လျှပ်စစ်

Wednesday, September 26, 2012

KIA မှ တပ်ကြပ်ကြီးတစ်ဦး၏ စီးပွားရှာပုံ



KIA မှ တပ်ကြပ်ကြီးတစ်ဦး၏ စီးပွားရှာပုံ  


စက်တင်ဘာလ(၂၆)


KIA တပ်မဟာ(၂)လက်အောက်ခံ ရင်း(၁၄)မှ တပ်ကြပ်ကြီး ဂွန်ဂျာသည် အင်အား(၁၀)ဦးခန့်ဖြင့် မြစ်ကြီးနား-တနိုင်း ကားလမ်းပေါ်တွင် ဂိတ်ပြုလုပ်၍ ဖြတ်သွားသော ဆိုင်ကယ်များနဲ့ ကားများကို ရပ်တန့်ပြီး စစ်ဆေးခြင်း၊ ရှာဖွေခြင်းများအား ဟန်ပြလုပ်ပြီး ပိုက်ဆံတောင်းခံလျက်ရှိတယ်လို့ သိရပါတယ်။
တပ်ကြပ်ကြီး ဂွန်ဂျာအဖွဲ့သည် အဆိုပါ ဂိတ်အား မြစ်ကြီးနား - တနိုင်း ကားလမ်းပေါ်ရှိ လခါးရွာဟောင်းအနီးတွင် ဖွင့်လှစ် ထားပြီး မည်သည့်ကားမဆို ကားကြီး၊ ကားလေးမရွေး တစ်စီးလျှင် ငွေကျပ်(၃၀၀၀)နဲ့ ဆိုင်ကယ်တစ်စီးလျှင် (၅၀၀)ကျပ် နှုန်း တောင်းခံနေကြောင်း တနိုင်းမြို့ခံတစ်ဦးက KDN သို့ ပြောကြားခဲ့ပါတယ်။
KIA တပ်ကြပ်ကြီး ဂွန်ဂျာနှင့်အဖွဲ့သည် အဆိုပါနေရာသို့ စက်တင်ဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းကတည်းက ရောက်ရှိ ဆက်ကြေးကောက်နေခြင်းဖြစ်ပြီး ယနေ့ထိ(၅)ရက်ရှိသွားပြီဟု သိရပါတယ်။
ထို့ပြင် KIA လိုင်ဇာဌာနချုပ်မှာလည်း ဆင်ဘိုမြို့နယ်ရှိ ဧရာဝတီမြစ်ကျဉ်းတစ်လျှောက်တွင်လည်း ဆက်ကြေးကောက်ခံ လျက်ရှိတယ်လို့လည်း သိရပါတယ်။

No comments:

Post a Comment