လျှပ်စစ်

Sunday, December 16, 2012

လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဒုတိယအကြိမ် သတင်းထုတ်ပြန်


လက်ပံတောင်းတောင်စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဒုတိယအကြိမ် သတင်းထုတ်ပြန်   PDF Print
Sunday, 16 December 2012 23:42
AddThis Social Bookmark Button
လက်ပံတောင်းတောင်ကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်မှ တာဝန်ယူဆောင်ရွက်ရာတွင် အကူအညီ လိုအပ်မှုများကို ကော်မရှင်ထံသို့ ဆက်သွယ်တောင်းခံနိုင်ကြောင်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဒီဇင်ဘာ ၁၅ ရက်နေ့စွဲဖြင့် ထုတ်ပြန်သော ဒုတိယအကြိမ် သတင်းထုတ်ပြန်ချက်၌ ဖော်ပြခဲ့သည်။ အဆိုပါ သတင်းထုတ်ပြန်ချက်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် အတွင်းရှိ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ရပ်ဆိုင်းရေးအတွက် သပိတ်စခန်းများ ဖွင့်လှစ်ဆောင်ရွက်နေမှုအား ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မီးခိုးဗုံးများ အသုံးပြုပြီး လူစုခွဲ ဆောင်ရွက်ခဲ့ရာ၌ သံဃာတော် အချို့နှင့် လူပုဂ္ဂိုလ်အချို့တို့ မီးလောင်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ ကော်မရှင်အနေဖြင့် မီးလောင်ဒဏ်ရာ ရရှိသည့် လူနာများအား မန္တလေး ပြည်သူ့ဆေးရုံ ကြီးနှင့် ကန်တော်နဒီ ဆေးရုံများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ဆေးကုသမှုများ အား စစ်ဆေးခဲ့ကြောင်း၊ နိုင်ငံတော်သည် မီးလောင်ဒဏ်ရာ ရရှိခဲ့သည့် လူနာများ တာဝန်ယူ လျက်ရှိကြောင်း၊ ထိုင်းနိုင်ငံတွင် ဆေးကုသရန် လိုအပ်သော သံဃာတော် ဦးတိက္ခဉာဏအား ဘန်ကောက်ဆေးရုံကြီးတွင် ဆေးကုသမှု ပြုလုပ်နိုင်ရန် နိုင်ငံတော်မှ ဘတ်ငွေ တစ်သန်းတိတိကိုလည်း ဒီဇင်ဘာ ၁၄  ရက်တွင် ဘန်ကောက်ဆေးရုံကြီးသို့ လွှဲပြောင်း ပေးပို့ခဲ့သည်ကို တွေ့ရှိရပါကြောင်း ဖော်ပြပါရှိပါသည်။
နိုင်ငံတော်မှ ထိုသို့တာဝန်ယူ ဆောင်ရွက်ရာ နေရာတွင် အကူအညီ လိုအပ်မူများကို စုံစမ်း စစ်ဆေးရေး ကော်မရှင် သို့ ဆက်သွယ်တောင်းခံ နိုင်ပါကြောင်း ဖော်ပြထားသည်။
လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အဖွဲ့ဝင် ၁၄ ဦးဖြင့် ဖွဲ့စည်းထားပြီး ဒေါ်အောင်ဆန်းစုကြည်က လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများအတွင်း ဖြစ်ပွားခဲ့သည့် ကိစ္စရပ်များနှင့် သံဃာတော်များနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment