လျှပ်စစ်

Wednesday, February 13, 2013

ယာယီနိုင်ငံကူးလက်မှတ် နေ့ချင်းပြီး ထုတ်ပေးမယ်


ယာယီနိုင်ငံကူးလက်မှတ် နေ့ချင်းပြီး ထုတ်ပေးမယ် 

 ~
 ပြည်တော်မြင့် ~

ယာယီနိုင်ငံကူးလက်မှတ်လျှောက်ထားခြင်း မရှိသေးသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမား ခန့်မှန်းချေ ၁၀ သိန်းခန့်အတွက် သတင်းကောင်းတခု ရှိနေသည်။


ရနောင်းမြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားများ (ဓာတ်ပုံ- သန်းထိုက်ဦး/ဧရာဝတီ)
   နှစ်နိုင်ငံအစိုးရ သဘောတူညီချက်ဖြင့် ယာယီနိုင်ငံကူးလက်မှတ် ထုတ်ပေးမည့်အစီအစဉ် လာမည့် သောကြာနေ့တွင် ပြန်လည် စတင်မည်ဟူသော သတင်း ဖြစ်သည်။
ထို့အပြင် ထိုင်းနိုင်ငံအတွင်း နေ့ချင်းပြီး ထုတ်ပေးသွားမည် ဆိုသောကြောင့် အလုပ်သမားတို့ ပိုမို အဆင်ပြေကြမည် ဖြစ်သည်။ 
ယာယီနိုင်ငံကူးလက်မှတ်ရှိပါက တရားဝင်အလုပ်လုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။

KNUနဲ့ အစိုးရ ကြား လုံးဝ အပစ်အခတ်ရပ်စဲရေး ဖြစ်လာမည်လား


KNUနဲ့ အစိုးရ ကြား လုံးဝ အပစ်အခတ်ရပ်စဲရေး ဖြစ်လာမည်လား 

 ကရင်ပြည်နယ်တွင်းက ကရင်တိုင်းရင်းသူ အမျိုးသမီးတဦး၊ ဓာတ်ပုံ- မေစစ်ပိုင်/ဧရာဝတီ
မေစစ်ပိုင် ~
အစိုးရ နဲ့ ကေအင်န်ယူ တိကျသောအပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မတ်လတွင် စမည် အစိုးရ
နှင့် ကေအင်န်ယူ (ကရင်အမျိုးသားအစည်းအရုံး)တို့သည် လာမည့် မတ်လအတွင်း တိကျသည့် အပစ် အခတ် ရပ်စဲရေး သဘောတူညီချက်ကို စတင်မည်ဟု ကေအင်န်ယူ ကာကွယ်ရေး ဝန်ကြီး စောရော်ဂျာခင် က ဧရာဝတီ သို့ပြောသည်။ 
လက်ရှိတွင် အစိုးရနှင့် ကေအင်န်ယူအနေဖြင့် ပဏာမ အပစ်အခတ်ရပ်စဲရေးအဖြစ်သာ သဘောတူညီ ထားသဖြင့် ထာဝရငြိမ်းချမ်းရေး ရရှိ ရန် လိုအပ်နေသည်ဟု သိရသည်။ 

“ဖက်ဒရယ်ဆိုပြီး ကိုယ်ပိုင်စစ်တပ်ထူထောင်မယ်ဆိုတာကိုတော့လက်မခံဘူး´´ပြည်ခိုင်ဖြိုးဒုဥက္ကဌ ဦးဌေးဦးပြောပြီ


“ဖက်ဒရယ်ဆိုပြီး ကိုယ်ပိုင်စစ်တပ်ထူထောင်မယ်ဆိုတာကိုတော့လက်မခံဘူး´´ပြည်ခိုင်ဖြိုးဒုဥက္ကဌ ဦးဌေးဦးပြောပြီ 

လက်ရှိဖြစ်ပွားလျက်ရှိနေသော ကချင်ပြည်နယ်အတွင်းရှိုဗ နှင့် အစိုးရတပ်မတော်ကြား ဖြစ်ပွား လျက်ရှိနေသော တိုင်းပွဲများအရေး၊ ယင်းတို့နှင့်ပတ်သက်၍ ပါတီများ၊ အဖွဲ့အစည်းများမှ သဘော ထား ကြေညာချက်များအသီးသီး ထုတ်ပြန်နေကြခြင်းများ၊ တိုင်းရင်းသားအဖွဲ့များတောင်းဆိုသော ဖက်ဒရယ်နှင့် ယင်းသို့သော ကချင်အရေးကိစ်္စများအပေါ် ပြည်ခိုင်ဖြိုးတာဝန်ရှိသူတစ်ဦးဖြစ်သော်လည်း လွှတ်တော်နိုင်ငံသား အခွင့်အရေးနှင့် ဒီမိုကရေစီရေးကော်မတီဥက်္ကဋ္ဌ ဦးဌေးဦးအား Hot News  သတင်းထောက်မှ ဆက်သွယ်၍ သဘောထားချက်များအား မေးမြန်းဖြစ်ခဲ့ပါသည်။

ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ဆောင်ရွက်မှုများ အပေါ် ကျေနပ်မှု မရှိပါက တိုင်ကြားနိုင်၊ စည်းကမ်း ဖောက်ဖျက်သော ရဲများကို ထိရောက်စွာ အရေးယူမည်


ရဲတပ်ဖွဲ့ဝင်များ၏ တာဝန်ဆောင်ရွက်မှုများ အပေါ် ကျေနပ်မှု မရှိပါက တိုင်ကြားနိုင်၊ စည်းကမ်း ဖောက်ဖျက်သော ရဲများကို ထိရောက်စွာ အရေးယူမည်  

မြန်မာနိုင်ငံရှိ ရဲတပ်ဖွဲ့ဝင်များမှ လုပ်ပိုင်ခွင့်အား အလွဲသုံးစား ပြုလုပ်မှုနှင့် အဂတိ လိုက်စားမှုများကို သိရှိ၍ တာဝန်ဆောင်ရွက်မှုများ အပေါ် ကျေနပ်မှု မရှိပါက ပြည်သူလူထုမှ တိုင်ကြားနိုင်ပြီး စည်းကမ်းဖောက်ဖျက်သော ရဲများကို ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုတိယရဲမှုး သန်းမြင့်က Eleven Media Group ၏ မေးမြန်ချက်အပေါ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

စစ်တပ်စီးပွားရေးဦးပိုင်လီမိတက်ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်တီ၏ အာဘော်


စစ်တပ်စီးပွားရေးဦးပိုင်လီမိတက်ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်တီ၏ အာဘော် 


စစ်အုပ်စု ပါးစပ်ဟလိုက်တာနဲ့ သွားဘယ်နှစ်ချောင်း ကျိုးနေတယ်ဆိုတာ ဗကပ သိနေတယ်။ ဒီဆောင်းပါး အနှစ် ၂၀ ကျော်ခဲ့ပြီ။
----

စစ်တပ်စီးပွားရေးဦးပိုင်လီမိတက

(ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်တီ၏ အာဘော်
ပြည်သူ့အာဏာဂျာနယ် အမှတ် ၆ (၁၉၉၀ ခုနှစ်၊ မေ၊ ၉)
တွင်ပါရှိသောဆောင်းပါး)
ပြီးခဲ့သည့် ၁၉၉၀ပြည့်နှစ် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် ငြိမ်၊ပိအစိုးရ ကုန်သွယ်ရေးဝန်ကြီးဌာနက ပြည်ထောင်စု မြန်မာနိုင်ငံစီးပွားရေးဦးပိုင်လီမိတက် (The Union of Myanmar Economic Holdings limited) ဆိုသည်ကို ဖွဲ့စည်း လိုက်ကြောင်း အမိန့်ကြေငြာစာအမှတ် ၇/၉၀ ဖြင့် ကြေငြာသွားသည်။ အမှတ်တမဲ့ဆိုလျင်တော့ အခုတလော စစ်အစိုးရကြေငြာနေသည့် ကုမ္ပဏီတည်ထောင်ခြင်းစသည့် သတင်းမျိုးများထဲက တခုဟုသာထင်စရာရှိသည်။ သို့ သော် ဂရုပြုနားထောင်လိုက်သူများအဖို့မူ ရေဒီယိုသတင်းကြားလိုက်သည့်နှင့်ပင် အောက်ပါထူးခြားချက် နှစ်ချက် ကို သတိပြုမိလိုက်သည်။