| Sunday, 19 August 2012 10:39 | |||||||||||||||||||||||||||||||||||||||||||||||
|
ဇူလိုင်လ ၃၀ ရက်နေ့က ရန်ကုန်ဆိပ်ကမ်းအတွင်းတစ်နေရာကို တွေ့ရစဉ်
သြဂုတ်လ ၁၇ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပသည့် The National Seminar Wrokshop on Energy, Enviroment and Climate Change တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ၌ သဘာဝသစ်တောကြီးများ ဖုံးလွှမ်းမှုမှာ ကုန်းဘောင်ခေတ်က နိုင်ငံ့အကျယ်အ၀န်း၏ ၇၀ ရာခိုင်နှုန်းရှိသော်လည်း ၁၉၆၂ ခုနှစ်တွင် ၅၇ ရာခိုင်နှုန်း ကျန်ရှိကြောင်း၊ ၂၀၀၅ ခုနှစ်တွင် ၅၁ ရာခိုင်နှုန်းကျန်ရှိပြီး ၂၀၀၈ ခုနှစ်တွင်မူ ၂၄ ရာခိုင်နှုန်းသာကျန်ရှိတော့သည်ဟု စာရင်းအတိအကျဖြင့် ဆွေးနွေး ပြောကြားခဲ့ခြင်းဖြစ်သည်။ တန်ဖိုးမဖြတ်နိုင်သည့် သစ်တောများပြုန်းတီးမှုနှုန်းမှာ ၁၉၇၅ ခုနှစ်မှ ၁၉၈၉ ခုနှစ်အတွင်းနှစ်စဉ် ၀ ဒသမ ၆၄ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၁၉၈၉ ခုနှစ်မှ ၁၉၉၈ ခုနှစ်အတွင်း တစ်နှစ် ၁ ဒသမ ၂ ရာခိုင်နှုန်းရှိခဲ့ကြောင်းကို အများပြည်သူအတွက် အိမ်ထောင်စုလုံးဆိုင်ရာ စွမ်းအင်လိုအပ်ချက်စိစစ် လေ့လာခြင်းအကြောင်းကို ဆွေးနွေးရာ၌ ထည့်သွင်း ပြောကြားခဲ့ပါသည်။ အဆိုပါ ကိန်းဂဏန်းများအတိုင်းဆိုပါက မြန်မာနိုင်ငံတွင် သစ်တောပြုန်းတီးမှုနှုန်းမှာ ၁၉၈၉ ခု နှစ်နောက်ပိုင်းတွင် များစွာမြင့်မားခဲ့ပြီး ၁၉၈၉ ခုနှစ်မှ ၂၀၀၈ ခုနှစ်အထိ နှစ်ပေါင်း ၂၀ နီးပါးကာလအတွင်း ယခင်ကထက် တစ်ဝက်ကျော် လျော့ကျခဲ့ခြင်းဖြစ်သည်။ ယင်းအပြင် ၂၀၀၅ ခုနှစ်နှင့် ၂၀၀၈ ခုနှစ်သုံးနှစ်အတွင်း ပြုန်းတီးမှုနှုန်းမှာလည်း နှစ်ဆနီးပါးအထိ မြင့်မားခဲ့သည်ကိုလည်း တွေ့ရှိရသည်။ အဆိုပါ သုံးနှစ်အတွင်း တစ် နှစ်လျင် သစ်တောပြုန်းတီးမှုနှုန်းမှာ ၉ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ပြီး ဆက်လက်၍ထိုသို့ ထုတ်ယူနေမည်ဆိုလျှင် မကြာမီနှစ်များအတွင်း မြန်မာနိုင်ငံ၏ သစ်တောများပြုန်းတီးမှုမှာ အဆိုးရွားဆုံးအခြေအနေသို့ ရောက်ရှိသွားတော့မည်ဟု သုံးသပ်ကြသည်။ သစ်တောပြုန်းတီးရခြင်း အဓိကအကြောင်းအချက် ငါးချက်ရှိပြီး သစ်များအလွန်အကျွံ ထုတ်ယူခြင်း၊ တရားမ၀င်သစ်ခိုးထုတ်မှု များပြားခြင်း၊ အစားထိုးပြန်လည်စိုက်ပျိုးမှု မလုံ လောက်ခြင်း၊ ရွှေ့ပြောင်းတောင်ယာ စနစ်ကြောင့် ပြုန်းတီးခြင်းနှင့် ထင်း၊ မီးသွေးအဖြစ် ထုတ်ယူသုံးစွဲမှုတို့ များပြားခြင်းဟူသော အဓိကအချက်ကြီး ငါးချက်ကို ထောက်ပြခဲ့သည်။ ချောက်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်သူ့လွှတ်တော် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးသိန်းလွင်၏ လေ့လာတွေ့ရှိချက်များအပေါ်အခြေခံ၍ မြန်မာနိုင်ငံအတွင်းကုန်ကြမ်းများကို ကုန်ချောအဖြစ်ထုတ်လုပ်ကာ ပြည်ပသို့ တင်ပို့သူ ကုန်ချောပို့ကုန်လုပ်ငန်းရှင်များက သစ်တင်ပို့ခြင်းအား လုံးဝရပ်ဆိုင်းရန်လိုလားကြောင်း ပြောကြားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် သစ်တောပြုန်းတီးမှုနှုန်း များစွာမြင့်မားခဲ့သည့် ၂၀၀၈ ခုနှစ်တွင်ပင် ပြည်ပသို့ သစ်လုံး၊ သစ်အချောထည်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၄၅၀ ကျော်သာ ရရှိခဲ့သည်။
မြန်မာနိုင်ငံ၏ ဒေသတွင်းနိုင်ငံများဖြစ်သော ဗီယက်နမ်၊ မလေးရှား စသည်ဖြင့် နိုင်ငံပေါင်းများစွာမှဆိုလျှင် မြန်မာနိုင်ငံကဲ့သို့ သစ်တောပြုန်းတီးမှုမဖြစ်စေရန်အတွက် သစ်အလုံးလိုက် ပြည်ပတင်ပို့ခြင်းအား ကန့်သတ်ထားပြီး အချောထည်ထုတ်လုပ်တင်ပို့ခြင်းကိုသာ ခွင့်ပြုကာ မိမိနိုင်ငံ သစ်တောပြုန်းတီးမှုကို ကာကွယ်ထားသည်။ အဆိုပါနိုင်ငံများအနေဖြင့် နှစ်အပိုင်းအခြားဖြင့် သစ်အလုံးပြည်ပတင်ပို့ခြင်း၊ ထုတ်လုပ်ခြင်းကို ကန့်သတ်ထားပြီး လိုအပ်သည့်သစ်ကုန်ကြမ်းများကို မြန်မာနိုင်ငံကဲ့သို့ ကန့်သတ်ချက်မရှိဘဲ သစ်ခုတ်တင်ပို့သည့်နိုင်ငံမှ အဆင့်ဆင့် ၀ယ်ယူအသုံးပြုသည် ဟု သစ်အချောထည်ထုတ်လုပ်သူများ ထောက်ပြသည်။ ''သစ်တင်ပို့တာ၊ သစ်ထုတ်တာ နှစ်အပိုင်းအခြားလိုက် လုံးဝရပ်သင့်ပြီလို့ ထင်တယ်။ သိပ်ပို့ချင်တယ်ဆိုရင် အလုံးလိုက်အစား အချောထည်တင်ပို့ပါ။ အချောထည်တင်ပို့ဖို့အတွက်ဆိုရင် အခုထုတ်နေတဲ့ သစ်အလုံးလိုက် ပမာဏရဲ့ မပြောပလောက်တဲ့ပမာဏလေးပဲ သစ်ခုတ်စရာလိုမှာ ပါ။ အခုက သစ်အချောထည်ထုတ်ပြီး တင်ပို့တဲ့သူတွေတောင် သစ်ကုန်ကြမ်း လုံလုံလောက်လောက် မရဘူး။ အဲဒီလောက်အထိကို တရားဝင်ရော တရားမ၀င်ရော ပို့ကြတယ်။ လူတိုင်းသိပြီးသားပါ ဘယ်လိုလုပ်တယ်ဆိုတာ။ ရပ်သင့်လား မရပ်သင့်လား မြန်မာက ကုန်ကြမ်းယူပြီး ကမ္ဘာကို အချောထည်ပို့နေတဲ့ နိုင်ငံတွေက Data တွေနဲ့ မြန်မာနိုင်ငံက သစ် အလုံးလိုက်ထွက်နေတဲ့ Data ယှဉ်ကြည့်လိုက်။ ဘီလျံပေါင်း ဘယ်လောက်ကွာသလဲ။ ကိုယ့်နိုင်ငံက သစ်အလုံးလိုက်ပို့တဲ့ ပမာဏတန်ဖိုးနဲ့ သစ်အချောထည်ပို့တဲ့ပမာဏပဲ ယှဉ်ကြည့်ပါဦး''ဟု သစ် အချောထည် ပြည်ပတင်ပို့သူတစ်ဦးက ပြောသည်။
|
|||||||||||||||||||||||||||||||||||||||||||||||
ဘေးကင်း,ရန်ကွာ,အောင်မြင်,ချမ်းသာ,စီးပွား,ဥစ္စာ,ကြီးပွား,တိုးတက်,အောင်မြင်ကြစေသား။
လျှပ်စစ်
▼
ဦးရွှေသွေး အမှူးပြုတဲ့ သစ်ခုတ်သမား အပေါင်းသူတော်ကောင်းတို့ရေ သင်တို့ ခုတ်ခဲ့သမျှ ဗမာတပြေလုံး ခံစားနေရတဲ့ ဒုက္ခ ကုသလ ကို အမျှပေးဝေပါတယ် ...
အမျှ.... အမျှ.... အမျှ....
ယူတော်မူကြပါကုန်လော့ ...........................