သယံဇာတ ကျိန်စာမှ လွတ်မြောက်ဖို့ (ဖေမြင့်)
Moe MaKa News , 8 December 2012 —-
သည်စကားကို သူတစ်ပါးက တကယ် ပြောတာလား၊ ကိုယ့်ဘာသာ ကိုယ် ဂုဏ်ဖော် ပြောဆို ၀မ်းမြောက်နေခဲ့ ကြသည်လား၊ ကျွန်တော်မသိ။
သို့သော် ပြီးခဲ့သည့် နှစ်များအတွင်း သယံဇာတ ကျိန်စာဟူသော
စကားကို မကြာခဏ ကြားလာရသည့်အခါ ကျွန်တော်တို့ စိတ်မသက်မသာ ဖြစ်ရသည်။
နိုင်ငံတခုမှာ လူအများက ဘယ်လောက် အတိုင်းအတာထိ ကြီးမား ကျယ်ပြန့်စွာ
တူညီတဲ့ အမြော်အမြင် ရှိကြလဲ... ဘယ်လောက်ထိ သွေးစည်း ညီညွတ်နိုင်ကြသလဲ ..
ဘယ်လောက်ထိ ပူးပေါင်းဆောင်ရွက်နိုင်ကြသလဲ.. ဒါတွေကို ကျနော်တို့ ပြန်ပြီး
စိစစ်သင့်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဆိုရင် ဒီကိစ္စအပေါ်မှာ အမြဲတမ်း
အားမလိုအားမရ ပြောဆို ဆုံးမ ပဲ့ပြင်ပေးလေ့ရှိတာ လူတိုင်း သိကြ
လက်ခံကြပါတယ်။