လျှပ်စစ်

Thursday, August 2, 2012

KIA တပ်ဖွဲ့တွေရဲ့ ပြည်သူ့စစ်အမာခံတွေမှ ဆက်ကြေးကောက်

KIA တပ်ဖွဲ့တွေရဲ့ ပြည်သူ့စစ်အမာခံတွေမှ ဆက်ကြေးကောက် 

ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အုပ်ချုပ်တဲ့နယ်မြေအတွင်းက ရွာတွေမှာ KIAတို့ ရဲ့  ပြည်သူ့စစ် အမာခံတွေမှ ဆက်ကြေးကောက်ခံလျက်ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီလိုကောက်ခံ မှုတွေ ပြုလုပ်တဲ့အခါမှာ ကျေးရွာမှာနေတဲ့ ဒေသခံဗမာလူမျိုးနဲ့ အခြားတိုင်းရင်း သားတွေထံမှ အကြောင်း အမျိုးမျိုး၊ ခေါင်းစဉ်အမျိုးမျိုး ပြပြီး ကောက်ခံတာဖြစ်ပါတယ်။
ဒေသခံတွေအနေနဲ့ကတော့ မိသားစုစားဝတ်နေရေးအတွက် ပြေလည်အောင် ရှာဖွေစားသောက် ကြပေမဲ့ ပြေလည်တဲ့နေ့တွေရှိသလို မပြေလည်တဲ့ နေ့တွေလည်း ရှိနေသော်လည်း အမာခံ ပြည်သူ့ စစ်တွေ အနေနဲ့ ကတော့ ကောက်ခံရရှိတဲ့ ဆက်ကြေးငွေတွေနဲ့ ၄င်းတို့မိသားစုတွေ၊ ဆွေမျိုးသားချင်း တွေ စားဝတ်နေရေး ပြေလည်နေတာကို တွေ့မြင်နေရတဲ့အတွက် ဗမာလူမျိုးနဲ့ အခြားတိုင်းရင်းသားတွေမှာ မနေမနပ်များရှိနေကြ ပါတယ်။ တစ်နည်းအားဖြင့်တော့ လူမျိုးရေးခွဲခြားကာ သေနတ်ပြပြီး အေးဓါးမြ တိုက်နေတာပါဘဲ။
နိုင်ငံတော်အစိုးရအနေနဲ့ KIA အဖွဲ့တို့ ငြိမ်းချမ်းရေးကို မြန်မြန်ရရှိမှသာ ယခုလိုဆက်ကြေးကောက် ခံရတာတွေ၊ အတင်းအကြပ်ခြိမ်းခြောက်ခံရတာတွေ၊ မပြေလည်မှုတွေ ကင်းဝေးသွားမှာ ဖြစ်တယ် လို့ ဒေသခံတွေကက ပြောဆိုလျက်ရှိကြပါတယ်။

No comments:

Post a Comment