
ကွန်ကရစ်လမ်းခင်းခ တစ်ပေ တစ်သောင်းကျပ်
by သစ်ထူးလွင်
နိုင်ငံတော်သမ္မတကြီးနှင့် သက်ဆိုင်ရာ လူကြီးမင်းများ သိစေရန် အသိပေးအပ်ပါသည်။
ကျွန်တော်တို့ ဧရာဝတီတိုင်း ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ ဗိုလ်ချုပ်လမ်း၌
ကွန်ကရစ်လမ်း ခင်းနေပါသည်။
ထိုသို့ခင်းရာ၌ လမ်းဘယ်ညာနှစ် ဘက်ရှိအိမ်များကို လမ်းခင်းခ ၁ပေလျှင်
၁၀၀၀၀/ကျပ် တောင်းခံပါသည်။ ခြံမျက်နှာစာပို ကျယ်သူများ ပိုကုန်ကျပါသည်။
မတတ်နိုင်၍ မပေးနိုင်ဟု ပြောသော်လည်း တာဝန်ရှိသူ များကမပေး မနေရဟု ဆိုပါသည်။
ထို့ကြောင့်ကျွန်တော်တို့လို ဆင်းရဲသား မတတ် နိုင်သူများ
အတွက်ဆောင်ရွက်ပေးစေ လိုကြောင်း သမ္မတကြီးနှင့် သက်ဆိုင်ရာလူကြီးမင်းများ
သိစေရန် မေတ္တာရပ်ခံအပ်ပါသည်။
ငါးသိုင်းချောင်းမှ ပြည်သူတစ်ဦး
http://feeds.feedburner.com/thithtoolwin/yIWV

သီပေါမြို့မှာ သစ်တောဝန်ထမ်းများ အိပ်ပျော်နေခြင်း
by သစ်ထူးလွင်
ကျွန်တော်တို့
သီပေါမြို့တွင်း သစ်စက်နှင့် ပရိဘောဂ လုပ်ငန်းများ အရမ်းများနေပါသည်။
သူတို့ လုပ်ငန်းများကြောင့် ပတ်ဝန်းကျင် ဆူညံမှုများ ဆက်တိုက်ဖြစ်နေပါတယ်။
သစ်ခွဲစက်အသံ၊ ရေပေါ်စက် အသံများ ဟာ ပတ်ဝန်းကျင်ကို အင်မတန် ဒုက္ခပေးနေ ပါတယ်ခင်ဗျာ.
သစ်တော
ဝန်ထမ်းများမှာလည်း ပိုက်ဆံလောက်သာ လိုက်ကောက်ပြီး
ဘာမှတာဝန်ယူခြင်းမရှိပါ..သို့သော် လူကြီးလာတဲ့ အချိန်သာ သစ်စက်သံများ
မကြားရတာဖြစ်ပါတယ်။
ယခုလုပ်နေသောလုပ်ငန်းများမှာ တရားဝင်လုပ်ငန်းများဖြစ်ပါသလား? လမ်းဘေးရှိ ကျွန်းပင်များတွင်
သစ်တစ်ပင်ခုတ်
ထောင် (၃) နှစ်လို့တော့ ရေးထားပါတယ်။ သစ်ခွဲစက်ပိုင်တဲ့သူတွေနဲ့ ပရိဘောဂ
လုပ်ငန်းလုပ်တဲ့သူတွေကို အရေးယူရင် ဘယ်လို့အရေးယူကြပါသလဲခင်ဗျာ..
မြို့တွင်းရှိသစ်စက်များနှင့် ပရိဘောဂလုပ်ငန်းများကို ရပ်ဆိုင်းပေးပါရန်တောင်းဆိုအပ်ပါသည်၊ သစ်တောဝန်ထမ်းများ အိပ်ယာကနိုးသင့်ပါပြီ။
သီပေါမြို့ ခံတဦး
http://feeds.feedburner.com/thithtoolwin/yIWV
