Sunday, July 29, 2012

အများပြည်သူ သွားလာနေသည့် လမ်းကို ညအချိန် သံတံခါးပိတ်ဆို့ ထားသည့်ရေခဲစက်အား အရေးယူပေးပါရန်

အများပြည်သူ သွားလာနေသည့် လမ်းကို ညအချိန် သံတံခါးပိတ်ဆို့ ထားသည့်ရေခဲစက်အား အရေးယူပေးပါရန်

တနင်္သာရီတိုင်း ဒေသကြီး၊ မြိတ်မြို.၊ ကန်ဖျားရပ်ကွက်၊ ရဲသိပ္ပံလမ်းတွင် တည်ရှိသော ဦးဆွေသန်း ပိုင်ဆိုင်သည့် ရေခဲစက်သည်၊ လူနေအိမ် ထူထပ်သည့် ရပ်ကွက် အတွင်းတွင် နေညမပြတ် နှစ်ဆယ့်လေး နာရီပတ်လုံး စက်သံဆူညံစွာဖြင့် လည်ပတ်နေသည့်အပြင် လွန်ခဲ့သည့် လအနည်းငယ်ခန့်မှစ၍ ရဲသိပ္ပံလမ်းသွယ်နှင့် ကန်ဖျားလမ်းမကြီးအား ဆက်သွယ်အသုံးပြု့ သွားလာနေသည့် အများပြည်သူပိုင်လမ်းအား စက်ရုံလုံခြုံရေးအကြောင်းပြချက်ဖြင့် ညနေငါးနာရီမှ မနက် ရှစ်နာရီအထိ ပုံပါအတိုင်း သံတံခါးဖြင့် သော့ခတ်ပိတ် ပိတ်ဆို့ထားပါသဖြင့် ရပ်ကွက်နေပြည်သူများ သွားလာရန် အခက်တွေ့နေပါသည်။
         ရပ်ကွက်နေပြည်သူများက သက်ဆိုင်ရာ ရ.ယ.က ရုံးတွင် သွားရောက်ညှိနိုင်းသော်လည်း ငွေကြေးအင်အားတောင့်တင်းသည့် ထိုစက်ရုံပိုင်ရှင်ကိုသာ အနိုင်ပေးခဲ့ပါသည်။ စစ်အစိုးရ ခေတ်တွင်လည်း အဆိုပါရေခဲစက်မှ နမိုးနီးယား အကြိမ်ကြိမ်ပေါက်ကွဲခဲ့သဖြင့် ရပ်ကွက်နေပြည်သူများ ထွက်ပြေးခဲ့ရသဖြင့် သက်ဆိုင်ရာသို့ တိုင်တန်းခဲ့သော်လည်း တိုင်တန်းသူ ရပ်ကွက်နေပြည်သူများသာ ဆူပူကြိမ်းမောင်း ခံခဲ့ရသဖြင့် မတိုင်ဝံ့တော့ပဲ ဆူညံနေသည့် စက်သံကို နားညီးခံပြီး သည်းခံနေခဲ့ပါသည်။
         အရာရာကို ငွေနှင့်ဖြေရှင်းနိုင်သည်ဟူ ယူဆနေသည့် စက်ရုံပိုင်ရှင်သည် ပိုမို၍အတင့်ရဲလာကာ ယခုတစ်ဖန် အများပြည်သူ သွားလာနေသည့် လမ်းအား ပိတ်ဆို့ သည်အထိ ပြုလုပ်လာပါသဖြင့်  သက်ဆိုင်ရာမှ ညှိနိုင်းဖြေရှင်းပေးပါရန် လေးစားစွာ တင်ပြအပ်ပါသည်။

ကန်ဖျားရပ်ကွက်နေပြည်သူ တစ်ဥင်္ီး။
http://feeds.feedburner.com/thithtoolwin/yIWV

ချင်းပြည်နယ် ဟားခါးမြို့ကို ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိ ငလျင်လှုပ်ခတ်

ချင်းပြည်နယ် ဟားခါးမြို့ကို ဗဟိုပြု၍ အင်အား အသင့်အတင့်ရှိ ငလျင်လှုပ်ခတ်

မန္တလေး၊ဇူလိုင်-၂၉
ယနေ့ မြန်မာစံတော်ချိန် ၈နာရီ ၅၁မိနစ် ၃၀ စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ
အနောက်မြောက်ဘက် ၁၃၅ မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း ဟားခါးမြို့၏
အရှေ့တောင်ဘက် ၁၄မိုင်ခန့်အကွာကို ဗဟိုပြု၍ ရစ်ချတာစကေး ၅.၈
အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တခုလှူပ်ရှားသွားကြောင်း
တိုင်းတာရရှိသည်ဟု မန္တလေးမြို့ရှိ မိုးလေ၀သမှတ်တမ်းနှင့် မြေငလျင်ဌာနမှ
သတင်းထုတ်ပြန်သည်။
ယင်းငလျင်လှုပ်ခတ်မှုအား မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ

လည်း ခံစားသိရှိလိုက်ကြသည်ဟု သိရသည်။
ချင်းပြည်နယ် ဟားခါးမြို့တွင်လည်း တစ်မြို့လုံး လှုပ်ခတ်မှုရှိခဲ့

ကြောင်းနှင့် လှုပ်ခတ်ချိန်မှာ အနည်းငယ်သာကြာမြင့်သည်ဟု ဟားခါးမြို့မှ
ဒေသခံတစ်ဦးကပြောသည်။
“ခေါင်းမူးတယ်ထင်နေတာ. နှစ်ချက်လောက်လှူပ်သွားတယ်။

မုံရွာမှာလည်း လှူပ်တယ်ကြားတယ်။”ဟု မန္တလေးမြို့မှ အမျိုးသမီးတစ်ဦးက
ပြောသည်။
7Day News Journal


http://feeds.feedburner.com/thithtoolwin/yIWV

စိုင်းနော်ခမ်း၏လက်ထောက်အားတရုတ်ထံလွှဲအပ်ရန် မြန်မာအစိုးရငြင်းဆန်

စိုင်းနော်ခမ်း၏လက်ထောက်အားတရုတ်ထံလွှဲအပ်ရန် မြန်မာအစိုးရငြင်းဆန်

ရွှေတြိဂံဒေသ မူးယစ်ရာဇာဟု နာမည်ကြီးသည့် စိုင်းနော်ခမ်း၏ ဒုတိယလက်ထောက် အား တရုတ်အစိုးရထံ လွှဲအပ်ရန် မြန်မာအစိုးရ ငြင်းဆန်လိုက်ကြောင်း နီးစပ်သည့် အသိုင်းအဝိုင်းက ပြောပါသည်။
001-thai_see_die_body
ယမန်နှစ် အောက်တိုဘာ ၅ ရက်နေ့က မဲခေါင်မြစ်အတွင်း ပစ်သတ်ခံရသည့် တရုတ်အမျိုးသား ၁၃ ဦးအနက် မြစ်အတွင်းစီးလာသည့် အလောင်းအချို့ကို ထိုင်းလုံခြုံရေးအာဏာပိုင်များက ဆယ်ယူနေစဉ်
“တရုတ်အဆင့်မြင့်အရာရှိတဦးက စိုင်းအောင်မြတ် ကို တရုတ်အစိုးရထံလွှဲပေးဖို့ မြန်မာအာဏာပိုင်ဆီကိုလာ  ရောက်တောင်းခံတယ်။ မြန်မာအစိုးရက လက်မခံဘူး၊ အမှုစစ်ချင်ရင်တော့ သွားတွေ့ပြီးစစ်ဆေးမေးမြန်းနိုင် တယ်လို့ မြန်မာအစိုးရ တရုတ်ကိုပြောလိုက်တယ်လို့ကြားတယ်” - ဟု အဆိုပါနီးစပ်သည့် ပုဂ္ဂိုလ်က ပြောပါ သည်။
စိုင်းနော်ခမ်း၏ဒုတိယလက်ထောက် စိုင်းအောင်မြတ်အား မဲခေါင်မြစ်အတွင်း တရုတ်အမျိုးသား ၁၃ ဦး သေဆုံးမှုအတွက် စစ်ဆေးရန် ယနေ့ ရန်ကုန်မှတဆင့် သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့သို့ ရောက်လာ သည်ဟု မိသားစုနှင့် နီးစပ်သူ တဦးကပြောပါ သည်။
“စိုင်းအောင်မြတ်ဟာ မြန်မာအစိုးရထံလက်နက်ချပြီးတဲ့သူဖြစ်တယ်။ မြန်မာနိုင်ငံသား လဲဖြစ်တယ်။ အဲဒါ ကြောင့်တရုတ်လက်ကိုလွဲမပေးနိုင်ဘူးတဲ့၊ အဲဒီအတွက်ကြောင့် စိုင်း အောင်မြတ်ကို အမှုကြားနာရင်အဲဒီ တရုတ်အရာရှိတွေကိုယ်တိုင် တက်ရောက်ကြား နာမယ်ထင်တယ်” - ဟု မြန်မာအာဏာပိုင်နှင့်နီးစပ် သည့် ကျိုင်းတုံရောက် တာချီလိတ် မြို့ခံတဦးကပြောပါသည်။
ဂျူလိုင် ၂၃ ရက်နေ့ထုတ် ထိုင်းနိုင်ငံ မတိချွန်း သတင်းစာ၌ ထိုင်းရဲချုပ် ဖြိုးဖန်း ဒါးမားဖုန်းထံ တရုတ် လုံခြုံရေး အရာရှိကြီးတဦး ဖြစ်သည့် လျိုယွဲ့ကျင်း ကအလည် အပတ် ရောက်ရှိခဲ့ကြောင်း၊ အဆိုပါ တရုတ် အရာရှိသည် မြန်မာနိုင်ငံသို့မကြာမှီသွားရောက်မည် ဖြစ်ပြီး တရုတ် ၁၃ ဦးအား သတ်ဖြတ် ရာတွင် ပတ်သက် ခဲ့သည့် တရားခံ (စိုင်းအောင် မြတ် ဟု ယူဆရသူ) “ဘောမြ” အား မြန်မာအစိုးရထံမှ သွားရောက်လွှဲ ယူမည်ဟု ပြော ကြားကြောင်း - ရေးသားပါသည်။
ဆက်စပ်သတင်းကြည့်လိုက- http://www.burmese.panglong.org/news/92-2008-08-03-06-48-25/

နောက်ဆုံးတင်တဲ့ သတင်း(၁၀၀)ခေါင်းစဉ်နှိပ်၍ ဖတ်ရှုပါ။