ဒီမိုကရေစီ စနစ်အရ တိုင်းပြည်အာဏာဟာ ပြည်သူ့ထံက လာတယ်ဆိုတာကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာပဲ။:
တိုင်းပြည်ရဲ့ အာဏာဟာ ပြည်သူ့ထံက ဆင်းသက်တယ် ဆိုရင် ... လက်ရှိ မြန်မာပြည်ရဲ့ (အမည်ခံ) သမ္မတ စနစ် အရ ... ဖြစ်သင့်သော အစိုးရနှင့် လွှတ်တော်တို့၏ ဖွဲ့စည်းပုံ ပုံစံ ဖြစ်ပါတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ အောက်ဆုံးက ဝန်ကြီးဌာန ဖြစ်တဲ့ စစ်တပ်က ... အချောင် ၂၅ % လွှတ်တော်မှာ နေရာ ယူထားပြီး ... သမ္မတ တစ်ယောက်ကိုလည်း ရွေးသေးတယ်။ ဒါဟာ ဒီမိုကရေစီ စနစ်အရ တိုင်းပြည်အာဏာဟာ ပြည်သူ့ထံက လာတယ်ဆိုတာကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေတာပဲ။
၂၀၀၈ နာဂစ် ဥပဒေကို ပြင်ကို ပြင်ရမယ်ဆိုတဲ့ အထဲမှာ အဲဒီ အချက်တွေက အဓိက အချက်ထဲမှာ ပါတယ်ဆိုတာကို မြင်သာအောင် ပုံဆွဲထားတာပါ။
Kohtike Facebook

No comments:
Post a Comment