လျှပ်စစ်

Tuesday, August 7, 2012

မြစ်ကြီးနားမြို့ပေါ်တွင် ဗုံးကွဲသံများငြိမ်သက်နေ

မြစ်ကြီးနားမြို့ပေါ်တွင် ဗုံးကွဲသံများငြိမ်သက်နေ  

သြဂုတ် (၈)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ပေါ်တွင် လွန်ခဲ့သော(၂)လခန့်မှစ၍ ဗုံးကွဲသံများ မကြား ရတော့ ကြောင်း ဒေသခံပြည်သူ အချို့မှ ပြောဆိုနေကြပါတယ်။
အဆိုပါသတင်းနဲ့ ပတ်သက်ပြီး မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်မှာ နေထိုင်တဲ့ ဦးခင်အောင်က          “အရင်တုန်းက မြစ်ကြီးနားမြို့မှာ ဗုံးကွဲသံတွေကို ခဏခဏကြားရတယ်။ ပြည်သူတွေလည်း ဘယ်တော့  ကိုယ့်အိမ် ဗုံးခွဲခံရမလဲ ဆိုပြီး ကျီးလန့်စာစားနေရတာ။
အရင် (၂) လောက်ကစပြီးတော့ ဌာနဆိုင်ရာ အဖွဲ့အစည်းတွေက အကြမ်းဖက်သမားတွေ ခိုလှုံတဲ့ ဒုက္ခသည်စခန်းတွေကို ရှာဖွေဖမ်းဆီးတယ်။ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ ကေအိုင်အေ တပ်ဖွဲ့ဝင်တွေ ကိုလည်း ဖမ်းမိလိုက်တယ်လေ။
ဒါကြောင့် အခုဆိုရင် မြို့ပေါ်မှာ ဗုံးကွဲတဲ့ သတင်းတွေမကြားရတော့ဘူး။ အဲဒီလို သူတို့တွေ ခိုလှုံတတ်တဲ့ နေရာတွေကို မကြာခဏ စစ်ဆေးတာတို့၊ ရှာဖွေဖမ်းဆီးတာတို့ သက်ဆိုင်ရာ အာဏာ ပိုင်တွေက လုပ်ရမှာ။ ဒါမှပြည်သူတွေလဲ လွတ်လွတ်လပ်လပ် သွားလာနိုင်မှာ။
ကိုယ့်အိုးအိမ်ကို စိတ်ချလက်ချထားခဲ့ပြီး ကောင်းကောင်းစီးပွားရှာနိုင်မှာပေါ့။ ကျန်ခဲ့တဲ့ ကိုယ့် မိသားစုတွေကိုလည်း မပူပင်ရတော့ဘူးလေ။ဒီလိုမှ မဟုတ်ရင် ကျွန်တော်တို့ အပြင်ကိုလည်း မထွက်ရဲ၊ အိမ်ထဲမှာနေတော့လဲ ကိုယ့်အိမ်ကိုများ ဗုံးခွဲသွားမလားဆိုပြီး ရင်တထိတ်ထိတ်နဲ့ နေနေရတယ်လို့ ” ပြောကြားသွားပါတယ်။

No comments:

Post a Comment