| အတိုးနှုန်း မြင့်မားမှုပြဿနာနှင့် ရင်ဆိုင်နေရသည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဘဏ်ချေးငွေအတိုးနှုန်းအား ၂၀၁၃ ခုနှစ်မှ စတင်၍ လက်ရှိအတိုးနှုန်း ၁၃ ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ စတင်လျော့ချမည် |
|
|
| Wednesday, 19 December 2012 09:58 |
|
အတိုးနှုန်းမြင့်မားသည့် ပြဿနာနှင့် ရင်ဆိုင်နေရသည့် ပြည်တွင်းရှိ
အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအတွက် လက်ရှိဘဏ်တိုးနှုန်း ၁၃
ရာခိုင်နှုန်းမှ ၈ ဒသမ ၅ ရာခိုင်နှုန်းအထိ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှ
စတင်လျော့ချပေးမည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာနမှ သိရသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများအပေါ် ထိရောက်သက်သာသည့် ချေးငွေအဖြစ် ကျပ်ငွေ ငါးဘီလျံအား ၈ ဒသမ ၅ ရာခိုင်နှုန်း အတိုးဖြင့် သက်သာစွာ ထုတ်ချေးနိုင်ရေးအတွက် အစိုးရအဖွဲ့ထံ တင်ပြရာ ကျပ်ငွေငါးဘီလျံအတွက် ခွင့်ပြုချက် ရရှိခဲ့ကြောင်း သိရသည်။ |








![သံဃာလှုပ်ရှားမှုများ ရှေ့ဆက်ရန် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဆုံးဖြတ်ချက်ပေါ် မူတည် ရန်ကုန်၊ ဒီဇင်ဘာ ၁၈။ သံဃာလှုပ်ရှားမှုများ ဆက်လက်လုပ်ဆောင်ရန်သည် စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး ဆက်လက် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ရဟန်းပျိုများအဖွဲ့က ဒီဇင်ဘာလ ၁၈ရက်နေ့ မွန်းလွဲ တစ်နာရီတွင် ပြုလုပ်သော စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြော ကြားသည်။ “ကော်မရှင်မှာ ဖွဲ့စည်းထားတဲ့ ပုဂိုလ်တွေထဲမှာ ယုံကြည်လေးစားထိုက် တဲ့ ဒေါ်အောင်ဆန်းစုကြည် ပါတယ်။ ပါပေမယ့်လည်း သူ့ရဲ့ လုပ်ပိုင်ခွင့်က ဘယ်လောက်ရှိသလဲဆိုတဲ့အတိုင်း အတာတခုပေါ်မူတည်ပြီးမှ သူ့ရဲ့ ဆုံး ဖြတ်ချက်ပေါ်မူတည်ပြီးမှ ရှေ့ဆက်ပြီး သွားသင့်တယ် ထင်ရင် သွားရမှာပဲ၊ ဘယ်လောက်ထိမျှော်လင့် ထားသလဲဆိုတာကတော့ ချပြလို့ မရဘူး၊ သူ့ရဲ့ ဆုံးဖြတ်ချက်က အခုအချိန်ထိ ဝေဝါးနေတာ ဖြစ်နေတဲ့ အတွက်ကြောင့်ပါ” ဟု အခမ်းအနားပြုလုပ်သူ ဦးဆောင်သံဃာတော်တစ်ပါးက ဆိုသည်။ ကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က သံဃာထုနှင့်ပါတ်သတ်သော ကိစ္စရပ်များကို သူကိုယ်တိုင် ကြည့်ရူစောင့်ရှောက်သွားမည်ဟု ပြောကြား ထားကြောင်း၊ သံဃာထုနှင့်လယ်တီဆရာတော်၏ သိမ်၊ကျောင်းများကို စောင့်ရှောက်ရမည့် တာဝန်ရှိကြောင်း၊ ဗုဒ္ဓသာသနိက အဆောက်အဦများ၊ သသနာနှင့် သံဃာကိုထိပါးလာမည့် ကိစ္စများမှ ကင်းလွတ်မည်ဆိုပါက ရှေ့ဆက်ဆောင်ရွတ်သွားရန် မရှိကြောင်း၊ အကြမ်း ဖက်မှုတွင် အမိန့် ပေးသူများကို ကော်မရှင်မှ ဘယ်လောက်ထိ အရေးယူဖော်ထုတ်ပေးသွား မည်ကို စောင့်ကြည့်သွားမည် ဖြစ်ကြောင်း မြန်မာ့ ခေတ်မီဒီယာ၏ မေးမြန်း ချက်များကို ရဟန်းပျိုများအဖွဲ့၏ ဦးဆောင်သံဃာတော် တစ်ပါးဖြစ်သူ ဦးသီလစာရက ပြန်လည်ဖြေကြားသည်။ လင်းသစ် အေးချမ်းမွန်မှ The Myanma Age တွင်ဖော်ပြသော သတင်းကို မူရင်းအတိုင်းမျှဝေခြင်းဖြစ်ပါသည်။ Photo From :The 78}oSo]w33](http://sphotos-a.ak.fbcdn.net/hphotos-ak-ash3/s480x480/546493_383473018410904_61264186_n.jpg)