လျှပ်စစ်

Tuesday, July 31, 2012

ရွှေည၀ါဆရာတော် အရှင်ပညာသီဟ၏ ဖြစ်စဉ်အကျဉ်း

ရွှေည၀ါဆရာတော် အရှင်ပညာသီဟ၏ ဖြစ်စဉ်အကျဉ်း

ရွှေည၀ါဆရာတော် အရှင်ပညာသီဟ အထုပ္ပတ္တိအကျဉ်းနှင့် ဖြစ်စဉ်များဘလော့ဂ် မှ ကောက်နုတ်သည်။
မိုးမခ၊ သြဂုတ် ၁၊ ၂၀၁၂
               http://shwenyawa.blogspot.com မှာ ကြည့်ရှုနိုင်ပါသည်။
 ရွှေည၀ါဆရာတော် အရှင်ပညာသီဟ၏ ထေရုပတ္တိအကျဉ်း
ဘွဲ့တော် – အရှင်ပညာသီဟ
သက်တော် – ၄၇ နှစ်
သိက္ခာတော် (၀ါတော်) – ၂၇ ၀ါ
မွေးသက္ကရာဇ် – ၁၃၂၇ (ခရစ်သက္ကရာဇ် ၁၉၆၅ ခုနှစ်)
မွေးဖွားရာဇာတိ – မန္တလေးတိုင်း ဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွှေဒါး ဂွေးကုန်းအုပ်စု၊ ဘုရားကုန်း ကျေးရွာ။
ခမည်းတော်၊ မယ်တော် – ဦးထွန်းရင်၊ (ဒေါ်လှတုတ်)
သာသနာဝင်အမှတ် – ၁၄ ညတန (သ) ၀၀၀၆၅၅
ပညာအရည်အချင်း – အစိုးရဓမ္မစရိယ၊ ပါရာဇိကဏ် ကျမ်းစွဲ အောင်မြင်ပါသည်။
                             အမျိုးသားဓမ္မာစရိယ စာမေးပွဲတွင် သာသနာ့ပါလဓမ္မာစရိယဘွဲ့ ကို ရရှိပါသည်။
သာသနာရေးဆောင်ရွက်ချက်နဲ့ တာဝန်ဝတ္တရားများ
          ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ်၊ သာဓုပရိယတ္တိ စာသင်တိုက်ကြီး၏ နာယကတိုက်ကြပ်ဆရာတော် တာဝန်၊ ပညာရေး စီမံခန့်ခွဲရေး တာဝန်နှင့် ဓမ္မာကထိက တာဝန်တို့ကို ၂၀၁၂ ဖေဖော်ဝါရီလအထိ ထမ်းဆောင်ခဲ့ပါသည်။
          ရန်ကုန် အနောက်ပိုင်းခရိုင်၊ ဓမ္မာစရိယ စာမေးပွဲ ကြီးကြပ်ရေး တာဝန်တို့ကို ဖော်ပြပါလအထိ ထမ်းရွက်ခဲ့ပါသည်။
          ပရိယတ္ထိသာသနာနုဂ္ဂဟ- ရန်ကုန်ဆန်လှူအသင်းကြီး၏ အကျိုးတော်ဆောင် ဓမ္မကထိက တာဝန်များကို ယခုအချိန်ထိ ထမ်းဆောင်လျက်ရှိပါသည်။
          ပြည်ပ ထိုင်းနိုင်ငံရောက် တက္ကသိုလ်အသီးသီးတွင် ပညာသင်ယူဆည်းပူးနေကြသော မြန်မာကျောင်းသား ရဟန်းတော်များ၏ သြ၀ါဒစရိယ ဆရာတော်တာဝန်။
၂၀၁၁ ဖေဖော်ဝါရီလ မှော်ဘီသို့ မပြောင်းရွှေ့မီ အထိ ၁ဝကြိမ်မြောက် ဖွင့်လှစ် ပို့ချခဲ့ပြီးသော နွေရာသီ ဓမ္မာစရိယနှင့် အဘိဓမ္မာရွှေည၀ါ ဆရာဖြစ်သင်တန်းကြီး၏ ပဓာနတာဝန်ခံ အကျိုးတော်ဆောင်ချုပ် တာဝန်တို့ကို ထမ်းဆောင်ရင်း ပြည်တွင်း ပြည်ပ သာသနာပြုလျက် တရားတော်များကို ဟောကြားခဲ့သည်။
ဟောကြားရာတွင် မြန်မာပြည်အစိုးရအဆက်ဆက်၏ ဖစ်စဉ်များကို အရှိတရား၊ အမှန်တရားများအတိုင်း ရဲဝံ့စွာ ပြည်သူများဘက်မှ ရပ်တည်၍ ဝေဘန်ဟောကြားခဲ့သည့်အတွက်  စစ်အစိုးရနှင့် နင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ခေါ်ယူခြင်းကို သွားရောက်ကာ အကြိမ်ကြိမ်  ၀န်ခံကတိလက်မှတ်များ (နောင် ရှောင်ကြဉ်ပါမည်ဟု) ရေးထိုး အရေးယူခြင်းများ ခံခဲ့ရသည်။
ထို့အပြင် ၈၈မျိုးဆက်ကျောင်းသားများနှင့် အင်န်အယ်ဒီပါတီခေါင်းဆောင် (ဥက္ကဋ္ဌ) ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ပါတီဝင် ဒါယကာ၊ ဒါယိကာမများ၏ ကြည်ညိုလေးစားမှုများ၊ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်နှင့် သီးခြားတွေ့ဆုံဆွေးနွေးခဲ့မှုများ ပုလုပ်ခဲ့သည့် အချက်များအပေါ် အခြေခံကာ စွဲချက်တင်၍ လက်ရှိသီတင်းသုံးနေသော သာဓုပရိယတ္တိစာသင်တိုက်မှ ဖယ်ရှားခြင်း စသော အရပ်သားအစိုးရလက်ထက်တွင် ဘာသာရေး၊ သာသနာရေးဘက်၌ ပြင်းထန်စွာ အရေးယူခြင်း ခံခဲ့ရပါသည်။
ဆရာတော်သည် မြန်မာပြည် အတိတ်သမိုင်းစာမျက်နှာ၏ ၈၈ ခုနှစ် အခန်းကဏ္ဍတွင် ရဟန်းပျိုများသမဂ္ဂ (ရန်ကုန်)၏ ခေါင်းဆောင်တဦးအဖြစ် ဒေါ်အောင်ဆန်းစုကြည်၊ ကိုမင်းကိုနိုင်၊ ကိုမိုးသီးဇွန် စသော နိုင်ငံရေး  အသိုင်းအ၀ိုင်းတို့နှင့် ရံဖန်ရံခါ တွေ့ဆုံ လက်တွဲဆောင်ရွက်မှုများ၊ အစည်းအဝေးများ၌ အတူတကွ တက်ရောက်မှုများ အစိတ်အပိုင်းတချို့ ရှိခဲ့ရာက စစ်အာဏာသိမ်းပြီးနောက် မြန်မာပြည်ရဟန်းတော်များအထဲတွင် ပထမဦးဆုံး အထိမ်းသိမ်းခံခဲ့ရဖူးသည်အထိ တိုင်းပြည်အတွက် အရင်းအနှီးအနည်းငယ်မျှ (၅ လကျော်မျှ) ပေးဆပ်ခဲ့ဖူးပါသည်။
  နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဗန်းမော်ဆရာတော်ဘုရားကြီးနှင့် ဆရာကြီးဦးမြင့်ဆွေ (သီရိပ၀ရ ဓမ္မာစရိယ၊ မဟာဝိဇ္ဇာ + လန်ဒန်၊ မဟာသဒ္ဓမ္မဇောတိကဓဇ) ပါမောက္ခချုပ်အဖြစ် ထမ်းဆောင်ကာ ၂၀၀၄ ခုနှစ်မှ စ၍ သာဓုပရိယတ္တိစာသင်တိုက်အတွင်းရှိ ရွှေည၀ါပညာဗိမာန်၌ ဖွင့်လှစ်လျက် ကျောင်းသား၊ ရဟန်းသံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်ပေါင်း ၉၀၀ ကျော်တို့အား နေ့စဉ်သင်ကြား ပို့ချပေးလျက်ရှိသော ‘ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ကြီး’ ၏ ပဓာနတာဝန်ခံ အကျိုးတော်ဆောင်ချုပ် အစရှိသော ကြီးမားလှသည့် တာဝန်ဝတ္တရားများကို ကိုယ်ကျိုးမဖက် အမျိုး ဘာသာ သာသနာအတွက်ဟူသော သာသနာစိတ် ရည်မှန်းချက် အပြည့်အ၀ဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းဆောင်ရွက်တော်မူခဲ့သည်။
 ယခုလက်ရှိသီတင်းသုံးနေတော်မူသော ကျောင်း
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့တွင်၊ အမျိုး ဘာသာ သာသနာအတွက် သာသနာ့တာဝန်များကို ဆက်လက်၍ လုပ်ဆောင်လျက်ရှိသည်။
ဆက်သွယ်ရန် ဖုံး – (၀၉) ၅၀၉-၂၄၄၃, (၀၉)  ၇၃၂-၅၃၉၀၀

No comments:

Post a Comment