Friday, August 10, 2012

အထက်ပေါင်းလောင်းဆည်ကြောင့်ပြောင်းရွှေ့ ရမည့်ရွာများ သမ္မတထံစာတင်မည်


အထက်ပေါင်းလောင်းဆည်ကြောင့်ပြောင်းရွှေ့ ရမည့်ရွာများ သမ္မတထံစာတင်မည်:


သြဂုတ် ၉တည်ဆောက်ဆဲ အထက်ပေါင်းလောင်း ဆည်မြောင်း ရွေ့ ပြောင်းပေးရမည့် ရွာ ၂၃ ရွာမှ ရွာသူရွာသားများက ၄င်းတို့ ၏ နစ်နာချက်များကို နိုင်ငံတော် သမ္မတထံ စာတင်မည့် ကိစ္စ စာနယ်ဇင်းရှင်းလင်းပွဲ ကို သြဂုတ်လ ၉ ရက် နံနက် က မန်းမြို့ ရှိ ယူနီဆမ် တွင်ကျင်းပခဲ့သည်။

၎င်းအထက်ပေါင်းလောင်းဆည်ကြောင့် ရွာ ၂၃ ရွာ ကို ရေလွှမ်းသွားမည်ဖြစ် ရာ ကျေးရွာသား/သူ ၈၀၀၀ ကျော်၊ လယ်မြေဧက ၆၀၀၀ ကျော် စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းများစွာ ဆုံးရှုံး မည်ဖြစ်ပြီး၊ ပြောင်းရွှေ့ ကြေး ကျပ် ၅၀၀၀၀ သာ နစ်နာကြေးပေးမည်ဟု ဆိုသဖြင့် ယခုလို စာတင် ရခြင်း ဖြစ်ကြောင်း စာနယ်ဇင်းရှင်းလင်းပွဲတွင် ကျေးရွာသား တစ်ဦးက ဆိုသည်။

အထက်ပေါင်းလောင်း ဆည်ကြီးကို ၂၀၁၃ တွင် ပထမအဆင့် ၂၀၁၄ တွင် ဒုတိယအဆင့်၊ ၂၀၁၅ တွင် နောက်ဆုံးအဆင့် အပြီးရေသွင်း၍ လျှပ်စစ်စီမံ ကိန်း စတင်လှည်ပတ်မည်ဟု သိရသည်။

KTN
Popular Myanmar News Journal
















http://feeds.feedburner.com/thithtoolwin/yIWV

ထိုင်း Vita စက်ရုံမှ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဖြေရှင်းတော့မည်


ထိုင်း Vita စက်ရုံမှ့ မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဖြေရှင်းတော့မည်:
 ထိုင်းနိုင်ငံ ပြည်သူ့ဝန်ထမ်း ဆက်ဆံရေးအဖွဲ့ (SERC) နှင့် ထိုင်းအလုပ်သမား ကြံ့ခိုင်ရေးကော်မတီ (TLSC) တို့ ပူးပေါင်း Vita အစားအသောက်ထုတ် စက်ရုံမှ ရွှေ့ပြောင်းလုပ်သားများ၏
အလုပ်သမား အခွင့်အရေး ချိုးဖောက်ခံရမှုများအား ကိုင်တွယ်ဖြေရှင်းသွားမည်ဟု သိရသည်။

ထိုင်းနိုင်ငံ ကန်ချနာဘူရီပြည်နယ် သမကခရိုင်ရှိ Vita အစားအသောက်လုပ်ငန်း စက်ရုံသုံးရုံတွင် မြန်မာရွှေ့ပြောင်းလုပ်သား(၇၀၀၀) ခန့် လုပ်ကိုင်နေကြပြီးလွန်ခဲ့သည့် လေးလခန့်မှစကာ တရားဥပဒေနှင့်အညီ ထိုင်းလုပ်သားများနှင့် တပြေးညီ လုပ်ခလစာရရှိရန်အတွက် ဆန္ဒပြ တောင်းဆုခြဲ့သော်လည်း ယခုအချိန်အထိ ပြေလည်တိုးတက်မှု မရှိသေးဘဲ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ အလုပ်သမားအခွင့်အရေးများ ချိုးဖောက်ခံနေရဆဲဖြစ်သည်။

၂၀၁၂ ခုနှစ် ဧပြီလ (၁၁) ရက်မှ စတင်ခဲ့သော ပြောင်းရွှေ့အလုပ်သမားတို့၏ ဆန္ဒပြမှုများမှာ လုပ်ခလစာနည်းပါးခြင်းနှင့် လုပ်ငန်းခွင် လုံခြုံစိတ်ချမှု မရှိခြင်းတို့ကြောင့်ဖြစ်ပြီး ဆန္ဒပြမှုကြောင့် Vita အစားအစာလုပ်ငန်းစက်ရုံရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးများကို ချိုးဖောက်ခံနေရခြင်း၊ မမျှမတဆက်ဆံခံနေရခြင်းတို့ကို ပြည်သူတို့က သိရှိခဲ့ရသည်။

ထို့ကြောင့် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလုပ်သားများ၏ အခွင့်အရေးကို ကာကွယ်ရေးအတွက် SERC နှင့် TLSC တို့ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပြီး Vita အစားအသောက်လုပ်ငန်းစက်ရုံမှ ရွှေ့ပြောင်းမြန်မာ အလုပ်သမားများအရေးကို လုပ်သားများနှင့် အသေးစိတ်ပူးပေါင်းဖြေရှင်းသွားမည်ဟု သိရသည်။

Popular Myanmar News Journal





http://feeds.feedburner.com/thithtoolwin/yIWV

တရားရေး အရာရှိများ ကာကွယ်ပေးသည့် ဥပဒေ ရုပ်သိမ်းရန် အဆို ရှုံးနိမ့်


တရားရေး အရာရှိများ ကာကွယ်ပေးသည့် ဥပဒေ ရုပ်သိမ်းရန် အဆို ရှုံးနိမ့်:
 ရန်ကုန်၊ သြဂုတ် ၉
ယနေ့ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး ၂၃ ရက် မြောက်နေ့တွင် သင်္ဃန်းကျွန်း မြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်  အဆို တင်သွင်းထားခဲ့သော တရားရေးအရာရှိများ ကာကွယ်သည့် ဥပဒေကို ရုပ်သိမ်းရန် အဆိုကို မဲခွဲ ဆုံးဖြတ်ခဲ့ရာ ရှုံးနိမ့်ခဲ့ရသည်။

၁၈၅၀ ပြည့်နှစ်တွင် ထုတ်ပြန်ခဲ့သော အဆိုပါ ဥပဒေမှာ နှစ်ပေါင်း ၁၆၀ ကျော် ကြာမြင့်ခဲ့သည့် အပြင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားများ၏ တန်းတူ အခွင့်အရေးထက် ကျော်လွန် အကာကွယ်ပေးထားကြောင်း၊ အကျင့်ပျက် ခြစားမှုများ ဖြစ်ပေါ်နေသော တရား စီရင်ရေး လမ်းကြောင်းကို ထိန်းကျောင်းနိုင်ရန် အတွက် အဆိုပါ ဥပဒေကို ရုပ်သိမ်းရန် လိုအပ်လျက် ရှိပါကြောင်း ဦးသိန်းညွှန့်က ဆွေးနွေးခဲ့သည်။

ယင်းအဆိုကို ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်ရေး ကော်မရှင်က ပြန်လည် ဆွေးနွေးခဲ့ရာတွင် တရားရေး အရာရှိများအား ကာကွယ်ပေးသည့် ဥပဒေမှာ တရားသူကြီးများ၏ အဂတိ လိုက်စားမှုကို အကာအကွယ်ပေးထားခြင်း မရှိပါကြောင်း၊ တရားစီရင်ရေး တာဝန်ကို ဆောင်ရွက်ရာတွင် သဘောရိုးဖြင့် ဆောင်ရွက်ခြင်းများကို တရားမမှုဖြင့် စွဲဆိုခြင်းမှ ကင်းလွတ်စေရန် အကာအကွယ်ပေးထားခြင်းသာဖြစ်ပြီး အဂတိ လိုက်စားမှုနှင့် မတော် မတရားမှုများကို အရေးယူရန် ပိတ်ပင် ထားခြင်း မရှိပါကြောင်း အမရပူရမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးက ဆွေးနွေး ခဲ့သည်။

သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်က ပြန်လည် ဆွေးနွေးခဲ့ရာတွင် သဘောရိုးဖြင့် ဆောင်ရွက်ခြင်း ရှိမရှိ ဆိုသည်မှာ တရားရုံး၌ စစ်ဆေးခံရာ၌ ပေါ်ပေါက်သွားမည့် ကိစ္စရပ် ဖြစ်ကြောင်း မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားသော လူ့အခွင့်ရေး ကြေညာ စာတန်းပါ သတ်မှတ်ချက်များအရ တရားသူကြီးများကို နိုင်ငံသားများနှင့် တန်းတူ အခွင့်အရေးသာ ပေးရမည် ဖြစ်ကြောင်း ပြန်လည် ဆွေးနွေးခဲ့သည်။

ဦးသိန်းညွှန့်၏ အဆိုကို ပြည်သူ့လွှတ်တော်၌ မဲခွဲ ဆုံးဖြတ်ခဲ့ရာ ထောက်ခံမဲ ၁၂၁ မဲ၊ ကန်ကွက်မဲ ၂၂၄မဲ၊ ကြားနေမဲ ၃၇ မဲ ရရှိခဲ့သဖြင့် အဆိုမှာ ရှုံးနိမ့်ခဲ့ရသည်။

သင်္ဃန်းကျွန်းမြို့ နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွှန့်မှာ တရားရုံးများ မထီမဲ့မြင် ပြုမှု ဥပဒေအား ပြင်ဆင်/ရုပ်သိမ်းရေး အဆို၊ ၁၉၅၀ ပြည့် အရေးပေါ်စီမံမှု ဥပဒေ ပုဒ်မ ( ၅ ) ည အား ပြင်ဆင်ရေး အဆို၊ အစိုးရ မဟုတ်သော NGO အဖွဲ့အစည်းများအား မှတ်ပုံတင်ခွင့်ပြုရေး အဆိုတို့ကို တင်သွင်းခဲ့သူ ဖြစ်သည်။

The Voice Weekly

http://feeds.feedburner.com/thithtoolwin/yIWV

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။