လျှပ်စစ်

Tuesday, September 11, 2012

မုန့်ဖာများအတွင်း သိုဝှက်လာသည့် ငွေကျပ် ၁၂၅ သိန်းကျော်ဖိုး ဘိန်းဖြူများဖမ်းဆီးရမိ

မုန့်ဖာများအတွင်း သိုဝှက်လာသည့် ငွေကျပ် ၁၂၅ သိန်းကျော်ဖိုး ဘိန်းဖြူများဖမ်းဆီးရမိ 

စက်တင်ဘာ(၁၁)
ရှမ်းပြည်နယ် (မြောက်ပိုင်း)လားရှိုး မူးယစ်(အထူး)အဖွဲ့မှ ကြီးကြပ်သူ အရာရှိ ဒုတိယရဲမှူး ရဲနိုင်နှင့် တပ်ဖွဲ့ ဝင် များသည် စက်တင်ဘာ ၄ရက် မွန်းလွဲ ၂နာရီက လားရှိုးမြို့ ရပ်ကွက်(၈) မန်ဆူကားကြီး ဝင်းအတွင်း မူးယစ် ဆေးဝါး သတင်းအရ လျှို့ဝှက်စောင့်ဆိုင်းနေစဉ် မဘောက်ဂျာ ၅၁နှစ်(ဘ) ဦးအင်ပေါလနူး  မိုင်းယုလေး ကျေးရွာကွတ်ခိုင် မြို့နယ်နှင့် မယွန်အောင်၃၅နှစ် (ဘ)ဦးအင်ဒါလ ပန်လော့ကျေးရွာ ကွတ်ခိုင် မြို့နယ်နေသူ နှစ်ဦးတို့ ဗင်ကားအမှတ် ၄က/.............. ဖြင့်စီးနင်းရောက်ရှိ လာသဖြင့် ရပ်တန့်ရှာဖွေရာ ၎င်းတို့နှစ်ဦး သယ်ဆောင်လာသည့် မုန့် ဖာသုံးခုအတွင်းမုန့်များနှင့် ရောနှော သိုဝှက်ထားသော  ဆပ်ပြာခွက် ၄၄ခွက် အတွင်းမှ ပလတ်စတစ်ဖြင့် ထုပ်ပိုးထားသည့် ဘိန်းဖြူ အလေးချိန် ၆၆ဝဂရမ် စုစုပေါင်း ကာလတန် ဖိုး ငွေကျပ်၁၂၅သိန်းကျော်ကို သိမ်းဆည်း ရမိခဲ့သည်။ 
ကွင်းဆက် စစ်ဆေး ဖော်ထုတ်ချက် အရ ဘိန်းဖြူများကို ကွတ်ခိုင် မှလားရှိုး မြို့အထိ သယ်ဆောင်ခိုင်း သည့် စိန်ဂွမ်း ၃၅ နှစ်(ဘ)ဦးဖော် ထိုင်ဂမ် မန်တုံမြို့နေသူကို လားရှိုးမြို့ နယူးအာရှဟိုတယ် အခန်း(၂၂၂) တွင် ဆက်လက် ဖော်ထုတ်ဖမ်းဆီး ရမိသဖြင့် တရားခံများကို လားရှိုး အမှတ် (၁)ရဲစခန်းမှ မယ(ပ) ၁၇၈/၂ဝ၁ မူးယစ်ပုဒ်မ၁၅/၁၉(က)/ ၂၁အရ အရေးယူ အမှုဖွင့် ထားရှိကြောင်း သတင်း ရရှိသည်။
 
From. myawaddy

No comments:

Post a Comment