ် ၂၀၁၂ ခုနှစ်မှာတင် ရွှေဘိုစုပန်းတာဆိုပြီး အသစ်လုပ်ထားတာ တစ်နှစ်နီးပါးပဲ ရှိပါသေးတယ်။ အခုအခြေအနေက မူရင်းရေကာတာက င၀န်မြစ်ရေ တိုက်စားလာတဲ့အတွက် ရေထဲပါနေပါပြီ''ဟု ရွှေဘိုစုကျေးရွာမှ ဒေသခံတစ်ဦးက ဇူလိုင် လကုန်ပိုင်းက ပြောပြခဲ့သည်။
ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့အနီးရှိ င၀န်မြစ်ထိန်းဗောဓိ ရေကာတာသည် လွန်ခဲ့သည့် နှစ်မိုးနှောင်းကာလက မိုင်တိုင်အမှတ် (၄၅ /၆ နှင့် ၄၅/ရ) နေရာတို့ ကမ်းပါးပြိုကျခဲ့သော်လည်း ကြီးမားသည့် သဘာဝဘေးတစ်စုံတစ်ရာဖြင့် ရင် မဆိုင်ခဲ့ရပါက ယခုနှစ် စိုးရိမ်ဖွယ် အခြေအနေမရှိကြောင်း ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
င၀န်မြစ်ထိန်းရေကာတာသည် ဟင်္သာတမြို့မှ သာပေါင်းမြို့နယ်အထိ မိုင်ပေါင်း ၇၄  မိုင်ရှည်လျားပြီး တာတစ်လျောက်တွင် ဟင်္သာတ၊ လေးမျက်နှာ၊ ရေကြည်၊ သာပေါင်း စသည့်မြို့နယ်များကိုဖြတ်၍ ဖောက်လုပ်ထားသည်။''အခုတာကျိုးလို့ ပြုပြင်ထားတဲ့နေရာက မြို့နဲ့သိပ်နီးတယ်''ဟု  ငါးသိုင်းချောင်းမြို့မှ ဒေသခံတစ်ဦးက ပြောကြားသည်။

''မြစ်ဝကျွန်းပေါ်က ရေကြီးမှုတွေနဲ့ပတ်သက်လို့တော့ ကျွန်တော့်မှာ အချက်အလက်စုထားတာ မရှိသေးဘူးပေါ့။ ဒါပေမဲ့ ဒီလို ပတ်ဝန်းကျင် အနေအထားတွေကြောင့်လည်း ပါမှာပဲဆိုတာတော့ ပြောနိုင်တယ်။ မိုးကောင်းရင်တော့ လာမယ့်ကာလ တွေမှာလည်း မြစ်ဝကျွန်းပေါ်ဒေသအနေနဲ့ ရေကြီးရေလျံမှုအတွက် အစိုးရိမ်ရဆုံး ဒေသဖြစ်နေတာမို့ သတိပြုစေချင်ပါတယ်''ဟု ဒေါက်တာထွန်းလွင်က ပြောပါသည်။
မြန်မာနိုင်ငံတွင် ယခုနှစ်များအတွင်း မြစ်ချောင်းများတွင် ရေကြီးရေလျံမှုဖြစ်ပေါ်သော ဖြစ်စဉ်များသည် မြစ်ကြမ်းပြင် မြင့်တက်ခြင်း၊ သစ်တောပြုန်းတီးခြင်းကြောင့် မြေဆီလွှာများ ရေတိုက်စားမှု ဖြစ်ပေါ်ခြင်းတို့နှင့် ဆက်စပ်ဖြစ်ပေါ်ကာ မိုးရွာသွန်းမှု ကောင်းမွန်သည်နှင့် မြစ်ချောင်း၌ ရေလက်ခံနိုင်စွမ်း အားနည်းပါးသည့်အတွက် ရေကြီးရေလျံမှုများကို ပိုမိုကြုံတွေ့လာရသည်။

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။