ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
Thursday, February 28, 2013
မြန်မာစစ်တပ်နဲ့ နွယ်တဲ့ စီးပွားရေး အမေရိကန် ရင်းနှီးမြုပ်နှံဖို့မရှိ
ပြည့်ဝထွန်းကားတဲ့ လူ့အခွင့်အရေး ရရှိဖို့
ပြည့်ဝထွန်းကားတဲ့ လူ့အခွင့်အရေး ရရှိဖို့
by mmnewshub
ဒီတပတ် မြန်မာ့အရေး သုံးသပ်ချက်အစီအစဉ်မှာ မြန်မာနိုင်ငံ လူ့အခွင့်အရေး ပြည့်ဝ ထွန်းကား တဲ့ နိုင်ငံတခုအဖြစ်နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက လက်ခံအသိအမှတ်ပြုလာဖို့အတွက် စစ်တပ်ရဲ့  အမှုအကျင့်တွေကို ပြုပြင်ပြောင်းလဲဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံကို မကြာသေးခင်က သွားရောက်လေ့ လာခဲ့တဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tomás Ojea Quintana က ပြောကြား လိုက်ပါတယ်။ ရခိုင်ပြည်နယ်မှာ လူ့အဖွဲ့အစည်းနှစ်ခုအကြား ပြန်လည်သင့်မြတ်ရေးအ တွက် ဒေသခံ အာဏာ ပိုင်တွေဖက်က ဘာမှလုပ်ကိုင်ဆောင်ရွက်ခြင်း မရှိဘူးလို့လည်း ဆိုပါတယ်။ ဦးကျော်ဇံသာ က မစ္စတာကင်တားနားနဲ့ ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။
၁၃ နှစ်ကျော်ကြာမှ စစ်တပ်က သိမ်းထားသော လယ်မြေများကို လယ်သမားများ ပြန်လည်ငှားရမ်း လုပ်ကိုင်ခွင့်ရ
၁၃ နှစ်ကျော်ကြာမှ စစ်တပ်က သိမ်းထားသော လယ်မြေများကို လယ်သမားများ ပြန်လည်ငှားရမ်း လုပ်ကိုင်ခွင့်ရ
by mmnewshub
နိရဉ္စရာသတင်းဌာန. ၂၈ရက်နေ့ ဖေဖော်ဝါရီ ၂၀၁၃ — ၁၃ နှစ်ကျော်ကြာ စစ်တပ်က သိမ်းပိုက်ထားပြီး လုပ်ပိုင်ခွင့် တစ်စုံတစ်ရာ မရခဲ့သော လယ်မြေများကို ပိုင်ရှင် လယ်သမားများ အနေဖြင့် ယခုနှစ်တွင် ပြန်လည် ဌားရမ်း လုပ်ကိုင်ခွင့် ရရှိခဲ့ကြောင်း သတင်း ရရှိသည်။
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်သည် ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် နေပူခံ၊ ပေါင်းဇား စသည့် ကျေးရွာများမှ လယ်ဧက ၁၀၀၀ ကျော်ကို ၂၀၀၀ ခုနှစ်က သိမ်းယူသွားခဲ့သည်။
လယ်မြေများကို သိမ်းယူသွားပြီးနောက် ရသေ့တောင်မြို့မှ စီးပွားရေး သမား ဦးစောအောင်သိန်းအား ဌားရမ်း လုပ်ကိုင်ခွင့်ပြုပေးခဲ့ပြီး လယ်သမားများအား လယ်ပေါ်သို့ တက်ရောက်ခွင့်ကို တင်းတင်း ကျပ်ကျပ် ပိတ်ပင်ထားခဲ့သည်။
ဘင်္ဂလာအ၀ကျွန်းဒေသမှ ရှေးခေတ်ရခိုင်လှေကြီး တူးဖေါ်မူ အောင်မြင်စွာ ပြီးစီး
ဘင်္ဂလာအ၀ကျွန်းဒေသမှ ရှေးခေတ်ရခိုင်လှေကြီး တူးဖေါ်မူ အောင်မြင်စွာ ပြီးစီး
by mmnewshub
အလျား ၇၂ ပေ၊ အနံ ၂၃ ပေထိ ကြီးမားသော ရခိုင်ရှေးခေတ်လှေကြီးကို ဒုတိယ အကြိမ်မြောက် ပြန် လည်တူး ဖေါ်ရာတွင် နောက်ဆုံးအဆင့်တွင် အောင်မြင်မူ ရရှိခဲ့ခြင်း ဖြစ်ကြောင်း ရှေးဟောင်း သုတေသနက ပြောသည်။
မအူပင် ရဲအကြမ်းဖက်မှု ကင်တာနား တုန်လှုပ်
မအူပင် ရဲအကြမ်းဖက်မှု ကင်တာနား တုန်လှုပ်
by mmnewshub
နော်ခမ်းကို ဆေးထိုးပြီး ကွပ်မျက်တော့မယ်
နော်ခမ်းကို ဆေးထိုးပြီး ကွပ်မျက်တော့မယ်
by zarny win

ရွှေတြိဂံဒေသတွင် ဖမ်းမိခဲ့သော မူးယစ်ရာဇာနော်ခမ်း နှင့် ၎င်း၏ လက်ထောက် ၃ ဦးတို့ကို ယူနန်ပြည်နယ် ကူမင်းမြို့တွင် မနက်ဖြန် ဆေးထိုးပြီး ကွပ်မျက်မည်ဖြစ်ကြောင်း တရုတ်တရားရုံးတခုကို ကိုးကားပြီး ဆင်ဟွာသတင်းတစ်ပုဒ်တွင် ရေးသားထားသည်။
၎င်းတို့ကို တရုတ် သင်္ဘောသား ၁၃ ဦး သတ်ဖြတ်မှုဖြင့် သေဒဏ် ပေးရန် စီရင်ချက်ချထားပြီးဖြစ်ကြောင်း၊ လက်ထောက် ၃ ဦးမှာ ထိုင်းနိုင်ငံမှ Hsang Kham, နိုင်ငံမဲ့ဖြစ်သူ Yi Lai, လာအိုလူမျိုး Zha Xika တို့ ဖြစ်သည်ဟု အဆိုပါ သတင်းတွင် ရေးသား ဖော်ပြထားသည်။
Wednesday, February 27, 2013
အမေရိကန်ကုမ္ပဏီကြီးများမြန်မာပြည် လာပြန်ပြီ
အမေရိကန်ကုမ္ပဏီကြီးများမြန်မာပြည် လာပြန်ပြီ
by mmnewshub
Moe MaKa News, 27February 2013 —–
ဒီနေ့ 26 Feb 2013 ဗွီအိုအေ သတင်းအရ အမေရိကန်လူငါးဆယ်အဖွဲ့ မြန်မာပြည်ကိုရင်းနှီးမြှတ်နှံဖို့ ရောက်ရှိလာတယ်။ အဓိပတိ ထိပ်တန်း အမေရိကန်ကုမ္ပဏီများဖြစ်ပါတယ်။ ဥပမာ အစားအသောက်ပိုင်းဆိုင်ရာ McDonald, KFC တွေလိုမျိုးတွေ မကြာခင်ရောက်လာတော့မည် ဟုဆိုသည်။ အမေရိကန်များ လာရောက်စီးပွားလုပ်ဆောင်မှု အလွန်နောက် ကျနေတယ်လို့ ဗွီအိုအေမှ မေးမြန်းထားပါတယ်။ အမေရိကန်ထုတ်တဲ့ ပစ္စည်းဟာ ကမ္ဘာ့ထိပ်တန်း နည်းပညာရော၊ ငွေအင်အားရော၊ နာမည်ကျော်ပါတယ်။ မြန်မာတိုင်းကြိုက်တဲ့ အမေရိကန် ဖေ့စ်ဘုန်၊ ဂူဂယ်၊ ကွန်ပြူတာ၊ ဂျီပီအက်စ်၊ ဂျီမေး စတဲ့ အင်တာနက်ကအစ၊ စက်ပစ္စည်းကြီးများ၊ ဒုံးပျံ၊ စစ်လက်နက် ဂျက်တိုက်လေယဉ်ကအစ၊ အမ်စစ်စတင်း မောင်ပြန်သေနပ်အထိ အားလုံး မြန်မာများ မက်မောတဲ့ ပစ္စည်းတွေပါ။
အမေရိကန်ကို အားကျလွန်းလို့ အမေရိကန်ကို အလုပ်သွားလုပ်သူ၊ ကျောင်းသွားတက်သူ မြန်မာ များစွာရှိပါတယ်။ အခုဆို သိန်းနဲ့ချီတဲ့ မြန်မာလူမျိုး အမေရိကန်ပတ်စပို့ ကိုင်ဆောင်သူများစွာ အမေရိကန်မှာ ရောက်နေပြီး အဲဒီ အမေရိကန်ရောက်မြန်မာများဟာ ဒုတိယမျိုးဆက်အဆင့်ရောက်ပါပြီ။ အမေရိကန်ရောက် မြန်မာများဟာ အမေရိကန်ကုမ္ပဏီကြီးများနဲ့အတူ အမေရိကန် အမေရိကန် ကုမ္ပဏီအကျိုးအမြက်ရရှိရေး အတွက် မြန်မာပြည်ကို ပြန်လာကြတော့မယ်ဖြစ်ပါတယ်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်
နေပြည်တော် ၊ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ(၂၇)ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၁၃ ခုနှစ် မတ်လအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အကြိုကာလနှင့် ဖြေဆိုချိန်ကာလအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန်အတွက် ကြိုးပမ်း ဆောင်ရွက်လျှက်ရှိပါသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ လျှပ်စစ်ဓာတ်အား အဆင်ပြေလုံလောက်စွာ ရရှိသုံးစွဲနိုင်ရေးအတွက် ၂၀၁၃ ခုနှစ် မတ်လ(၁)ရက်နေ့မှစ၍ စာမေးပွဲ ပြီးဆုံးချိန်ထိ နေ့စဉ် ညနေ(၁၇၀ဝ)နာရီမှ နောက်တစ်နေ့(ဝ၅၀ဝ)နာရီအထိ အများပြည်သူအား လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိအောင် အဓိကဦးစားပေး ဖြန့်ဖြူးပေးသွားမည် ဖြစ်ပါသည်။
ထိုသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း အများပြည်သူအား ဦးစားပေး လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်၍ စက်မှုဇုန်များ ၊ ကုန်ထုတ်လုပ်မှု စက်မှုလက်မှုလုပ်ငန်းများ၊ အကြီးစား စက်မှုသုံးလုပ်ငန်းများကို ညနေ (၁၇၀ဝ)နာရီချိန်မှ နံနက်(ဝ၅၀ဝ)နာရီချိန်ထိ ခေတ္တဓာတ်အား ပိတ်ထားမည် ဖြစ်ပါသည်။
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊သတင်းထုတ်ပြန်ချက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်
နေပြည်တော် ၊ ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီ(၂၇)ရက်
လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ၂၀၁၃ ခုနှစ် မတ်လအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲ အကြိုကာလနှင့် ဖြေဆိုချိန်ကာလအတွင်း လျှပ်စစ်ဓာတ်အား ပိုမိုတိုးမြှင့်ဖြန့်ဖြူးပေးနိုင်ရန် အတွက် ကြိုးပမ်း ဆောင်ရွက်လျှက်ရှိပါသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ လျှပ်စစ်ဓာတ်အား အဆင်ပြေလုံလောက်စွာ ရရှိသုံးစွဲနိုင်ရေးအတွက် ၂၀၁၃ ခုနှစ် မတ်လ(၁)ရက်နေ့မှစ၍ စာမေးပွဲ ပြီးဆုံးချိန်ထိ နေ့စဉ် ညနေ(၁၇၀ဝ)နာရီမှ နောက်တစ်နေ့(ဝ၅၀ဝ)နာရီအထိ အများပြည်သူအား လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိအောင် အဓိကဦးစားပေး ဖြန့်ဖြူးပေးသွားမည် ဖြစ်ပါသည်။
ထိုသို့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း အများပြည်သူအား ဦးစားပေး လျှပ်စစ် ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်၍ စက်မှုဇုန်များ ၊ ကုန်ထုတ်လုပ်မှု စက်မှုလက်မှုလုပ်ငန်းများ၊ အကြီးစား စက်မှုသုံးလုပ်ငန်းများကို ညနေ (၁၇၀ဝ)နာရီချိန်မှ နံနက်(ဝ၅၀ဝ)နာရီချိန်ထိ ခေတ္တဓာတ်အား ပိတ်ထားမည် ဖြစ်ပါသည်။
ထို့အပြင် ၂၀၁၃ခုနှစ် မတ်လအတွင်း လျှပ်စစ်ဓာတ်အားပိုမို တိုးတက်ထုတ်လုပ်ရေးအတွက် စွမ်းအင်ဝန်ကြီးဌာနနှင့် ညှိနှိုင်း၍ လက်ရှိလည်ပတ်လျှက်ရှိသော သဘာဝဓာတ်ငွေ့ ဓာတ်အားပေး စက်များအပြင် ကျွန်းချောင်းစက်ရုံမှ တာဘိုင်စက်(၂)လုံးနှင့် ရွှေတောင် ၊မြန်အောင် ၊ မော်လမြိုင်နှင့် ရွာမစက်ရုံများမှ တာဘိုင်စက် (၁) လုံးစီအား ထပ်မံလည်ပတ်ဓာတ်အား ထုတ်လုပ် ဖြန့်ဖြူးပေး သွားမည် ဖြစ်ပါသည်။
သို့ဖြစ်ပါ၍ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန အနေဖြင့် ၂၀၁၃ခုနှစ် မတ်လအတွင်း တက္ကသိုလ်ဝင်တန်းစာမေးပွဲအတွက် နေ့စဉ်(၁၇၀ဝ)နာရီချိန်မှ နောက်တစ်နေ့ (ဝ၅၀ဝ)နာရီချိန်ထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိအောင် အထူးအလေးထား ကြိုးပမ်း ဆောင်ရွက်လျှက် ရှိကြောင်းနှင့် ဓာတ်အားပြတ်တောက်ပါက အောက်ပါဖုန်းနံပါတ်များသို့ ဆက်သွယ်စုံစမ်းနိုင်ပါ ကြောင်း သတင်းရရှိပါသည်-
(၁) ဓာတ်အားကွပ်ကဲရေးဌာန(နေပြည်တော်) ဝ၆၇-၄၁၀၃၉၄၊ဝ၉၈၃၀၄၇၀၉
(၂) ဓာတ်အားကွပ်ကဲရေးဌာန(ရန်ကုန်) ဝ၁-၂၂၁၅၃၀၊ဝ၁-၂၂၇၆၆၇
ဝ၉-၈၆၃၄၈၈၅
(၃) ဓာတ်အားကွပ်ကဲရေးဌာန(မန္တလေး) ဝ၂-၃၉၃၃၀၊ဝ၉-၈၆၀၁၅၆၃
ဝ၉၂၀ဝ၂၇၅၇
(၄) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန(တာဝန်မှူးရုံး) ဝ၆၇-၄၁၀၆၆၆
(၅) နေပြည်တော်တိုင်းလျှပ်စစ်အင်ဂျင်နီယာ(တာဝန်မှူးရုံး) ဝ၆၇-၄၂၀၆၆၆
(၆) ပျဉ်းမနား ဝ၆၇-၂၃၆၆၆
(၇) မြစ်ကြီးနား ဝ၇၄-၂၄၆၆၆
(၈) လွိုင်ကော် ဝ၈၃-၂၂၆၆၆
(၉) ဘားအံ ဝ၅၈-၂၂၆၆၆
(၁၀) ဟားခါး ဝ၇၀-၂၂၆၆၆
(၁၁) မော်လမြိုင် ဝ၅၇-၂၆၆၆၆
(၁၂) တောင်ကြီး(ပြည်ယာရုံး) ဝ၈၁-၂၅၆၆၆
(၁၃) လားရှိုး ဝ၈၂-၂၄၆၆၆
(၁၄) ရန်ကုန်(တိုင်းရုံး) ဝ၁-၂၁၅၆၆၆
(၁၅) တောင်ပိုင်းခရိုင်ရုံး(သံလျင်) ဝ၅၆-၂၁၆၆၆
(၁၆) မြောက်ပိုင်းခရိုင်ရုံး(အင်းစိန်) ဝ၁-၆၄၄၆၆၆
(၁၇) အရှေ့ပိုင်းခရိုင်ရုံး(တာမွေ) ဝ၁-၅၅၉၆၆၆
(၁၈) အနောက်ပိုင်းခရိုင်ရုံး(ကျောက်တံတား) ဝ၁-၃၈၉၆၆၆
(၁၉) မန္တလေး(တိုင်းရုံး) ဝ၂-၆၅၆၆၆
(၂၀) မန္တလေး(ခရိုင်ရုံး) ဝ၂-၇၃၆၆၆
(၂၁) မိတ္ထီလာ ဝ၆၄-၂၅၆၆၆
(၂၂) မုံရွာ ဝ၇၁-၂၄၆၆၆
(၂၃) စစ်ကိုင်း ဝ၇၂-၂၂၆၆၆
(၂၄) ပဲခူး ဝ၅၂-၂၄၆၆၆
(၂၅) တောင်ငူ ဝ၅၄-၂၆၆၆၆
(၂၆) ပြည် ဝ၅၃-၂၆၆၆၆
(၂၇) မကွေး ဝ၆၃-၂၄၆၆၆
(၂၈) ပုသိမ် ဝ၄၂-၂၄၆၆၆
Subscribe to:
Posts (Atom)