လျှပ်စစ်

Friday, November 2, 2012

သံတွဲဗလီမှာ ဓားလက်နက်တွေဖမ်းမိ


သံတွဲဗလီမှာ ဓားလက်နက်တွေဖမ်းမိ 

ရခိုင်မှာ လက်နက်တွေ ကိုင်ခွင့်မရှိတော့
BBC News, 2 November 2012 —-  ရခိုင်ပြည်နယ် သံတွဲမြို့ပေါ်က ဗလီ တခုမှာ တုတ်ဓား လက် နက်တွေ ရှာဖွေ တွေ့ရှိတဲ့ အတွက် လူ၎ ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ဖမ်းဆီး ထိန်းသိမ်းလိုက် တယ်လို့ သိရပါတယ်။
သံတွဲမှာ ဗုဒ္ဓဟူးနေ့ နေ့လည်ပိုင်းက စစ်တပ်နဲ့ ရဲ ဘုန်းကြီးကျောင်း တချို့နဲ့ ဗလီတွေကို ရှောင်တခင် ဝင်ရောက် ရှာဖွေရာမှာ ဂျမတ်ဗလီက တုတ်ဓားတွေ အပါအဝင် ဂျင်ဂလိတွေ ပါ ဖမ်းဆီးရမိတဲ အတွက် ဗလီ ဂေါပက တယောက်နဲ့ ဗလီထဲမှာ နေထိုင်နေတဲ့ လူငယ် ၃ ဦးကို ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ကချင်လူထုကို သိန်း ၁ ထောင်ကျော်ဖိုး အရှင်ဆေကိန္ဒ လှူဒါန်း


ကချင်လူထုကို သိန်း ၁ ထောင်ကျော်ဖိုး အရှင်ဆေကိန္ဒ လှူဒါန်း 

ကချင်စစ်ဘေးရှောင်ပြည်သူများ
RFA News, 1 November 2012  —-  စစ်ရေးပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကချင်ပြည်နယ် ဒေသခံပြည်သူတွေကို ဓမ္မဒူတဆရာတော် ဒေါက်တာ အရှင်ဆေကိန္ဒက ဆန်၊ ဆီ၊ ဆား၊ ဆေးဝါး၊ စောင်နဲ့ အလှူငွေအပါအဝင် စုစုပေါင်းငွေကျပ် သိန်း ၁ ထောင်ကျော်ဖိုး မနေ့က လှူဒါန်းခဲ့တယ်လို့သိရပါတယ်။

ရခိုင်ပဋိပက္ခကြောင့် တနိုင်ငံလုံး စီးပွားကျ


ရခိုင်ပဋိပက္ခကြောင့် တနိုင်ငံလုံး စီးပွားကျ 

ရခိုင့်အရေးကြောင့် နှစ်ဘက်စလုံးက ထိခိုက်တာဖြစ်ပြီး တိုင်းပြည်စီးပွားရေးပါ ကျဆင်းတယ်လို့ ထောက်ပြပါတယ်။
BBC News, 31 October 2012  —  တကျော့ပြန် ရခိုင်ပဋိပက္ခတွေကြောင့် ရခိုင်ပြည်နယ်မှာ မွတ်ဆလင်တွေ စီးပွားရေး ထိခိုက်တာအပြင် တိုင်းပြည်မှာပါ စီးပွားရေး ထိခိုက်မှုတွေ ရှိနေတယ်လို့ ရခိုင့်အရေး စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် တဦးက ဘီဘီစီကို ပြောပါတယ်။

ခိုးဆိုးလုယက် ဘ၀ ပြန်မရောက်လို၍ အနှေးယာဉ်လုပ်သားများဆန္ဒထုတ်ဖော်


ခိုးဆိုးလုယက် ဘ၀ ပြန်မရောက်လို၍ အနှေးယာဉ်လုပ်သားများဆန္ဒထုတ်ဖော် 


Myitmakha Media Group, 1 November 2012   —-  လှိုင်သာယာမြို့နယ်အတွင်းရှိ လိုင်စင်မဲ့ အနှေးယာဉ် လုပ်သားနှစ်ရာကျော်က တရားဝင်လိုင်စင် ချထားပေးရန် အတွက်   နိုဝင်ဘာလဆန်းပိုင်း၌ ဆန္ဒထုတ်ဖော်ပွဲများ ပြုလုပ်ခဲ့ကြသည်။

“တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် တိုင်းနှင့် ပြည်နယ် အသီးသီးမှ တရားသူကြီးချုပ် များတွေ့ဆုံ


“တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ နှင့် တိုင်းနှင့် ပြည်နယ် အသီးသီးမှ တရားသူကြီးချုပ် များတွေ့ဆုံ 


Popular News Journal, 1 November 2012  —-  ယနေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အပြီးတွင် တရား ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ မှ ဥက္ကဌ ဒေါ်အောင်ဆန်းစု ကြည်နှင့် တရားစီရင်ရေးကော်မတီ မှ ဥက္ကဌ သူရဦးအောင်ကို တို့မှ ပြည်နယ် နှင့်တိုင်း မှ တရားသူကြီးချုပ် များနှင့် တွေ့ဆုံနေကြောင်း သိရသည်။