ကချင်ဒေသငြိမ်းချမ်းရေး KIA ခေါင်းဆောင်များတွင်သာ မူတည်ပါသည်
by ကချင်နေစဉ်သတင်း
http://myanmartharkaung.blogspot.com/2012/07/kia_26.html (မြန်မာ့သားကောင်းမှကူးယူဖော်ပြသည်။)
မြစ်ကြီးနား၊ ဇူလိုင် ၂၆
July 17,2012 ရက်နေ့ Pyi Chit Thar facebook ပါ “ကချင်ဒေသ ငြိမ်းချမ်းရေး
ဘယ်သူ့မှာ အဓိကတာဝန်ရှိသလဲ” Post တွင် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး
မရရှိ သေးခြင်းအပေါ် မြန်မာစစ်တပ်၏ ခေါင်းဆောင်တွင် တာဝန်ရှိကြောင်း
ရေးသားထားချက်ကို တွေ့ရှိရပါသည်။
ကချင် တိုင်းရင်းသားတစ်ဦး အနေဖြင့် ကချင်ဒေသ ငြိမ်းချမ်းရေး အတွက်
မည်သူ့တွင် အဓိက တာဝန်ရှိသည်၊ မည်သည့် အကြောင်းကြောင့် နှောင့်နှေး
ကြန့်ကြာနေရသည်ကို စဉ်းစားမိခဲ့သည်မှာ ကြာပြီဖြစ်ပါသည်။ မိမိကဲ့သို့ပင်
ကချင်ဒေသနေ ပြည်သူများ နိုင်ငံအ၀ှမ်းရှိ တိုင်းရင်းသား များနှင့်
မြန်မာ့နိုင်ငံရေး စိတ်ဝင်စားသူ အားလုံး စဉ်းစားမိမည် ထင်ပါသည်။ မှားယွင်းသည့်
အချက်အလက်များ (Wrong information)၊ လွဲမှားစွာ လက်ခံထားသည့်
အယူဝါဒစွဲများ (Ideology deviation)၊ ဆန့်ကျင်ဘက် အတွေးအခေါ်များ (Opposite
idea) စသည်တို့ကို အခြေခံသော ရှုမြင်မှုကြောင့် ဖြစ်ရပ်မှန်နှင့်
ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေနိုင်ပါသည်။ ရာဇ၀င်သမိုင်းပါ မျက်မမြင
်ပုဏ္ဏားများကဲ့သို့ ကိုယ်ထင်ရာ ခန့်မှန်း ပြောဆိုနေခြင်းထက် ပကတိ
အမှန်တရားဆိုင်ရာ အချက်လက်များကို စေ့ငုစွာရှာဖွေ ဖော်ထုတ်၍
အဖြေရှာသင့်ပါသည်။
အငြိမ်းစားတရားရေး ၀န်ထမ်းတစ်ဦးအနေဖြင့် ၀ါသနာပါသည့်
စာပေနှင့်မွေ့လျော်ရင်း အေးအေးပဲနေဖို့ စိတ်ကူးယဉ်ခဲ့မိသည်။ သို့ပေမယ့်
ကျွန်တော်နေသည့် ကချင်ပြည်နယ်အတွင်း အနိဋ္ဌာရုံဖြစ်ရပ်များကြောင့်
စိတ်ကူးယဉ်မနေနိုင်တော့ဘဲ စစ်တပ်နှင့် KIA တပ်မတော်တို့၏ မပြီးဆုံးသေးသော
တိုက်ပွဲများအကြောင်းကိုသာ အမြဲလိုစဉ်းစားလာမိခဲ့ပါသည်။ ကျွန်တော့အသက် ၆၅
နှစ်ရှိပါပြီ။ ကျွန်တော့တစ်သက်တာ ကချင်ပြည်နယ် အတွင်းမှာသာ
နေထိုင်လာခဲ့ရသည့်အတွက် ကချင်ပြည်နယ်အကြောင်း၊ ကချင်လူမျိုးအကြောင်း၊
စစ်တပ် အကြောင်းနှင့် KIA အကြောင်းတို့ကို ၆၅ နှစ်ကြာ အတွေ့အကြုံအရ
စုံစုံလင်လင်သိရှိခဲ့ပြီးပါပြီ။ ကျွန်တော့်ညီအစ်ကိုတော်တချို့ KIA
ထဲတွင်ရှိပါသည်။ မည်သည့်ဘက်တွင်မှ ရပ်တည်ခြင်းမရှိဘဲ ကြားမှာနေပြီး
ဖြတ်သန်းခဲ့ရသည့် အတွေ့အကြုံနှင့် လေ့လာသိရှိရသမျှ အခြေအနေမှန်များကို
အရှိအတိုင်း ရေးသားလိုပါသည်။
အစိုးရသစ်သည် ၁၈-၈-၂၀၁၁ ရက်နေ့တွင် ကြေညာချက်အမှတ် (၁/၂၀၁၁)ဖြင့်
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများအား ငြိမ်းချမ်းရေးဆွေးနွေးရန်
တရားဝင်ဖိတ်ခေါ်ခဲ့ပါသည်။

ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး ဗဟိုကော်မတီ ထပ်မံဖွဲ့စည်းပြီး
သမ္မတကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ပါဝင်ကာ ဒုတိယသမ္မတများနှင့်
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့မှ အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း
သိရှိရသည်။ လက်ရှိအချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀
ဖွဲ့နှင့် လက်မှတ်ရေး ထိုးနိုင်ခဲ့ပြီး ဖြစ်သဖြင့် ဗဟိုကော်မတီ
အဖွဲ့ဝင်အားလုံး ငြိမ်းချမ်းရေးကို လိုလိုလားလား ဆောင် ရွက်နေကြောင်း
မြင်သာလျက် ရှိပါသည်။
သမ္မတ၏မိန့်ခွန်းများတွင် အမြင်သဘောထား မတူသည်များကိုထားပြီး အမြင်
သဘောထားတူညီသည် များကို ပြည်သူများ အကျိုးအတွက် ပူးပေါင်း ဆောင်
ရွက်ရေးမူဖြင့် ကြိုးပမ်း ဆောင်ရွက် မည်ဖြစ်ကြောင်း ပြောကြား
ထားပါသည်။ မှန်ပါသည်။အမြင်
သဘောထား မတူညီသည်များကို စစ်တိုက်ရင်း ဆွေးနွေး၍မရကြောင်း
တိုင်းရင်းသားအဖွဲ့အစည်း ၁၀ ဖွဲ့လုံးက လက်ခံ ယုံကြည်ပြီးဖြစ်ပါသည်။ ကျွန်တော်တို့ KIA လူကြီးများကိုလည်း ယင်းသို့လက်ခံယုံကြည်စေလိုပါသည်။
KIA လူကြီးများနှင့် အစိုးရ တာ ၀န်ရှိ သူများ စုစုပေါင်း ၁၀ ကြိမ်
ထက် မနည်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဖြစ်ကြောင်း၊ ဆွေးနွေးခဲ့သည့်
အကြိမ်တိုင်းတွင် KIA မှ နိုင်ငံရေး ဆွေးနွေးမှု ကိုသာ ဦးစွာေ
ဆာင်ရွက်ရန် တောင်းဆိုခဲ့ကြောင်း၊ အပစ်အခတ် ရပ်စဲရေး(Cease-Fire)အား
နိုင်ငံရေး ဆွေးနွေးမှုပြီးမှသာ ဆောင်ရွက်မည်ဟု ပြောကြားလျက်ရှိကြောင်း KIA
ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့အတွင်းမှ သိရှိရပါသည်


အပစ်အခတ်
ရပ်စဲခြင်းမရှိသေးဘဲ မည်သည့် ငြိမ်းချမ်းရေးမှ ရနိုင်ဖွယ် မရှိသကဲ့သို့
မည်သည့် နိုင်ငံရေး ဆွေးနွေးမှု ကို မှလည်း တိုက်ပွဲများ အတွင်း
ဆောင်ရွက်နိုင်ဖွယ် မရှိဟု ကျွန်တော်မြင်ပါသည်။ စစ်မှန်သော
ငြိမ်းချမ်းရေးရရှိလိုပါက အပစ်အခတ်ရပ်စဲရေးကို ဦးစွာဆောင်ရွက်ရပါမည်။
ဒုတိယအဆင့် အနေဖြင့် နိုင်ငံရေး ဆွေးနွေးမှုများနှင့် စစ်ကြောင့်
ဒုက္ခရောက်သူများအား ပြန်လည်နေရာချထားပေးရေးကိစ္စများကို ဆောင်ရွက်သွား
သင့်ပါသည်။
ကျွန်တော်တို့အိမ်နီးချင်း
ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယတွင် နာဂအဖွဲ့၊ ကူကီးအဖွဲ့များနှင့်
အပစ်အခတ်ရပ်စဲခဲ့ပြီး နိုင်ငံရေးဆွေးနွေးမှုအား
ဆက်လက်ဆောင်ရွက်လျက်ရှိပါသည်။ KIA လူကြီးများ၏ ငြိမ်းချမ်းရေးဆိုင်ရာ မူဝါဒသည် စစ်ကို လိုလား နေသယောင်ရှိနေခြင်းကြောင့် နိုင်ငံတကာ
လက်ခံ ကျင့်သုံးနေသည့် Peace Process များကို ကျွန်တော်တို့ ကချင်ပြည်နယ်
အေးချမ်းရေးအတွက် လက်ခံဆောင်ရွက် သွားသင့်သည်ဟု
ရိုးသားစွာအကြံပြုလိုပါသည်။
၁၉၉၄
မှစ၍ ကျွန်တော်တို့ကချင်ပြည်နယ် ငြိမ်းချမ်းလာခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၁
ဇွန်လလောက်မှစ၍ တာပိန်ရေအားလျှပ်စစ်စက်ရုံ လုံခြုံရေးဆောင်ရွက်နေသော
အစိုးရတပ်ဖွဲ့ဝင်အချို့ကို KIA အဖွဲ့ဝင်များက ဖမ်းဆီးသွားရာမှ
တိုက်ပွဲများစတင်ခဲ့ပါသည်။
KIA နှင့် အစိုးရတပ် အောက်ခြေအဖွဲ့ငယ်အချင်းချင်း အပြန်အလှန် ပစ်ခတ်မှု
စတင်ဖြစ်ပွားသည်နှင့် တစ်ပြိုင်တည်း KIA သည် ကချင်ပြည်နယ်အနှံ့
တံတားများကို တစ်ခုပြီးတစ်ခု ဖျက်ဆီးခဲ့ပါသည်။ တစ်ရက်တည်း မှာပင် တံတား ၄/၅
စင်းကိုဖျက်ဆီးခဲ့ခြင်းဖြစ်ပါသည်။ တံတားများဖျက်ဆီးခြင်းနှင့်အတူ
ရထားလမ်းများ၊ ကားလမ်းများ၊ လျှပ်စစ်တာဝါတိုင်များ၊ ဆက်သွယ်ရေး
အဆောက်အဦများကိုလည်း ဆက်တိုက်ဆိုသလို ဖျက်ဆီးပစ်ခဲ့ပါသည်။


KIA
သည် ကချင်လူမျိုးအချင်းချင်း အဓမ္မဖမ်းဆီး၍ လူသစ်စုပါတော့သည်။ လိုအပ်သည့်
လက်နက်၊ ခဲယမ်းများ ၀ယ်နိုင်ရန် ဒေသခံတိုင်းရင်းသားများ၊
စီးပွားရေးလုပ်ငန်းရှင်များထံမှ ဆက်ကြေးအဆမတန် ကောက်ခံသည်။ မိုင်းထောင်၊
မိုင်းခွဲသည့် အလုပ်များကို KIA အဖွဲ့ဝင်များအပြင် မသိနားမလည်သည့်
ရွားသားများကိုပါ ခြိမ်းခြောက်စေခိုင်းခြင်းများ ဆောင်ရွက်ပါသည်။
KIA
သည် ရိုးသားသည့်ရွာသားများနှင့် ၀န်ထမ်းများကိုလည်း
လက်နက်ပြခြိမ်းခြောက်ခြင်း၊ အကြောင်းမဲ့ သတ်ဖြတ်ခြင်းတို့ကို
ဆောင်ရွက်ခဲ့ပါသည်။


အစိုးရမှ
စစ်တပ်ကို ကချင်ပြည်နယ်တွင် ခုခံကာကွယ်ရုံမှအပ ပစ်ခတ်တိုက်ခိုက်ခြင်း၊ KIA
စခန်းများသို့ သွားရောက်တိုက်ခိုက်ခြင်းများ မပြုလုပ်ရန် ၂၀၁၁ ခုနှစ်
ဒီဇင်ဘာလတွင် ညွှန်ကြားခဲ့ကြောင်း သတင်းစာဖတ်ရင်း သိရပါသည်။ စစ်တပ်အနေဖြင့်
၎င်းတို့၏ ရိက္ခာပို့ခြင်း၊ လူနာသယ်ခြင်း စသည့်ပုံမှန်လုပ်ငန်းများ
မလွှဲမရှောင်သာ ဆောင်ရွက်နေရမည်ဖြစ်ပါသည်။ ယင်းသို့ဆောင်ရွက်စဉ်တွင်
ကချင်တပ်မတော်မှ မိုင်းထောင်ခြင်း၊ စောင့်၍ တိုက်ခိုက်ခြင်းများ
ဆောင်ရွက်နေသဖြင့်သာ စစ်တပ်မှပြန်လည်ခုခံရင်း
တိုက်ပွဲများဆက်လက်ဖြစ်ပွားနေခြင်း ဖြစ်နိုင်ပါသည်။
ဤနေရာတွင်
အားမရတာတစ်ခုကိုပြောချင်ပါသည်။ ဖြစ်စဉ်ဖြစ်ရပ် အခြေအနေမှန်အားလုံးကို
မြင်နေ၊ သိနေရသည့်ကျွန်တော့်အတွက် ရေးချင်၊ ပြောချင်လွန်းလှပါသည်။ ရေးသင့်၊
ပြောသင့်၊ ဖော်ထုတ်သင့်ပါလျက် စစ်တပ်မှ ဘာကြောင့်မပြောလဲဆိုတာကို
စဉ်းစားမရနိုင်လောက်အောင်ဖြစ်ရပါသည်။
ကျောက်နီမှော်
ကိစ္စမှစခဲ့သည့် ရခိုင်ပြည်နယ် တောင်ကုတ်၊ မောင်တော၊ စစ်တွေ ပြဿနာများတွင်
စစ်တပ်သည် ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး အချိန်မီ
ထိန်းသိမ်းခဲ့ပါသည်။ ထို့ကြောင့်လည်း အခြေအနြေ
ပန်လည်တည်ငြိမ်သွားခြင်းဖြစ်ပါသည်။ ရခိုင်ပြည်နယ်မှာသာ စစ်တပ်က
ဝင်မထိန်းလျင် ရခိုင်-ရိုဟင်ဂျာ အရေးအခင်းဟာ ပြောမပြတတ်လောက်အောင် ဆိုးရွား
လာမည်မှာသေချာပါသည်။ Internet Website တွေ၊ ဂျာနယ်တွေမှာ ရခိုင်ကိစ္စ
အခြေအနေတွေ တောက်လျှောက်ဖော်ပြခဲ့သလို ယခုကျွန်တော်တို့ ကချင်ပြည်နယ်ကိစ္စ
တွေကိုလည်း အလားတူဖော်ထုတ်ပြဖို့ အကြံပြုချင်ပါသည်။
ကျွန်တော့်အမြင်
ကချင်ပြည်နယ်အကြောင်း ပြောနေသူတွေဟာ ကချင်ပြည်နယ် ဘယ်နားရှိမှန်းမသိ၊ KIA
ဆိုတာ ဘာလဲမသိဘဲ ရေးနေပြောနေ ကြသည်ဟုထင်ပါသည်။ ကချင်ပြည်နယ်ထဲက
ကချင်တစ်ဦးအတွက်ကတော့ ဂျာနယ်တွေပေါ်က စာသားတွေဟာ ဂွမ်မော်ရဲ့
ပလီစိချောက်ချက် စကားတွေပဲဆိုတာကို တွေးကြည့်ရင်၊ ပြေးကြည့်တာထက်
ပိုသိပါသည်။ ဒါကြောင့် စစ်တပ်ကိုအကြံပေးချင်တာက ခင်ဗျားတို့သိတဲ့
ကချင်ပြည်နယ်က အဖြစ်မှန်တွေကို မစားရ၀ခမန်းနှင့် ပြောနေ၊ ရေးနေသူတွေ
နှုတ်ပိတ်သွားအောင် ပွင့်ပွင့်လင်းလင်းဖော်ထုတ်ဖို့ အချိန်တန်ပြီဖြစ်ပါသည်။
ကချင်ပြည်နယ်အတွင်း ကျွန်တော်တို့ကချင်တပ်မတော်၏ လုပ်ဆောင်ချက်များကို အချိန်ကာလ အပိုင်း ၃ပိုင်း ခွဲခြားမြင်တွေ့ရပါသည်။ အပိုင်း(၁)သည်
ကချင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းလျက်ရှိသည့် အခြေအနေမှ ၂၀၁၁ ခုနှစ်
ဇွန်လ တာပိန်ရေအားလျှပ်စစ်ဖြစ်စဉ် ဖြစ်ပွားခဲ့သည့်အချိန်ထိဖြစ်သည်။ အပိုင်း(၂)သည်
၂၀၁၁ ခုနှစ် ဇွန်လမှစ၍ အစိုးရမှ စစ်တပ်သို့ ခုခံကာကွယ်ရုံမှအပ
ပစ်ခတ်တိုက်ခိုက်ခြင်းမပြုရန် ညွှန်ကြားခဲ့သည့် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ အထိဖြစ်သည်။ အပိုင်း(၃)သည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှ ယနေ့အချိန်အထိဖြစ်သည်။
အပိုင်း(၁)တွင် KIA ကချင်တပ်မတော်ကြောင့်သာ တိုက်ပွဲများစတင်ဖြစ်ပေါ်လာသည်ဟု ယူဆရပါသည်။ အပိုင်း(၂)တွင် KIA ကချင်တပ်မတော်မှ အဖျက်လုပ်ငန်းမျိုးစုံကို ဆက်တိုက်ဆောင်ရွက်ခဲ့ပါသည်။ အပိုင်း(၃)တွင်
KIA ကချင်တပ်မတော်သည် မိမိကိုယ်ကိုခုခံကာကွယ်ရုံသာ ဆောင်ရွက်လျက်ရှိသော
စစ်တပ်အား ပိုမိုတိုက်ခိုက် နေသည့်အပြင် စစ်တပ်နှင့်မဆိုင်သည့်လူများကို
အဆက်မပြတ်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ကြောင်း တွေ့ရှိရပါသည်။
စစ်တပ်အနေဖြင့်
၎င်းတို့လက်အောက်အဖွဲ့များ ကျွန်တော်တို့လို အရပ်သားများအပေါ် ထိခိုက်စေသည့်
ပြစ်မှုကြီး/ငယ် ကျူးလွန်ပါက ချက်ခြင်းအရေးယူဆောင်ရွက်ကြောင်း
မျက်မြင်ဖြစ်ပါသည်။ စစ်တပ်သည် စစ်စည်းကမ်းနှင့် အထက်အမိန့်ကို
အလေးထားလိုက်နာကြောင်း ကျွန်တော့်အတွေ့အကြုံအရ ပြောနိုင်ပါသည်။
အစိုးရမှ ညွှန်ကြားလာသည့်အချိန်တွင် အမိန့်နာခံမှုကောင်းသော
စစ်တပ်ခေါင်းဆောင် ကာကွယ်ရေး ဦးစီးချုပ်တစ်ဦးအနေဖြင့်
လက်အောက်ရှိတပ်များကို မည်သည့်စတင် တိုက်ခိုက်မှုကိုမျှ
ဆောင်ရွက်ခွင့်ပြုမှာ မဟုတ်သလို၊ အစိုးရ၏ ငြိမ်းချမ်းရေး မူဝါဒအတိုင်း
လိုက်ပါ လုပ်ဆောင် မည်သာဖြစ်ပါသည်။ ထို့ကြောင့် ကချင်ပြည်နယ်အတွင်း
ငြိမ်းချမ်းရေးရရှိမှုမရှိခြင်းမှာ မြန်မာစစ်တပ်၏ခေါင်းဆောင်
ကာကွယ်ရေးဦးစီးချုပ်ကြောင့် မဖြစ်နိုင်ကြောင်း သုံးသပ်မိပါသည်။
သတင်းစာနှင့်ရုပ်/သံပါ (၆၇)နှစ်မြောက်တပ်မတော်နေ့ ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်း၌ တပ်မတော်သည်
ထာဝရငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကို ပိုပြီးလိုလားကြောင်း၊
ဖြစ်နိုင်သမျှ ထာဝရငြိမ်းချမ်းရေးရရှိအောင် စစ်မှန်သည့်
ပြည်ထောင်စုစိတ်ဓါတ်ဖြင့် နိုင်ငံတော်နှင့်အတူ
လက်တွဲဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားမှုကို
ဖတ်မိ၊ ကြားမိခဲ့ပါသည်။ ဤအချက်သည် ၎င်း၏ ငြိမ်းချမ်းရေးအပေါ် သဘောထားဖြစ်ပြီး
ငြိမ်းချမ်းရေးကိုသာ လိုလားကြောင်း၊ စစ်ကိုလိုလားခြင်း မရှိကြောင်းကိုလည်း
ထင်ဟပ်ပေါ်လွင်စေပါသည်။
အထက်ပါ အခြေအနေအရပ်ရပ်အပေါ် မှန်ကန်စွာသုံးသပ်ပါက အစိုးရနှင့် စစ်တပ်ဘက်မှ
ငြိမ်းချမ်းရေးကို ကျွန်တော်တို့ကချင်လူမျိုးများနှင့်အတူ
များစွာလိုလားလျက်ရှိပြီး ကချင်ဒေသငြိမ်းချမ်းရေးအတွက် KIA ခေါင်းဆောင်များတွင်သာ မူတည်လျက်ရှိပါတော့ကြောင်း ရှင်းလင်းစွာမြင်တွေ့နိုင်ပြီဖြစ်ပါသည်။
Pyi Chit Thar facebook ပါ ကချင်ဒေသငြိမ်းချမ်းရေးအတွက်
အဓိကတာဝန်ရှိသူအမှန်အား သိမြင်စေနိုင်ရန် စေတနာထား၍ ရေးသားလိုက်ရပါသည်။
ကချင်ပြည်နယ်မှ အငြိမ်းစားတရားရေးဝန်ထမ်းတစ်ဦး