လျှပ်စစ်
▼
ကချင်စစ်ပြေးဒုက္ခသည်များကို ဖိအားပေးပြန်ပို့နေသည်ဟူသော သတင်းများ မှန်ကန်မှုမရှိဟု တရုတ်အစိုးရငြင်းချက်ထုတ်
ကချင်စစ်ပြေးဒုက္ခသည်များကို ဖိအားပေးပြန်ပို့နေသည်ဟူသော သတင်းများ မှန်ကန်မှုမရှိဟု တရုတ်အစိုးရငြင်းချက်ထုတ်
by mmnewshub
The Voice Weekly , 26August 2012 —- နယူးယောက်၊ သြဂုတ် – ၂၆
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံမှ
ကချင်တိုင်းရင်းသားစစ်ပြေးဒုက္ခသည်များကို စစ်မက်ဖြစ်ပွားလျက်ရှိသော
ဇုန်များအတွင်းသို့ ဖိအားပေး ပြန်ပို့လျက်ရှိသည်ဟူသော
လူ့အခွင့်အရေးအဖွဲ့အစည်းများ၏ စွပ်စွဲပြောဆိုမှုများမှာ
မှန်ကန်မှုမရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သြဂုတ်လ ၂၆
ရက်နေ့တွင် ငြင်းပယ်လိုက်သည်။
ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည်များ မြန်မာနိုင်ငံသို့
ပြန်သွားကြခြင်းမှာ ၎င်းတို့၏ ဆန္ဒအလျောက် ပြန်သွားကြခြင်းသာဖြစ်ကြောင်း၊
အကြောင်းမှာ မြန်မာအစိုးရတပ်ဖွဲ့များနှင့် ကချင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော
ကေအိုင်အေတို့အကြား တိုက်ခိုက်မှုများလျော့ကျသွားခြင်းကြောင့်ဖြစ်ကြောင်း
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လတ်တလောရက်သတ္တပတ်များအတွင်း နှစ်နိုင်ငံနယ်စပ်ဒေသ
တရုတ်ပြည်ဘက်သို့ရောက်ရှိလာသော ကချင်တိုင်းရင်းသားအများစုမှာ
စစ်ပြေးဒုက္ခသည်များမဟုတ်ပါကြောင်း ယင်းကြေညာချက်တွင်ဖော်ပြပါရှိသည်။
“အချို့သော ကချင်တိုင်းရင်းသားများသည် အလုပ်အကိုင်ကိစ္စကြောင့် နေ့ဘက်တွင်
မြန်မာနိုင်ငံဘက်သို့ ပြန်သွားကြပြီး ညဘက်အချိန်တွင် တရုတ်နိုင်ငံဘက်၌
ယာယီနေထိုင်ကြခြင်းဖြစ်သည်” ဟု ကြေညာချက်ကဆိုသည်။
“တရုတ်နိုင်ငံတွင် လူသားချင်စာနာထောက်ထားတတ်သည့် စိတ်ဓာတ်ရှိပြီး
မြန်မာနယ်စပ်ဒေသတွင် ခိုလှုံနေထိုင်သူ
အဆိုပါဒုက္ခသည်များအားထောက်ပံ့မှုပြုနိုင်သည့် လူသားရင်းမြစ်များ၊
ငွေကြေးနှင့် အခြားသောပစ္စည်များလည်း အမြောက်အမြားရှိပါသည်” ဟု ဆိုသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ်၊ ဇွန်လတွင် မြန်မာအစိုးရနှင့် ကေအိုင်အေအကြား
၁၇ နှစ်ကြာ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက် အဆုံးသတ်သွားခဲ့ချိန်မှစ၍
ဖြစ်ပွားခဲ့သော တိုက်ပွဲများကြောင့် ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည်
ထောင်ပေါင်းများစွာမှာ တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ထဲသို့
ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
မကြာသေးခင် ရက်ပိုင်းအတွင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့(HRW)
အပါအဝင်အခြားသော လူ့အခွင့်အရေးအုပ်စုများက တရုတ်အစိုးရသည်
ယင်းကချင်တိုင်းရင်းသားဒုက္ခသည်များကို ဖိအားပေး ပြန်ပို့လျက်ရှိသည်ဟု
စွပ်စွဲပြောဆိုမှုများနှင့် ပတ်သက်၍ အမေရိကန် သတင်းစာ နယူးယောက်တိုင်းမ်က
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနထံ ဆက်သွယ်မေးမြန်းခဲ့ရာ ယင်းသို့
ကြေညာချက်ပါထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
No comments:
Post a Comment